Premier League

အဲဗာတန်နဲ့ပွဲမှာ ဆိုးလ်ရှားကို အထိတ်တလန့်နဲ့ ချီးကျူးမိစေတဲ့သူ သုံးဦး

အနိုင် ၃ မှတ်ကို အိတ်ကပ်ထဲ ထည့်နိုင်ခဲ့သလို ကစားသမားတွေရဲ့ တိုက်ပွဲဝင်မှုက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အနာဂတ်မှာ နည်းပြဆိုးလ်ရှားနဲ့အတူ ချစ်ခင်စွာရှေ့ဆက်လိုတယ်ဆိုတဲ့ စိတ်ဓာတ်ပြင်းပြမှုကို ပြသခဲ့ကြတဲ့ အဲဗာတန်နဲ့ပွဲက အသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့ခံစားရအပြီးမှာ ဆိုးလ်ရှားဟာ အသင်းရဲ့ခြေစွမ်းအတွက် အလုံးစုံနှစ်သက်မိကြောင်း ထုတ်ဖော်ပြောသွားခဲ့သလို ဒီပွဲမှာ သူ့ကို အထိတ်တလန့်ဖြစ်စေခဲ့တဲ့ ကစားသမား ၃ ဦးကိုလည်း အဓိကချီးမွမ်းသွားခဲ့ကြောင်း သိရပါတယ်။

မက်ဂွိုင်းယားဟာ ဖြုံလောက်တဲ့ အရည်အသွေးကို ပြသွားခဲ့ပြီး လေထဲမှာ ခေါင်းတိုက်စွမ်းရည်ပြောင်မြောင်တဲ့ အဲဗာတန်ရဲ့ အန္တရာယ်အကြီးမားဆုံး တိုက်စစ်မှူး ကယ်လ်ဗတ် လူဝင်ကို အခွင့်အရေးတချက်မှမပေးဘဲ ပြောစရာမလိုအောင်ကို ထိန်းချုပ်ပြသွားခဲ့တယ်လို့ သူက အမွှမ်းတင်သွားခဲ့ပါတယ်။

ဒါ့အပြင် လူဝင်နဲ့ပတ်သက်ပြီး ” သူက ကျွန်တော့်အတွက်တော့ လေထဲမှာ ဘောလုံးကို အန္တရယ်အရှိဆုံးကစားနိုင်သူ၊ ကမ္ဘာ့အကောင်းဆုံးအဆင့်ထဲတွေထဲက တယောက်ပါ။ လေထဲမှာ ချိန်သားကိုက်မှု၊ အမြင့်ကို လွှားခနဲ ခုန်အုပ်နိုင်ပြီး လက်ဦးမှုရယူနိုင်မှု၊ အရှိန်ပြင်းပြင်းပြေးဝင်ခေါင်းတိုက်ပြီး ကွက်တိ ဂိုးရယူနိုင်မှုတွေနဲ့အတူ ခွန်အားကိုပေါင်းစပ်ကစားပြီး ကြံ့ခိုင်မှုသိပ်ကောင်းတဲ့သူပါ။ ”

“ဒါကြောင့် သူ့လို တိုက်စစ်မှူးမျိုးကို အနိုင်မခံ၊ အရှုံးမပေးထိန်းချုပ်ပြခဲ့တဲ့ မက်ဂွိုင်းယားဟာ အမြင့်ဆုံးစွမ်းဆောင်ရည်နဲ့ ကစားပြခဲ့ပြီး အသင်းခံစစ်ကြောင်းကလည်း ထိပ်တန်းအဆင့်ဖြစ်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

” ကျွန်တော်တို့ ပင်ပန်းနေပါတယ်။ စက်ရုပ်တွေမဟုတ်လို့ တသင်းလုံးပြိုင်းနေကြပါတယ်။ ဒီလိုအချိန်မှာ ဘရူနိုက ခေါင်းဆောင်ကောင်းစစ်စစ်ပါပဲ။ အသင်းကို ပြင်းပြမှုဆန္ဒတွေ ညှစ်ထုတ်ပေးပြီး လှုံ့ဆော်ပေးသွားခဲ့ပါတယ်။ တကွင်းလုံးကို နေရာအနှံ့မှာ လိုက်ကစားပေးခဲ့တာလည်း အံ့သြစရာကောင်းလွန်းပါတယ်။ ဒီလိုအသင်းသားမျိုးကိုပိုင်ဆိုင်ထားရတဲ့ နည်းပြက အရမ်းပျော်ရွှင်စရာကောင်းပါတယ်” လို့ သူက ဘရူနိုရဲ့ စွမ်းဆောင်ရည်ကို အမှတ်ပြည့်ပေးပြီး ချီးကျူးသွားခဲ့ကြောင်း သိရပါတယ်။

REF: MEN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အနိုင္ ၃ မွတ္ကို အိတ္ကပ္ထဲ ထည့္နိုင္ခဲ့သလို ကစားသမားေတြရဲ႕ တိုက္ပြဲဝင္မႈက မန္ခ်က္စတာယူနိုက္တက္အသင္းရဲ႕ အနာဂတ္မွာ နည္းျပဆိုးလ္ရွားနဲ႕အတူ ခ်စ္ခင္စြာေရွ႕ဆက္လိုတယ္ဆိုတဲ့ စိတ္ဓာတ္ျပင္းျပမႈကို ျပသခဲ့ၾကတဲ့ အဲဗာတန္နဲ႕ပြဲက အသင္းသားေတြရဲ႕ စြမ္းေဆာင္ရည္ကို ျမင္ေတြ႕ခံစားရအၿပီးမွာ ဆိုးလ္ရွားဟာ အသင္းရဲ႕ေျခစြမ္းအတြက္ အလုံးစုံႏွစ္သက္မိေၾကာင္း ထုတ္ေဖာ္ေျပာသြားခဲ့သလို ဒီပြဲမွာ သူ႕ကို အထိတ္တလန့္ျဖစ္ေစခဲ့တဲ့ ကစားသမား ၃ ဦးကိုလည္း အဓိကခ်ီးမြမ္းသြားခဲ့ေၾကာင္း သိရပါတယ္။

မက္ဂြိုင္းယားဟာ ၿဖဳံေလာက္တဲ့ အရည္အေသြးကို ျပသြားခဲ့ၿပီး ေလထဲမွာ ေခါင္းတိုက္စြမ္းရည္ေျပာင္ေျမာင္တဲ့ အဲဗာတန္ရဲ႕ အႏၱရာယ္အႀကီးမားဆုံး တိုက္စစ္မႉး ကယ္လ္ဗတ္ လူဝင္ကို အခြင့္အေရးတခ်က္မွမေပးဘဲ ေျပာစရာမလိုေအာင္ကို ထိန္းခ်ဳပ္ျပသြားခဲ့တယ္လို႔ သူက အမႊမ္းတင္သြားခဲ့ပါတယ္။

ဒါ့အျပင္ လူဝင္နဲ႕ပတ္သက္ၿပီး ” သူက ကြၽန္ေတာ့္အတြက္ေတာ့ ေလထဲမွာ ေဘာလုံးကို အႏၱရယ္အရွိဆုံးကစားနိုင္သူ၊ ကမၻာ့အေကာင္းဆုံးအဆင့္ထဲေတြထဲက တေယာက္ပါ။ ေလထဲမွာ ခ်ိန္သားကိုက္မႈ၊ အျမင့္ကို လႊားခနဲ ခုန္အုပ္နိုင္ၿပီး လက္ဦးမႈရယူနိုင္မႈ၊ အရွိန္ျပင္းျပင္းေျပးဝင္ေခါင္းတိုက္ၿပီး ကြက္တိ ဂိုးရယူနိုင္မႈေတြနဲ႕အတူ ခြန္အားကိုေပါင္းစပ္ကစားၿပီး ႀကံ့ခိုင္မႈသိပ္ေကာင္းတဲ့သူပါ။ ”

“ဒါေၾကာင့္ သူ႕လို တိုက္စစ္မႉးမ်ိဳးကို အနိုင္မခံ၊ အရႈံးမေပးထိန္းခ်ဳပ္ျပခဲ့တဲ့ မက္ဂြိုင္းယားဟာ အျမင့္ဆုံးစြမ္းေဆာင္ရည္နဲ႕ ကစားျပခဲ့ၿပီး အသင္းခံစစ္ေၾကာင္းကလည္း ထိပ္တန္းအဆင့္ျဖစ္ခဲ့ပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

” ကြၽန္ေတာ္တို႔ ပင္ပန္းေနပါတယ္။ စက္႐ုပ္ေတြမဟုတ္လို႔ တသင္းလုံးၿပိဳင္းေနၾကပါတယ္။ ဒီလိုအခ်ိန္မွာ ဘ႐ူနိုက ေခါင္းေဆာင္ေကာင္းစစ္စစ္ပါပဲ။ အသင္းကို ျပင္းျပမႈဆႏၵေတြ ညွစ္ထုတ္ေပးၿပီး လႈံ႕ေဆာ္ေပးသြားခဲ့ပါတယ္။ တကြင္းလုံးကို ေနရာအႏွံ႕မွာ လိုက္ကစားေပးခဲ့တာလည္း အံ့ၾသစရာေကာင္းလြန္းပါတယ္။ ဒီလိုအသင္းသားမ်ိဳးကိုပိုင္ဆိုင္ထားရတဲ့ နည္းျပက အရမ္းေပ်ာ္႐ႊင္စရာေကာင္းပါတယ္” လို႔ သူက ဘ႐ူနိုရဲ႕ စြမ္းေဆာင္ရည္ကို အမွတ္ျပည့္ေပးၿပီး ခ်ီးက်ဴးသြားခဲ့ေၾကာင္း သိရပါတယ္။

REF: MEN
PHOTOS CREDIT TO OWNERS
SPORTS A2Z.