Premier League

၈.၁၁.၂၀၂၀ – နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ

– ကွင်းလယ်မှာ အရှိန်ကို မြှင့်ကစားပြီး အသင်းကို မောင်းနှင်နိုင်ခဲ့သလို ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့တယ်လို့ အဲဗာတန်နဲ့ပွဲက ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းကို အလန် ရှီးရားချီးကျူးသွား။

– အဲဗာတန်နဲ့ပွဲမှာ ဒဏ်ရာရတဲ့ ကစားသမား ၃ ဦး ရှိခဲ့ကြောင်း မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှား အတည်ပြုသွားခဲ့ပြီး တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်၊ နောက်ခံလူတွေဖြစ်ကြတဲ့ လုခ်ရှောနဲ့ ဗစ်တာ နီးလ်ဆန် လင်ဒီလော့ဖ်တို့ဖြစ်ကြောင်းဆို။

– မန်ချက်စတာယူနိုက်တက်အသင်းသားတွေဟာ နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှားရဲ့ ရာထူးတည်မြဲပြီး အသင်းမှာ ဆက်လက်ရှိနေစေဖို့ အတွက် တိုက်ပွဲဝင်ပေးနေတဲ့ ပုံစံကို တွေ့မြင်ခဲ့ရတာဖြစ်တယ်လို့ ဒန်နီ မာဖီသုံးသပ်။

– အသင်းရဲ့ ဒဏ်ရာရရှိသွားကြတဲ့ ကစားသမားတွေအတွက် ဆိုးလ်ရှား စိတ်ပျက်နေတာကို နားလည်စာနာကြောင်း ရီယို ဖာဒီနန်က ပြောကြားလိုက်ပြီး ဥရောပပွဲတွေအတွက်ခရီးဝေးတွေ သွားရတာတွေနဲ့ ပွဲတွေ စိပ်စိပ်ကစားနေကြရတာတွေဟာ ဆိုးရွားကြောင်းဆို။

– ကာဗာနီဟာ အသင်းအတွက် အသက်အရွယ်နဲ့ မလိုက်အောင် ပြေးလွှားကစားနိုင်ဆဲဖြစ်ပြီး ဂိုးဧရိယာအတွင်းမှာ နေရာယူပုံက စောင့်ကြည့်ရသလောက် ပြောင်မြောက်ဆဲဖြစ်တယ်လို့ ကာဗာနီကို အသင်းအတွက် ခေါ်ယူမှုကောင်းတစ်ခုအဖြစ် မိုက်ကယ် အိုဝင် ချီးကျူး။

– ရှုံးပွဲဆက်မှုကို ရပ်တန့်နိုင်ခဲ့ပြီး နိုင်ပွဲအတွက် ပျော်ရွှင်နေခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကတော့ လူစားဝင်ကစားပြီး တစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့ အက်ဒင်ဆန် ကာဗာနီဟာ လီဗာပူးလ်တိုက်စစ်မှူး ရောဘတ်တို ဖာမီနိုနဲ့ သွင်းဂိုးချင်းတူသွားခဲ့ပြီလို့ နောက်ပြောင်ခဲ့ကြ။

– အသင်းခေါင်းဆောင်ဆိုတာက ပုံစံအမျိုးမျိုးရှိသလို တချို့က အော်ဟစ်မောင်းနှင်ဖို့ထက် လိုက်ပါလုပ်ဆောင်ချင်လာအောင် စံပြအနေနဲ့ ကစားပြတတ်ပြီး ဘရူနို ဖာနန်ဒက်စ်ဟာ ဒီလိုကစားသမားမျိုးဖြစ်လို့ စတီဗင် ဂျရတ်ရဲ့ ဦးဆောင်မှုတွေကို အမှတ်ရစေကြောင်း ရီယို ဖာဒီနန် သုံးသပ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ကြင္းလယ္မွာ အရွိန္ကို ျမႇင့္ကစားၿပီး အသင္းကို ေမာင္းႏွင္ႏုိင္ခဲ့သလို ေျပာင္းေရႊ႕ေၾကးနဲ႔ ထုိက္တန္တဲ့ ေျခစြမ္းကို ျပသႏုိင္ခဲ့တယ္လို႔ အဲဗာတန္နဲ႔ပြဲက ကြင္းလယ္လူ ဘ႐ူႏုိ ဖာနန္ဒက္စ္ရဲ႕ ေျခစြမ္းကို အလန္ ရွီးရားခ်ီးက်ဴးသြား။

– အဲဗာတန္နဲ႔ပြဲမွာ ဒဏ္ရာရတဲ့ ကစားသမား ၃ ဦး ရွိခဲ့ေၾကာင္း မန္ခ်က္စတာယူႏုိက္တက္နည္းျပ အုိလီ ဂန္နာ ဆုိးလ္ရွား အတည္ျပဳသြားခဲ့ၿပီး တုိက္စစ္မွဴး ရက္ရွ္ဖို႔ဒ္၊ ေနာက္ခံလူေတြျဖစ္ၾကတဲ့ လုခ္ေရွာနဲ႔ ဗစ္တာ နီးလ္ဆန္ လင္ဒီေလာ့ဖ္တုိ႔ျဖစ္ေၾကာင္းဆုိ။

– မန္ခ်က္စတာယူႏုိက္တက္အသင္းသားေတြဟာ နည္းျပ အုိလီ ဂန္နာ ဆုိးလ္ရွားရဲ႕ ရာထူးတည္ျမဲၿပီး အသင္းမွာ ဆက္လက္ရွိေနေစဖို႔ အတြက္ တုိက္ပြဲဝင္ေပးေနတဲ့ ပုံစံကို ေတြ႕ျမင္ခဲ့ရတာျဖစ္တယ္လို႔ ဒန္နီ မာဖီသုံးသပ္။

– အသင္းရဲ႕ ဒဏ္ရာရရွိသြားၾကတဲ့ ကစားသမားေတြအတြက္ ဆုိးလ္ရွား စိတ္ပ်က္ေနတာကို နားလည္စာနာေၾကာင္း ရီယို ဖာဒီနန္က ေျပာၾကားလိုက္ၿပီး ဥေရာပပြဲေတြအတြက္ခရီးေဝးေတြ သြားရတာေတြနဲ႔ ပြဲေတြ စိပ္စိပ္ကစားေနၾကရတာေတြဟာ ဆုိးရြားေၾကာင္းဆို။

– ကာဗာနီဟာ အသင္းအတြက္ အသက္အရြယ္နဲ႔ မလုိက္ေအာင္ ေျပးလႊားကစားႏုိင္ဆဲျဖစ္ၿပီး ဂိုးဧရိယာအတြင္းမွာ ေနရာယူပုံက ေစာင့္ၾကည့္ရသေလာက္ ေျပာင္ေျမာက္ဆဲျဖစ္တယ္လုိ႔ ကာဗာနီကို အသင္းအတြက္ ေခၚယူမွဳေကာင္းတစ္ခုအျဖစ္ မုိက္ကယ္ အုိဝင္ ခ်ီးက်ဴး။

– ရွဳံးပြဲဆက္မွဳကို ရပ္တန္႔ႏုိင္ခဲ့ၿပီး ႏိုင္ပြဲအတြက္ ေပ်ာ္ရႊင္ေနခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္ပရိသတ္ေတြကေတာ့ လူစားဝင္ကစားၿပီး တစ္ဂိုး သြင္းယူႏုိင္ခဲ့တဲ့ အက္ဒင္ဆန္ ကာဗာနီဟာ လီဗာပူးလ္တုိက္စစ္မွဴး ေရာဘတ္တို ဖာမီႏိုနဲ႔ သြင္းဂိုးခ်င္းတူသြားခဲ့ၿပီလို႔ ေနာက္ေျပာင္ခဲ့ၾက။

– အသင္းေခါင္းေဆာင္ဆုိတာက ပုံစံအမ်ဳိးမ်ဳိးရွိသလို တခ်ဳိ႕က ေအာ္ဟစ္ေမာင္းႏွင္ဖို႔ထက္ လိုက္ပါလုပ္ေဆာင္ခ်င္လာေအာင္ စံျပအေနနဲ႔ ကစားျပတတ္ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္ဟာ ဒီလိုကစားသမားမ်ဳိးျဖစ္လို႔ စတီဗင္ ဂ်ရတ္ရဲ႕ ဦးေဆာင္မွဳေတြကို အမွတ္ရေစေၾကာင္း ရီယို ဖာဒီနန္ သုံးသပ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.