Match Report Premier League

အိမ်ကွင်းမှာ ချဲလ်ဆီးတို့ နောက်ကနေ လေးဂိုးလိုက်သွင်းပြီး တတိယနေရာကို ရောက်လာခဲ့တဲ့ပွဲ

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဟားဗတ်ဇ် မပါနိုင်တာကြောင့် ကိုဗာချစ်နဲ့ ကွန်တေတို့ကို ကွင်းလယ်မှာ အထိုင်ချခဲ့ပြီး သူတို့ရှေ့က မေဆန်မောင့်က ကစားခဲ့သလို တိုက်စစ်မှာတော့ ဗာနာ၊ အေဘရာဟမ်နဲ့ ဇီးယက်ချ်တို့က သုံးယောက်တန်းကစားသွားခဲ့ကြပါတယ်။

လမ်းပတ်ရဲ့ နည်းဗျူဟာက ဒီနေ့မှာ ချိတ်ဆက်မှုပိုင်းမှာ အားနည်းချက်တချို့ကို မြင်ခဲ့ရပြီး နောက်ခံအစွန်လူတွေနဲ့ တောင်ပံကစားသမားတွေ နားလည်မှု နည်းနေခဲ့သလို တီမို ဗာနာကတော့ ဘယ်ခြမ်းမှာ ရုန်းကန်နေခဲ့ရတုန်း ပွဲချိန် ၉ မိနစ်မှာပဲ ထောင့်ကန်ဘောကို အနီးပေးပြီး ချိုးပေးတာကနေ မက်ဂိုးလ်ဒရစ်ရဲ့ဂိုးကို ခွင့်ပြုလုပ်လိုက်ရပါတယ်။

ခံစစ်မှာ ပိတ်ဆို့ကစားခဲ့တဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်ကြောင့် ကိုဗာချစ်ပါ တိုက်စစ်ကို လိုက်ကူပေးခဲ့ရပြီး ဒီတော့မှ ပွဲချိန် ၂၃ မိနစ်မှာ ဇီးယက်ရှ်ရဲ့ အကွက်မြင်မြင် ပေးပို့မှုကို ခရိုအေးရှားသားက ပြန်ချိုးပေးတာကို တိုက်စစ်မှူး အေဘရာဟမ်က မြေထောက်ကန်သွင်းချက်နဲ့ ချေပဂိုး ရယူပေးနိုင်ခဲ့ပါတယ်။

မိနစ် ၃၀ လောက်မှာတော့ ဇီးယက်ရှ်ရဲ့ ဖရီးကစ်ကို ဂိုးသမားပုတ်ထုတ်တာကို ဗာနာက ဘယ်ခြေနဲ့ ဂိုးဘားကို ကန်မိခဲ့ပြီး ပွဲချိန် ၃၄ မိနစ်မှာတော့ ဇီးယက်ရှ်ရဲ့ တော်တော်လေးကောင်းတဲ့ ဖြတ်တင်ဘောကနေ နောက်ခံလူ ချေးလ်ဝဲလ်က ကိုယ်လုံးနဲ့ ထိရုံလေးထိပြီး ဦးဆောင်ဂိုးကို ပိတ်သွင်းယူနိုင်ခဲ့လို့ ပထမပိုင်းမှာ ချဲလ်ဆီးတို့ နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ချဲလ်ဆီးတို့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားခဲ့ပေမယ့် ကွင်းလယ်မှာ ဘောလုံးကောင်းကောင်းဖြန့်ပေးနိုင်တဲ့သူမရှိတာကြောင့် ပိတ်ကစားတဲ့ ရှက်ဖီးလ်ဒ်တို့ဘက်ကို ထိထိရောက်ရောက် ထိုးဖောက်နိုင်ခြင်း မရှိဘဲ အေဘရာဟမ်ရဲ့ ဂိုးသွင်းခွင့်တွေကလည်း အပိုင်မရခဲ့တာတော့ ဆိုးပါတယ်။

ပွဲချိန် ၇၁ မိနစ်မှာတော့ ဒဏ်ရာအနည်းငယ်ရသွားခဲ့တဲ့ ကိုဗာချစ်အစား ဂျော်ဂျင်ညို လူစားဝင်ခဲ့ရာမှာတော့ အသင်းရဲ့ ကွင်းလယ်ကစားကွက်က ပိုကောင်းလာခဲ့ပြီး ၇၇ မိနစ်မှာတော့ ဇီးယက်ရှ်ရဲ့ ဖရီးကစ်ကနေ အသင်းခေါင်းဆောင် သီယာဂို ဆေးလ်ဗားက ခေါင်းတိုက်ပြီး တတိယဂိုးကို ရယူနိုင်ခဲ့ပါတယ်။

သုံးမိနစ်အကြာမှာတော့ ချဲလ်ဆီးရဲ့ တိုက်စစ်တွဲလုံးကနေ ကွန်တေရယူဖို့ ကြိုးစားတဲ့ ဘောလုံးကို ရှက်ဖီးလ်ဒ်နောက်တန်း ဖျက်ထုတ်ရာကနေ တီမို ဗာနာရဲ့ ပြေးလမ်းကြောင်းထဲ ရောက်သွားခဲ့ရာမှာ တစ်ပွဲလုံး လွဲချော်နေခဲ့တဲ့ ဂျာမန်တိုက်စစ်မှူးက ဂိုးသမား ရမ်းစ်ဒေးလ်နဲ့ တစ်ဦးချင်းတွေ့ပြီး အဆုံးသတ်နိုင်ခဲ့လို့ စတုတ္ထဂိုးရရှိခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ချဲလ်ဆီးတို့ ဗာနာနေရာမှာ ဂျီရူးကို ထည့်သွင်းသွားခဲ့ပြီး တိုက်စစ်ထက် အနိုင်ရလဒ်ကိုပဲ ထိန်းသိမ်းကစားဖို့ လုပ်ဆောင်သွားခဲ့ပြီး မိနစ် ၉၀ ပြည့်ချိန်မှာတော့ လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့သလို အိမ်ကွင်းမှာ ကစားပုံက Perfect မဟုတ်ပေမယ့် လက်ခံနိုင်စရာဖြစ်ခဲ့ပြီး ဇီးယက်ရှ်ရဲ့ တိကျတဲ့ ပေးပို့မှုတွေနဲ့အတူ သုံးမှတ်နဲ့ အဆင့်သုံးနေရာကို တက်ရောက်လာနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ဟားဗတ္ဇ္ မပါႏိုင္တာေၾကာင့္ ကိုဗာခ်စ္နဲ႔ ကြန္ေတတုိ႔ကို ကြင္းလယ္မွာ အထိုင္ခ်ခဲ့ၿပီး သူတုိ႔ေရွ႕က ေမဆန္ေမာင့္က ကစားခဲ့သလို တိုက္စစ္မွာေတာ့ ဗာနာ၊ ေအဘရာဟမ္နဲ႔ ဇီးယက္ခ်္တုိ႔က သုံးေယာက္တန္းကစားသြားခဲ့ၾကပါတယ္။

လမ္းပတ္ရဲ႕ နည္းဗ်ဴဟာက ဒီေန႔မွာ ခ်ိတ္ဆက္မွဳပုိင္းမွာ အားနည္းခ်က္တခ်ဳိ႕ကို ျမင္ခဲ့ရၿပီး ေနာက္ခံအစြန္လူေတြနဲ႔ ေတာင္ပံကစားသမားေတြ နားလည္မွဳ နည္းေနခဲ့သလို တီမို ဗာနာကေတာ့ ဘယ္ျခမ္းမွာ ႐ုန္းကန္ေနခဲ့ရတုန္း ပြဲခ်ိန္ ၉ မိနစ္မွာပဲ ေထာင့္ကန္ေဘာကို အနီးေပးၿပီး ခ်ဳိးေပးတာကေန မက္ဂိုးလ္ဒရစ္ရဲ႕ဂိုးကို ခြင့္ျပဳလုပ္လုိက္ရပါတယ္။

ခံစစ္မွာ ပိတ္ဆုိ႔ကစားခဲ့တဲ့ ရွက္ဖီးလ္ဒ္ယူႏုိက္တက္ေၾကာင့္ ကိုဗာခ်စ္ပါ တုိက္စစ္ကို လုိက္ကူေပးခဲ့ရၿပီး ဒီေတာ့မွ ပြဲခ်ိန္ ၂၃ မိနစ္မွာ ဇီးယက္ရွ္ရဲ႕ အကြက္ျမင္ျမင္ ေပးပုိ႔မွဳကို ခ႐ိုေအးရွားသားက ျပန္ခ်ဳိးေပးတာကို တုိက္စစ္မွဴး ေအဘရာဟမ္က ေျမေထာက္ကန္သြင္းခ်က္နဲ႔ ေခ်ပဂိုး ရယူေပးႏုိင္ခဲ့ပါတယ္။

မိနစ္ ၃၀ ေလာက္မွာေတာ့ ဇီးယက္ရွ္ရဲ႕ ဖရီးကစ္ကို ဂိုးသမားပုတ္ထုတ္တာကို ဗာနာက ဘယ္ေျခနဲ႔ ဂိုးဘားကို ကန္မိခဲ့ၿပီး ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ ဇီးယက္ရွ္ရဲ႕ ေတာ္ေတာ္ေလးေကာင္းတဲ့ ျဖတ္တင္ေဘာကေန ေနာက္ခံလူ ေခ်းလ္ဝဲလ္က ကိုယ္လုံးနဲ႔ ထိ႐ုံေလးထိၿပီး ဦးေဆာင္ဂိုးကို ပိတ္သြင္းယူႏုိင္ခဲ့လို႔ ပထမပုိင္းမွာ ခ်ဲလ္ဆီးတုိ႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပုိင္းမွာလည္း ခ်ဲလ္ဆီးတုိ႔ ေဘာလုံးပုိင္ဆုိင္မွဳအသာနဲ႔ ကစားခဲ့ေပမယ့္ ကြင္းလယ္မွာ ေဘာလုံးေကာင္းေကာင္းျဖန္႔ေပးႏုိင္တဲ့သူမရွိတာေၾကာင့္ ပိတ္ကစားတဲ့ ရွက္ဖီးလ္ဒ္တုိ႔ဘက္ကို ထိထိေရာက္ေရာက္ ထိုးေဖာက္ႏုိင္ျခင္း မရွိဘဲ ေအဘရာဟမ္ရဲ႕ ဂိုးသြင္းခြင့္ေတြကလည္း အပိုင္မရခဲ့တာေတာ့ ဆုိးပါတယ္။

ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့ ဒဏ္ရာအနည္းငယ္ရသြားခဲ့တဲ့ ကိုဗာခ်စ္အစား ေဂ်ာ္ဂ်င္ညဳိ လူစားဝင္ခဲ့ရာမွာေတာ့ အသင္းရဲ႕ ကြင္းလယ္ကစားကြက္က ပုိေကာင္းလာခဲ့ၿပီး ၇၇ မိနစ္မွာေတာ့ ဇီးယက္ရွ္ရဲ႕ ဖရီးကစ္ကေန အသင္းေခါင္းေဆာင္ သီယာဂို ေဆးလ္ဗားက ေခါင္းတုိက္ၿပီး တတိယဂိုးကို ရယူႏုိင္ခဲ့ပါတယ္။

သုံးမိနစ္အၾကာမွာေတာ့ ခ်ဲလ္ဆီးရဲ႕ တုိက္စစ္တြဲလုံးကေန ကြန္ေတရယူဖို႔ ႀကဳိးစားတဲ့ ေဘာလုံးကို ရွက္ဖီးလ္ဒ္ေနာက္တန္း ဖ်က္ထုတ္ရာကေန တီမို ဗာနာရဲ႕ ေျပးလမ္းေၾကာင္းထဲ ေရာက္သြားခဲ့ရာမွာ တစ္ပြဲလုံး လြဲေခ်ာ္ေနခဲ့တဲ့ ဂ်ာမန္တုိက္စစ္မွဴးက ဂိုးသမား ရမ္းစ္ေဒးလ္နဲ႔ တစ္ဦးခ်င္းေတြ႕ၿပီး အဆုံးသတ္ႏုိင္ခဲ့လုိ႔ စတုတၳဂိုးရရွိခဲ့တာပါ။

ဒီေနာက္ပုိင္းမွာေတာ့ ခ်ဲလ္ဆီးတုိ႔ ဗာနာေနရာမွာ ဂ်ီ႐ူးကို ထည့္သြင္းသြားခဲ့ၿပီး တိုက္စစ္ထက္ အႏုိင္ရလဒ္ကိုပဲ ထိန္းသိမ္းကစားဖို႔ လုပ္ေဆာင္သြားခဲ့ၿပီး မိနစ္ ၉၀ ျပည့္ခ်ိန္မွာေတာ့ ေလးဂိုး-တစ္ဂိုးနဲ႔ အႏုိင္ရရွိခဲ့သလို အိမ္ကြင္းမွာ ကစားပုံက Perfect မဟုတ္ေပမယ့္ လက္ခံႏုိင္စရာျဖစ္ခဲ့ၿပီး ဇီးယက္ရွ္ရဲ႕ တိက်တဲ့ ေပးပုိ႔မွဳေတြနဲ႔အတူ သုံးမွတ္နဲ႔ အဆင့္သုံးေနရာကို တက္ေရာက္လာႏုိင္ခဲ့ပါေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.