Premier League

၈.၁၁.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ သီတင္းကၽြတ္လျပည့္ေက်ာ္ ၈ ရက္၊ တနဂၤေႏြေန႔။

၈.၁၁.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ သီတင္းကၽြတ္လျပည့္ေက်ာ္ ၈ ရက္၊ တနဂၤေႏြေန႔၊ ျပႆဒါး၊ အၿမိိတၱစုတ္။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
နံနက္ ၈:၂၈ အထိ တိထီ ၇ လုံး။ ေက်ာ္လွ်င္ ၈ လုံး။ ၇ လုံးတြင္ ခ်ဳိးဖဲ့ဖ်က္ယုဂ္၊ အဖ်က္သေဘာေဆာင္ေသာ အလုပ္မ်ား လုပ္ေဆာင္ႏိုင္။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
နံနက္ ၉:၄၄ အထိ ဖုသွ်နကၡတ္။ ေက်ာ္လွ်င္ အႆလိႆနကၡတ္။ နံနက္ ၆:၁၇ အထိ သုဘယုဂ္၊ က်က္သေရရွိျခင္း၊ လွပတင့္တယ္ျခင္း၊ ၾကြယ္ဝျခင္း၊ လုပ္ငန္းသစ္မ်ား စတင္ရန္ႏွင့္ ကံဖြင့္ လာဘ္ဖြင့္ မဂၤလာရွိေစရန္အတြက္ လုပ္ေဆာင္ရန္ေကာင္း။ တစ္ေန႔လုံးႏွင့္ နံနက္ ၄:၄၁ အထိ သုကာလယုဂ္၊ ျဖဴေဖြးစင္ၾကယ္ျခင္း၊ ၾသဇာလႊမ္းမိုးႏုိင္ျခင္း၊ အေျပာင္းအလဲျမန္ျခင္း၊ စိတ္မခုိင္ျခင္း၊ မိမိ၏ မွန္ကန္ေသာ ဆုံးျဖတ္ခ်က္အတြက္ သူတပါးစကားေၾကာင့္ မယိမ္းယိုင္ပါေစႏွင့္။ ေက်ာ္လွ်င္ ျဗဟၼယုဂ္၊ တန္ခိုးျပည့္စုံျခင္း၊ ပညာရွိျခင္း၊ ဂုဏ္ရွိျခင္း၊ ပညာသင္ၾကားေရးဆုိင္ရာ ကိစၥမ်ားႏွင့္ သင္တန္းမ်ား၊ ေက်ာင္းမ်ား စတင္အပ္ႏွံသင္ၾကားျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ က႐ိုဏ္း။
နံနက္ ၈:၂၈ အထိ ဗဘက႐ိုဏ္း၊ က်က္သေရရွိ၊ လုပ္ငန္းေဆာင္တာအမ်ဳိးမ်ဳိးႏွင့္ က်န္းမာေရးကိစၥအဝဝ လုပ္ေဆာင္ရန္ေကာင္း။ ည ၂၀:၁၅ အထိ ဗလဝက႐ိုဏ္း၊ ဂုဏ္သေရျပည့္စုံ၊ ေလ့လာသင္ၾကား၊ ဂါရဝျပဳမွဳမ်ားႏွင့္ အခမ္းအနားမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ေကာလဝက႐ိုဏ္း၊ ေပါင္းသင္းဆက္ဆံ၊ အသိုင္းအဝိုင္းခ်ဲ႕ထြင္၊ မဂၤလာကိစၥမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
နံနက္ ၈:၂၈ အထိ ေျမာက္ႏွင့္ အေနာက္၊ အဝါေရာင္။ ေက်ာ္လွ်င္ အေရွ႕ေျမာက္ႏွင့္ ေျမာက္၊ မိုးျပာေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၈.၁၁.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ တနင်္ဂနွေနေ့၊ ပြဿဒါး၊ အမြိတ္တစုတ်။

တစ်နေ့တာ တိထီနှင့် ယုဂ်။
နံနက် ၈:၂၈ အထိ တိထီ ၇ လုံး။ ကျော်လျှင် ၈ လုံး။ ၇ လုံးတွင် ချိုးဖဲ့ဖျက်ယုဂ်၊ အဖျက်သဘောဆောင်သော အလုပ်များ လုပ်ဆောင်နိုင်။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
နံနက် ၉:၄၄ အထိ ဖုသျှနက္ခတ်။ ကျော်လျှင် အဿလိဿနက္ခတ်။ နံနက် ၆:၁၇ အထိ သုဘယုဂ်၊ ကျက်သရေရှိခြင်း၊ လှပတင့်တယ်ခြင်း၊ ကြွယ်ဝခြင်း၊ လုပ်ငန်းသစ်များ စတင်ရန်နှင့် ကံဖွင့် လာဘ်ဖွင့် မင်္ဂလာရှိစေရန်အတွက် လုပ်ဆောင်ရန်ကောင်း။ တစ်နေ့လုံးနှင့် နံနက် ၄:၄၁ အထိ သုကာလယုဂ်၊ ဖြူဖွေးစင်ကြယ်ခြင်း၊ သြဇာလွှမ်းမိုးနိုင်ခြင်း၊ အပြောင်းအလဲမြန်ခြင်း၊ စိတ်မခိုင်ခြင်း၊ မိမိ၏ မှန်ကန်သော ဆုံးဖြတ်ချက်အတွက် သူတပါးစကားကြောင့် မယိမ်းယိုင်ပါစေနှင့်။ ကျော်လျှင် ဗြဟ္မယုဂ်၊ တန်ခိုးပြည့်စုံခြင်း၊ ပညာရှိခြင်း၊ ဂုဏ်ရှိခြင်း၊ ပညာသင်ကြားရေးဆိုင်ရာ ကိစ္စများနှင့် သင်တန်းများ၊ ကျောင်းများ စတင်အပ်နှံသင်ကြားခြင်းများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကရိုဏ်း။
နံနက် ၈:၂၈ အထိ ဗဘကရိုဏ်း၊ ကျက်သရေရှိ၊ လုပ်ငန်းဆောင်တာအမျိုးမျိုးနှင့် ကျန်းမာရေးကိစ္စအဝဝ လုပ်ဆောင်ရန်ကောင်း။ ည ၂၀:၁၅ အထိ ဗလဝကရိုဏ်း၊ ဂုဏ်သရေပြည့်စုံ၊ လေ့လာသင်ကြား၊ ဂါရဝပြုမှုများနှင့် အခမ်းအနားများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
နံနက် ၈:၂၈ အထိ မြောက်နှင့် အနောက်၊ အဝါရောင်။ ကျော်လျှင် အရှေ့မြောက်နှင့် မြောက်၊ မိုးပြာရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)