Premier League

၃.၁၁.၂၀၂၀ – နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

လက်ရှိအချိန်မှာ လီဗာပူးလ်နည်းပြ ကလော့ပ်အနေနဲ့ ဗန်ဒိုက်၊ မာတစ်ပ်၊ ဖာဘင်ညိုတို့ မပါဝင်တဲ့ခံစစ်ကြောင်း ဟင်းလင်းပြင်အနေအထားနဲ့ လာမယ့် မန်စီးတီးနဲ့ပွဲကို ရင်ဆိုင်ဖို့ စိုးရိမ်တုန်လှုပ်နေမှာဖြစ်ကြောင်း ဂယ်ရီ နဗီးလ်ထိုးဆွသွား။

မန်ချက်စတာယူနိုက်တက်အသင်းပရိသတ်တွေဟာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ အိုလေ ဂန်းနား ဆိုးလ်ရှားကို ဖြုတ်ချပြီး ရိန်းဂျားစ်အသင်းကို ပုံစံကောင်းနဲ့ ကိုင်တွယ်ပြနေတဲ့ လီဗာပူးလ် ဂန္ထဝင် စတီဗင် ဂျရတ်နဲ့ အစားထိုးစေလိုကြောင်း အံ့အားသင့်ဖွယ် သိရှိရ။

RB ဆဲလ်ဘတ်အသင်းရဲ့ အားကစားဒါရိုက်တာဟောင်း ဖရွန့်ဒ်က လူငယ်ကြယ်ပွင့်တိုက်စစ်မှူး ဟာလန်းဟာ ကစားသမားဘဝ နောက်တဆင့်တက်ဖို့ ဒေါ့မွန်အသင်းကနေ ပြောင်းရွှေ့ရင် လီဗာပူးလ်အသင်းကိုသာ ရွေးချယ်အခြေချမှာဖြစ်ကြောင်း Sky Sports ထံ ပြောသွားခဲ့။

လီဗာပူးလ်အသင်းကို အရေးနိမ့်ခဲရတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဒဏ်ရာကနေ သက်သာခါစဖြစ်တဲ့ ဟာရီကိန်းကို စွန့်စားအသုံးပြုခဲ့တာနဲ့ ပတ်သက်လို့ နောက်တကြိမ် အခွင့်အရေး ရခဲ့ရင်တောင် တူညီတဲ့ဆုံးဖြတ်ချက်ကိုပဲ ချသွားမှာပါလို့ စပါးနည်းပြဟောင်း ပိုချက်တီနိုပြောကြား။

ဂယ်ရီ နဗီးလ်ဟာ လက်ရှိ ပေါ့ဘာရဲ့ ဖိအားကို ဂျရတ်နဲ့ အခြေအနေနဲ့ နှိုင်းယှဉ်သုံးသပ်ခဲ့ပြီး လီဗာပူးလ် ဆုဖလားမရခဲ့တဲ့အချိန်တွေမှာ ဂျရတ် အပေါ်မှာ ပရိသတ်မျှော်လင့်မှုကြီးမားခဲ့သလိုမျိုး ပေါ့ဘာလည်း ဒီလို မြင့်မားတဲ့မျှော်လင့်ချက်နဲ့ ရင်ဆိုင်ကြုံနေရကြောင်းဆိုသွားခဲ့။

လီဗာပူးလ်တိုက်စစ်မှူးဟောင်း ပီတာခရော့ချ်က ရာသီကုန် ပရီးမီးယားလိဂ် ထိပ်သီး လေးသင်းအဖြစ် လီဗာပူးလ်၊ မန်စီးတီး တို့က ထိပ်ဆုံးမှာ အစဉ်လိုက် ရပ်တည်မှာဖြစ်ပြီး ခြေစွမ်းထက်နေတဲ့ ဝုဗ်အသင်းက အဆင့်လေးအတွင်းမှာ တနေရာရယူသွားနိုင်တယ်လို့ ခန့်မှန်းမှုပြုလုပ်။

ဝက်စ်ဟမ်းနဲ့ပွဲမှာ ပင်နယ်တီရဖို့ ဟန်ဆောင်လှဲချတယ်လို့ စွပ်စွဲခံရနေတဲ့ ပင်နယ်တီရယူသူ မိုဆာလားကို ပါးနပ်တဲ့တိုက်စစ်မှူးဖြစ်တယ်လို့ ပီတာခရော့ချ်က ချီးကျူးခဲ့ပြီး လီဗာပူးလ်နည်းပြ ကလော့ပ်ကလည်း ဒါဟာ ဖြစ်သင့်တဲ့ ပင်နယ်တီဖြစ်တယ်လို့ ဆာလားဘက်က ကာကွယ်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လက္ရွိအခ်ိန္မွာ လီဗာပူးလ္နည္းျပ ကေလာ့ပ္အေနနဲ႕ ဗန္ဒိုက္၊ မာတစ္ပ္၊ ဖာဘင္ညိဳတို႔ မပါဝင္တဲ့ခံစစ္ေၾကာင္း ဟင္းလင္းျပင္အေနအထားနဲ႕ လာမယ့္ မန္စီးတီးနဲ႕ပြဲကို ရင္ဆိုင္ဖို႔ စိုးရိမ္တုန္လႈပ္ေနမွာျဖစ္​ေၾကာင္း ဂယ္ရီ နဗီးလ္ထိုးဆြသြား။

မန္ခ်က္စတာယူနိုက္တက္အသင္းပရိသတ္ေတြဟာ အာဆင္နယ္ကို ရႈံးနိမ့္ခဲ့တဲ့ အိုေလ ဂန္းနား ဆိုးလ္ရွားကို ျဖဳတ္ခ်ၿပီး ရိန္းဂ်ားစ္အသင္းကို ပုံစံေကာင္းနဲ႕ ကိုင္တြယ္ျပေနတဲ့ လီဗာပူးလ္ ဂႏၳဝင္ စတီဗင္ ဂ်ရတ္နဲ႕ အစားထိုးေစလိုေၾကာင္း အံ့အားသင့္ဖြယ္ သိရွိရ။

RB ဆဲလ္ဘတ္အသင္းရဲ႕ အားကစားဒါရိုက္တာေဟာင္း ဖရြန္႔ဒ္က လူငယ္ၾကယ္ပြင့္တိုက္စစ္မႉး ဟာလန္းဟာ ကစားသမားဘဝ ေနာက္တဆင့္တက္ဖို႔ ေဒါ့မြန္အသင္းကေန ေျပာင္းေ႐ႊ႕ရင္ လီဗာပူးလ္အသင္းကိုသာ ေ႐ြးခ်ယ္အေျခခ်မွာျဖစ္ေၾကာင္း Sky Sports ထံ ​ေျပာသြားခဲ့။

လီဗာပူးလ္အသင္းကို အေရးနိမ့္ခဲရတဲ့ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ ဒဏ္ရာကေန သက္သာခါစျဖစ္တဲ့ ဟာရီကိန္းကို စြန့္စားအသုံးျပဳခဲ့တာနဲ႕ ပတ္သက္လို႔ ေနာက္တႀကိမ္ အခြင့္အေရး ရခဲ့ရင္ေတာင္ တူညီတဲ့ဆုံးျဖတ္ခ်က္ကိုပဲ ခ်သြားမွာပါလို႔ စပါးနည္းျပေဟာင္း ပိုခ်က္တီနိုေျပာၾကား။

ဂယ္ရီ နဗီးလ္ဟာ လက္ရွိ ေပါ့ဘာရဲ႕ ဖိအားကို ဂ်ရတ္နဲ႕ အေျခအေနနဲ႕ ႏွိုင္းယွဥ္သုံးသပ္ခဲ့ၿပီး လီဗာပူးလ္ ဆုဖလားမရခဲ့တဲ့အခ်ိန္ေတြမွာ ဂ်ရတ္ အေပၚမွာ ပရိသတ္ေမွ်ာ္လင့္မႈႀကီးမားခဲ့သလိုမ်ိဳး ေပါ့ဘာလည္း ဒီလို ျမင့္မားတဲ့ေမွ်ာ္လင့္ခ်က္နဲ႕ ရင္ဆိုင္ႀကဳံေနရေၾကာင္းဆိုသြားခဲ့။

လီဗာပူးလ္တိုက္စစ္မႉးေဟာင္း ပီတာခေရာ့ခ်္က ရာသီကုန္ ပရီးမီးယားလိဂ္ ထိပ္သီး ေလးသင္းအျဖစ္ လီဗာပူးလ္၊ မန္စီးတီး တို႔က ထိပ္ဆုံးမွာ အစဥ္လိုက္ ရပ္တည္မွာျဖစ္ၿပီး ေျခစြမ္းထက္ေနတဲ့ ဝုဗ္အသင္းက အဆင့္ေလးအတြင္းမွာ ​တေနရာရယူသြားနိုင္တယ္လို႔ ခန့္မွန္းမႈျပဳလုပ္။

ဝက္စ္ဟမ္းနဲ႕ပြဲမွာ ပင္နယ္တီရဖို႔ ဟန္ေဆာင္လွဲခ်တယ္လို႔ စြပ္စြဲခံရေနတဲ့ ပင္နယ္တီရယူသူ မိုဆာလားကို ပါးနပ္တဲ့တိုက္စစ္မႉးျဖစ္တယ္လို႔ ပီတာခေရာ့ခ်္က ခ်ီးက်ဴးခဲ့ၿပီး လီဗာပူးလ္နည္းျပ ကေလာ့ပ္ကလည္း ဒါဟာ ျဖစ္သင့္တဲ့ ပင္နယ္တီျဖစ္တယ္လို႔ ဆာလားဘက္က ကာကြယ္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.