Premier League

၃.၁၁.၂၀၂၀ – နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု


မိမိအသင်းအတွက် ပွဲထွက်ကစားဖို့ လိုအပ်လာပါက ရာနှုန်းပြည့်အဆင်သင့်ဖြစ်နေပြီး ကြံ့ခိုင်မှုအပြည့်နဲ့ ခွန်အားအပြည့် ရှိနေကာ အသင်းနဲ့ လေ့ကျင့်နေတာ ၂ လရှိပြီဖြစ်လို့ ပရီးမီးယားလိဂ်မှာ အချိန်မရွေး ပွဲထွက်ကစားနိုင်​ကြောင်း ဂိုးသမား ပီတာချက် ကြုံးဝါး။

FA လူငယ်ဖလား ယူ-၁၈ ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဥ်မှာ ချယ်လ်ဆီးအသင်းနဲ့ မန်စီးတီးအသင်းတို့ ယှဥ်ပြိုင်ကစားကြခဲ့ပြီး မန်ချက်စတာ စီးတီး အသင်းက သုံးဂိုး နှစ်ဂိုး နဲ့ အနိုင်ရရှိ ဗိုလ်စွဲသွားခဲ့။

ချယ်လ်ဆီးအသင်းရဲ့ ဗဟိုခံစစ်မှူး သီယာဂို ဆေးလ်ဗားရဲ့ ဦးဆောင်ကစားပုံဟာ တည်ငြိမ်လွန်းလို့ ရိုးရွိုက်စ်ကားတစီးကဲ့သို့ ရင်သပ်စရာကောင်းပြီး ကြည့်ရတာ အရသာရှိကြောင်း ပေါလ်မာဆန်ချီးကျူးခဲ့ပြီး Clean Sheets တွေ ရရှိခဲ့တာဟာ အသင်းကျောရိုး တောင့်လာခြင်းကို ပြသတယ်လို့ဆို။

ဂိုးသမား မန်ဒီဟာ ရုပ်ပိုင်းအရ အရပ်အမောင်း မြင့်မားပြီး ခန္ဓာကိုယ် ကြီးမားသလို ဘောလုံးကို နိုင်နင်းတဲ့အပြင် ပါးနပ်တဲ့သူဖြစ်လို့ အသင်းမှာအမြန်ဆုံး အံဝင်ပြီး လက်စွမ်းပြနေတာဖြစ်ကြောင်း ချယ်လ်ဆီးခံစစ်လူ ဇူးမားက ထောက်ခံခဲ့။

ဘန်လေနဲ့ပွဲမှာ ချယ်လ်ဆီးဟာ ထောင့်ကန်ဘောကတဆင့် အပိုင်အခွင့်အရေး ၂ ကြိမ်ရခဲ့ပြီး မနှစ်က မိမိတို့အားနည်းခဲ့တဲ့ တည်ကန်ဘောကနေတဆင့် သွင်းဂိုးခြိမ်းခြောက်မှုတွေ အားကောင်းလာခဲ့ပြီလို့ မေဆန် မောင့်က ပြောဆိုခဲ့။

မန်ဒီကို သုံးနှစ်အထိ အချိန်ယူစောင့်ကြည့်ခဲ့ခြင်းဖြစ်တယ်လို့ ပီတာချက်က ဝန်ခံသွားခဲဲ့ပြီး ကျန်ဂိုးသမားတွေထက် တပန်းသာခဲ့တဲ့သူ့ကို နည်းပြလမ်းပတ်ထံ တင်ပြကာ ခေါ်ယူခဲ့တာဖြစ်ပြီး လက်ရှိ Clean Sheet လေးပွဲဆက်တိုက် ရထားတဲ့ လက်စွမ်းဟာ သူ့ရဲ့ အကောင်းဆုံးလက်စွမ်းပင် မဟုတ်သေး​ကြောင်း ဖွင့်ဟခဲ့။

ဘန်လေနဲ့ပွဲမတိုင်မီ သွေးပူလေ့ကျင့်ခန်း အစီအစဥ်မှာ မတော်တဆ ဒဏ်ရာရသွားခဲ့တဲ့
ပူလီရှစ်ချ်ဟာ ဒဏ်ရာပြင်းထန်မှု မရှိပေမယ့် အသင်းရဲ့ပွဲစဥ်တွေကို ရက်သတ္တပတ်အနည်းငယ်အထိ ပါဝင်နိုင်ဦးမှာမဟုတ်ကြောင်း ချယ်လ်ဆီးနည်းပြ လမ်းပတ်က အတည်ပြုခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


မိမိအသင္းအတြက္ ပြဲထြက္ကစားဖို႔ လိုအပ္လာပါက ရာႏႈန္းျပည့္အဆင္သင့္ျဖစ္ေနၿပီး ႀကံ့ခိုင္မႈအျပည့္နဲ႕ ခြန္အားအျပည့္ ရွိေနကာ အသင္းနဲ႕ ေလ့က်င့္ေနတာ ၂ လရွိၿပီျဖစ္လို႔ ပရီးမီးယားလိဂ္မွာ အခ်ိန္မေ႐ြး ပြဲထြက္ကစားနိုင္​ေၾကာင္း ဂိုးသမား ပီတာခ်က္ ႀကဳံးဝါး။

FA လူငယ္ဖလား ယူ-၁၈ ၿပိဳင္ပြဲရဲ႕ ဗိုလ္လုပြဲစဥ္မွာ ခ်ယ္လ္ဆီးအသင္းနဲ႕ မန္စီးတီးအသင္းတို႔ ယွဥ္ၿပိဳင္ကစားၾကခဲ့ၿပီး မန္ခ်က္စတာ စီးတီး အသင္းက သုံးဂိုး ႏွစ္ဂိုး နဲ႕ အနိုင္ရရွိ ဗိုလ္စြဲသြားခဲ့။

ခ်ယ္လ္ဆီးအသင္းရဲ႕ ဗဟိုခံစစ္မႉး သီယာဂို ေဆးလ္ဗားရဲ႕ ဦးေဆာင္ကစားပုံဟာ တည္ၿငိမ္လြန္းလို႔ ရိုး႐ြိုက္စ္ကားတစီးကဲ့သို႔ ရင္သပ္စရာေကာင္းၿပီး ၾကည့္ရတာ အရသာရွိေၾကာင္း ေပါလ္မာဆန္ခ်ီးက်ဴးခဲ့ၿပီး Clean Sheets ေတြ ရရွိခဲ့တာဟာ အသင္းေက်ာရိုး ေတာင့္လာျခင္းကို ျပသတယ္လို႔ဆို။

ဂိုးသမား မန္ဒီဟာ ႐ုပ္ပိုင္းအရ အရပ္အေမာင္း ျမင့္မားၿပီး ခႏၶာကိုယ္ ႀကီးမားသလို ေဘာလုံးကို နိုင္နင္းတဲ့အျပင္ ပါးနပ္တဲ့သူျဖစ္လို႔ အသင္းမွာအျမန္ဆုံး အံဝင္ၿပီး လက္စြမ္းျပေနတာျဖစ္ေၾကာင္း ခ်ယ္လ္ဆီးခံစစ္လူ ဇူးမားက ေထာက္ခံခဲ့။

ဘန္ေလနဲ႕ပြဲမွာ ခ်ယ္လ္ဆီးဟာ ေထာင့္ကန္ေဘာကတဆင့္ အပိုင္အခြင့္အေရး ၂ ႀကိမ္ရခဲ့ၿပီး မႏွစ္က မိမိတို႔အားနည္းခဲ့တဲ့ တည္ကန္ေဘာကေနတဆင့္ သြင္းဂိုးၿခိမ္းေျခာက္မႈေတြ အားေကာင္းလာခဲ့ၿပီလို႔ ေမဆန္ ေမာင့္က ေျပာဆိုခဲ့။

မန္ဒီကို သုံးႏွစ္အထိ အခ်ိန္ယူေစာင့္ၾကည့္ခဲ့ျခင္းျဖစ္တယ္လို႔ ပီတာခ်က္က ဝန္ခံသြားခဲဲ့ၿပီး က်န္ဂိုးသမားေတြထက္ တပန္းသာခဲ့တဲ့သူ႕ကို နည္းျပလမ္းပတ္ထံ တင္ျပကာ ေခၚယူခဲ့တာျဖစ္ၿပီး လက္ရွိ Clean Sheet ေလးပြဲဆက္တိုက္ ရထားတဲ့ လက္စြမ္းဟာ သူ႕ရဲ႕ အေကာင္းဆုံးလက္စြမ္းပင္ မဟုတ္ေသး​ေၾကာင္း ဖြင့္ဟခဲ့။

ဘန္ေလနဲ႕ပြဲမတိုင္မီ ေသြးပူေလ့က်င့္ခန္း အစီအစဥ္မွာ မေတာ္တဆ ဒဏ္ရာရသြားခဲ့တဲ့
ပူလီရွစ္ခ်္ဟာ ဒဏ္ရာျပင္းထန္မႈ မရွိေပမယ့္ အသင္းရဲ႕ပြဲစဥ္ေတြကို ရက္သတၱပတ္အနည္းငယ္အထိ ပါဝင္နိုင္ဦးမွာမဟုတ္ေၾကာင္း ခ်ယ္လ္ဆီးနည္းျပ လမ္းပတ္က အတည္ျပဳခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.