Premier League

နတ်ရေကန်ထဲ ချလိုက်သလို ဖြစ်လာခဲ့တဲ့ ခံစစ်ကြောင်းက ကလော့ပ်ရဲ့ ဉာဏ်ရည်မြင့်မားမှုပဲလား

လီဗာပူးလ်အသင်းရဲ့ နောက်တန်းက တောက်ပနေတဲ့ ကြယ်ပွင့်ကြီး ဗာဂျီးလ် ဗန်ဒိုက်တစ်ယောက် အချိန်ကာလတစ်ခုအထိ ကြွေဆင်းခဲ့ရတဲ့နောက်ပိုင်းမှာ အစားဝင်ခဲ့တဲ့ ဖာဘင်ညိုဟာလည်း မထင်မှတ်ဘဲ ဒဏ်ရာဆိုးရွားခဲ့ရလို့ လူကောင်းသိပ်မကျန်တော့တဲ့ ခံစစ်ပိုင်းအတွက် ပရိသတ်တွေအားလုံး စိုးရိမ်ခဲ့ရတာတော့ အားလုံး အသိပဲဖြစ်ပါတယ်။

ဒါပေမယ့် နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ ဒါကို အချိန်တိုအတွင်း ကုစားနိုင်ခဲ့ပြီး မစ်ဂျေးလန်းနဲ့ပွဲမှာ ရီးစ် ဝီလီယမ်စ်၊ ဝက်စ်ဟမ်းနဲ့ပွဲမှာ နာသန် ဖိလစ်နဲ့ အတ္တလန်တာနဲ့ပွဲမှာ ဝီလီယမ်စ်တို့ကိုပဲ ဂျိုးဂိုမက်ဇ်နဲ့ တွဲဖက်အစားထိုးရင်း အနေအထားတစ်ခုကိုတော့ ပြန်ရောက်လာနိုင်ခဲ့ပါတယ်။

ဖလားပွဲတွေမှာ မြင်ခဲ့ရတဲ့ ဝီလီယမ်စ်ကတော့ ကလော့ပ်ရဲ့ ပျိုးထောင်မှုကောင်းတစ်ခုဖြစ်သလို ပရိသတ်တွေက ကြိုတင်မျှော်လင့်ထားတာမို့ အရမ်းမအံ့သြခဲ့ရပေမယ့် ဝက်စ်ဟမ်းနဲ့ပွဲမှာ ပါဝင်ကစားခဲ့တဲ့ ဖိလစ်ကတော့ အံ့သြစရာဖြစ်ခဲ့ပြီး အရန်အသင်းမှာ တစ်သက်လုံး ကစားရတော့မယ်လို့ ထင်ထားတဲ့ အသက် ၂၃ နှစ်အရွယ် အင်္ဂလိပ်ကစားသမားတစ်ယောက်ဟာ အဲ့ဒီနေ့မှာ ငယ်မွေးခြံပေါက်တစ်ဦးထက် အများကြီး ပိုလွန်ခဲ့တာပါ။

ဖိလစ်ဟာ ဗန်ဒိုက်နဲ့ လားလားမှ မဆိုင်ချိန်မှာ သူ့ရဲ့ ခြေစွမ်းကတော့ လူမသိတဲ့ နာမည်ထက် အများကြီး ပိုလွန်နေခဲ့တာဖြစ်သလို ပရိသတ်တွေက ဝက်စ်ဟမ်းနဲ့ပွဲက စွမ်းဆောင်ရည်ကို တစ်ခဲနက် ကြိုဆိုခဲ့ကြပြီး အရပ်ခြောက်ပေ သုံးလက်မရှိတဲ့ ဘော်လ်တန်မြို့သားဟာ အသင်းကို ရောက်ရှိပြီး လေးနှစ်အကြာမှာ ပွဲထွက်နိုင်ခဲ့တာပါ။

ရီးစ် ဝီလီယမ်စ်ကတော့ အတ္တလန်တာနဲ့ပွဲမှာ အဝေးကွင်း Clean Sheet အတွက် ပရိသတ်တွေနဲ့ ကလော့ပ်ရဲ့ ချီးကျူးတာခံခဲ့ရပြီး လာမယ့် ပရီးမီးယားလိဂ်မှာတော့ မန်ချက်စတာစီးတီးနဲ့ပွဲမှာ ထပ်မံအစမ်းသပ်ခံရဖို့ ရှိနေသလို လီဗာပူးလ်ရဲ့ ယုံကြည်မှုရှိလာတဲ့ အသင်းသားတွေအနေနဲ့ အစ်တီဟတ်မှာ ဘယ်လို တုံ့ပြန်မလဲ စိတ်ဝင်စားစရာလည်းဖြစ်နေပါတယ်။

ဂျိုးဂိုမက်ဇ်ကို ဆက်လက်သုံးစွဲနိုင်ပြီး ဂျိုယယ်လ် မာတစ်ပ်လည်း အရန်ခုံမှာ ထိုင်နေနိုင်ပြီမို့ အသင်းရဲ့ နောက်တန်းမှာ ဘယ်လိုမျိုး အစီအစဉ်ကို ဂျာမန်ဗျူဟာရှင်တစ်ယောက် ချမှတ်သွားမလဲဆိုတာထက် မြင်နေကျမဟုတ်တဲ့ ၄၆ နဲ့ ၄၇ ဆိုတဲ့ ဝီလီယမ်စ်နဲ့ ဖိလစ်တို့ရဲ့ နံပါတ်တွေကို ထည့်သွင်းစွန့်စားသွားမလားဆိုတာကလည်း ရင်ခုန်စရာပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် ဗန်ဒိုက်၊ ဖာဘင်ညိုတို့လို ကစားသမားနှစ်ဦး မရှိချိန်မှာ ယိုင်နဲ့သွားရမှာဖြစ်တဲ့ ခံစစ်ကို သိပ်ထူးထူးခြားခြားမဖြစ်အောင် အမြန်ဆုံးကျားကန်နိုင်ခဲ့တဲ့ ကလော့ပ်ရဲ့ Management နဲ့ Idea ကိုတော့ ချီးကျူးရမှာဖြစ်ပြီး ဒါကြောင့်လည်း ဂျာမန်သားကြီးကို အားလုံးက ချီးကျူးကြတာ လွန်အံ့မထင်ကြောင်းလည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: THIS IS ANFIELD
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းရဲ႕ ေနာက္တန္းက ေတာက္ပေနတဲ့ ၾကယ္ပြင့္ႀကီး ဗာဂ်ီးလ္ ဗန္ဒိုက္တစ္ေယာက္ အခ်ိန္ကာလတစ္ခုအထိ ေၾကြဆင္းခဲ့ရတဲ့ေနာက္ပုိင္းမွာ အစားဝင္ခဲ့တဲ့ ဖာဘင္ညဳိဟာလည္း မထင္မွတ္ဘဲ ဒဏ္ရာဆုိးရြားခဲ့ရလို႔ လူေကာင္းသိပ္မက်န္ေတာ့တဲ့ ခံစစ္ပုိင္းအတြက္ ပရိသတ္ေတြအားလုံး စိုးရိမ္ခဲ့ရတာေတာ့ အားလုံး အသိပဲျဖစ္ပါတယ္။

ဒါေပမယ့္ နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ ဒါကို အခ်ိန္တုိအတြင္း ကုစားႏုိင္ခဲ့ၿပီး မစ္ေဂ်းလန္းနဲ႔ပြဲမွာ ရီးစ္ ဝီလီယမ္စ္၊ ဝက္စ္ဟမ္းနဲ႔ပြဲမွာ နာသန္ ဖိလစ္နဲ႔ အတၱလန္တာနဲ႔ပြဲမွာ ဝီလီယမ္စ္တုိ႔ကိုပဲ ဂ်ဳိးဂိုမက္ဇ္နဲ႔ တြဲဖက္အစားထိုးရင္း အေနအထားတစ္ခုကိုေတာ့ ျပန္ေရာက္လာႏုိင္ခဲ့ပါတယ္။

ဖလားပြဲေတြမွာ ျမင္ခဲ့ရတဲ့ ဝီလီယမ္စ္ကေတာ့ ကေလာ့ပ္ရဲ႕ ပ်ဳိးေထာင္မွဳေကာင္းတစ္ခုျဖစ္သလို ပရိသတ္ေတြက ႀကဳိတင္ေမွ်ာ္လင့္ထားတာမို႔ အရမ္းမအံ့ၾသခဲ့ရေပမယ့္ ဝက္စ္ဟမ္းနဲ႔ပြဲမွာ ပါဝင္ကစားခဲ့တဲ့ ဖိလစ္ကေတာ့ အံ့ၾသစရာျဖစ္ခဲ့ၿပီး အရန္အသင္းမွာ တစ္သက္လုံး ကစားရေတာ့မယ္လုိ႔ ထင္ထားတဲ့ အသက္ ၂၃ ႏွစ္အရြယ္ အဂၤလိပ္ကစားသမားတစ္ေယာက္ဟာ အဲ့ဒီေန႔မွာ ငယ္ေမြးၿခံေပါက္တစ္ဦးထက္ အမ်ားႀကီး ပုိလြန္ခဲ့တာပါ။

ဖိလစ္ဟာ ဗန္ဒိုက္နဲ႔ လားလားမွ မဆုိင္ခ်ိန္မွာ သူ႕ရဲ႕ ေျခစြမ္းကေတာ့ လူမသိတဲ့ နာမည္ထက္ အမ်ားႀကီး ပုိလြန္ေနခဲ့တာျဖစ္သလို ပရိသတ္ေတြက ဝက္စ္ဟမ္းနဲ႔ပြဲက စြမ္းေဆာင္ရည္ကို တစ္ခဲနက္ ႀကဳိဆုိခဲ့ၾကၿပီး အရပ္ေျခာက္ေပ သုံးလက္မရွိတဲ့ ေဘာ္လ္တန္ၿမဳိ႕သားဟာ အသင္းကို ေရာက္ရွိၿပီး ေလးႏွစ္အၾကာမွာ ပြဲထြက္ႏုိင္ခဲ့တာပါ။

ရီးစ္ ဝီလီယမ္စ္ကေတာ့ အတၱလန္တာနဲ႔ပြဲမွာ အေဝးကြင္း Clean Sheet အတြက္ ပရိသတ္ေတြနဲ႔ ကေလာ့ပ္ရဲ႕ ခ်ီးက်ဴးတာခံခဲ့ရၿပီး လာမယ့္ ပရီးမီးယားလိဂ္မွာေတာ့ မန္ခ်က္စတာစီးတီးနဲ႔ပြဲမွာ ထပ္မံအစမ္းသပ္ခံရဖို႔ ရွိေနသလို လီဗာပူးလ္ရဲ႕ ယုံၾကည္မွဳရွိလာတဲ့ အသင္းသားေတြအေနနဲ႔ အစ္တီဟတ္မွာ ဘယ္လို တုံ႔ျပန္မလဲ စိတ္ဝင္စားစရာလည္းျဖစ္ေနပါတယ္။

ဂ်ဳိးဂိုမက္ဇ္ကို ဆက္လက္သုံးစြဲႏုိင္ၿပီး ဂ်ဳိယယ္လ္ မာတစ္ပ္လည္း အရန္ခုံမွာ ထိုင္ေနႏုိင္ၿပီမို႔ အသင္းရဲ႕ ေနာက္တန္းမွာ ဘယ္လိုမ်ဳိး အစီအစဥ္ကို ဂ်ာမန္ဗ်ဴဟာရွင္တစ္ေယာက္ ခ်မွတ္သြားမလဲဆုိတာထက္ ျမင္ေနက်မဟုတ္တဲ့ ၄၆ နဲ႔ ၄၇ ဆုိတဲ့ ဝီလီယမ္စ္နဲ႔ ဖိလစ္တုိ႔ရဲ႕ နံပါတ္ေတြကို ထည့္သြင္းစြန္႔စားသြားမလားဆုိတာကလည္း ရင္ခုန္စရာပါပဲ။

ဘယ္လိုပဲျဖစ္ျဖစ္ ဗန္ဒိုက္၊ ဖာဘင္ညဳိတုိ႔လို ကစားသမားႏွစ္ဦး မရွိခ်ိန္မွာ ယိုင္နဲ႔သြားရမွာျဖစ္တဲ့ ခံစစ္ကို သိပ္ထူးထူးျခားျခားမျဖစ္ေအာင္ အျမန္ဆုံးက်ားကန္ႏုိင္ခဲ့တဲ့ ကေလာ့ပ္ရဲ႕ Management နဲ႔ Idea ကိုေတာ့ ခ်ီးက်ဴးရမွာျဖစ္ၿပီး ဒါေၾကာင့္လည္း ဂ်ာမန္သားႀကီးကို အားလုံးက ခ်ီးက်ဴးၾကတာ လြန္အံ့မထင္ေၾကာင္းလည္း သုံးသပ္ေဖာ္ျပလုိက္ရပါတယ္။

REF: THIS IS ANFIELD
PHOTOS CREDIT TO OWNERS
SPORTS A2Z.