Premier League

၃.၁၁.၂၀၂၀ – နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– စပါးစ်နည်းပြဟောင်း မော်ရီစီယို ပိုချက်တီနိုက သူ့အနေနဲ့ မန်ချက်စတာယူနိုက်တက်ကို ယူဆောင်လာနိုင်မယ့် အရာတွေကို အက်ဒ် ဝုဒ်ဝဒ်ဆီ ထုတ်ပြောလိုက်ပြီး ပထမဆုံးအနေနဲ့ ဆိုးလ်ရှားကို ထုတ်ပယ်ခဲ့ရမယ်ဆိုရင်တော့ သူတို့တွေအတွက် နာကျင်စရာ အပြောင်းအလဲဖြစ်လိမ့်မယ်လို့ဆို။

– ယူနိုက်တက်ရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ အဲလက်စ် တဲလက်စ်ကို တွေ့မြင်လိုက်ရတယ်ဆိုတာကြောင့် ပြန်ကစားနိုင်တော့မလား ထင်မြင်သူတွေ ရှိခဲ့ကြပေမယ့် ဒါဟာ ကိုဗစ်အတွက် ထပ်မံဆေးစစ်မှု ခံယူခဲ့တာသာဖြစ်နေ။

– မန်ချက်စတာယူနိုက်တက်ရဲ့ လက်ထောက်နည်းပြဟောင်း ရိုင်ယန်ဂစ်အနေနဲ့ တနင်္ဂနွေနေ့ညက ဖမ်းဆီးခံခဲ့ရပြီး သူ့ရဲ့ အတူနေချစ်သူ ကိတ် ဂရဲဗီးလ်ကို ဒဏ်ရာ ၃၀ ကျော်ပေါ်အောင် ရိုက်နှက်ခဲ့တယ်လို့ သံသယရှိတာကြောင့် ရဲအဖွဲ့က ထိန်းသိမ်းခဲ့တာလို့ သိရ။

– နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ ဦးစားပေးနောက်ခံလူနှစ်ဦးဖြစ်တဲ့ လင်ဒီလော့ဖ်နဲ့ မက်ဂွိုင်းယားတို့ထက် အသင်းရဲ့ နိုင်ပွဲတွေမှာ ခြေစွမ်းပြခဲ့တဲ့ လူငယ်နောက်ခံလူ အိတ်ဇယ်လ် တွမ်ဇီဘီကိုပဲ ပြန်လည်သုံးစွဲသင့်ကြောင်း အီယန်ရိုက် အကြံပေး။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အာဆင်နယ်နဲ့ အိမ်ကွင်းအရှုံးကို ချက်ချင်း ပုံစံကောင်းနဲ့ တုံ့ပြန်နိုင်လိမ့်မယ်လို့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်က ဆိုလိုက်ပြီး တစ်သင်းလုံးအတူ နိုင်ပွဲဖော်ဆောင်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ပြောကြား။

– မက်ဂွိုင်းယားရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေမှုက ထိုက်တန်ရဲ့လားလို့ ရီယို ဖာဒီနန် မေးခွန်းထုတ်လိုက်ပြီး ယူနိုက်တက်အသင်းအနေနဲ့ ပြတ်ပြတ်သားသား အော်ဟစ်ကြိမ်းမောင်းရမယ့်နေရာမျိုးမှာ နှစ်သိမ့်ချော့မော့နေလို့ မရဘူးလို့ ဝေဖန်သွားခဲ့။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ကာဗာနီနဲ့ ဗန်ဒဘိခ်တို့ကို ဘယ်လိုသုံးစွဲရမယ်ဆိုတဲ့ အစီအစဉ်မရှိဘဲ ခေါ်ယူခဲ့တာလို့ ပီတာ ခရောက်ချ်က ဝေဖန်လိုက်ပြီး ပရိသတ်တွေကတော့ အာဆင်နယ်ဆီ ဂါဘရီယယ်လ် မာဂါလိုင်စ်ကို လက်လွှတ်ခဲ့ရတာအတွက် အသင်း အမှုဆောင် ဒုဥက္ကဌ အက်ဒ် ဝုဒ်ဝဒ်ကို ငြိုငြင်နေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– စပါးစ္နည္းျပေဟာင္း ေမာ္ရီစီယို ပုိခ်က္တီႏုိက သူ႕အေနနဲ႔ မန္ခ်က္စတာယူႏုိက္တက္ကို ယူေဆာင္လာႏုိင္မယ့္ အရာေတြကို အက္ဒ္ ဝုဒ္ဝဒ္ဆီ ထုတ္ေျပာလိုက္ၿပီး ပထမဆုံးအေနနဲ႔ ဆုိးလ္ရွားကို ထုတ္ပယ္ခဲ့ရမယ္ဆုိရင္ေတာ့ သူတုိ႔ေတြအတြက္ နာက်င္စရာ အေျပာင္းအလဲျဖစ္လိမ့္မယ္လို႔ဆုိ။

– ယူႏုိက္တက္ရဲ႕ ကာရင္တန္ေလ့က်င့္ေရးကြင္းမွာ အဲလက္စ္ တဲလက္စ္ကို ေတြ႕ျမင္လုိက္ရတယ္ဆုိတာေၾကာင့္ ျပန္ကစားႏုိင္ေတာ့မလား ထင္ျမင္သူေတြ ရွိခဲ့ၾကေပမယ့္ ဒါဟာ ကိုဗစ္အတြက္ ထပ္မံေဆးစစ္မွဳ ခံယူခဲ့တာသာျဖစ္ေန။

– မန္ခ်က္စတာယူႏုိက္တက္ရဲ႕ လက္ေထာက္နည္းျပေဟာင္း ႐ိုင္ယန္ဂစ္အေနနဲ႔ တနဂၤေႏြေန႔ညက ဖမ္းဆီးခံခဲ့ရၿပီး သူ႕ရဲ႕ အတူေနခ်စ္သူ ကိတ္ ဂရဲဗီးလ္ကို ဒဏ္ရာ ၃၀ ေက်ာ္ေပၚေအာင္ ႐ိုက္ႏွက္ခဲ့တယ္လို႔ သံသယရွိတာေၾကာင့္ ရဲအဖြဲ႕က ထိန္းသိမ္းခဲ့တာလုိ႔ သိရ။

– နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားအေနနဲ႔ ဦးစားေပးေနာက္ခံလူႏွစ္ဦးျဖစ္တဲ့ လင္ဒီေလာ့ဖ္နဲ႔ မက္ဂြဳိင္းယားတုိ႔ထက္ အသင္းရဲ႕ ႏုိင္ပြဲေတြမွာ ေျခစြမ္းျပခဲ့တဲ့ လူငယ္ေနာက္ခံလူ အိတ္ဇယ္လ္ တြမ္ဇီဘီကိုပဲ ျပန္လည္သုံးစြဲသင့္ေၾကာင္း အီယန္႐ိုက္ အႀကံေပး။

– မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ အာဆင္နယ္နဲ႔ အိမ္ကြင္းအရွဳံးကို ခ်က္ခ်င္း ပုံစံေကာင္းနဲ႔ တုံ႔ျပန္ႏုိင္လိမ့္မယ္လို႔ တုိက္စစ္မွဴး မားကပ္စ္ ရက္ရွ္ဖို႔ဒ္က ဆုိလုိက္ၿပီး တစ္သင္းလုံးအတူ ႏုိင္ပြဲေဖာ္ေဆာင္ဖို႔ အဆင္သင့္ျဖစ္ေနတယ္လုိ႔ ေျပာၾကား။

– မက္ဂြဳိင္းယားရဲ႕ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူေနမွဳက ထိုက္တန္ရဲ႕လားလို႔ ရီယို ဖာဒီနန္ ေမးခြန္းထုတ္လုိက္ၿပီး ယူႏုိက္တက္အသင္းအေနနဲ႔ ျပတ္ျပတ္သားသား ေအာ္ဟစ္ႀကိမ္းေမာင္းရမယ့္ေနရာမ်ဳိးမွာ ႏွစ္သိမ့္ေခ်ာ့ေမာ့ေနလို႔ မရဘူးလို႔ ေဝဖန္သြားခဲ့။

– မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ကာဗာနီနဲ႔ ဗန္ဒဘိခ္တုိ႔ကို ဘယ္လိုသုံးစြဲရမယ္ဆုိတဲ့ အစီအစဥ္မရွိဘဲ ေခၚယူခဲ့တာလို႔ ပီတာ ခေရာက္ခ်္က ေဝဖန္လိုက္ၿပီး ပရိသတ္ေတြကေတာ့ အာဆင္နယ္ဆီ ဂါဘရီယယ္လ္ မာဂါလုိင္စ္ကို လက္လႊတ္ခဲ့ရတာအတြက္ အသင္း အမွဳေဆာင္ ဒုဥကၠဌ အက္ဒ္ ဝုဒ္ဝဒ္ကို ၿငဳိျငင္ေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.