Match Report Premier League

လိုအပ်တဲ့နိုင်ပွဲကို ပွဲပြီးခါနီးမှာ ရှာဖွေပြီး ဇယားထိပ်ကို ရောက်လာတဲ့ စပါးစ်

တော့တင်ဟမ် ဟော့စပါးစ်အသင်းအနေနဲ့ ဘယ်သူမှ ထင်မထားတဲ့ ဝက်စ်ဘရွန်းရဲ့ အိမ်ကွင်းရုန်းအားကို ကြံ့ကြံ့ခံရင်း နောက်ဆုံးအချိန်မှာ နည်းပြ ဂျိုဆေး မော်ရင်ညိုရဲ့ ဂုဏ်တက်စရာအဖြစ် မလျှော့တဲ့ ဇွဲနဲ့ တစ်လုံးတည်းသောဂိုးကို ရယူပြီး ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးနေရာကို ရောက်ရှိလာခဲ့ပါတယ်။

တိုက်စစ်မှာ ဂါရက် ဘေးလ်ကို Inverted Winger အဖြစ် ထည့်သွင်းလာခဲ့တဲ့ အပြောင်းအလဲက စပါးစ်အသင်းရဲ့ ပုံမှန်ညာခြမ်းတိုးအားဖြစ်တဲ့ လာမယ်လာနဲ့ လူးကပ်စ် မော်ရာတို့လို အင်အားမကောင်းခဲ့တာကြောင့် ကစားကွက်ကို ကွင်းလယ်မှာပဲ ဝက်စ်ဘရွန်းက ချုပ်မိသွားတာကြောင့် အိမ်ရှင်တွေကတောင် ပိုထိုးဖောက်နိုင်ခဲ့ပြီး ပထမပိုင်းတစ်ပိုင်းလုံး မော်ရင်ညိုရဲ့လူတွေ ကြံ့ကြံ့ခံခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၁၂ မိနစ်မှာ ညာနဲ့ ကန်နိုင်ရဲ့သားနဲ့ မကန်ဘဲ ခြေရွေးနေတဲ့ ဆွန်ကြောင့် နောက်တန်းတွေနဲ့ ဂိုးသမား စုမိသွားပြီး ကာကွယ်နိုင်ခဲ့လို့ တစ်ဂိုး နစ်နာခဲ့ရသလို ဆွန်ကိန်းအတွဲကြားမှာ ညှပ်လာခဲ့တဲ့ ဂါရက်ဘေးလ်ကြောင့် အတွဲအဖက်က ပျက်သလိုဖြစ်ခဲ့ပြီး ပထမပိုင်းမှာ ဂိုးမရှိသရေပဲ ဖြစ်နေခဲ့ပါတယ်။

ဝက်စ်ဘရွန်းရဲ့ တည်ကန်ဘောတွေနဲ့ အမြင့်ဘောတွေက စပါးစ်ကို ခြိမ်းခြောက်နိုင်ခဲ့သလို ဒုတိယပိုင်းမှာတော့ နိုင်ပွဲအတွက် တင်ကစားခဲ့တဲ့ စပါးစ်တို့ အကွက်ပိုမိခဲ့ပေမယ့် တိုက်စစ်ကစားသမားတွေရဲ့ Final Touch တွေ အားရစရာ မကောင်းသလို အိမ်ရှင်ဂိုးသမား ဆမ် ဂျွန်စတုန်းကလည်း လက်စွမ်းပြနေခဲ့တာမို့ ဂိုးပေါက်ရှာမတွေ့ဘဲ ဖြစ်နေခဲ့တာပါ။

ဒါကြောင့် မော်ရင်ညိုအနေနဲ့ တိုက်စစ်ကို ဘေးလ်၊ ဆစ်ဆိုကိုနဲ့ အန်ဒွမ်ဘီလီတို့နေရာမှာ လိုဆဲလ်ဆို၊ လူးကပ်စ် မော်ရာနဲ့ ကားလို့စ် ဗီနီးရှပ်စ်တို့ကို လူစားထည့်သွင်းပြီး ပိုမိုထိုးဖောက်လာနိုင်ခဲ့သလို ဗီနီးရှပ်စ်ရဲ့ အပိုင်ကန်ချက်ကိုလည်း ဝက်စ်ဘရွန်းဂိုးသမား မနည်းကာကွယ်ခဲ့ရပါတယ်။

စပါးစ်တို့ ဂိုးရတော့မယ်လို့ ခံစားမိနေချိန်မှာပဲ ပွဲချိန် ၈၈ မိနစ်မှာတော့ ညာတောင်ပံက ဒိုဟာတီရဲ့ ဖြတ်တင်ဘောကို ဝက်စ်ဘရွန်းနောက်ခံလူ ဘာတလီရဲ့ ဘောလုံးနဲ့ လူ ဘာကို အာရုံစိုက်မယ်ဆိုတာ ဆုံးဖြတ်ချက် မပြတ်သားခဲ့တဲ့ အမှားကနေ ဟာရီကိန်းက သူ့အပေါ် ရောက်လာတာနဲ့ ခေါင်းတိုက်သွားခဲ့လို့ ဂိုးသမား အငိုက်မိခဲ့ပြီး ဒီပွဲရဲ့ တစ်လုံးတည်းသောဂိုးကို ရရှိခဲ့တာပါ။

ဒီနေ့ပွဲကို အနိုင်ရရှိခဲ့တဲ့ မော်ရင်ညိုရဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းအနေနဲ့ ပွဲစဉ် ၈ အပြီးမှာ ၅ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံးနဲ့ လက်စတာ၊ လီဗာပူးလ်တို့ မကစားခင်မှာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကို ရောက်ရှိလာနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းအေနနဲ႔ ဘယ္သူမွ ထင္မထားတဲ့ ဝက္စ္ဘ႐ြန္းရဲ႕ အိမ္ကြင္း႐ုန္းအားကို ႀကံ့ႀကံ့ခံရင္း ေနာက္ဆုံးအခ်ိန္မွာ နည္းျပ ဂ်ိဳေဆး ေမာ္ရင္ညိဳရဲ႕ ဂုဏ္တက္စရာအျဖစ္ မေလွ်ာ့တဲ့ ဇြဲနဲ႔ တစ္လုံးတည္းေသာဂိုးကို ရယူၿပီး ပရီးမီးယားလိဂ္ရဲ႕ ထိပ္ဆုံးေနရာကို ေရာက္ရွိလာခဲ့ပါတယ္။

တိုက္စစ္မွာ ဂါရက္ ေဘးလ္ကို Inverted Winger အျဖစ္ ထည့္သြင္းလာခဲ့တဲ့ အေျပာင္းအလဲက စပါးစ္အသင္းရဲ႕ ပုံမွန္ညာျခမ္းတိုးအားျဖစ္တဲ့ လာမယ္လာနဲ႔ လူးကပ္စ္ ေမာ္ရာတို႔လို အင္အားမေကာင္းခဲ့တာေၾကာင့္ ကစားကြက္ကို ကြင္းလယ္မွာပဲ ဝက္စ္ဘ႐ြန္းက ခ်ဳပ္မိသြားတာေၾကာင့္ အိမ္ရွင္ေတြကေတာင္ ပိုထိုးေဖာက္ႏိုင္ခဲ့ၿပီး ပထမပိုင္းတစ္ပိုင္းလုံး ေမာ္ရင္ညိဳရဲ႕လူေတြ ႀကံ့ႀကံ့ခံခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၂ မိနစ္မွာ ညာနဲ႔ ကန္ႏိုင္ရဲ႕သားနဲ႔ မကန္ဘဲ ေျခေ႐ြးေနတဲ့ ဆြန္ေၾကာင့္ ေနာက္တန္းေတြနဲ႔ ဂိုးသမား စုမိသြားၿပီး ကာကြယ္ႏိုင္ခဲ့လို႔ တစ္ဂိုး နစ္နာခဲ့ရသလို ဆြန္ကိန္းအတြဲၾကားမွာ ညႇပ္လာခဲ့တဲ့ ဂါရက္ေဘးလ္ေၾကာင့္ အတြဲအဖက္က ပ်က္သလိုျဖစ္ခဲ့ၿပီး ပထမပိုင္းမွာ ဂိုးမရွိသေရပဲ ျဖစ္ေနခဲ့ပါတယ္။

ဝက္စ္ဘ႐ြန္းရဲ႕ တည္ကန္ေဘာေတြနဲ႔ အျမင့္ေဘာေတြက စပါးစ္ကို ၿခိမ္းေျခာက္ႏိုင္ခဲ့သလို ဒုတိယပိုင္းမွာေတာ့ ႏိုင္ပြဲအတြက္ တင္ကစားခဲ့တဲ့ စပါးစ္တို႔ အကြက္ပိုမိခဲ့ေပမယ့္ တိုက္စစ္ကစားသမားေတြရဲ႕ Final Touch ေတြ အားရစရာ မေကာင္းသလို အိမ္ရွင္ဂိုးသမား ဆမ္ ဂြၽန္စတုန္းကလည္း လက္စြမ္းျပေနခဲ့တာမို႔ ဂိုးေပါက္ရွာမေတြ႕ဘဲ ျဖစ္ေနခဲ့တာပါ။

ဒါေၾကာင့္ ေမာ္ရင္ညိဳအေနနဲ႔ တိုက္စစ္ကို ေဘးလ္၊ ဆစ္ဆိုကိုနဲ႔ အန္ဒြမ္ဘီလီတို႔ေနရာမွာ လိုဆဲလ္ဆို၊ လူးကပ္စ္ ေမာ္ရာနဲ႔ ကားလို႔စ္ ဗီနီးရွပ္စ္တို႔ကို လူစားထည့္သြင္းၿပီး ပိုမိုထိုးေဖာက္လာႏိုင္ခဲ့သလို ဗီနီးရွပ္စ္ရဲ႕ အပိုင္ကန္ခ်က္ကိုလည္း ဝက္စ္ဘ႐ြန္းဂိုးသမား မနည္းကာကြယ္ခဲ့ရပါတယ္။

စပါးစ္တို႔ ဂိုးရေတာ့မယ္လို႔ ခံစားမိေနခ်ိန္မွာပဲ ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ ညာေတာင္ပံက ဒိုဟာတီရဲ႕ ျဖတ္တင္ေဘာကို ဝက္စ္ဘ႐ြန္းေနာက္ခံလူ ဘာတလီရဲ႕ ေဘာလုံးနဲ႔ လူ ဘာကို အာ႐ုံစိုက္မယ္ဆိုတာ ဆုံးျဖတ္ခ်က္ မျပတ္သားခဲ့တဲ့ အမွားကေန ဟာရီကိန္းက သူ႔အေပၚ ေရာက္လာတာနဲ႔ ေခါင္းတိုက္သြားခဲ့လို႔ ဂိုးသမား အငိုက္မိခဲ့ၿပီး ဒီပြဲရဲ႕ တစ္လုံးတည္းေသာဂိုးကို ရရွိခဲ့တာပါ။

ဒီေန႔ပြဲကို အႏိုင္ရရွိခဲ့တဲ့ ေမာ္ရင္ညိဳရဲ႕ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းအေနနဲ႔ ပြဲစဥ္ ၈ အၿပီးမွာ ၅ ပြဲႏိုင္၊ ၂ ပြဲသေရ၊ ၁ ပြဲရႈံးနဲ႔ လက္စတာ၊ လီဗာပူးလ္တို႔ မကစားခင္မွာ အမွတ္ေပးဇယားရဲ႕ ထိပ္ဆုံးကို ေရာက္ရွိလာႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.