Premier League Transfer News

၇ ရက်နေ့ည နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုဖြစ်တဲ့ Etihad Player of the Month ဆုရဲ့ ရလဒ်ကို ကြေငြာလိုက်ပြီဖြစ်ပြီး ရှက်ဖီးလ်ဒ်နဲ့ပွဲမှာ သုံးမှတ်တန်ဂိုးကို သွင်းယူပေးခဲ့တဲ့ ညာနောက်ခံလူ ခိုင်လ် ဝေါ်လ်ကာ ရရှိ။

– ပြီးခဲ့တဲ့နှစ်က စပိန်ဆီဂန်ဒါ အယ်မီးရီးယားမှာ ခြေစွမ်းပြပြီး ဘင်ဖီကာအသင်းရဲ့ ခေါ်ယူခံခဲ့ရတဲ့ ဥရုဂွေးတိုက်စစ်မှူး ဒါဝင် နူးညက်ဇ်ကို မန်ချက်စတာစီးတီးဘက်က စိတ်ဝင်တစား စောင့်ကြည့်နေခဲ့တယ်လို့ သတင်းတွေ ဖော်ပြ။

– နာမည်ကြီး ပရီးမီးယားလိဂ်နောက်ခံလူဟောင်း ရီယို ဖာဒီနန်နဲ့ ဝတ်ဖို့ဒ်အသင်းခေါင်းဆောင် ထရွိုင် ဒီးနီတို့က မန်ချက်စတာစီးတီး ညာနောက်ခံလူ ခိုင်လ် ဝေါ်လ်ကာဟာ သူ့ရဲ့နေရာမှာ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူဖြစ်ကြောင်း ချီးကျူးခဲ့ကြ။

– မန်ချက်စတာစီးတီးအသင်းကို ၂၀၁၂ ခုနှစ်က ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးစေနိုင်ခဲ့တဲ့ လက်ရှိ အီတလီလက်ရွေးစင်နည်းပြ ရောဘတ်တို မန်ချီနီဟာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် စစ်ဆေးမှုမှာ ပေါ့စတစ်ရလဒ် ထွက်ပေါ်နေကြောင်း သိရ။

– ဂျိုးဂိုမက်ဇ်နဲ့ စတာလင်ရဲ့ အားပြိုင်မှုကို ထပ်မံတွေ့မြင်ရဦးမှာဖြစ်ပြီး လီဗာပူးလ်အသင်းရဲ့ ပေါင် ၃.၅ သန်းတန် နောက်ခံလူအနေနဲ့ သူ့ရဲ့ မလှပတဲ့ မန်ချက်စတာစီးတီးနဲ့ သမိုင်းကို ပြန်ရေးဖို့ ကြိုးစားလိမ့်မယ်လို့ အန်းဖီးလ်ပရိသတ်တွေ ခန့်မှန်းနေကြ။

– မန်ချက်စတာစီးတီးအသင်းရဲ့ ခေါ်ယူမှုသစ် နောက်ခံလူ ရူဘင် ဒီယက်စ်ဟာ အသင်းရဲ့ ချန်ပီယံဆုကို ပြန်လည်ရှာဖွေမှုလမ်းမှာ အဓိကကျတဲ့ အားဖြည့်မှုဖြစ်နိုင်ပြီး အသင်းတာဝန်ရှိသူတွေအနေနဲ့ အကောင်းဆုံးလုပ်ဆောင်ခဲ့တယ်လို့ ပေါ်တူဂီသားကို ခေါ်ယူမှုအတွက် ဂျေမီ ကာရေဂါချီးကျူး။

– အခက်ခဲဆုံး အဓိကပြိုင်ဘက်နဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ရမယ်လို့ သုံးသပ်ထားခဲ့တဲ့အပေါ် လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ဒီနှစ်သင်းတည်းပြေးတဲ့ ပြိုင်ပွဲပဲဖြစ်လာမှာ မဟုတ်ကြောင်းနဲ့ တခြားအသင်းတွေကိုလည်း လျှော့မတွက်သင့်ကြောင်း သတိပေး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ တစ္လတာအေကာင္းဆုံးကစားသမားဆုျဖစ္တဲ့ Etihad Player of the Month ဆုရဲ႕ ရလဒ္ကို ေၾကျငာလုိက္ၿပီျဖစ္ၿပီး ရွက္ဖီးလ္ဒ္နဲ႔ပြဲမွာ သုံးမွတ္တန္ဂိုးကို သြင္းယူေပးခဲ့တဲ့ ညာေနာက္ခံလူ ခုိင္လ္ ေဝၚလ္ကာ ရရွိ။

– ၿပီးခဲ့တဲ့ႏွစ္က စပိန္ဆီဂန္ဒါ အယ္မီးရီးယားမွာ ေျခစြမ္းျပၿပီး ဘင္ဖီကာအသင္းရဲ႕ ေခၚယူခံခဲ့ရတဲ့ ဥ႐ုေဂြးတုိက္စစ္မွဴး ဒါဝင္ ႏူးညက္ဇ္ကို မန္ခ်က္စတာစီးတီးဘက္က စိတ္ဝင္တစား ေစာင့္ၾကည့္ေနခဲ့တယ္လို႔ သတင္းေတြ ေဖာ္ျပ။

– နာမည္ႀကီး ပရီးမီးယားလိဂ္ေနာက္ခံလူေဟာင္း ရီယို ဖာဒီနန္နဲ႔ ဝတ္ဖို႔ဒ္အသင္းေခါင္းေဆာင္ ထရြဳိင္ ဒီးနီတုိ႔က မန္ခ်က္စတာစီးတီး ညာေနာက္ခံလူ ခိုင္လ္ ေဝၚလ္ကာဟာ သူ႕ရဲ႕ေနရာမွာ ကမာၻ႕အေကာင္းဆုံးေနာက္ခံလူျဖစ္ေၾကာင္း ခ်ီးက်ဴးခဲ့ၾက။

– မန္ခ်က္စတာစီးတီးအသင္းကို ၂၀၁၂ ခုႏွစ္က ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ဆြတ္ခူးေစႏုိင္ခဲ့တဲ့ လက္ရွိ အီတလီလက္ေရြးစင္နည္းျပ ေရာဘတ္တို မန္ခ်ီနီဟာ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ စစ္ေဆးမွဳမွာ ေပါ့စတစ္ရလဒ္ ထြက္ေပၚေနေၾကာင္း သိရ။

– ဂ်ဳိးဂိုမက္ဇ္နဲ႔ စတာလင္ရဲ႕ အားၿပဳိင္မွဳကို ထပ္မံေတြ႕ျမင္ရဦးမွာျဖစ္ၿပီး လီဗာပူးလ္အသင္းရဲ႕ ေပါင္ ၃.၅ သန္းတန္ ေနာက္ခံလူအေနနဲ႔ သူ႕ရဲ႕ မလွပတဲ့ မန္ခ်က္စတာစီးတီးနဲ႔ သမိုင္းကို ျပန္ေရးဖို႔ ႀကဳိးစားလိမ့္မယ္လို႔ အန္းဖီးလ္ပရိသတ္ေတြ ခန္႔မွန္းေနၾက။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ေခၚယူမွဳသစ္ ေနာက္ခံလူ ႐ူဘင္ ဒီယက္စ္ဟာ အသင္းရဲ႕ ခ်န္ပီယံဆုကို ျပန္လည္ရွာေဖြမွဳလမ္းမွာ အဓိကက်တဲ့ အားျဖည့္မွဳျဖစ္ႏုိင္ၿပီး အသင္းတာဝန္ရွိသူေတြအေနနဲ႔ အေကာင္းဆုံးလုပ္ေဆာင္ခဲ့တယ္လို႔ ေပၚတူဂီသားကို ေခၚယူမွဳအတြက္ ေဂ်မီ ကာေရဂါခ်ီးက်ဴး။

– အခက္ခဲဆုံး အဓိကၿပဳိင္ဘက္နဲ႔ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုအတြက္ ယွဥ္ၿပဳိင္ရမယ္လုိ႔ သုံးသပ္ထားခဲ့တဲ့အေပၚ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္က ဒီႏွစ္သင္းတည္းေျပးတဲ့ ၿပဳိင္ပြဲပဲျဖစ္လာမွာ မဟုတ္ေၾကာင္းနဲ႔ တျခားအသင္းေတြကိုလည္း ေလွ်ာ့မတြက္သင့္ေၾကာင္း သတိေပး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.