Premier League

၇.၁၁.၂၀၂၀ – နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– ပေါင်သန်း ၂၀ နဲ့ အသင်းကနေ ရောင်းချခဲ့ရတဲ့ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကို သူက အသင်းမှာ ဆက်လက်ထိန်းသိမ်းထားချင်ပေမယ့် ကစားသမားကိုယ်တိုင်က သူ့ကို ထွက်ခွာဖို့ လာပြောခဲ့လို့ မတားဆီးနိုင်ခဲ့တာဖြစ်ကြောင်း အက်စတန်ဗီလာနဲ့ပွဲမတိုင်ခင်မှာ အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာပြောကြား။

– ဆဲလ်တစ်ကို အဝေးကွင်းမှာ လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ စပါတာ ပရပ်ဂ်အသင်းရဲ့ အားကစားဒါရိုက်တာ တောမတ်စ် ရိုဆစ်စကီးက သူ့အနေနဲ့ အာဆင်ဝင်းဂါးကို အမြဲတမ်း လေးစားအားကျခဲ့ရလို့ ပုံစံတူအောင် ပြင်သစ်နည်းပြကြီး ဝတ်နေကျ ကုတ်အရှည်ကြီးကို ဝတ်တာလို့ဆို။

– အာဆင်နယ်အသင်းရဲ့ နောက်ခံလူတွေ များပြားနေတဲ့ အခြေအနေနဲ့ ကစားခွင့်မရတဲ့ ဝီလီယမ် ဆာလီဘာရဲ့ အနေအထားကို ပရိသတ်တွေ စိတ်ပျက်နေကြပြီး ဘယ်တော့မှ ပွဲထွက်ကစားတာကို မြင်ရမလဲလို့ ညည်းတွားနေကြ။

– ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်ကွင်းလယ်လူ ဒေါမနစ် ဆိုဘော့ဆ်လိုင်းအတွက် အေစီမီလန်အသင်းရဲ့ ချဉ်းကပ်မှုတွေက မအောင်မြင်ခဲ့ကြောင်း အေးဂျင့်ဖြစ်သူက ပြောကြားလိုက်ပြီး အာဆင်နယ်အသင်းရဲ့ စိတ်ဝင်စားမှုက ခိုင်မာကြောင်း ထုတ်ဖော်သွား။

– ပထမဆုံး ဖူလ်ဟမ်နဲ့ ပွဲဦးထွက်မှာ ခြေစွမ်းပြနိုင်ပေမယ့် လက်ရှိမှာ ရုန်းကန်နေရတဲ့ ကွင်းလယ်လူ ဝီလီယန်ဟာ သူ့ရဲ့ ဒဏ်ရာကြောင့် အသင်းဖော်တွေနဲ့ လုံလုံလောက်လောက် ပူးပေါင်းလေ့ကျင့်တာမျိုး မလုပ်နိုင်ခဲ့လို့ ဖြစ်ကြောင်း နည်းပြ အာတီတာ ကာကွယ်။

– အာဆင်နယ်အသင်းနဲ့ ဒုတိယရာသီကို ဖြတ်သန်းနေတဲ့ ဝါရင့်နောက်ခံလူ ဒေးဗစ် လူးဝစ်ဇ်က အသင်းနဲ့အတူ ဆုဖလားတွေကို ထပ်မံ ရယူသွားနိုင်ဖို့ ပစ်မှတ်ထားနေကြောင်း ဒဏ်ရာကနေ ပြန်လည်သက်သာလာအပြီးမှာ ပြောကြားသွားခဲ့။

– အသင်းမှာ ခြေစွမ်းအကောင်းဆုံးကစားသမားတစ်ဦးဖြစ်နေတဲ့ နောက်ခံလူသစ် ဂါဘရီယယ်လ် ရောက်ရှိလာအောင် ကူညီပေးခဲ့တဲ့ အဓိကလူနှစ်ဦးကတော့ လိုင်လီအသင်းဖော်ဟောင်း ပေပေနဲ့ ဘရာဇီးလ်စီနီယာ ဒေးဗစ် လူးဝစ်ဇ်တို့ဖြစ်ကြောင်း သတင်းတွေ ဖော်ပြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ေပါင္သန္း ၂၀ နဲ႔ အသင္းကေန ေရာင္းခ်ခဲ့ရတဲ့ ဂိုးသမား အီမီလီယာႏို မာတီနက္ဇ္ကို သူက အသင္းမွာ ဆက္လက္ထိန္းသိမ္းထားခ်င္ေပမယ့္ ကစားသမားကိုယ္တိုင္က သူ႕ကို ထြက္ခြာဖုိ႔ လာေျပာခဲ့လုိ႔ မတားဆီးႏုိင္ခဲ့တာျဖစ္ေၾကာင္း အက္စတန္ဗီလာနဲ႔ပြဲမတုိင္ခင္မွာ အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာေျပာၾကား။

– ဆဲလ္တစ္ကို အေဝးကြင္းမွာ ေလးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ စပါတာ ပရပ္ဂ္အသင္းရဲ႕ အားကစားဒါ႐ိုက္တာ ေတာမတ္စ္ ႐ိုဆစ္စကီးက သူ႕အေနနဲ႔ အာဆင္ဝင္းဂါးကို အျမဲတမ္း ေလးစားအားက်ခဲ့ရလို႔ ပုံစံတူေအာင္ ျပင္သစ္နည္းျပႀကီး ဝတ္ေနက် ကုတ္အရွည္ႀကီးကို ဝတ္တာလုိ႔ဆို။

– အာဆင္နယ္အသင္းရဲ႕ ေနာက္ခံလူေတြ မ်ားျပားေနတဲ့ အေျခအေနနဲ႔ ကစားခြင့္မရတဲ့ ဝီလီယမ္ ဆာလီဘာရဲ႕ အေနအထားကို ပရိသတ္ေတြ စိတ္ပ်က္ေနၾကၿပီး ဘယ္ေတာ့မွ ပြဲထြက္ကစားတာကို ျမင္ရမလဲလုိ႔ ညည္းတြားေနၾက။

– ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္ကြင္းလယ္လူ ေဒါမနစ္ ဆုိေဘာ့ဆ္လိုင္းအတြက္ ေအစီမီလန္အသင္းရဲ႕ ခ်ဥ္းကပ္မွဳေတြက မေအာင္ျမင္ခဲ့ေၾကာင္း ေအးဂ်င့္ျဖစ္သူက ေျပာၾကားလုိက္ၿပီး အာဆင္နယ္အသင္းရဲ႕ စိတ္ဝင္စားမွဳက ခိုင္မာေၾကာင္း ထုတ္ေဖာ္သြား။

– ပထမဆုံး ဖူလ္ဟမ္နဲ႔ ပြဲဦးထြက္မွာ ေျခစြမ္းျပႏိုင္ေပမယ့္ လက္ရွိမွာ ႐ုန္းကန္ေနရတဲ့ ကြင္းလယ္လူ ဝီလီယန္ဟာ သူ႕ရဲ႕ ဒဏ္ရာေၾကာင့္ အသင္းေဖာ္ေတြနဲ႔ လုံလုံေလာက္ေလာက္ ပူးေပါင္းေလ့က်င့္တာမ်ဳိး မလုပ္ႏုိင္ခဲ့လုိ႔ ျဖစ္ေၾကာင္း နည္းျပ အာတီတာ ကာကြယ္။

– အာဆင္နယ္အသင္းနဲ႔ ဒုတိယရာသီကို ျဖတ္သန္းေနတဲ့ ဝါရင့္ေနာက္ခံလူ ေဒးဗစ္ လူးဝစ္ဇ္က အသင္းနဲ႔အတူ ဆုဖလားေတြကို ထပ္မံ ရယူသြားႏုိင္ဖို႔ ပစ္မွတ္ထားေနေၾကာင္း ဒဏ္ရာကေန ျပန္လည္သက္သာလာအၿပီးမွာ ေျပာၾကားသြားခဲ့။

– အသင္းမွာ ေျခစြမ္းအေကာင္းဆုံးကစားသမားတစ္ဦးျဖစ္ေနတဲ့ ေနာက္ခံလူသစ္ ဂါဘရီယယ္လ္ ေရာက္ရွိလာေအာင္ ကူညီေပးခဲ့တဲ့ အဓိကလူႏွစ္ဦးကေတာ့ လုိင္လီအသင္းေဖာ္ေဟာင္း ေပေပနဲ႔ ဘရာဇီးလ္စီနီယာ ေဒးဗစ္ လူးဝစ္ဇ္တုိ႔ျဖစ္ေၾကာင္း သတင္းေတြ ေဖာ္ျပ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.