Premier League

၃၁.၁၀.၂၀၂၀ – နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု


ဗာဂျီးလ် ဗန်ဒိုက်ရဲ့ ဒူးဒဏ်ရာကို အခက်အခဲမရှိ ခွဲစိတ်အောင်မြင်ခဲ့ပြီး အသင်းဆေးအဖွဲ့ရဲ့ ကူညီနဲ့အတူ သူ့ရဲ့ ပြန်လည်ကြံ့ခိုင်ရေးအစီအစဥ်အတွက် အာရုံစိုက် လုပ်ဆောင်သွားတော့မှာဖြစ်ကြောင်း လီဗာပူးလ်အသင်းက တရားဝင်ထုတ်ပြန်ခဲ့။

လီဗာပူး နည်းပြကလော့ပ်က လာမယ့် ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ လူငယ် ဗဟိုနောက်ခံလူ ရီးစ်ဝီလီယမ်စ် ပွဲထွက်ပါဝင်ကစားဖွယ်ရှိနေတယ်လို့ အရိပ်အမြွက် အသိပေးခဲ့ပြီး ၁၉ နှစ်သားဟာ မစ်ဂျီလန်းနဲ့ပွဲမှာ ဖာဘင်ညိုနေရာ ဝင်ရောက်ကစားကာ ခြေစွမ်းပြသခဲ့ပြီးနောက် လူငယ်ကြယ်ပွင့်တဦးအဖြစ် ထွန်းတောက်လာမယ့်သူလို့ မှတ်ချက်ပေးခံထားရ။

ဂိုးသမား အယ်လစ်ဆန် ဘက်ကာဟာ ဗန်ဒိုက်ကို အဆင်အခြင်မဲ့ဖျက်ထုတ်ခဲ့တဲ့ အဲဗာတန်ဂိုးသမား ပစ်ခ်ဖို့ဒ်ရဲ့ လုပ်ရပ်ကို ထိုးနှက်သွားခဲ့ပြီး ဂိုးသမားတိုင်းမှာ မတူညီတဲ့ ကာကွယ်ပုံတွေ ရှိပေမယ့် ဒီဖျက်ထုတ်မှုမျိုးဟာ မလိုအပ်ဘဲ ပြုလုပ်ခဲ့တာသာဖြစ်တယ်လို့ဆို။

လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ သီယာဂို အယ်လ်ကန်တာရာ နဲ့ ကီတာတို့ဟာ ဒဏ်ရာသက်သာမှုရှိနေပေမယ့် ကြံ့ခိုင်မှု မပြည့်ဝသေးလို့ လာမယ့် ဝက်စ်ဟမ်းနဲ့ပွဲမှာ ပါဝင်ကစားနိုင်ဦးမှာ မဟုတ်ကြောင်း နည်းပြ ကလော့ပ်အတည်ပြု။

လီဗာပူးလ်နည်းပြ ယာဂင် ကလော့ပ်က ဗန်ဒိုက်ရဲ့ ခွဲစိတ်မှုအောင်မြင်ခဲ့လို့ ပျော်ရွှင်နေကြောင်း ပြောကြားခဲ့ပြီး ပြန်လည်ကြံ့ခိုင် ကောင်းမွန်လာဖို့ လုပ်ဆောင်နေတဲ့ နယ်သာလန်သားကို မြက်ခင်းစိမ်းပေါ်မှာ ဘယ်အချိန် ပြန်လည်မြင်တွေ့ရမလဲ ဆိုတာကိုတော့ အတိအကျ မသိရှိရ။

နည်းပြ ကလော့ပ်က ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်ဇယား နဲ့ ပွဲချိန်တွေရဲ့ အဆီအငေါ်မတည့်မှုအပေါ် ဝေဖန်ပြောကြားခဲ့ပြီး အဂါနေ့ညပွဲစဉ်တွေ ကစားထားတဲ့အသင်းတစ်သင်းအနေနဲ့ စနေနေ့၊ နေ့လည် ၁၂ နာရီခွဲပွဲစဉ်တွေ ကစားရတာဟာ အဆင်မပြေဘူးလို့ ညည်းတွားခဲ့ပြီး ပိုကောင်းတဲ့ အစီအစဥ်ကို ချမှတ်သင့်ကြောင်း ပြောကြား။

လီဗာပူးလ်အသင်းဟာ နည်းပြ ကလော့ပ်ကို လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ အစီအစဥ်မှာ ဗဟိုနောက်ခံလူတဦး ခေါ်ယူဖို့ ခွင့်ပြုချက်ပေးလိုက်ပြီဖြစ်သလို အဆိုပါ ပစ်မှတ်ကစားသမားစာရင်းမှာ ကူလီဘာလီ၊ ယူပါမီကာနို၊ အိုဇန် ကာဘက်တို့လို နောက်ခံလူတွေ ပါဝင်နေတဲ့ ပစ်မှတ်ကစားသမား ၅ ဦးရှိနေကြောင်း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


ဗာဂ်ီးလ္ ဗန္ဒိုက္ရဲ႕ ဒူးဒဏ္ရာကို အခက္အခဲမရွိ ခြဲစိတ္ေအာင္ျမင္ခဲ့ၿပီး အသင္းေဆးအဖြဲ႕ရဲ႕ ကူညီနဲ႕အတူ သူ႕ရဲ႕ ျပန္လည္ႀကံ့ခိုင္ေရးအစီအစဥ္အတြက္ အာ႐ုံစိုက္ လုပ္ေဆာင္သြားေတာ့မွာျဖစ္ေၾကာင္း လီဗာပူးလ္အသင္းက တရားဝင္ထုတ္ျပန္ခဲ့။

လီဗာပူး နည္းျပကေလာ့ပ္က လာမယ့္ ဝက္စ္ဟမ္းအသင္းနဲ႕ပြဲစဥ္မွာ လူငယ္ ဗဟိုေနာက္ခံလူ ရီးစ္ဝီလီယမ္စ္ ပြဲထြက္ပါဝင္ကစားဖြယ္ရွိေနတယ္လို႔ အရိပ္အႁမြက္ အသိေပးခဲ့ၿပီး ၁၉ ႏွစ္သားဟာ မစ္ဂ်ီလန္းနဲ႕ပြဲမွာ ဖာဘင္ညိုေနရာ ဝင္ေရာက္ကစားကာ ေျခစြမ္းျပသခဲ့ၿပီးေနာက္ လူငယ္ၾကယ္ပြင့္တဦးအျဖစ္ ထြန္းေတာက္လာမယ့္သူလို႔ မွတ္ခ်က္ေပးခံထားရ။

ဂိုးသမား အယ္လစ္ဆန္ ဘက္ကာဟာ ဗန္ဒိုက္ကို အဆင္အျခင္မဲ့ဖ်က္ထုတ္ခဲ့တဲ့ အဲဗာတန္ဂိုးသမား ပစ္ခ္ဖို႔ဒ္ရဲ႕ လုပ္ရပ္ကို ထိုးႏွက္သြားခဲ့ၿပီး ဂိုးသမားတိုင္းမွာ မတူညီတဲ့ ကာကြယ္ပုံေတြ ရွိေပမယ့္ ဒီဖ်က္ထုတ္မႈမ်ိဳးဟာ မလိုအပ္ဘဲ ျပဳလုပ္ခဲ့တာသာျဖစ္တယ္လို႔ဆို။

လီဗာပူးလ္အသင္းရဲ႕ အဓိက ကစားသမားေတြျဖစ္တဲ့ သီယာဂို အယ္လ္ကန္တာရာ နဲ႕ ကီတာတို႔ဟာ ဒဏ္ရာသက္သာမႈရွိေနေပမယ့္ ႀကံ့ခိုင္မႈ မျပည့္ဝေသးလို႔ လာမယ့္ ဝက္စ္ဟမ္းနဲ႕ပြဲမွာ ပါဝင္ကစားနိုင္ဦးမွာ မဟုတ္ေၾကာင္း နည္းျပ ကေလာ့ပ္အတည္ျပဳ။

လီဗာပူးလ္နည္းျပ ယာဂင္ ကေလာ့ပ္က ဗန္ဒိုက္ရဲ႕ ခြဲစိတ္မႈေအာင္ျမင္ခဲ့လို႔ ေပ်ာ္႐ႊင္ေနေၾကာင္း ေျပာၾကားခဲ့ၿပီး ျပန္လည္ႀကံ့ခိုင္ ေကာင္းမြန္လာဖို႔ လုပ္ေဆာင္ေနတဲ့ နယ္သာလန္သားကို ျမက္ခင္းစိမ္းေပၚမွာ ဘယ္အခ်ိန္ ျပန္လည္ျမင္ေတြ႕ရမလဲ ဆိုတာကိုေတာ့ အတိအက် မသိရွိရ။

နည္းျပ ကေလာ့ပ္က ပရီးမီးယားလိဂ္ရဲ႕ ပြဲစဥ္ဇယား နဲ႕ ပြဲခ်ိန္ေတြရဲ႕ အဆီအေငၚမတည့္မႈအေပၚ ေဝဖန္ေျပာၾကားခဲ့ၿပီး အဂါေန႕ညပြဲစဥ္ေတြ ကစားထားတဲ့အသင္းတစ္သင္းအေနနဲ႕ စေနေန႕၊ ေန႕လည္ ၁၂ နာရီခြဲပြဲစဥ္ေတြ ကစားရတာဟာ အဆင္မေျပဘူးလို႔ ညည္းတြားခဲ့ၿပီး ပိုေကာင္းတဲ့ အစီအစဥ္ကို ခ်မွတ္သင့္ေၾကာင္း ေျပာၾကား။

လီဗာပူးလ္အသင္းဟာ နည္းျပ ကေလာ့ပ္ကို လာမယ့္ ေဆာင္းရာသီ အေျပာင္းအေ႐ႊ႕ အစီအစဥ္မွာ ဗဟိုေနာက္ခံလူတဦး ေခၚယူဖို႔ ခြင့္ျပဳခ်က္ေပးလိုက္ၿပီျဖစ္သလို အဆိုပါ ပစ္မွတ္ကစားသမားစာရင္းမွာ ကူလီဘာလီ၊ ယူပါမီကာနို၊ အိုဇန္ ကာဘက္တို႔လို ေနာက္ခံလူေတြ ပါဝင္ေနတဲ့ ပစ္မွတ္ကစားသမား ၅ ဦးရွိေနေၾကာင္း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.