Premier League

၇.၁၁.၂၀၂၀ – နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

လီဗာပူးလ်နည်းပြ ကလော့ပ်က မန်စီးတီးပွဲအတွက် ဖာမီနို၊ ဂျိုတာတို့နဲ့ ပတ်သက်လို့တိုက်စစ်ပိုင်း ရွေးချယ်စရာ များလာတာကြောင့် ကျေနပ်မိကြောင်း ပြောဆိုခဲ့ပြီး ဂျိုတာရဲ့ စွမ်းဆောင်ရည်ကို ထူးပြီး မအံ့သြကြောင်း မှတ်ချက်ပေးခဲ့။

မန်စီးတီးတိုက်စစ်မှူး အဂွေရိုဟာ လီဗာပူးလ်နဲ့ပွဲကို လွဲချော်မှာဖြစ်တယ်လို့ ဂွာဒီယိုလာက အတည်ပြုခဲ့ပြီး ပြိုင်ဘက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အလားအလာအရှိဆုံးအသင်းဖြစ်ကြောင်း သုံးသပ်သွားခဲ့။

နည်းပြကလော့ပ်က လတ်တလောမှာ ဂျိုတာကြောင့် ဖာမီနိုရဲ့ပွဲထွက်နေရာ ပျောက်ဆုံးတော့မယ်ဆိုတဲ့ ဝေဖန်မှုတွေကို အချိန်ကုန်ခံရှင်းပြနေမှာမဟုတ်ကြောင်း နဲ့ အသင်းအပေါ် ဖာမီနို ဘယ်လောက်အကျိုးပြုခဲ့တယ်ဆိုတာကို မမြင်နိုင်သူတွေအတွက် ပြောစရာစကားမရှိကြောင်း တုံ့ပြန်ခဲ့။

မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဥ်မှာ ဖာမီနိုကသာ လီဗာပူးလ်ရဲ့ Pressing Game အတွက် ပိုမိုထိရောက်မှုရှိပြီး ကလော့ပ်အနေနဲ့ လက်ရှိ ပွဲဆက်ဂိုးသွင်းမှုတွေ ပြုလုပ်နေတဲ့ ဂျိုတာထက် ဖာမီနိုကိုသာ ရွေးချယ်သင့်ကြောင်း ကာရေဂါ ပွဲကြိုသုံးသပ်ခဲ့။

ဂျိုတာဟာ မိမိတို့လိုအပ်တဲ့ ကစားသမားမျိုးဖြစ်ပြီး ပြင်းပြင်းပြပြ ကြိုးစားအားထုတ်တတ်သူဖြစ်ကာ အသက် ၂၃ နှစ်သားကို ကစားဘဝ နောက်တဆင့်ရောက်အောင် ပို့ပေးနိုင်မယ်လို့ အခိုင်အမာယုံကြည်ထားကြောင်း လီဗာပူးလ်နည်းပြ ကလော့ပ်က ပြောကြားခဲ့။

မန်စီးတီးနည်းပြ ပပ်ဂွာဒီယိုလာက လက်ရှိချန်ပီယံ လီဗာပူးလ်နဲ့ပွဲမှာ အမေရိကန်ရွေးကောက်ပွဲလို အရေးပါနေတယ်လို့ ခိုင်းနှိုင်းသွားခဲ့ပြီး ထိပ်တိုက်တွေ့တဲ့ ပွဲစဥ်တပွဲအတွင်း အရေးပါတဲ့ ရမှတ်များစွာကို စုဆောင်းရမှာ ဖြစ်တယ်လို့ ပြောသွားခဲ့။

ဗန်ဒိုက်ရဲ့ ရာသီကုန်အထိ အနားယူခဲ့ရတဲ့ဖြစ်ရပ်၊ အဲဗာတန်နဲ့ပွဲမှာ VAR ကြောင့် ရမှတ် နစ်နာမှု၊ ဗီလာအသင်းကို ဂိုးပြတ်ရှူံးနိမ်ခဲ့တဲ့ မထင်မှတ်ထားတဲ့ ဒီရာသီ ဖြစ်ရပ်ဆိုးတွေအပြီးမှာ Clean Sheet တွေ ဆက်တိုက်ယူပြခဲ့တဲ့ လီဗာပူးလ်အသင်းဟာ ချန်ပီယံဆုကို ဆက်လက်စိန်ခေါ်ဖို့ ရုန်းထနိုင်ခဲ့ပြီဖြစ်ကြောင်း သုံးသပ်မှုတွေရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္နည္းျပ ကေလာ့ပ္က မန္စီးတီးပြဲအတြက္ ဖာမီနို၊ ဂ်ိဳတာတို႔နဲ႕ ပတ္သက္လို႔တိုက္စစ္ပိုင္း ေ႐ြးခ်ယ္စရာ မ်ားလာတာေၾကာင့္ ေက်နပ္မိေၾကာင္း ေျပာဆိုခဲ့ၿပီး ဂ်ိဳတာရဲ႕ စြမ္းေဆာင္ရည္ကို ထူးၿပီး မအံ့ၾသေၾကာင္း မွတ္ခ်က္ေပးခဲ့။

မန္စီးတီးတိုက္စစ္မႉး အေဂြရိုဟာ လီဗာပူးလ္နဲ႕ပြဲကို လြဲေခ်ာ္မွာျဖစ္တယ္လို႔ ဂြာဒီယိုလာက အတည္ျပဳခဲ့ၿပီး ၿပိဳင္ဘက္အသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ အလားအလာအရွိဆုံးအသင္းျဖစ္ေၾကာင္း သုံးသပ္သြားခဲ့။

နည္းျပကေလာ့ပ္က လတ္တေလာမွာ ဂ်ိဳတာေၾကာင့္ ဖာမီနိုရဲ႕ပြဲထြက္ေနရာ ေပ်ာက္ဆုံးေတာ့မယ္ဆိုတဲ့ ေဝဖန္မႈေတြကို အခ်ိန္ကုန္ခံရွင္းျပေနမွာမဟုတ္ေၾကာင္း နဲ႕ အသင္းအေပၚ ဖာမီနို ဘယ္ေလာက္အက်ိဳးျပဳခဲ့တယ္ဆိုတာကို မျမင္နိုင္သူေတြအတြက္ ေျပာစရာစကားမရွိေၾကာင္း တုံ႕ျပန္ခဲ့။

မန္စီးတီးအသင္းနဲ႕ ယွဥ္ၿပိဳင္ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ဖာမီနိုကသာ လီဗာပူးလ္ရဲ႕ Pressing Game အတြက္ ပိုမိုထိေရာက္မႈရွိၿပီး ကေလာ့ပ္အေနနဲ႕ လက္ရွိ ပြဲဆက္ဂိုးသြင္းမႈေတြ ျပဳလုပ္ေနတဲ့ ဂ်ိဳတာထက္ ဖာမီနိုကိုသာ ေ႐ြးခ်ယ္သင့္ေၾကာင္း ကာေရဂါ ပြဲႀကိဳသုံးသပ္ခဲ့။

ဂ်ိဳတာဟာ မိမိတို႔လိုအပ္တဲ့ ကစားသမားမ်ိဳးျဖစ္ၿပီး ျပင္းျပင္းျပျပ ႀကိဳးစားအားထုတ္တတ္သူျဖစ္ကာ အသက္ ၂၃ ႏွစ္သားကို ကစားဘဝ ေနာက္တဆင့္ေရာက္ေအာင္ ပို႔ေပးနိုင္မယ္လို႔ အခိုင္အမာယုံၾကည္ထားေၾကာင္း လီဗာပူးလ္နည္းျပ ကေလာ့ပ္က ေျပာၾကားခဲ့။

မန္စီးတီးနည္းျပ ပပ္ဂြာဒီယိုလာက လက္ရွိခ်န္ပီယံ လီဗာပူးလ္နဲ႕ပြဲမွာ အေမရိကန္ေ႐ြးေကာက္ပြဲလို အေရးပါေနတယ္လို႔ ခိုင္းႏွိုင္းသြားခဲ့ၿပီး ထိပ္တိုက္ေတြ႕တဲ့ ပြဲစဥ္တပြဲအတြင္း အေရးပါတဲ့ ရမွတ္မ်ားစြာကို စုေဆာင္းရမွာ ျဖစ္တယ္လို႔ ေျပာသြားခဲ့။

ဗန္ဒိုက္ရဲ႕ ရာသီကုန္အထိ အနားယူခဲ့ရတဲ့ျဖစ္ရပ္၊ အဲဗာတန္နဲ႕ပြဲမွာ VAR ေၾကာင့္ ရမွတ္ နစ္နာမႈ၊ ဗီလာအသင္းကို ဂိုးျပတ္ရႉံးနိမ္ခဲ့တဲ့ မထင္မွတ္ထားတဲ့ ဒီရာသီ ျဖစ္ရပ္ဆိုးေတြအၿပီးမွာ Clean Sheet ေတြ ဆက္တိုက္ယူျပခဲ့တဲ့ လီဗာပူးလ္အသင္းဟာ ခ်န္ပီယံဆုကို ဆက္လက္စိန္ေခၚဖို႔ ႐ုန္းထနိုင္ခဲ့ၿပီျဖစ္ေၾကာင္း သုံးသပ္မႈေတြရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.