Premier League

အဲဗာတန် ၁-၃ မန်ချက်စတာယူနိုက်တက်ပွဲစဉ်ရဲ့ မှတ်မှတ်ရရ ပြောစရာ ကောက်နုတ်ချက် ၅ ချက်

ဒီနေ့ည မြန်မာစံတော်ချိန် ည ၇နာရီ၊ ပရီးမီးယားလိဂ် ပွဲစဉ် ၈ ရဲ့ စနေနေ့ပွဲစဉ်အနေနဲ့ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားသွားတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အဲဗာတန်တို့ပွဲမှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းပြမှုနဲ့အတူ ယူနိုက်တက်က ၃ဂိုး ၁ဂိုးနဲ့ အနိုင်ရရှိပြီး နည်းပြထိုင်ခုံလှုပ်နေတဲ့ ဆိုးလ်ရှားအတွက် အသက်ရှူချောင်ခဲ့ရပါတယ်။ မန်ချက်စတာယူနိုက်တက် နဲ့ အဲဗာတန်ပွဲအပြီး ထုတ်နုတ်မှတ်သားစရာ ကောက်နုတ်ချက် ၅ ချက်ကို တင်ဆက်ပေးလိုက်ပါတယ်။

၁။ ပယ်နယ်တီမင်းသားဆိုတဲ့ သတ်မှတ်ချက်ကို ချိုးဖျက်ပြပြီး သူရဲကောင်းဖြစ်ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်
သူက ပင်နယ်တီမင်းသားလို့ ကျော်ကြားနေရာကနေ ယူနိုက်တက်အတွက် ချေပဂိုးကို ချိန်သားကိုက် ခေါင်းတိုက်သွင်းယူပြီး အနေအထားမျိုးစုံကနေ ဂိုးသွင်းယူနိုင်ကြောင်း သက်သေပြခဲ့တယ်။ ချေပဂိုးအပြီး ၇မိနစ်အကြာမှာ သူ့ရဲ့ဖြတ်တင်ဘောကနေတဆင့် တိုက်ရိုက်ဂိုးဝင်သွားခဲ့လို့ ယူနိုက်တက်တို့ ဦးဆောင်နိုင်ခဲ့ပြီး ပွဲချိန် ၉၅ မိနစ်မှာ ကာဗာနီရဲ့ ယူနိုက်တက် ကစားသမားဘဝ တာထွက်ဂိုးဖြစ်လာစေဖို့ပါ ဖန်တီးပေးသွားတာမို့ ဒီပွဲရဲ့ အကောင်းဆုံးကစားသမား ဖြစ်ခဲ့ပါတယ်။

၂။ယူနိုက်တက်၏ သရဲနီ စိတ်ကို မတွန်းလှန်နိုင်လို့ ပြန်မလာနိုင်သေးတဲ့ အဲဗာတန်
ပရီးမီးယားလိဂ် ရာသီအစ လေးပွဲဆက် ရာနှုန်းပြည့်နိုင်ပွဲနဲ့ တာထွက်ခဲ့တဲ့ အဲဗာတန်ဟာ အမှတ်ပေးဇယားကို ထိပ်ဆုံးက ဦးဆောင်ဖူးတဲ့ အသင်းဖြစ်သလို ကာရာဘောင်းဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ထားခဲ့တဲ့အထိ ခြေစွမ်းတည်ငြိမ်ခဲ့ဖူးတာပါ။ ယူနိုက်တက်ကို ရှူံးခဲ့ပြီးတဲ့နောက် ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် အမှတ်မရရှိခဲ့ဘဲ အဆင့် ၅ နေရာအထိ လျှောဆင်းသွားခဲ့ကို မြင်တွေ့ခဲ့ရပါတယ်။

၃။ ရုန်းကန်နေရဆဲ မာစီယယ်လ်
စပါးအသင်းကို ၆ ဂိုး ၁ဂိုးနဲ့ ရှူံးခဲ့တဲ့ပွဲမှာ အနီကတ်ထိခဲ့တဲ့ မာစီယယ်လ်ဟာ ပရီးမီးယားလိဂ် ၃ ပွဲဆက် ပွဲပယ်ခံခဲ့ရပြီး ပြန်ကစားနိုင်ခဲ့တဲ့ ဒီပွဲစဉ်မှာလည်း ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် ရရှိခဲ့တဲ့ အခွင့်အရေးတချို့ကို ဖြုန်းတီးပစ်ခဲ့ကာ ပရိသတ်တွေအနေနဲ့ ပွဲထွက်တနေရာအတွက် ထိုက်တန်ခြင်း မရှိသေးတဲ့ ရုန်းကန်နေဆဲ မာစီယယ်လ်ကိုသာ မြင်တွေ့ခဲ့ကြရပါတယ်။

၄။ ဗန်ဒိုက်နဲ့ အဖြစ်ကို သင်ခန်းစာ မယူပဲ အမှတ်မရှိသေးတဲ့ ပစ်ခ်ဖို့ဒ်
ဗန်ဒိုက်ကို တရားလွန်ပြစ်ဒဏ် ကျူးလွန်ခဲ့ဖူးတဲ့ အဲဗာတန်ဂိုးသမား ပစ်ခ်ဖို့ဒ်ဟာ ပွဲချိန် ဒုတိယပိုင်းမှာ အလားတူဖြစ်ရပ်မျိုးအနေနဲ့ အဲဗာတန်ဂိုးစည်းနားမှာ မက်ဂွိုင်းယားကို ခပ်ကြမ်းကြမ်း တားဆီးဖျက်ထုတ်မှုမျိုး ပြုလုပ်ခဲ့ပြန်ပြီး ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ပေးခဲ့ခြင်းမရှိပါဘူး။ အင်္ဂလန်လက်ရွေးစင်အဆင့် ဦးစားပေးဂိုးသမားအဖြစ် ထပ်မံရွေးချယ်ခံထားပြန်တဲ့ သူ့အနေနဲ့ ဆုံးဖြတ်ချက်နဲ့ တုံ့ပြန်မှုပိုင်းဆိုင်ရာ အားနည်းနေဆဲဖြစ်လို့ လက်ရွေးစင်အဆင့်အတွက် လုံလောက်ရဲ့လားဆိုတာ မေးခွန်းထုတ်ခံရဖို့လည်း ရှိလာပါတယ်။

၅။သရဲနီ စိတ်ဓာတ်နဲ့ ဖိအားတွေကနေ ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ ဆိုးလ်ရှား ဘာလဲ ဘယ်လဲ ?
ပထမပိုင်း ဦးဆောင်ဂိုး ပေးထားရချိန်မှာ တကမ္ဘာလုံးပေါ်က ဖိအားတွေကို ဆိုးလ်ရှားတယောက် ခံစားမိနေမှာ အမှန်ပါပဲ။ နည်းပြထိုင်ခုံလှုပ်လာတဲ့အချိန် ဒီပွဲမှာပါ လက်ဗလာနဲ့ အိမ်ပြန်ခဲ့ရရင်ဆိုတာ သူ့အတွက်တော့ ကြိုတွေးချင်စရာ မကောင်းတဲ့ ကိစ္စပါ။

အဲဗာတန်ကို ချေပဂိုးပေးပြီးချိန်မှာ နိုင်လိုစိတ်ပြန်ရိုက်သွင်းနိုင်ခဲ့တဲ့ ဆိုးလ်ရှားရဲ့ အလှည့်အပြောင်းကလည်း ပထမပိုင်းအတွင်းမှာ အချိန်မီ ဦးဆောင်ဂိုးရသွားခဲ့လို့ သက်သာသွားခဲ့ရတဲ့ အခြေအနေပါ။ အသင်းရလဒ်တွေတည်ငြိမ်ဖို့ ယုံကြည်လို့ မရသေးတဲ့ ဆိုးလ်ရှားတယောက် ဘာတွေဖန်တီးပြလို့ ဘာတွေဖြစ်လာဦးမလဲဆိုတဲ့ အချိုးအကွေ့အဆင့်တွေကိုလည်း ပရိသတ်တွေက မျက်ချည်အပြတ်မခံဘဲ ဂရုတစိုက် စောင့်ကြည်နေကြပါတယ်။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔ည ျမန္မာစံေတာ္ခ်ိန္ ည ၇နာရီ၊ ပရီးမီးယားလိဂ္ ပြဲစဥ္ ၈ ရဲ႕ စေနေန႔ပြဲစဥ္အေနနဲ႔ အိုးထရက္ဖို႔ဒ္မွာ ယွဥ္ၿပိဳင္ကစားသြားတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ အဲဗာတန္တို႔ပြဲမွာ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ေျခစြမ္းျပမႈနဲ႔အတူ ယူႏိုက္တက္က ၃ဂိုး ၁ဂိုးနဲ႔ အႏိုင္ရရွိၿပီး နည္းျပထိုင္ခုံလႈပ္ေနတဲ့ ဆိုးလ္ရွားအတြက္ အသက္ရႉေခ်ာင္ခဲ့ရပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ နဲ႔ အဲဗာတန္ပြဲအၿပီး ထုတ္ႏုတ္မွတ္သားစရာ ေကာက္ႏုတ္ခ်က္ ၅ ခ်က္ကို တင္ဆက္ေပးလိုက္ပါတယ္။

၁။ ပယ္နယ္တီမင္းသားဆိုတဲ့ သတ္မွတ္ခ်က္ကို ခ်ိဳးဖ်က္ျပၿပီး သူရဲေကာင္းျဖစ္ခဲ့တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္
သူက ပင္နယ္တီမင္းသားလို႔ ေက်ာ္ၾကားေနရာကေန ယူႏိုက္တက္အတြက္ ေခ်ပဂိုးကို ခ်ိန္သားကိုက္ ေခါင္းတိုက္သြင္းယူၿပီး အေနအထားမ်ိဳးစုံကေန ဂိုးသြင္းယူႏိုင္ေၾကာင္း သက္ေသျပခဲ့တယ္။ ေခ်ပဂိုးအၿပီး ၇မိနစ္အၾကာမွာ သူ႔ရဲ႕ျဖတ္တင္ေဘာကေနတဆင့္ တိုက္႐ိုက္ဂိုးဝင္သြားခဲ့လို႔ ယူႏိုက္တက္တို႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၉၅ မိနစ္မွာ ကာဗာနီရဲ႕ ယူႏိုက္တက္ ကစားသမားဘဝ တာထြက္ဂိုးျဖစ္လာေစဖို႔ပါ ဖန္တီးေပးသြားတာမို႔ ဒီပြဲရဲ႕ အေကာင္းဆုံးကစားသမား ျဖစ္ခဲ့ပါတယ္။

၂။ယူႏိုက္တက္၏ သရဲနီ စိတ္ကို မတြန္းလွန္ႏိုင္လို႔ ျပန္မလာႏိုင္ေသးတဲ့ အဲဗာတန္
ပရီးမီးယားလိဂ္ ရာသီအစ ေလးပြဲဆက္ ရာႏႈန္းျပည့္ႏိုင္ပြဲနဲ႔ တာထြက္ခဲ့တဲ့ အဲဗာတန္ဟာ အမွတ္ေပးဇယားကို ထိပ္ဆုံးက ဦးေဆာင္ဖူးတဲ့ အသင္းျဖစ္သလို ကာရာေဘာင္းဖလားၿပိဳင္ပြဲရဲ႕ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ထားခဲ့တဲ့အထိ ေျခစြမ္းတည္ၿငိမ္ခဲ့ဖူးတာပါ။ ယူႏိုက္တက္ကို ရႉံးခဲ့ၿပီးတဲ့ေနာက္ ပရီးမီးယားလိဂ္ ၃ ပြဲဆက္တိုက္ အမွတ္မရရွိခဲ့ဘဲ အဆင့္ ၅ ေနရာအထိ ေလွ်ာဆင္းသြားခဲ့ကို ျမင္ေတြ႕ခဲ့ရပါတယ္။

၃။ ႐ုန္းကန္ေနရဆဲ မာစီယယ္လ္
စပါးအသင္းကို ၆ ဂိုး ၁ဂိုးနဲ႔ ရႉံးခဲ့တဲ့ပြဲမွာ အနီကတ္ထိခဲ့တဲ့ မာစီယယ္လ္ဟာ ပရီးမီးယားလိဂ္ ၃ ပြဲဆက္ ပြဲပယ္ခံခဲ့ရၿပီး ျပန္ကစားႏိုင္ခဲ့တဲ့ ဒီပြဲစဥ္မွာလည္း ပြဲထြက္ကစားခြင့္ရခဲ့ေပမယ့္ ရရွိခဲ့တဲ့ အခြင့္အေရးတခ်ိဳ႕ကို ျဖဳန္းတီးပစ္ခဲ့ကာ ပရိသတ္ေတြအေနနဲ႔ ပြဲထြက္တေနရာအတြက္ ထိုက္တန္ျခင္း မရွိေသးတဲ့ ႐ုန္းကန္ေနဆဲ မာစီယယ္လ္ကိုသာ ျမင္ေတြ႕ခဲ့ၾကရပါတယ္။

၄။ ဗန္ဒိုက္နဲ႔ အျဖစ္ကို သင္ခန္းစာ မယူပဲ အမွတ္မရွိေသးတဲ့ ပစ္ခ္ဖို႔ဒ္
ဗန္ဒိုက္ကို တရားလြန္ျပစ္ဒဏ္ က်ဴးလြန္ခဲ့ဖူးတဲ့ အဲဗာတန္ဂိုးသမား ပစ္ခ္ဖို႔ဒ္ဟာ ပြဲခ်ိန္ ဒုတိယပိုင္းမွာ အလားတူျဖစ္ရပ္မ်ိဳးအေနနဲ႔ အဲဗာတန္ဂိုးစည္းနားမွာ မက္ဂြိဳင္းယားကို ခပ္ၾကမ္းၾကမ္း တားဆီးဖ်က္ထုတ္မႈမ်ိဳး ျပဳလုပ္ခဲ့ျပန္ၿပီး ကြင္းလယ္ဒိုင္က ျပစ္ဒဏ္ေပးခဲ့ျခင္းမရွိပါဘူး။ အဂၤလန္လက္ေ႐ြးစင္အဆင့္ ဦးစားေပးဂိုးသမားအျဖစ္ ထပ္မံေ႐ြးခ်ယ္ခံထားျပန္တဲ့ သူ႔အေနနဲ႔ ဆုံးျဖတ္ခ်က္နဲ႔ တုံ႔ျပန္မႈပိုင္းဆိုင္ရာ အားနည္းေနဆဲျဖစ္လို႔ လက္ေ႐ြးစင္အဆင့္အတြက္ လုံေလာက္ရဲ႕လားဆိုတာ ေမးခြန္းထုတ္ခံရဖို႔လည္း ရွိလာပါတယ္။

၅။သရဲနီ စိတ္ဓာတ္နဲ႔ ဖိအားေတြကေန ႐ုန္းထြက္ဖို႔ ႀကိဳးစားေနတဲ့ ဆိုးလ္ရွား ဘာလဲ ဘယ္လဲ ?
ပထမပိုင္း ဦးေဆာင္ဂိုး ေပးထားရခ်ိန္မွာ တကမာၻလုံးေပၚက ဖိအားေတြကို ဆိုးလ္ရွားတေယာက္ ခံစားမိေနမွာ အမွန္ပါပဲ။ နည္းျပထိုင္ခုံလႈပ္လာတဲ့အခ်ိန္ ဒီပြဲမွာပါ လက္ဗလာနဲ႔ အိမ္ျပန္ခဲ့ရရင္ဆိုတာ သူ႔အတြက္ေတာ့ ႀကိဳေတြးခ်င္စရာ မေကာင္းတဲ့ ကိစၥပါ။

အဲဗာတန္ကို ေခ်ပဂိုးေပးၿပီးခ်ိန္မွာ ႏိုင္လိုစိတ္ျပန္႐ိုက္သြင္းႏိုင္ခဲ့တဲ့ ဆိုးလ္ရွားရဲ႕ အလွည့္အေျပာင္းကလည္း ပထမပိုင္းအတြင္းမွာ အခ်ိန္မီ ဦးေဆာင္ဂိုးရသြားခဲ့လို႔ သက္သာသြားခဲ့ရတဲ့ အေျခအေနပါ။ အသင္းရလဒ္ေတြတည္ၿငိမ္ဖို႔ ယုံၾကည္လို႔ မရေသးတဲ့ ဆိုးလ္ရွားတေယာက္ ဘာေတြဖန္တီးျပလို႔ ဘာေတြျဖစ္လာဦးမလဲဆိုတဲ့ အခ်ိဳးအေကြ႕အဆင့္ေတြကိုလည္း ပရိသတ္ေတြက မ်က္ခ်ည္အျပတ္မခံဘဲ ဂ႐ုတစိုက္ ေစာင့္ၾကည္ေနၾကပါတယ္။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.