Premier League

တာထွက် ပွဲ ၁၀၀ အတွင်း ဆာအဲလက်စ်ထက် ပိုကောင်းတဲ့ နည်းပြအဖြစ် မှတ်တမ်းရေးထိုးနိုင်တော့မယ့် ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ နော်ဝေသား အိုလေ ဂန်းနား ဆိုးလ်ရှားဟာ လာမယ့် အာဆင်နယ်အသင်းနဲ့ပွဲမှာ ယူနိုက်တက်နည်းပြဘဝ ပွဲ ၁၀၀ ပြည့်မြောက်တော့မှာဖြစ်တယ်လို့ သိရပြီး ပွဲ ၁၀၀ အတွင်း အသင်းရဲ့ တတိယမြောက် နိုင်ပွဲရာခိုင်နှုန်း အများဆုံးနည်းပြ ဖြစ်လာကြောင်း အချက်အလက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ RB လိုက်ပ်ဇစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဥ်ဟာ အိုလေအတွက် ယူနိုက်တက်နည်းပြဘဝ ၉၉ ပွဲ​မြောက် ကိုင်တွယ်ခဲ့ရတဲ့ ပွဲစဥ်ဖြစ်ခဲ့ပြီး ခြေစွမ်းပိုင်းထူးခြားကောင်းမွန်စွာနဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့ ဟက်ထရစ်သွင်းဂိုးနဲ့အတူ ဂိုးပြတ်အနိုင်ရခဲ့ပြီး နည်းပြ ဆာအဲလက်စ် ဖာဂူဆန်လက်ထက်က ယူနိုက်တက်ပုံစံကို ပြန်လည်မြင်တွေ့ခဲ့ရလို့ ယူနိုက်တက်ပရိသတ်တွေအတွက် မျှော်လင့်ချက် မြင့်တက်စရာစေတဲ့ စွမ်းဆောင်မှုကို တွေ့မြင်ခဲ့ရတာပါ။

လာမယ့် အာဆင်နယ်အသင်းနဲ့ပွဲကိုတော့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ယှဥ်ပြိုင်ရမှာဖြစ်လို့ အိုလေရဲ့ ပွဲ ၁၀၀ ပြည့်မှတ်တမ်းကို ဘယ်လိုရလဒ်မျိုးနဲ့ မှတ်တမ်းရေးထိုးသွားမလဲဆိုတာက ပရိသတ်တွေအတွက် စိတ်ဝင်စားဖွယ်ရာအတိဖြစ်စေလို့ အထူးစောင့်ကြည့်သွားရမယ့် ပွဲစဥ်တခုဖြစ်လာပါတယ်။

အသက် ၄၇ နှစ်အရွယ် နည်းပြဟာ နည်းပြဟောင်း မော်ရင်ညိုရဲ့နေရာကို ယာယီနည်းပြအဖြစ်နဲ့ အစားထိုးပြီး ယူနိုက်တက်ကို ကိုင်တွယ်လာခဲ့တာဖြစ်သလို တာထွက်မှာ ပုံစံကောင်းပြသနိုင်ခဲ့လို့ တရားဝင်နည်းပြအဖြစ် စာချုပ်ချုပ်ဆိုခြင်းခံခဲ့ရသူပါ။

အသင်းရဲ့ ဂန္ထဝင်နည်းပြဟောင်း ဖာဂူဆန်ရဲ့ တပည့်ရင်းလည်း ဖြစ်နေပြီး ကစားသမားဘဝမှာ အသင်းရဲ့သမိုင်းကို အဓိက ရေးထိုးခဲ့တဲ့ လူစာရင်းထဲမှာ ပါဝင်နေခဲ့သလို ယူနိုက်တက်နည်းပြဘဝမှာတော့
၉၉ ပွဲကိုင်တွယ်ပြီး ၅၅ ပွဲနိုင်၊ ၂၁ ပွဲသရေ၊ ၂၃ ပွဲရှုံး ရလဒ်မှတ်တမ်းတို့နဲ့အတူ နိုင်ပွဲရာခိုင်နှုန်း ၅၆ ရာခိုင်နှုန်းရရှိထားတာပါ။
ဆာအဲလက်စ် ဖာဂူဆန် အနေနဲ့ကတော့ တာထွက်
ပွဲ ၁၀၀ ကိုင်တွယ်ရာမှာ ၄၅ ပွဲနိုင် ၃၁ ပွဲ သရေ ၊ ၂၁ ပွဲ ရှုံး ရလဒ်ရှိခဲ့ပြီး နိုင်ပွဲ နိုင်ပွဲရာခိုင်နှုန်း ၄၈ သာ ရှိခဲ့ပါတယ်။
ပွဲ ၁၀၀ ပြည့်မှတ်တမ်းချင်း ယှဥ်ထိုးကြည့်ရင် နည်းပြဟောင်းတွေဖြစ်တဲ့ အားနက်စ် မန့်ဂ်နားလ်နဲ့ မော်ရင်ညိုတို့ရဲ့နောက် ယူနိုက်တက်ရဲ့ တာထွက် ပွဲ ၁၀၀ အတွင်း တတိယမြောက် နိုင်ပွဲရာခိုင်နှုန်း အများဆုံး နည်းပြ ဖြစ်လာခဲ့ကြောင်း သိရပါတယ်။

အားနက်စ် မန့်ဂ်နားလ် – တာထွက် ပွဲ ၁၀၀ ကိုင်တွယ်ရာမှာ ၆၄ ပွဲနိုင် ၊ ၂၃ ပွဲ သရေ ၊ ၁၆ ပွဲ ရှုံး ရလဒ်ရှိခဲ့ပြီး နိုင်ပွဲ ရာခိုင်နှုန်း ၆၄
မော်ရင်ညို တာထွက် – ပွဲ ၁၀၀ ကိုင်တွယ်ရာမှာ ၆၂ ပွဲနိုင် ၊ ၂၃ ပွဲ သရေ ၊ ၁၅ ပွဲ ရှုံး ရလဒ်ရှိခဲ့ပြီး နိုင်ပွဲ ရာခိုင်နှုန်း ၆၂

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူနိုက္တက္အသင္းရဲ႕ နည္းျပျဖစ္သူ ေနာ္ေဝသား အိုေလ ဂန္းနား ဆိုးလ္ရွားဟာ လာမယ့္ အာဆင္နယ္အသင္းနဲ႕ပြဲမွာ ယူနိုက္တက္နည္းျပဘဝ ပြဲ ၁၀၀ ျပည့္ေျမာက္ေတာ့မွာျဖစ္တယ္လို႔ သိရၿပီး ပြဲ ၁၀၀ အတြင္း အသင္းရဲ႕ တတိယေျမာက္ နိုင္ပြဲရာခိုင္ႏႈန္း အမ်ားဆုံးနည္းျပ ျဖစ္လာေၾကာင္း အခ်က္အလက္ေတြအရ သိရပါတယ္။

ၿပီးခဲ့တဲ့ RB လိုက္ပ္ဇစ္အသင္းနဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္ဟာ အိုေလအတြက္ ယူနိုက္တက္နည္းျပဘဝ ၉၉ ပြဲ​ေျမာက္ ကိုင္တြယ္ခဲ့ရတဲ့ ပြဲစဥ္ျဖစ္ခဲ့ၿပီး ေျခစြမ္းပိုင္းထူးျခားေကာင္းမြန္စြာနဲ႕ တိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္ရဲ႕ ဟက္ထရစ္သြင္းဂိုးနဲ႕အတူ ဂိုးျပတ္အနိုင္ရခဲ့ၿပီး နည္းျပ ဆာအဲလက္စ္ ဖာဂူဆန္လက္ထက္က ယူနိုက္တက္ပုံစံကို ျပန္လည္ျမင္ေတြ႕ခဲ့ရလို႔ ယူနိုက္တက္ပရိသတ္ေတြအတြက္ ေမွ်ာ္လင့္ခ်က္ ျမင့္တက္စရာေစတဲ့ စြမ္းေဆာင္မႈကို ေတြ႕ျမင္ခဲ့ရတာပါ။

လာမယ့္ အာဆင္နယ္အသင္းနဲ႕ပြဲကိုေတာ့ အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ ယွဥ္ၿပိဳင္ရမွာျဖစ္လို႔ အိုေလရဲ႕ ပြဲ ၁၀၀ ျပည့္မွတ္တမ္းကို ဘယ္လိုရလဒ္မ်ိဳးနဲ႕ မွတ္တမ္းေရးထိုးသြားမလဲဆိုတာက ပရိသတ္ေတြအတြက္ စိတ္ဝင္စားဖြယ္ရာအတိျဖစ္ေစလို႔ အထူးေစာင့္ၾကည့္သြားရမယ့္ ပြဲစဥ္တခုျဖစ္လာပါတယ္။

အသက္ ၄၇ ႏွစ္အ႐ြယ္ နည္းျပဟာ နည္းျပေဟာင္း ေမာ္ရင္ညိုရဲ႕ေနရာကို ယာယီနည္းျပအျဖစ္နဲ႕ အစားထိုးၿပီး ယူနိုက္တက္ကို ကိုင္တြယ္လာခဲ့တာျဖစ္သလို တာထြက္မွာ ပုံစံေကာင္းျပသနိုင္ခဲ့လို႔ တရားဝင္နည္းျပအျဖစ္ စာခ်ဳပ္ခ်ဳပ္ဆိုျခင္းခံခဲ့ရသူပါ။

အသင္းရဲ႕ ဂႏၴဝင္နည္းျပေဟာင္း ဖာဂူဆန္ရဲ႕ တပည့္ရင္းလည္း ျဖစ္ေနၿပီး ကစားသမားဘဝမွာ အသင္းရဲ႕သမိုင္းကို အဓိက ေရးထိုးခဲ့တဲ့ လူစာရင္းထဲမွာ ပါဝင္ေနခဲ့သလို ယူႏိုက္တက္နည္းျပဘဝမွာေတာ့
၉၉ ပြဲကိုင္တြယ္ၿပီး ၅၅ ပြဲႏိုင္၊ ၂၁ ပြဲသေရ၊ ၂၃ ပြဲရႈံး ရလဒ္မွတ္တမ္းတို႔နဲ႔အတူ ႏိုင္ပြဲရာခိုင္ႏႈန္း ၅၆ ရာခိုင္ႏႈန္းရရွိထားတာပါ။
ဆာအဲလက္စ္ ဖာဂူဆန္ အေနနဲ႔ကေတာ့ တာထြက္
ပြဲ ၁၀၀ ကိုင္တြယ္ရာမွာ ၄၅ ပြဲႏိုင္ ၃၁ ပြဲ သေရ ၊ ၂၁ ပြဲ ရႈံး ရလဒ္ရွိခဲ့ၿပီး ႏိုင္ပြဲ ႏိုင္ပြဲရာခိုင္ႏႈန္း ၄၈ သာ ရွိခဲ့ပါတယ္။
ပြဲ ၁၀၀ ျပည့္မွတ္တမ္းခ်င္း ယွဥ္ထိုးၾကည့္ရင္ နည္းျပေဟာင္းေတြျဖစ္တဲ့ အားနက္စ္ မန္႔ဂ္နားလ္နဲ႔ ေမာ္ရင္ညိဳတို႔ရဲ႕ေနာက္ ယူႏိုက္တက္ရဲ႕ တာထြက္ ပြဲ ၁၀၀ အတြင္း တတိယေျမာက္ ႏိုင္ပြဲရာခိုင္ႏႈန္း အမ်ားဆုံး နည္းျပ ျဖစ္လာခဲ့ေၾကာင္း သိရပါတယ္။

အားနက္စ္ မန႔္ဂ္နားလ္ – တာထြက္ ပြဲ ၁၀၀ ကိုင္တြယ္ရာမွာ ၆၄ ပြဲႏိုင္ ၊ ၂၃ ပြဲ သေရ ၊ ၁၆ ပြဲ ရႈံး ရလဒ္ရွိခဲ့ၿပီး ႏိုင္ပြဲ ရာခိုင္ႏႈန္း ၆၄
ေမာ္ရင္ညိဳ တာထြက္ – ပြဲ ၁၀၀ ကိုင္တြယ္ရာမွာ ၆၂ ပြဲႏိုင္ ၊ ၂၃ ပြဲ သေရ ၊ ၁၅ ပြဲ ရႈံး ရလဒ္ရွိခဲ့ၿပီး ႏိုင္ပြဲ ရာခိုင္ႏႈန္း ၆၂

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.