Premier League

ဆိုးလ်ရှားကို ချစ်ကြတဲ့ အသင်းသားတွေ အဲဗာတန်နဲ့ပွဲမှာ ကြိုးစားခဲ့ကြပုံကို ချီးကျူးလိုက်တဲ့ ဒန်နီ မာဖီ

ပြီးခဲ့တဲ့ညက မန်ချက်စတာယူနိုက်တက်အသင်းဟာ အိုးထရက်ဖို့ဒ်မှာ အဲဗာတန်ကို ၃ ဂိုး ၁ဂိုး ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်တို့အဖွဲ့ရဲ့ ပြင်းပြတဲ့ လုပ်အားတွေနဲ့အတူ တိုက်ပွဲဝင်ပြီး ဖိအားတွေအောက်က နည်းပြဆိုးလ်ရှားရဲ့ မရေရာတဲ့ အနာဂတ်ကို အဖတ်ဆယ်ကယ်တင်ပေးသွားခဲ့ကြတာ ယူနိုက်တက်ပရိသတ်တွေ မြင်တွေ့ခဲ့ကြရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာအာဆင်နယ်နဲ့ ချန်ပီယံလိဂ်မှာ အစ္စတန်ဘူလ်အသင်းတို့ကို နှစ်ပွဲဆက်တိုက် အရေးနိမ့်ခဲ့ရာက အရှက်မရှိတဲ့အသင်းဆိုတဲ့ ဝေဖန်ထိုးနှက်ပြစ်တင်မှုတွေခံခဲ့ရပါတယ်။

ဒီအဲဗာတန်ကို အနိုင်ရရှိတဲ့ပွဲအပြီးမှာတော့ ပရီးမီးယားလိဂ်မှာ ဆက်လက်စိန်ခေါ်ဖို့ အရေးပါတဲ့ သုံးမှတ်ကို စုဆောင်းနိုင်ခဲ့သလို ဝေဖန်ထိုးနှက် ပြစ်တင်မှုတွေကနေ အကောင်းဆုံး ပြန်လည်ရုန်းထနိုင်ခဲ့တယ်လို့ သတ်မှတ်ရမှာဖြစ်ပြီး နည်းပြဆိုးလ်ရှားရဲ့ ဂုဏ်သိက္ခာကို အဖတ်ဆယ်နိုင်ဖို့အရေး တသင်းလုံးတိုက်ပွဲဝင်သွားခဲ့ကြတာက ပရိသတ်တွေ အားရကျေနပ်စရာဖြစ်ခဲ့ပါတယ်။

ပိုချက်တီနိုကို ခေါ်ယူပြီး ဆိုးလ်ရှားနေရာ အစားထိုးတော့မယ်လို့ ရက်ပိုင်းလေးအတွင်းကမှ သတင်းတွေပြေးနေခဲ့တဲ့နောက် ဆိုးလ်ရှားကို ရာသီအစပိုင်း ရလဒ်မတည်​ငြိမ်မှုတခုတည်းနဲ့ စောစောစီးစီး ထုတ်ပယ်ဖို့ကိုတော့ ထောက်ခံသွားမှာ မဟုတ်ကြောင်း ဒန်နီ မာဖီ Daily Mail မှာ ရေးသား ဖော်ပြသွားခဲ့ပါတယ်။

ဆိုးလ်ရှားကို ချစ်ကြတဲ့ အသင်းသားတွေ အဲဗာတန်နဲ့ပွဲမှာ ကြိုးစားခဲ့ကြပုံကို ဒန်နီ မာဖီက ချီးကျူးလိုက်ပြီး အဲဗာတန်နဲ့ပွဲက ယူနိုက်တက်ရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်အစစ်အမှန်ကို ပြန်လည်တွေ့မြင့်ခဲ့ရသလို နည်းပြရဲ့အနာဂတ်ကို အသင်းနဲ့အတူဆက်ရှိနေစေဖို့ ရေကုန်ရေခမ်း တိုက်ပွဲဝင်နေတဲ့ ပြင်းပြတဲ့အသင်းတသင်းကို မြင်တွေ့ခဲ့ရကြောင်း ထုတ်ဖော်ရေးသားသွားခဲ့တာပါ။

အသင်းကြီးတသင်းမှာ မြင်တွေ့နေကျ ပုံစံတခုမဟုတ်တဲ့ တပွဲနိုင်၊ တပွဲရှုံးနဲ့ အနိုင်အရှုံးသံသရာလည်နေတာက ယူနိုက်တက်မှာ ဖြေရှင်းရမယ့် ပြဿနာဖြစ်ကြောင်း သူက ထောက်ပြရေးသားသွားခဲ့ပါတယ်။

တကယ်အရေးပါတဲ့ အဆုံးအဖြတ် အချိန်တွေမှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ စွမ်းဆောင်ရည် နဲ့ ပေးဆပ်မှုကို အသင်းက ရရှိနေတယ်လို့လည်း ဖော်ပြသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWYI:

ၿပီးခဲ့တဲ့ညက မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အိုးထရက္ဖို႔ဒ္မွာ အဲဗာတန္ကို ၃ ဂိုး ၁ဂိုး ရလဒ္နဲ႔ အႏိုင္ရရွိသြားခဲ့ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္တို႔အဖြဲ႕ရဲ႕ ျပင္းျပတဲ့ လုပ္အားေတြနဲ႔အတူ တိုက္ပြဲဝင္ၿပီး ဖိအားေတြေအာက္က နည္းျပဆိုးလ္ရွားရဲ႕ မေရရာတဲ့ အနာဂတ္ကို အဖတ္ဆယ္ကယ္တင္ေပးသြားခဲ့ၾကတာ ယူႏိုက္တက္ပရိသတ္ေတြ ျမင္ေတြ႕ခဲ့ၾကရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ပရီၤးမီးယားလိဂ္မွာအာဆင္နယ္နဲ႔ ခ်န္ပီယံလိဂ္မွာ အစၥတန္ဘူလ္အသင္းတို႔ကို ႏွစ္ပြဲဆက္တိုက္ အေရးနိမ့္ခဲ့ရာက အရွက္မရွိတဲ့အသင္းဆိုတဲ့ ေဝဖန္ထိုးႏွက္ျပစ္တင္မႈေတြခံခဲ့ရပါတယ္။

ဒီအဲဗာတန္ကို အႏိုင္ရရွိတဲ့ပြဲအၿပီးမွာေတာ့ ပရီးမီးယားလိဂ္မွာ ဆက္လက္စိန္ေခၚဖို႔ အေရးပါတဲ့ သုံးမွတ္ကို စုေဆာင္းႏိုင္ခဲ့သလို ေဝဖန္ထိုးႏွက္ ျပစ္တင္မႈေတြကေန အေကာင္းဆုံး ျပန္လည္႐ုန္းထႏိုင္ခဲ့တယ္လို႔ သတ္မွတ္ရမွာျဖစ္ၿပီး နည္းျပဆိုးလ္ရွားရဲ႕ ဂုဏ္သိကၡာကို အဖတ္ဆယ္ႏိုင္ဖို႔အေရး တသင္းလုံးတိုက္ပြဲဝင္သြားခဲ့ၾကတာက ပရိသတ္ေတြ အားရေက်နပ္စရာျဖစ္ခဲ့ပါတယ္။

ပိုခ်က္တီႏိုကို ေခၚယူၿပီး ဆိုးလ္ရွားေနရာ အစားထိုးေတာ့မယ္လို႔ ရက္ပိုင္းေလးအတြင္းကမွ သတင္းေတြေျပးေနခဲ့တဲ့ေနာက္ ဆိုးလ္ရွားကို ရာသီအစပိုင္း ရလဒ္မတည္​ၿငိမ္မႈတခုတည္းနဲ႔ ေစာေစာစီးစီး ထုတ္ပယ္ဖို႔ကိုေတာ့ ေထာက္ခံသြားမွာ မဟုတ္ေၾကာင္း ဒန္နီ မာဖီ Daily Mail မွာ ေရးသား ေဖာ္ျပသြားခဲ့ပါတယ္။

ဆိုးလ္ရွားကို ခ်စ္ၾကတဲ့ အသင္းသားေတြ အဲဗာတန္နဲ႔ပြဲမွာ ႀကိဳးစားခဲ့ၾကပုံကို ဒန္နီ မာဖီက ခ်ီးက်ဴးလိုက္ၿပီး အဲဗာတန္နဲ႔ပြဲက ယူႏိုက္တက္ရဲ႕ တိုက္ပြဲဝင္စိတ္ဓာတ္အစစ္အမွန္ကို ျပန္လည္ေတြ႕ျမင့္ခဲ့ရသလို နည္းျပရဲ႕အနာဂတ္ကို အသင္းနဲ႔အတူဆက္ရွိေနေစဖို႔ ေရကုန္ေရခမ္း တိုက္ပြဲဝင္ေနတဲ့ ျပင္းျပတဲ့အသင္းတသင္းကို ျမင္ေတြ႕ခဲ့ရေၾကာင္း ထုတ္ေဖာ္ေရးသားသြားခဲ့တာပါ။

အသင္းႀကီးတသင္းမွာ ျမင္ေတြ႕ေနက် ပုံစံတခုမဟုတ္တဲ့ တပြဲႏိုင္၊ တပြဲရႈံးနဲ႔ အႏိုင္အရႈံးသံသရာလည္ေနတာက ယူႏိုက္တက္မွာ ေျဖရွင္းရမယ့္ ျပႆနာျဖစ္ေၾကာင္း သူက ေထာက္ျပေရးသားသြားခဲ့ပါတယ္။

တကယ္အေရးပါတဲ့ အဆုံးအျဖတ္အခ်ိန္ေတြမွာ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ စြမ္းေဆာင္ရည္ နဲ႔ ေပးဆပ္မႈကို အသင္းက ရရွိေနတယ္လို႔လည္း ေဖာ္ျပသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.