Match Report Premier League

ဂွတ်ဒီဆန်ပါ့ခ်မှာ ဖာနန်ဒက်စ်အစွမ်း အံ့မခန်းနဲ့ ဆိုးလ်ရှားအတွက် ဖိအားတွေ လျော့ကျစေခဲ့တဲ့ နိုင်ပွဲ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အစ္စတန်ဘူလ်က လူစာရင်းကို ၄ နေရာအထိ အပြောင်းအလဲလုပ်ခဲ့ပြီး လူစုံပါဝင်လာခဲ့တဲ့ နောက်တန်း၊ လုပ်အားနှုန်းအတွက် ပြင်ဆင်လာခဲ့တဲ့ ကွင်းလယ်နဲ့ တိုက်စစ်မှာ ရက်ရှ်ဖို့ဒ်နဲ့ မာစီယယ်လ်ကို ဘရူနို ဖာနန်ဒက်စ်အပြင် မာတာကိုပါ ကူညီဖန်တီးစေခဲ့ပါတယ်။

အဲဗာတန်ရဲ့ ကွင်းလယ်ကတော့ အိမ်ကွင်းမှာ ယူနိုက်တက်ကို ယှဉ်ကစားနိုင်ခြင်းမရှိသလို တန်ပြန်တိုက်စစ်ကိုသာ အဓိကထားပြီး ထိုးဖောက်နေခဲ့ရပြီး ပြီးခဲ့တဲ့နှစ်က ပွဲစဉ်အတိုင်း သူတို့အနေနဲ့ ဘရူနို ဖာနန်ဒက်စ်နဲ့ ယူနိုက်တက် ဘယ်ခြမ်းကို ထိန်းရာမှာ အခက်အခဲတွေ အများကြီး ကြုံတွေ့နေခဲ့တာပါ။

ပွဲချိန် ၁၉ မိနစ်မှာတော့ ကဲလ်ဗတ်-လူဝင်ရဲ့ ထိုးဖောက်မှုကနေ ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ဘယ်တောင်ပံမှာ ရစ်ချာလစ်ဆန် မပါလို့ ကစားခွင့်ရတဲ့ ဘားနတ်က ဝန်ဘစ်ဆာကာကို ခြေယောင်ပြလှည့်စားပြီး ကန်သွင်းခဲ့ရာမှာ ခြေထောက်ကြားက ထွက်လာခဲ့တဲ့ ဘောလုံးကို ဒဟေးယား အမြင်မရှင်းတာကြောင့် မကာကွယ်နိုင်ဘဲ အဖွင့်ဂိုးပေးလိုက်ရပါတယ်။

ဒါပေမယ့် ၆ မိနစ်အကြာမှာ မနှစ်က ဂိုးသွင်းယူခဲ့တဲ့ ဖာနန်ဒက်စ်က ချေပဂိုးသွင်းယူနိုင်ခဲ့ပြီး တိုက်စစ်မှူးတွေကို ကပ်ရင်းနဲ့ အာရုံများနေတဲ့ အဲဗာတန်ဂိုးဧရိယာထဲ အချိန်ကိုက်ပြေးဝင်သွားခဲ့ပြီး ပေါ်တူဂီသားက လုခ်ရှောရဲ့ ဖြတ်တင်ဘောကို လှလှပပ ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၇ မိနစ်အကြာ ပွဲချိန် ၃၂ မိနစ်မှာတော့ ရက်ရှ်ဖို့ဒ်ပေးတဲ့ ဘောလုံးကို ဘရူနို ဖာနန်ဒက်စ်က မ,တင်ပေးခဲ့ရာမှာ ဘောလုံးကို ထားခဲ့ပြီး ဂိုးဧရိယာထဲ ရောက်နေပြီဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ကပဲ ခေါင်းတိုက်သွင်းဖို့ လုပ်ခဲ့ရာမှာ ဘောလုံးကို မထိလိုက်ပေမယ့် ဂိုးသမား ပစ်ခ်ဖို့ဒ်ကို အာရုံပြောင်းစေခဲ့လို့ ကာကွယ်ချိန်နောက်ကျခဲ့ပြီး ယူနိုက်တက်တို့ ဦးဆောင်ဂိုးရခဲ့ပါတယ်။

ဒီဂိုးကိုတော့ ဘရူနို ဖာနန်ဒက်စ်ရဲ့ ဂိုးအဖြစ်ပဲ သတ်မှတ်ပေးခဲ့ပြီး ပထမပိုင်းမှာ တစ်ဖက်နဲ့တစ်ဖက် ထပ်မံကြိုးစားမှုတွေ ရှိခဲ့ပြီး အဲဗာတန်ဘက်က ခပ်ကြမ်းကြမ်း ကစားလာခဲ့တာကြောင့် အဝါကတ်တွေ ပြခဲ့ရသလို ၄၅ မိနစ်အပြည့်မှာတော့ ယူနိုက်တက်တို့က နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အဲဗာတန်တို့ ပိုဖိကစားလာပြီး ဘောလုံးပိုင်ဆိုင်မှု အများစုနဲ့ ဒီညီ၊ ဟားမက်စ်၊ ကဲလ်ဗတ်-လူဝင်တို့ရဲ့ ဘယ်ခြမ်းက အဓိက ထိုးဖောက်နေခဲ့ပေမယ့် ယူနိုက်တက်နောက်တန်းနဲ့ ဂိုးသမား ဒဟေးယားတို့တွေ ပိတ်ဆို့ထားနိုင်ခဲ့ပြီး နှစ်ဖက်စလုံးက ပင်နယ်တီရနိုင်တဲ့ အခွင့်အရေး တစ်ကြိမ်စီကတော့ ငြင်းပယ်ခံခဲ့ရပါတယ်။

မက်ဂွိုင်းယားရဲ့ ပိတ်ဆို့မှုနဲ့ အမြင့်ဘော ကာကွယ်မှုတွေ ကောင်းခဲ့သလို အဝေးဘော ပေးပို့မှုတွေကလည်း ကောင်းခဲ့လို့ ယူနိုက်တက်တို့ တန်ပြန်တိုက်စစ်အတွက် အသုံးကျခဲ့ပေမယ့် တိုက်စစ်ပိုင်းက ရက်ရှ်ဖို့ဒ်နဲ့ မာတာတို့ အခွင့်အရေးတွေကို အသုံးမချနိုင်တာကြောင့်သာ ဂိုးထပ်မရခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာတော့ အဲဗာတန်တို့ တက်ဖိရာကနေ ကျွံထွက်သွားခဲ့တဲ့ တန်ပြန်တိုက်စစ်ကနေ ဘရူနို ဖာနန်ဒက်စ်ရဲ့ ဖန်တီးမှုကနေ ဝါရင့်တိုက်စစ်မှူး ကာဗာနီက သူ့ရဲ့ ပထမဆုံး ယူနိုက်တက်ဂိုးကို သွင်းယူဖို့ကတော့ ယုံကြည်မှု ပျောက်ဆုံးနေသလိုဖြစ်နေတဲ့ ဂိုးသမား ပစ်ခ်ဖို့ဒ်နဲ့ ဆိုရင်တော့ လွယ်ကူလွန်းနေခဲ့ပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့တာကြောင့် ကစားသမားတွေအနေနဲ့ ယုံကြည်မှု မြင့်တက်လာနိုင်ခဲ့ပြီး အဝေးကွင်းမှာ အဖိုးတန်အနိုင်သုံးမှတ်နဲ့အတူ ထိုင်ခုံလှုပ်နေခဲ့တဲ့ ဆိုးလ်ရှားအတွက်လည်း ဖိအားတွေ လျော့ပါးစေခဲ့သလို အမှတ်ပေးဇယားရပ်တည်မှုမှာတော့ အဆင့် ၁၃ ကို ရောက်လာခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: REUTERS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ အစၥတန္ဘူလ္က လူစာရင္းကို ၄ ေနရာအထိ အေျပာင္းအလဲလုပ္ခဲ့ၿပီး လူစုံပါဝင္လာခဲ့တဲ့ ေနာက္တန္း၊ လုပ္အားႏွဳန္းအတြက္ ျပင္ဆင္လာခဲ့တဲ့ ကြင္းလယ္နဲ႔ တုိက္စစ္မွာ ရက္ရွ္ဖို႔ဒ္နဲ႔ မာစီယယ္လ္ကို ဘ႐ူႏို ဖာနန္ဒက္စ္အျပင္ မာတာကိုပါ ကူညီဖန္တီးေစခဲ့ပါတယ္။

အဲဗာတန္ရဲ႕ ကြင္းလယ္ကေတာ့ အိမ္ကြင္းမွာ ယူႏုိက္တက္ကို ယွဥ္ကစားႏုိင္ျခင္းမရွိသလို တန္ျပန္တုိက္စစ္ကိုသာ အဓိကထားၿပီး ထုိးေဖာက္ေနခဲ့ရၿပီး ၿပီးခဲ့တဲ့ႏွစ္က ပြဲစဥ္အတိုင္း သူတုိ႔အေနနဲ႔ ဘ႐ူႏုိ ဖာနန္ဒက္စ္နဲ႔ ယူႏုိက္တက္ ဘယ္ျခမ္းကို ထိန္းရာမွာ အခက္အခဲေတြ အမ်ားႀကီး ႀကဳံေတြ႕ေနခဲ့တာပါ။

ပြဲခ်ိန္ ၁၉ မိနစ္မွာေတာ့ ကဲလ္ဗတ္-လူဝင္ရဲ႕ ထိုးေဖာက္မွဳကေန ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို ဘယ္ေတာင္ပံမွာ ရစ္ခ်ာလစ္ဆန္ မပါလုိ႔ ကစားခြင့္ရတဲ့ ဘားနတ္က ဝန္ဘစ္ဆာကာကို ေျခေယာင္ျပလွည့္စားၿပီး ကန္သြင္းခဲ့ရာမွာ ေျခေထာက္ၾကားက ထြက္လာခဲ့တဲ့ ေဘာလုံးကို ဒေဟးယား အျမင္မရွင္းတာေၾကာင့္ မကာကြယ္ႏိုင္ဘဲ အဖြင့္ဂိုးေပးလုိက္ရပါတယ္။

ဒါေပမယ့္ ၆ မိနစ္အၾကာမွာ မႏွစ္က ဂိုးသြင္းယူခဲ့တဲ့ ဖာနန္ဒက္စ္က ေခ်ပဂိုးသြင္းယူႏိုင္ခဲ့ၿပီး တုိက္စစ္မွဴးေတြကို ကပ္ရင္းနဲ႔ အာ႐ုံမ်ားေနတဲ့ အဲဗာတန္ဂိုးဧရိယာထဲ အခ်ိန္ကိုက္ေျပးဝင္သြားခဲ့ၿပီး ေပၚတူဂီသားက လုခ္ေရွာရဲ႕ ျဖတ္တင္ေဘာကို လွလွပပ ေခါင္းတုိက္သြင္းယူခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၇ မိနစ္အၾကာ ပြဲခ်ိန္ ၃၂ မိနစ္မွာေတာ့ ရက္ရွ္ဖို႔ဒ္ေပးတဲ့ ေဘာလုံးကို ဘ႐ူႏုိ ဖာနန္ဒက္စ္က မ,တင္ေပးခဲ့ရာမွာ ေဘာလုံးကို ထားခဲ့ၿပီး ဂိုးဧရိယာထဲ ေရာက္ေနၿပီျဖစ္တဲ့ ရက္ရွ္ဖို႔ဒ္ကပဲ ေခါင္းတုိက္သြင္းဖို႔ လုပ္ခဲ့ရာမွာ ေဘာလုံးကို မထိလိုက္ေပမယ့္ ဂိုးသမား ပစ္ခ္ဖို႔ဒ္ကို အာ႐ုံေျပာင္းေစခဲ့လို႔ ကာကြယ္ခ်ိန္ေနာက္က်ခဲ့ၿပီး ယူႏုိက္တက္တုိ႔ ဦးေဆာင္ဂိုးရခဲ့ပါတယ္။

ဒီဂိုးကိုေတာ့ ဘ႐ူႏုိ ဖာနန္ဒက္စ္ရဲ႕ ဂိုးအျဖစ္ပဲ သတ္မွတ္ေပးခဲ့ၿပီး ပထမပုိင္းမွာ တစ္ဖက္နဲ႔တစ္ဖက္ ထပ္မံႀကဳိးစားမွဳေတြ ရွိခဲ့ၿပီး အဲဗာတန္ဘက္က ခပ္ၾကမ္းၾကမ္း ကစားလာခဲ့တာေၾကာင့္ အဝါကတ္ေတြ ျပခဲ့ရသလို ၄၅ မိနစ္အျပည့္မွာေတာ့ ယူႏိုက္တက္တုိ႔က ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ အဲဗာတန္တို႔ ပိုဖိကစားလာၿပီး ေဘာလုံးပုိင္ဆုိင္မွဳ အမ်ားစုနဲ႔ ဒီညီ၊ ဟားမက္စ္၊ ကဲလ္ဗတ္-လူဝင္တုိ႔ရဲ႕ ဘယ္ျခမ္းက အဓိက ထိုးေဖာက္ေနခဲ့ေပမယ့္ ယူႏုိက္တက္ေနာက္တန္းနဲ႔ ဂိုးသမား ဒေဟးယားတုိ႔ေတြ ပိတ္ဆို႔ထားႏုိင္ခဲ့ၿပီး ႏွစ္ဖက္စလုံးက ပင္နယ္တီရႏုိင္တဲ့ အခြင့္အေရး တစ္ႀကိမ္စီကေတာ့ ျငင္းပယ္ခံခဲ့ရပါတယ္။

မက္ဂြဳိင္းယားရဲ႕ ပိတ္ဆုိ႔မွဳနဲ႔ အျမင့္ေဘာ ကာကြယ္မွဳေတြ ေကာင္းခဲ့သလို အေဝးေဘာ ေပးပုိ႔မွဳေတြကလည္း ေကာင္းခဲ့လုိ႔ ယူႏုိက္တက္တုိ႔ တန္ျပန္တုိက္စစ္အတြက္ အသုံးက်ခဲ့ေပမယ့္ တိုက္စစ္ပုိင္းက ရက္ရွ္ဖို႔ဒ္နဲ႔ မာတာတုိ႔ အခြင့္အေရးေတြကို အသုံးမခ်ႏုိင္တာေၾကာင့္သာ ဂိုးထပ္မရခဲ့တာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပုိ ေနာက္ဆုံးမိနစ္မွာေတာ့ အဲဗာတန္တုိ႔ တက္ဖိရာကေန ကၽြံထြက္သြားခဲ့တဲ့ တန္ျပန္တုိက္စစ္ကေန ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ဖန္တီးမွဳကေန ဝါရင့္တုိက္စစ္မွဴး ကာဗာနီက သူ႕ရဲ႕ ပထမဆုံး ယူႏုိက္တက္ဂိုးကို သြင္းယူဖို႔ကေတာ့ ယုံၾကည္မွဳ ေပ်ာက္ဆုံးေနသလိုျဖစ္ေနတဲ့ ဂိုးသမား ပစ္ခ္ဖို႔ဒ္နဲ႔ ဆုိရင္ေတာ့ လြယ္ကူလြန္းေနခဲ့ပါတယ္။

ဒီပြဲကို အႏုိင္ရရွိခဲ့တာေၾကာင့္ ကစားသမားေတြအေနနဲ႔ ယုံၾကည္မွဳ ျမင့္တက္လာႏုိင္ခဲ့ၿပီး အေဝးကြင္းမွာ အဖိုးတန္အႏုိင္သုံးမွတ္နဲ႔အတူ ထိုင္ခုံလွဳပ္ေနခဲ့တဲ့ ဆုိးလ္ရွားအတြက္လည္း ဖိအားေတြ ေလ်ာ့ပါးေစခဲ့သလို အမွတ္ေပးဇယားရပ္တည္မွဳမွာေတာ့ အဆင့္ ၁၃ ကို ေရာက္လာခဲ့ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: REUTERS
PHOTOS CREDIT TO OWNERS
SPORTS A2Z.