Premier League

၈.၁၁.၂၀၂၀ – နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းရဲ့ ပြန်လည်တည်ဆောက်ရေးကာလမှာ စိန်မျက်လုံးလို့ အမည်ရတဲ့ ဆဗင် မစ်စ်လင်တက်အနေနဲ့ အသင်းအတွက် အလုပ်မဖြစ်တဲ့ ကစားသမားတွေကို ပေါင် ၅၃ သန်းခွဲဖိုး ဝယ်ယူခဲ့တာက သူနဲ့ အသင်းတာဝန်ရှိသူတွေရဲ့ ဆက်ဆံရေးကို ဆိုးရွားစေခဲ့။

– အသင်းနဲ့ နောက်ကွယ်မှာ ဘာအကြောင်းတွေပဲရှိရှိ ကစားသမားတစ်ယောက်ကို ကွင်းတွင်းမှာ သူ့ရဲ့ ခြေစွမ်းကို ထိန်းသိမ်းနိုင်ဖို့ အခွင့်အရေးပေးသင့်တယ်လို့ လူစာရင်းတွေက အိုဇေးလ် ချန်လှပ်ခံခဲ့ရမှုတွေအတွက် အာဆင်နယ်နဲ့ နည်းပြ အာတီတာကို ပိုဒေါလ်စကီး ဝေဖန်။

– အာဆင်နယ်အသင်းရဲ့ ညာခြမ်းတိုက်စစ်မှာ သီယို ဝဲလ်ကော့ ထပ်ကစားပေးတာကို မြင်ချင်တယ်လို့ ပရိသတ်တွေက ဆိုခဲ့ကြပြီး အခြေအနေပေးရင် နီကိုလာ ပေပေနဲ့ လဲလှယ်ဖို့ ပရိသတ်တွေ တွစ်တာမှာ ဝိုင်းဝန်းရေးသားနေကြ။

– မြောက်လန်ဒန်မှာ မြင့်မားတဲ့ လစာငွေကို စာချုပ်သစ်နဲ့အတူ တိုးတက်ပေးအပ်ခြင်းခံခဲ့ရတဲ့ အသင်းခေါင်းဆောင် အူဘာမီယန်းအနေနဲ့ အိပ်ခန်း ၇ ခန်း ပါဝင်တဲ့ ဇိမ်ခံမန်းရှင်းအိမ်ကြီးကို လက်ရှိအိမ်နေရာမှာ အစားထိုးဆောက်လုပ်သွားဖို့ ပြင်ဆင်နေ။

– လက်ရှိပရီးမီးယားလိဂ် အသင်းကြီး ၆ သင်းရဲ့ အနေအထားကို သုံးသပ်ရာမှာ အာဆင်နယ်အသင်းဟာ အာတီတာရဲ့ လက်အောက်မှာ ချန်ပီယံကို စိန်ခေါ်နိုင်တဲ့ အဆင့်မျိုးကို ရောက်လာခဲ့ပြီလို့ ဂွါဒီယိုလာ ချီးကျူးသွား။

– အူဘာမီယန်းရဲ့ ကစားပုံကို သဘောကျသလို လူကျွံထောင်ချောက်ကို ဖောက်ထွက်ဖို့ တစ်ဖက်နောက်ခံလူတွေနဲ့ တစ်သားတည်း နေရာယူတတ်တဲ့အတွက် သူ့ကို အူဘာမီယန်းလက်သစ်လို့ ယူ-၂၃ အသင်းမှာ ခေါ်ကြတာဖြစ်တယ်လို့ အာဆင်နယ်ရဲ့ ၈၇၆ ဦးမြောက် ကစားသမား ဘာလိုဂွန် ရှင်းလင်းသွား။

– အသင်းရဲ့ သက်တမ်းအရှည်ဆုံးကစားသမားတစ်ဦးဖြစ်တဲ့ ဟက်တာ ဘယ်လာရင်ဟာ သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြန်လည်ရရှိဖို့ အလွန် နီးစပ်နေပြီလို့ ဆိုလိုက်ပြီး မာတီနက်ဇ်ကို ရောင်းချခဲ့တဲ့အတွက်တော့ နောင်တမရဘူးလို့ အက်စတန်ဗီလာနဲ့ ပွဲအကြိုမှာ နည်းပြ အာတီတာ ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းရဲ႕ ျပန္လည္တည္ေဆာက္ေရးကာလမွာ စိန္မ်က္လုံးလို႔ အမည္ရတဲ့ ဆဗင္ မစ္စ္လင္တက္အေနနဲ႔ အသင္းအတြက္ အလုပ္မျဖစ္တဲ့ ကစားသမားေတြကို ေပါင္ ၅၃ သန္းခြဲဖိုး ဝယ္ယူခဲ့တာက သူနဲ႔ အသင္းတာဝန္ရွိသူေတြရဲ႕ ဆက္ဆံေရးကို ဆုိးရြားေစခဲ့။

– အသင္းနဲ႔ ေနာက္ကြယ္မွာ ဘာအေၾကာင္းေတြပဲရွိရွိ ကစားသမားတစ္ေယာက္ကို ကြင္းတြင္းမွာ သူ႕ရဲ႕ ေျခစြမ္းကို ထိန္းသိမ္းႏုိင္ဖို႔ အခြင့္အေရးေပးသင့္တယ္လုိ႔ လူစာရင္းေတြက အုိေဇးလ္ ခ်န္လွပ္ခံခဲ့ရမွဳေတြအတြက္ အာဆင္နယ္နဲ႔ နည္းျပ အာတီတာကို ပိုေဒါလ္စကီး ေဝဖန္။

– အာဆင္နယ္အသင္းရဲ႕ ညာျခမ္းတုိက္စစ္မွာ သီယို ဝဲလ္ေကာ့ ထပ္ကစားေပးတာကို ျမင္ခ်င္တယ္လို႔ ပရိသတ္ေတြက ဆုိခဲ့ၾကၿပီး အေျခအေနေပးရင္ နီကိုလာ ေပေပနဲ႔ လဲလွယ္ဖို႔ ပရိသတ္ေတြ တြစ္တာမွာ ဝိုင္းဝန္းေရးသားေနၾက။

– ေျမာက္လန္ဒန္မွာ ျမင့္မားတဲ့ လစာေငြကို စာခ်ဳပ္သစ္နဲ႔အတူ တုိးတက္ေပးအပ္ျခင္းခံခဲ့ရတဲ့ အသင္းေခါင္းေဆာင္ အူဘာမီယန္းအေနနဲ႔ အိပ္ခန္း ၇ ခန္း ပါဝင္တဲ့ ဇိမ္ခံမန္းရွင္းအိမ္ႀကီးကို လက္ရွိအိမ္ေနရာမွာ အစားထိုးေဆာက္လုပ္သြားဖို႔ ျပင္ဆင္ေန။

– လက္ရွိပရီးမီးယားလိဂ္ အသင္းႀကီး ၆ သင္းရဲ႕ အေနအထားကို သုံးသပ္ရာမွာ အာဆင္နယ္အသင္းဟာ အာတီတာရဲ႕ လက္ေအာက္မွာ ခ်န္ပီယံကို စိန္ေခၚႏုိင္တဲ့ အဆင့္မ်ဳိးကို ေရာက္လာခဲ့ၿပီလို႔ ဂြါဒီယိုလာ ခ်ီးက်ဴးသြား။

– အူဘာမီယန္းရဲ႕ ကစားပုံကို သေဘာက်သလို လူကၽြံေထာင္ေခ်ာက္ကို ေဖာက္ထြက္ဖို႔ တစ္ဖက္ေနာက္ခံလူေတြနဲ႔ တစ္သားတည္း ေနရာယူတတ္တဲ့အတြက္ သူ႕ကို အူဘာမီယန္းလက္သစ္လို႔ ယူ-၂၃ အသင္းမွာ ေခၚၾကတာျဖစ္တယ္လုိ႔ အာဆင္နယ္ရဲ႕ ၈၇၆ ဦးေျမာက္ ကစားသမား ဘာလိုဂြန္ ရွင္းလင္းသြား။

– အသင္းရဲ႕ သက္တမ္းအရွည္ဆုံးကစားသမားတစ္ဦးျဖစ္တဲ့ ဟက္တာ ဘယ္လာရင္ဟာ သူ႕ရဲ႕ အေကာင္းဆုံးပုံစံကို ျပန္လည္ရရွိဖို႔ အလြန္ နီးစပ္ေနၿပီလို႔ ဆိုလိုက္ၿပီး မာတီနက္ဇ္ကို ေရာင္းခ်ခဲ့တဲ့အတြက္ေတာ့ ေနာင္တမရဘူးလို႔ အက္စတန္ဗီလာနဲ႔ ပြဲအႀကဳိမွာ နည္းျပ အာတီတာ ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.