Premier League

မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့တဲ့ ပရီးမီးယားလိဂ် နာမည်ကျော် ၅ ဦး

၁။ ပေါလ်ပေါ့ဂ်ဘာ
ပြင်သစ်အသင်းနဲ့ ၂၀၁၈ ကမ္ဘာဖလားချန်ပီယံဆုကို ရယူခဲ့တဲ့ ပေါ့ဂ်ဘာရဲ့ လက်ရှိရာသီခြေစွမ်းက ကလေးဆန်လွန်းတဲ့ အမှားတွေနဲ့ ဝေဖန်မှုတွေ ကျယ်လောင်စေခဲ့တာပါ။ တူရင်မြေကနေ စံချိန်တင် ပေါင် ၈၉ သန်းနဲ့ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့နောက် ပြိုင်ပွဲစုံ ၁၇၄ ပွဲကစားပြီး ၃၃ ဂိုးသွင်းထားကာ ၃၅ ဂိုးသာ ဖန်တီးပေးနိုင်ခဲ့တဲ့မှတ်တမ်းက ​ပြောင်းရွှေ့တန်ကြေးနဲ့ ထိုက်တန်မှုနည်းလွန်းတယ်သာ ဆိုရမှာပါ။

၂။ နီကိုလာ ပေပေ

အာဆင်နယ်အသင်းရဲ့ စျေးအမြင့်ဆုံး စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ပေပေဟာ လွန်ခဲ့တဲ့ရာသီကမှ ပေါင် ၇၂ သန်းနဲ့ ပရီးမီးယားလိဂ်မြေပေါ် ခြေချခဲ့သူပါ။ ၅၂ ပွဲမှာ ၁၀ ဂိုးသွင်း၊ ၁၁ ဂိုးဖန်တီးနိုင်ခဲ့ပြီး နည်းပြအာတီတာရဲ့ ထောက်ခံမှုကိုလည်း ရရှိထားကာ ဒီစျေးနဲ့ ဒီခြေစွမ်း တန်မတန်ကတော့ သူ့ရဲ့​ခြေစွမ်းနဲ့ ဆက်လက်သက်သေပြသွားရဦးမှာပါ။

၃။
ဂျော်ဒန် ပစ်ခ်ဖို့ဒ်

၂၀၁၈ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းအတွက် သူရဲကောင်းအသွင်နဲ့ ပင်နယ်တီလက်စွမ်းပြကာကွယ်မှုတွေ ပြုလုပ်ပြခဲ့ပြီး နာမည်ကြီးလာခဲ့တဲ့ ပစ်ခ်ဖို့ဒ်ဟာ ဒီရာသီ အဲဗာတန်အသင်းအတွက် ၆ ပွဲမှာ ၁ ပွဲသာ ပေးဂိုးမရှိ Clean Sheet ရထားခဲ့ပြီး ၇ ဂိုးအထိ ခွင့်ပြုထားခဲ့ရကြောင့် ပထမဂိုးသမားနေရာကနေ နည်းပြအန်ဆလော့တီရဲ့ အရန်ခုံပို့ခြင်းခံခဲ့ရပါတယ်။

၄။
ဒယ်လီ အလီ
စပါးနည်းပြဟောင်း ပိုချက်တီနိုရဲ့ မြေတောင်မြှောက် စင်တင်ပေးမှုနဲ့အတူ အင်္ဂလန်လက်ရွေးစင်ဖြစ်လာတဲ့အထိ အမြင့်ပျံခဲ့တဲ့ ဒယ်လီ အလီဟာ လက်ရှိနည်းပြသစ် မော်ရင်ညိုရဲ့လက်အောက်မှာ ရုန်းကန်နေရပြီး ပွဲထွက်တနေရာ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒဏ်ရာပြဿနာ နှိပ်စက်မှုတွေနဲ့အတူ ပုံစံ​ကောင်းဆုံးရှုံးသွားခဲ့ရပြီး စပါးအသင်းကနေ ထွက်ခွာဖို့ သတင်းတွေပြေးနေခဲ့ပါတယ်။

၅။
ဟယ်ရီ မက်ဂွိုင်းယား
ကမ္ဘာ့စျေးအကြီးဆုံး ခံစစ်ကစားသမားအဖြစ် ပေါင်သန်း ၈၀ ဝန်းကျင်နဲ့ ယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့ပြီး ဒါဟာ ခံစစ်ကစားသမားတယောက်အတွက် များပြားလွန်းတဲ့ ပြောင်းရွှေ့ကြေးဖြစ်ခဲ့တာပါ။ လက်ရှိမှာတော့ ယူနိုက်တက်အနေနဲ့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ဘဲ ဟာသတပုဒ်လို ရယ်စရာကောင်းနေတဲ့ မက်ဂွိုင်းယား စွမ်းဆောင်ရည်ကို ပရိသတ်တွေကိုယ်တိုင်က ဝေဖန်ထိုးနှက်​နေကြရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

REF: SPORTSKEEDA
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၁။ ေပါလ္ေပါ့ဂ္ဘာ
ျပင္သစ္အသင္းနဲ႔ ၂၀၁၈ ကမာၻဖလားခ်န္ပီယံဆုကို ရယူခဲ့တဲ့ ေပါ့ဂ္ဘာရဲ႕ လက္ရွိရာသီေျခစြမ္းက ကေလးဆန္လြန္းတဲ့ အမွားေတြနဲ႔ ေဝဖန္မႈေတြ က်ယ္ေလာင္ေစခဲ့တာပါ။ တူရင္ေျမကေန စံခ်ိန္တင္ ေပါင္ ၈၉ သန္းနဲ႔ ယူႏိုက္တက္အသင္းဆီ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ေနာက္ ၿပိဳင္ပြဲစုံ ၁၇၄ ပြဲကစားၿပီး ၃၃ ဂိုးသြင္းထားကာ ၃၅ ဂိုးသာ ဖန္တီးေပးႏိုင္ခဲ့တဲ့မွတ္တမ္းက ​ေျပာင္းေ႐ႊ႕တန္ေၾကးနဲ႔ ထိုက္တန္မႈနည္းလြန္းတယ္သာ ဆိုရမွာပါ။

၂။ နီကိုလာ ေပေပ

အာဆင္နယ္အသင္းရဲ႕ ေစ်းအျမင့္ဆုံး စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရွင္ ေပေပဟာ လြန္ခဲ့တဲ့ရာသီကမွ ေပါင္ ၇၂ သန္းနဲ႔ ပရီးမီးယားလိဂ္ေျမေပၚ ေျခခ်ခဲ့သူပါ။ ၅၂ ပြဲမွာ ၁၀ ဂိုးသြင္း၊ ၁၁ ဂိုးဖန္တီးႏိုင္ခဲ့ၿပီး နည္းျပအာတီတာရဲ႕ ေထာက္ခံမႈကိုလည္း ရရွိထားကာ ဒီေစ်းနဲ႔ ဒီေျခစြမ္း တန္မတန္ကေတာ့ သူ႔ရဲ႕​ေျခစြမ္းနဲ႔ ဆက္လက္သက္ေသျပသြားရဦးမွာပါ။

၃။
ေဂ်ာ္ဒန္ ပစ္ခ္ဖို႔ဒ္

၂၀၁၈ ကမာၻ႔ဖလားမွာ အဂၤလန္အသင္းအတြက္ သူရဲေကာင္းအသြင္နဲ႔ ပင္နယ္တီလက္စြမ္းျပကာကြယ္မႈေတြ ျပဳလုပ္ျပခဲ့ၿပီး နာမည္ႀကီးလာခဲ့တဲ့ ပစ္ခ္ဖို႔ဒ္ဟာ ဒီရာသီ အဲဗာတန္အသင္းအတြက္ ၆ ပြဲမွာ ၁ ပြဲသာ ေပးဂိုးမရွိ Clean Sheet ရထားခဲ့ၿပီး ၇ ဂိုးအထိ ခြင့္ျပဳထားခဲ့ရေၾကာင့္ ပထမဂိုးသမားေနရာကေန နည္းျပအန္ဆေလာ့တီရဲ႕ အရန္ခုံပို႔ျခင္းခံခဲ့ရပါတယ္။

၄။
ဒယ္လီ အလီ
စပါးနည္းျပေဟာင္း ပိုခ်က္တီႏိုရဲ႕ ေျမေတာင္ေျမႇာက္ စင္တင္ေပးမႈနဲ႔အတူ အဂၤလန္လက္ေ႐ြးစင္ျဖစ္လာတဲ့အထိ အျမင့္ပ်ံခဲ့တဲ့ ဒယ္လီ အလီဟာ လက္ရွိနည္းျပသစ္ ေမာ္ရင္ညိဳရဲ႕လက္ေအာက္မွာ ႐ုန္းကန္ေနရၿပီး ပြဲထြက္တေနရာ ေပ်ာက္ဆုံးသြားခဲ့ပါတယ္။ ဒဏ္ရာျပႆနာ ႏွိပ္စက္မႈေတြနဲ႔အတူ ပုံစံ​ေကာင္းဆုံးရႈံးသြားခဲ့ရၿပီး စပါးအသင္းကေန ထြက္ခြာဖို႔ သတင္းေတြေျပးေနခဲ့ပါတယ္။

၅။
ဟယ္ရီ မက္ဂြိဳင္းယား
ကမာၻ႔ေစ်းအႀကီးဆုံး ခံစစ္ကစားသမားအျဖစ္ ေပါင္သန္း ၈၀ ဝန္းက်င္နဲ႔ ယူႏိုက္တက္အသင္းကို ေရာက္ရွိလာခဲ့ၿပီး ဒါဟာ ခံစစ္ကစားသမားတေယာက္အတြက္ မ်ားျပားလြန္းတဲ့ ေျပာင္းေ႐ႊ႕ေၾကးျဖစ္ခဲ့တာပါ။ လက္ရွိမွာေတာ့ ယူႏိုက္တက္အေနနဲ႔ မွန္းခ်က္နဲ႔ ႏွမ္းထြက္ မကိုက္ခဲ့ဘဲ ဟာသတပုဒ္လို ရယ္စရာေကာင္းေနတဲ့ မက္ဂြိဳင္းယား စြမ္းေဆာင္ရည္ကို ပရိသတ္ေတြကိုယ္တိုင္က ေဝဖန္ထိုးႏွက္​ေနၾကရတဲ့အထိ ျဖစ္ခဲ့ပါတယ္။

REF: SPORTSKEEDA
PHOTOS CREDIT TO OWNERS
SPORTS A2Z.