Premier League

ယူနိုက်တက် ၀-၁ အာဆင်နယ် ပွဲအပြီး ပြောစရာ/ ထုတ်နုတ်စရာ အချက် ၆ ချက်

၁။ အိုလေရဲ့ စိန်ပွင့်ကွင်းလယ်
အိုလေရဲ့ စိန်ပွင့်ကွင်းလယ်ဟာ ပွဲတိုင်း အလုပ်မဖြစ်နိုင်တာကို မြင်တွေ့ခဲ့ကြမှာပါ။ ပွဲ​ကြိုမှာ အိုလေက ရွေးချယ်စရာ Formation လေးခုစာလောက် ရှိနေတယ်လို့ ပြောခဲ့ပြီး နောက်တန်း သုံးယောက်ခံစစ်၊ ရှေ့တန်း သုံးယောက်တိုက်စစ်နဲ့ တွဲဖက်ဖွယ်ရှိခဲ့ပေမယ့် တကယ်တမ်းမှာတော့ စိန်ပွင့်ကွင်းလယ် ကိုပဲ ပွဲထွက်အသုံးပြုခဲ့ပြီး အလုပ်မဖြစ်ချိန်မှာ ၄-၂-၃-၁ ကစားကွက်ကို ပြန်လည်ပြောင်းလဲခဲ့ရပါတယ်။

၂။ အူဘာမီယန်း ရဲ့ နေရာ
အာတီတာက အူဘာမီယန်းကို တိုက်စစ်ဘယ်ခြမ်းနေရာ မှာသာ အများဆုံးအသုံးပြုခဲ့ပြီး တိုက်စစ် မျှားဦးနေရာမှာ ပွဲမထွက်စေခဲ့တာ ကြာပါပြီ။ ပြီးခဲ့တဲ့ရာသီမှာတော့ အာတီတာရဲ့နေရာချပုံက အလုပ်ဖြစ်ခဲ့ပါတယ်။ အူဘာမီယန်းရဲ့သွင်းဂိုးတွေနဲ့ အက်ဖ်အေဖလားကို ဆောင်ယူနိုင်ခဲ့တယ်။ ဒီပွဲမှာတော့ ရာသီအစထဲက ဒီနေရာမှာ အံမဝင်တော့တဲ့ အူဘာမီယန်းကိုသာ မြင်တွေ့ခဲ့ပြီး သပ်ရပ်တဲ့ ပင်နယ်တီသွင်းဂိုးကလွဲလို့ ပွဲချိန်အများစုမှာ ခြေစွမ်းပျောက်နေခဲ့ပါတယ်။

၃။ မာတစ်ချ်မရှိတဲ့ ကွက်လပ်
အသက်အရွယ်အရ ကစားသမားဘဝ အကျပိုင်းကိုရောက်လာတဲ့ မာတစ်ချ်ဟာ ယူနိုက်တက်အတွက် ပွဲတိုင်း ဝင်ကစားပေးဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ အာဆင်နယ်ရဲ့ Pressing ကို ဖိအားဒဏ်မခံနိုင်ခဲ့တဲ့ ဖရက်ဒ်နဲ့ တော်မီနေးတို့ကြောင့် ယူနိုက်တက်ရဲ့ကွင်းလယ်မှာ မာတစ်ချ်ရဲ့ကွက်လပ်ဟာ လယ်ပြင်ဆင်သွားသလို ထင်းထင်းကြီး ပေါ်နေခဲ့တာပါ။ ကွင်းလယ်ထိန်းကျောင်းမှုမှာ ဆိုးလ်ရှားရဲ့ လူရွေးချယ်မှု ဆုံးဖြတ်ချက်ကိုသာ ဆက်လက် စောင့်ကြည့်ရုံပါ။

။ ဂုဏ်ယူပါတယ် ပါတေး
ဂုဏ်ယူပါတယ် ပါတေးရေ။ ပရီးမီးယားလိဂ်ကနေ ​ကြိုဆိုပါတယ်။ တဖက်က မာတစ်ချ်နေရာ လိုအပ်ချက်ရှိနေတဲ့ ယူနိုက်တက်ရဲ့အဖြစ်နဲ့ ဆန့်ကျင်စွာပဲ သောမတ် ပါတေး ကွင်းလယ်ခံစစ်ရော တိုက်စစ်ဖန်တီးမှုအတွက်ပါ အာဆင်နယ်ရဲ့ ဝင်ရိုးကို ကွင်းလယ်ဗဟိုကနေ ထိန်းချုပ်ကိုင်တွယ်သွားခဲ့တာ တည်ငြိမ်သပ်ရပ်လွန်းလို့ လာခြင်းကောင်းတဲ့ ပါတေးလို့သာ ဆိုရမှာပါ။

၅။ ပေါ့ဂ်ဘာရဲ့ ပေါ့ပြက်တဲ့အမှား
ပေါ့ဂ်ဘဟာ ဒီလို ပေါ့ပြက်ပြက်အမှားတွေကို ကျူးလွန်နေခဲ့တာ ဘယ်နှကြိမ်မှန်းတောင် မသိရလောက်အောင် ယူနိုက်တက်ပရိသတ်တွေ စိတ်ပျက်နေကြတာပါ။ အိမ်ကွင်းမှာ ကိုယ့်အသင်း​ကို အထိနာသွားစေတဲ့ လျှပ်တပြတ်ရူးသွပ်မှုအမှားကို ပြုလုပ်ခဲ့တာဖြစ်ပြီး ယူနိုက်တက်က ရမှတ် ၃ မှတ် ပေးဆပ်ခဲ့ရပါတယ်။

၆။ ဆုံးဖြတ်ချက်မှန်ကန်တဲ့ အာတီတာ
နည်းဗျူဟာပိုင်းအရ အသင်းကြီးတွေနဲ့ ပွဲကြီးရင်ဆိုင်ရတဲ့အခါ ခံစစ်ကိုကျစ်လျစ်အောင် အထိုင်ချပြီး ဒီကနေမှ တိုက်စစ်ကို တုံ့ပြန်ကစားတတ်တဲ့ အာတီတာရဲ့ ရွေးချယ်မှုက ဒီတခေါက်မှာလည်း မှန်ကန်တဲ့ဆုံးဖြတ်ချက် ဖြစ်ခဲ့ပြန်ပါတယ်။ အာဆင်နယ်အသင်းရဲ့အင်အားနဲ့ အကိုက်ညီဆုံး ပုံစံကို လိုက်လျောညီထွေ ဖန်တီးပေးထားတဲ့ နည်းပြဟာ ဘောလုံးပိုင်ဆိုင်မှု အပေါ်စီးက ကစားရမယ့် ပွဲစဥ်တွေကိုတော့ ဆက်လက်ရင်ဆိုင်ရဦးမှာပါ။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၁။ အိုေလရဲ႕ စိန္ပြင့္ကြင္းလယ္
အိုေလရဲ႕ စိန္ပြင့္ကြင္းလယ္ဟာ ပြဲတိုင္း အလုပ္မျဖစ္နိုင္တာကို ျမင္ေတြ႕ခဲ့ၾကမွာပါ။ ပြဲ​ႀကိဳမွာ အိုေလက ေ႐ြးခ်ယ္စရာ Formation ေလးခုစာေလာက္ ရွိေနတယ္လို႔ ေျပာခဲ့ၿပီး ေနာက္တန္း သုံးေယာက္ခံစစ္၊ ေရွ႕တန္း သုံးေယာက္တိုက္စစ္နဲ႕ တြဲဖက္ဖြယ္ရွိခဲ့ေပမယ့္ တကယ္တမ္းမွာေတာ့ စိန္ပြင့္ကြင္းလယ္ ကိုပဲ ပြဲထြက္အသုံးျပဳခဲ့ၿပီး အလုပ္မျဖစ္ခ်ိန္မွာ ၄-၂-၃-၁ ကစားကြက္ကို ျပန္လည္ေျပာင္းလဲခဲ့ရပါတယ္။

၂။ အူဘာမီယန္း ရဲ႕ ေနရာ
အာတီတာက အူဘာမီယန္းကို တိုက္စစ္ဘယ္ျခမ္းေနရာ မွာသာ အမ်ားဆုံးအသုံးျပဳခဲ့ၿပီး တိုက္စစ္ မွ်ားဦးေနရာမွာ ပြဲမထြက္ေစခဲ့တာ ၾကာပါၿပီ။ ၿပီးခဲ့တဲ့ရာသီမွာေတာ့ အာတီတာရဲ႕ေနရာခ်ပဳံက အလုပ္ျဖစ္ခဲ့ပါတယ္။ အူဘာမီယန္းရဲ႕သြင္းဂိုးေတြနဲ႕ အက္ဖ္ေအဖလားကို ေဆာင္ယူနိုင္ခဲ့တယ္။ ဒီပြဲမွာေတာ့ ရာသီအစထဲက ဒီေနရာမွာ အံမဝင္ေတာ့တဲ့ အူဘာမီယန္းကိုသာ ျမင္ေတြ႕ခဲ့ၿပီး သပ္ရပ္တဲ့ ပင္နယ္တီသြင္းဂိုးကလြဲလို႔ ပြဲခ်ိန္အမ်ားစုမွာ ေျခစြမ္းေပ်ာက္ေနခဲ့ပါတယ္။

၃။ မာတစ္ခ်္မရွိတဲ့ ကြက္လပ္
အသက္အ႐ြယ္အရ ကစားသမားဘဝ အက်ပိဳင္းကိုေရာက္လာတဲ့ မာတစ္ခ်္ဟာ ယူနိုက္တက္အတြက္ ပြဲတိုင္း ဝင္ကစားေပးဖို႔ဆိုတာ မျဖစ္နိုင္ေတာ့ပါဘူး။ အာဆင္နယ္ရဲ႕ Pressing ကို ဖိအားဒဏ္မခံနိုင္ခဲ့တဲ့ ဖရက္ဒ္နဲ႕ ေတာ္မီေနးတို႔ေၾကာင့္ ယူနိုက္တက္ရဲ႕ကြင္းလယ္မွာ မာတစ္ခ်္ရဲ႕ကြက္လပ္ဟာ လယ္ျပင္ဆင္သြားသလို ထင္းထင္းႀကီး ေပၚေနခဲ့တာပါ။ ကြင္းလယ္ထိန္းေက်ာင္းမႈမွာ ဆိုးလ္ရွားရဲ႕ လူေ႐ြးခ်ယ္မႈ ဆုံးျဖတ္ခ်က္ကိုသာ ဆက္လက္ ေစာင့္ၾကည့္႐ုံပါ။

။ ဂုဏ္ယူပါတယ္ ပါေတး
ဂုဏ္ယူပါတယ္ ပါေတးေရ။ ပရီးမီးယားလိဂ္ကေန ​ႀကိဳဆိုပါတယ္။ တဖက္က မာတစ္ခ်္ေနရာ လိုအပ္ခ်က္ရွိေနတဲ့ ယူနိုက္တက္ရဲ႕အျဖစ္နဲ႕ ဆန့္က်င္စြာပဲ ေသာမတ္ ပါေတး ကြင္းလယ္ခံစစ္ေရာ တိုက္စစ္ဖန္တီးမႈအတြက္ပါ အာဆင္နယ္ရဲ႕ ဝင္ရိုးကို ကြင္းလယ္ဗဟိုကေန ထိန္းခ်ဳပ္ကိုင္တြယ္သြားခဲ့တာ တည္ၿငိမ္သပ္ရပ္လြန္းလို႔ လာျခင္းေကာင္းတဲ့ ပါေတးလို႔သာ ဆိုရမွာပါ။

၅။ ေပါ့ဂ္ဘာရဲ႕ ေပါ့ျပက္တဲ့အမွား
ေပါ့ဂ္ဘဟာ ဒီလို ေပါ့ျပက္ျပက္အမွားေတြကို က်ဴးလြန္ေနခဲ့တာ ဘယ္ႏွႀကိမ္မွန္းေတာင္ မသိရေလာက္ေအာင္ ယူနိုက္တက္ပရိသတ္ေတြ စိတ္ပ်က္ေနၾကတာပါ။ အိမ္ကြင္းမွာ ကိုယ့္အသင္း​ကို အထိနာသြားေစတဲ့ လွ်ပ္တျပတ္႐ူးသြပ္မႈအမွားကို ျပဳလုပ္ခဲ့တာျဖစ္ၿပီး ယူနိုက္တက္က ရမွတ္ ၃ မွတ္ ေပးဆပ္ခဲ့ရပါတယ္။

၆။ ဆုံးျဖတ္ခ်က္မွန္ကန္တဲ့ အာတီတာ
နည္းဗ်ဴဟာပိုင္းအရ အသင္းႀကီးေတြနဲ႕ ပြဲႀကီးရင္ဆိုင္ရတဲ့အခါ ခံစစ္ကိုက်စ္လ်စ္ေအာင္ အထိုင္ခ်ၿပီး ဒီကေနမွ တိုက္စစ္ကို တုံ႕ျပန္ကစားတတ္တဲ့ အာတီတာရဲ႕ ေ႐ြးခ်ယ္မႈက ဒီတေခါက္မွာလည္း မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ ျဖစ္ခဲ့ျပန္ပါတယ္။ အာဆင္နယ္အသင္းရဲ႕အင္အားနဲ႕ အကိုက္ညီဆုံး ပုံစံကို လိုက္ေလ်ာညီေထြ ဖန္တီးေပးထားတဲ့ နည္းျပဟာ ေဘာလုံးပိုင္ဆိုင္မႈ အေပၚစီးက ကစားရမယ့္ ပြဲစဥ္ေတြကိုေတာ့ ဆက္လက္ရင္ဆိုင္ရဦးမွာပါ။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.