Premier League

နိုင်ပွဲအတွက်ဆို ဘယ်သူ့မှ အားမနာနိုင်တဲ့ မော်ရင်ညိုကို အရန်လူတွေ နှစ်သိမ့်နိုင်ပြီလား…

ပြီးခဲ့တဲ့ညက လူဒိုဂိုရက်စ်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါးအသင်းက ၃ဂိုး ၁ဂိုး ရလဒ်နဲ့ ခြေပြတ် ဂိုးပြတ် အနိုင်ယူသွားခဲ့ပြီး ရွိုင်ယယ်လ် အန့်တ်ဝပ်အသင်းကို ရှုံးနိမ်ခဲ့တဲ့ခြေစွမ်းကြောင့် ပေါက်ကွဲနေခဲ့တဲ့ နည်းပြ မော်ရင်ညိုရဲ့ ဒေါသမီးတွေကို ငြိမ်းစေခဲ့ပြီလို့ ဆိုရမှာပါ။

ပြီးခဲ့တဲ့အပတ်က အန့်တ်ဝပ်နဲ့ပွဲမှာ မော်ရင်ညိုဟာ အရန်ကစားသမားအများစုကို ပွဲထွက်ခွင့်ပေးခဲ့ပြီး စပါးအသင်း ရှုံးနိမ့်သွားခဲ့လို့ အသင်းရဲ့ အရန်ကစားသမားတွေကို ဒေါသအိုးပေါက်ကွဲခဲ့ကာ နောက်ထပ် ပွဲကစားခွင့်ပေးဖို့ မထိုက်တန်ဘူးလို့ အပြစ်တင်ထိုးနှက်သွားခဲ့တာပါ။

လူဒိုဂိုရက်စ်နဲ့ပွဲမှာတော့ မော်ရင်ညိုဟာ အရန်ကစားသမားအချို့ကို ထပ်မံအလှည့်ကျပွဲထုတ်လာခဲ့ပြီး ဒီတကြိမ်မှာတော့ သုံးဂိုးသွင်း၊ အနိုင် ၃ မှတ်နဲ့အတူ စပါးအသင်းဟာ ယူရိုပါလိဂ်အုပ်စုဇယားထိပ်ဆုံးကနေ ဦးဆောင်သွားနိုင်ခဲ့လို့ နည်းပြရဲ့ လူရွေးချယ်မှု အောင်မြင်ခဲ့ပြီး ထပ်မံအခွင့်အရေးပေးရကျိုးနပ်အောင် အသင်းသားတွေက ကစားပြနိုင်သွားခဲ့တာကို မြင်တွေ့ခဲ့ကြမှာပါ။

ဟာရီ ကိန်း၊ လူးကပ်စ် မော်ရာ၊ အဲရစ် ဒိုင်ယာတို့နဲ့အတူ မတ်ဒိုဟာတီ၊ ဘန်ဒေးဗီးစ်၊ လိုဆယ်လ်ဆို၊ ဟယ်ရီ ဝင့်ခ်တို့က စပါးရဲ့ ပွဲထွက်လူစာရင်းထဲမှာ ပါဝင်ကစားခွင့်ရခဲ့ကြပြီး ဝင့်ခ်နဲ့ ဆစ်ဆိုကိုတို့ရဲ့ ကွင်းလယ်ခံစစ်ပိုင်း စွမ်းဆောင်ရည်ဟာ မော်ရင်ညိုကို အဓိက စိတ်ကျေနပ်မှု ပေးစွမ်းခဲ့ကြောင်း သိရပါတယ်။

နံပါတ် ၁၀ နေရာမှာ ခြေစွမ်းပြ ကစားပြီး အသင်းရဲ့ တတိယမြောက်ဂိုးကိုပါ သွင်းယူသွားတဲ့ လိုဆယ်ဆိုရဲ့ စွမ်းဆောင်ရည်ကိုလည်း မော်ရင်ညို အကြိုက်တွေ့ခဲ့သလို ရတဲ့အခွင့်အရေးကို ရတဲ့အချိန်မှာ ထိုက်တန်ကြောင်း သက်သေပြနိုင်ခဲ့တဲ့သူတွေကို ဘယ်သူ့မှ အားမနာတတ်တဲ့ ပေါ်တူဂီသားကြီးတစ်ယောက် ဘယ်လိုအပြောင်းအလဲတွေနဲ့ ကိုင်တွယ်သွားဦးမလဲဆိုတာတော့ စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: SPORTSKEEDA
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ညက လူဒိုဂိုရက္စ္အသင္းနဲ႕ ယူရိုပါလိဂ္ပြဲစဥ္မွာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းက ၃ဂိုး ၁ဂိုး ရလဒ္နဲ႕ ေျချပတ္ ဂိုးျပတ္ အနိုင္ယူသြားခဲ့ၿပီး ရြဳိင္ယယ္လ္ အန္႔တ္ဝပ္အသင္းကို ရႈံးနိမ္ခဲ့တဲ့ေျခစြမ္းေၾကာင့္ ေပါက္ကြဲေနခဲ့တဲ့ နည္းျပ ေမာ္ရင္ညိဳရဲ႕ ေဒါသမီးေတြကို ၿငိမ္းေစခဲ့ၿပီလို႔ ဆိုရမွာပါ။

ၿပီးခဲ့တဲ့အပတ္က အန္႔တ္ဝပ္နဲ႕ပြဲမွာ ေမာ္ရင္ညဳိဟာ အရန္ကစားသမားအမ်ားစုကို ပြဲထြက္ခြင့္ေပးခဲ့ၿပီး စပါးအသင္း ရႈံးနိမ့္သြားခဲ့လို႔ အသင္းရဲ႕ အရန္ကစားသမားေတြကို ေဒါသအိုးေပါက္ကြဲခဲ့ကာ ေနာက္ထပ္ ပြဲကစားခြင့္ေပးဖို႔ မထိုက္တန္ဘူးလို႔ အျပစ္တင္ထိုးႏွက္သြားခဲ့​တာပါ။

လူဒိုဂိုရက္စ္နဲ႕ပြဲမွာေတာ့ ေမာ္ရင္ညိဳဟာ အရန္ကစားသမားအခ်ိဳ႕ကို ထပ္မံအလွည့္က်ပြဲထုတ္လာခဲ့ၿပီး ဒီတႀကိမ္မွာေတာ့ သုံးဂိုးသြင္း၊ အနိုင္ ၃ မွတ္နဲ႕အတူ စပါးအသင္းဟာ ယူရိုပါလိဂ္အုပ္စုဇယားထိပ္ဆုံးကေန ဦးေဆာင္သြားနိုင္ခဲ့လို႔ နည္းျပရဲ႕ လူေ႐ြးခ်ယ္မႈ ေအာင္​ျမင္ခဲ့ၿပီး ထပ္မံအခြင့္အေရးေပးရက်ိဳးနပ္ေအာင္ အသင္းသားေတြက ကစားျပနိုင္သြားခဲ့တာကို ျမင္ေတြ႕ခဲ့ၾကမွာပါ။

ဟာရီ ကိန္း၊ လူးကပ္စ္ ေမာ္ရာ၊ အဲရစ္ ဒိုင္ယာတို႔နဲ႕အတူ မတ္ဒိုဟာတီ၊ ဘန္ေဒးဗီးစ္၊ လိုဆယ္လ္ဆို၊ ဟယ္ရီ ဝင့္ခ္တို႔က စပါးရဲ႕ ပြဲထြက္လူစာရင္းထဲမွာ ပါဝင္ကစားခြင့္ရခဲ့ၾကၿပီး ဝင့္ခ္နဲ႕ ဆစ္ဆိုကိုတို႔ရဲ႕ ကြင္းလယ္ခံစစ္ပိုင္း စြမ္းေဆာင္ရည္ဟာ ေမာ္ရင္ညိဳကို အဓိက စိတ္ေက်နပ္မႈ ေပးစြမ္းခဲ့ေၾကာင္း သိရပါတယ္။

နံပါတ္ ၁၀ ေနရာမွာ ေျခစြမ္းျပ ကစားၿပီး အသင္းရဲ႕ တတိယေျမာက္ဂိုးကိုပါ သြင္းယူသြားတဲ့ လိုဆယ္ဆိုရဲ႕ စြမ္းေဆာင္ရည္ကိုလည္း ေမာ္ရင္ညိဳ အႀကိဳက္ေတြ႕ခဲ့သလို ရတဲ့အခြင့္အေရးကို ရတဲ့အခ်ိန္မွာ ထိုက္တန္ေၾကာင္း သက္ေသျပနိုင္ခဲ့တဲ့သူေတြကို ဘယ္သူ႕မွ အားမနာတတ္တဲ့ ေပၚတူဂီသားႀကီးတစ္ေယာက္ ဘယ္လိုအေျပာင္းအလဲေတြနဲ႔ ကိုင္တြယ္သြားဦးမလဲဆိုတာေတာ့ ေစာင့္ၾကည့္ရဦးမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: SPORTSKEEDA
PHOTOS CREDIT TO OWNERS
SPORTS A2Z.