Match Report Premier League

တစ္လုံးတည္းေသာဂိုးနဲ႔ပဲ သုံးမွတ္အျပည့္ ရယူႏိုင္ခဲ့တဲ့ မန္ခ်က္စတာစီးတီး

ဒီေန႔ပြဲမွာ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ပြဲေတြမွာ အေထာင္တုိက္စစ္ေနရာက ေျခစြမ္းျပႏုိင္ခဲ့တဲ့ ဖယ္ရန္ ေတာရက္စ္ကို တုိက္စစ္မွဴးအျဖစ္ ပြဲထြက္ေစၿပီး ဖိုဒန္ကို အရန္ခုံမွာ ျပန္ထားခဲ့သလို ဒီဘ႐ိုင္းနား၊ စတာလင္၊ ဘာနာဒို၊ မာရက္ဇ္တို႔နဲ႔ လူစုံထုတ္လာခဲ့ပါတယ္။

ရွက္ဖီးလ္ဒ္ရဲ႕ ပိတ္ကစားတတ္တဲ့ ခံစစ္ Pattern ကို ေလာ့ခ္ျဖည္ဖို႔ ကန္ဆယ္လိုကို ဘယ္ျခမ္းမွာ သုံးခဲ့ၿပီး သူ႕ရဲ႕ Passing အင္အားကို ေမွ်ာ္ခဲ့သလို ေတာင္ပံေတြရဲ႕ အလွဳပ္ပိုင္းနဲ႔ ကစားရာမွာ စတာလင္က ပုိအလုပ္ျဖစ္ခဲ့ၿပီး ကန္သြင္းခြင့္ေတြကို ဂိုးသမား ရမ္းစ္ေဒးလ္ ကာကြယ္ေနခဲ့လို႔သာ စီးတီးတုိ႔ ဂိုးမရခဲ့တာပါ။

ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ တန္ျပန္တုိက္စစ္ကေန စတာလင္က တစ္ဖက္ေနာက္တန္းကို ေက်ာ္ေျပးၿပီး ကြင္းလယ္ဆီ ျပန္ထည့္ေပးတာကို ဒီဘ႐ိုင္းနားက ေနာက္က တက္လာတဲ့ ေဝၚလ္ကာကို ေပးရာမွာ ေျခစြမ္းျပေနခဲ့တဲ့ ရွက္ဖီးလ္ဒ္ၿမဳိ႕သား အဂၤလန္ခံစစ္မွဴးက ေျမရွပ္ေဘာ အျပင္းကန္သြင္းခဲ့ၿပီး ေနာက္တန္းေတြနဲ႔ ကြယ္ေနခဲ့ရာမွာေတာ့ ဂိုးသမား မကာကြယ္ႏုိင္ခဲ့ဘဲ ဂိုးေပးခဲ့ရပါတယ္။

ကြင္းလယ္ကစားသမားေတြနဲ႔ ခံစစ္သမားရဲ႕ ခ်ိတ္ဆက္မွဳက ဒီေန႔ပြဲမွာ ေတာ္ေတာ္ေလးေကာင္းခဲ့ၿပီး ရွက္ဖီးလ္ဒ္ရဲ႕ တုိးအားကို ေကာင္းေကာင္းလက္ခံႏုိင္ခဲ့သလို ပါးနပ္တဲ့ စတာလင္၊ ဘာနာဒိုတုိ႔ရဲ႕ ကစားပုံကလည္း အိမ္ရွင္ေတြကို အရွိန္တန္႔ေစခဲ့လို ပထမပုိင္းကို မန္စီးတီးတုိ႔က တစ္ဂိုး-ဂိုးမရွိနဲ႔ စိုးမိုးဦးေဆာင္ႏိုင္ခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း ေဘာလုံးပုိင္ဆုိင္မွဳ အမ်ားစုကို စီတီဇင္ေတြကပဲ ဆက္လက္ထိန္းသိမ္းသြားၿပီး ေတာရက္စ္၊ မာရက္ဇ္နဲ႔ ဒီဘ႐ိုင္းနားတုိ႔ရဲ႕ ဂိုးေပါက္ၿခိမ္းေျခာက္မွဳေတြကိုလည္း ဂိုးသမား ရမ္းစ္ေဒးလ္က ကာကြယ္ႏုိင္ခဲ့သလို ရွက္ဖီးလ္ဒ္ေနာက္တန္းကလည္း အမွားနည္းခဲ့တာေၾကာင့္ ဂိုးထပ္ရဖုိ႔ေတာ့ ခက္ခဲ့ပါတယ္။

ခံစစ္ေတြကို ျဖဲထုတ္ၿပီး ေနရာလြတ္ေတြ ရွာေဖြေပးႏိုင္မယ့္ တိုက္စစ္မွဴးစစ္စစ္ မပါဝင္တာက ဒီေန႔ပြဲရဲ႕ ျပႆနာတစ္ရပ္လည္းျဖစ္ၿပီး ေနာက္ပုိင္းမွာေတာ့ ဖိုဒန္နဲ႔ ဂြန္ဒိုးဝမ္တုိ႔ကို ထည့္သြင္းခဲ့ၿပီး ကြင္းလယ္စုဖြဲ႕မွဳကို အသားေပးသြားခဲ့တဲ့ ပုံစံနဲ႔ ထိန္းကစားၿပီး ပထမပုိင္းက ရလဒ္အတုိင္းပဲ ပြဲၿပီးဆုံးခဲ့ပါတယ္။

ဒီပြဲကို အႏိုင္ရရွိခဲ့တဲ့ မန္ခ်က္စတာစီးတီးအေနနဲ႔ အမွတ္ေပးဇယားရပ္တည္မွဳမွာ တစ္ပြဲေလွ်ာ့ကစားထားၿပီး ရမွတ္ ၁၁ မွတ္နဲ႔ အဆင့္ ၇ ေနရာကို တက္ေရာက္လာႏုိင္ခဲ့သလို က်စ္လ်စ္ၿပီး လူစုံလာမွဳနဲ႔အတူ စိတ္ခ်ရႏုိင္တဲ့ ခံစစ္နဲ႔ လာမယ့္ပြဲေတြမွာ အေဂြ႐ုိနဲ႔ ေဂ်ဆူးစ္တုိ႔သာ ပါဝင္လာခဲ့ရင္ ဂိုးျပတ္ႏုိင္ပြဲေတြကိုလည္း ေမွ်ာ္လင့္ႏိုင္ဖို႔ ရွိေနေၾကာင္း သုံးသပ္ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဒီနေ့ပွဲမှာ မန်ချက်စတာစီးတီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ ပွဲတွေမှာ အထောင်တိုက်စစ်နေရာက ခြေစွမ်းပြနိုင်ခဲ့တဲ့ ဖယ်ရန် တောရက်စ်ကို တိုက်စစ်မှူးအဖြစ် ပွဲထွက်စေပြီး ဖိုဒန်ကို အရန်ခုံမှာ ပြန်ထားခဲ့သလို ဒီဘရိုင်းနား၊ စတာလင်၊ ဘာနာဒို၊ မာရက်ဇ်တို့နဲ့ လူစုံထုတ်လာခဲ့ပါတယ်။

ရှက်ဖီးလ်ဒ်ရဲ့ ပိတ်ကစားတတ်တဲ့ ခံစစ် Pattern ကို လော့ခ်ဖြည်ဖို့ ကန်ဆယ်လိုကို ဘယ်ခြမ်းမှာ သုံးခဲ့ပြီး သူ့ရဲ့ Passing အင်အားကို မျှော်ခဲ့သလို တောင်ပံတွေရဲ့ အလှုပ်ပိုင်းနဲ့ ကစားရာမှာ စတာလင်က ပိုအလုပ်ဖြစ်ခဲ့ပြီး ကန်သွင်းခွင့်တွေကို ဂိုးသမား ရမ်းစ်ဒေးလ် ကာကွယ်နေခဲ့လို့သာ စီးတီးတို့ ဂိုးမရခဲ့တာပါ။

ပွဲချိန် ၂၈ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ စတာလင်က တစ်ဖက်နောက်တန်းကို ကျော်ပြေးပြီး ကွင်းလယ်ဆီ ပြန်ထည့်ပေးတာကို ဒီဘရိုင်းနားက နောက်က တက်လာတဲ့ ဝေါ်လ်ကာကို ပေးရာမှာ ခြေစွမ်းပြနေခဲ့တဲ့ ရှက်ဖီးလ်ဒ်မြို့သား အင်္ဂလန်ခံစစ်မှူးက မြေရှပ်ဘော အပြင်းကန်သွင်းခဲ့ပြီး နောက်တန်းတွေနဲ့ ကွယ်နေခဲ့ရာမှာတော့ ဂိုးသမား မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရပါတယ်။

ကွင်းလယ်ကစားသမားတွေနဲ့ ခံစစ်သမားရဲ့ ချိတ်ဆက်မှုက ဒီနေ့ပွဲမှာ တော်တော်လေးကောင်းခဲ့ပြီး ရှက်ဖီးလ်ဒ်ရဲ့ တိုးအားကို ကောင်းကောင်းလက်ခံနိုင်ခဲ့သလို ပါးနပ်တဲ့ စတာလင်၊ ဘာနာဒိုတို့ရဲ့ ကစားပုံကလည်း အိမ်ရှင်တွေကို အရှိန်တန့်စေခဲ့လို ပထမပိုင်းကို မန်စီးတီးတို့က တစ်ဂိုး-ဂိုးမရှိနဲ့ စိုးမိုးဦးဆောင်နိုင်ခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း ဘောလုံးပိုင်ဆိုင်မှု အများစုကို စီတီဇင်တွေကပဲ ဆက်လက်ထိန်းသိမ်းသွားပြီး တောရက်စ်၊ မာရက်ဇ်နဲ့ ဒီဘရိုင်းနားတို့ရဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေကိုလည်း ဂိုးသမား ရမ်းစ်ဒေးလ်က ကာကွယ်နိုင်ခဲ့သလို ရှက်ဖီးလ်ဒ်နောက်တန်းကလည်း အမှားနည်းခဲ့တာကြောင့် ဂိုးထပ်ရဖို့တော့ ခက်ခဲ့ပါတယ်။

ခံစစ်တွေကို ဖြဲထုတ်ပြီး နေရာလွတ်တွေ ရှာဖွေပေးနိုင်မယ့် တိုက်စစ်မှူးစစ်စစ် မပါဝင်တာက ဒီနေ့ပွဲရဲ့ ပြဿနာတစ်ရပ်လည်းဖြစ်ပြီး နောက်ပိုင်းမှာတော့ ဖိုဒန်နဲ့ ဂွန်ဒိုးဝမ်တို့ကို ထည့်သွင်းခဲ့ပြီး ကွင်းလယ်စုဖွဲ့မှုကို အသားပေးသွားခဲ့တဲ့ ပုံစံနဲ့ ထိန်းကစားပြီး ပထမပိုင်းက ရလဒ်အတိုင်းပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့တဲ့ မန်ချက်စတာစီးတီးအနေနဲ့ အမှတ်ပေးဇယားရပ်တည်မှုမှာ တစ်ပွဲလျှော့ကစားထားပြီး ရမှတ် ၁၁ မှတ်နဲ့ အဆင့် ၇ နေရာကို တက်ရောက်လာနိုင်ခဲ့သလို ကျစ်လျစ်ပြီး လူစုံလာမှုနဲ့အတူ စိတ်ချရနိုင်တဲ့ ခံစစ်နဲ့ လာမယ့်ပွဲတွေမှာ အဂွေရိုနဲ့ ဂျေဆူးစ်တို့သာ ပါဝင်လာခဲ့ရင် ဂိုးပြတ်နိုင်ပွဲတွေကိုလည်း မျှော်လင့်နိုင်ဖို့ ရှိနေကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.