Premier League Transfer News

၃၁.၁၀.၂၀၂၀ – ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ

– လက္စတာစီးတီးကို အိမ္ကြင္းမွာ ရွဳံးနိမ့္အၿပီးမွာ အေဝးကြင္းကို သြားေရာက္ၿပီး မန္ခ်က္စတာယူႏုိက္တက္ကို အႏုိင္ရရွိခဲ့ရင္ အေကာင္းဆုံးတုံ႔ျပန္မွဳျဖစ္လာမွာေၾကာင့္ အုိးလ္ထရက္ဖို႔ဒ္မွာ သုံးမွတ္ရရွိဖို႔ လုပ္ေဆာင္သြားမယ္လို႔ အာဆင္နယ္နည္းျပ အာတီတာဆုိ။

– နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ အာဆင္နယ္အသင္းရဲ႕ မွတ္တမ္းဆုိးတစ္ခုျဖစ္တဲ့ အုိးလ္ထရက္ဖို႔ဒ္မွာ အႏုိင္မရခဲ့တာ ၁၄ ႏွစ္ၾကာေနၿပီျဖစ္တဲ့ ရလဒ္ေတြကို ခ်ဳိးဖ်က္ရမွာျဖစ္ၿပီး အူဘာမီယန္းရဲ႕ အင္အားနဲ႔ အႏုိင္ရႏိုင္မယ္လို႔ ယုံၾကည္ေန။

– ဂိုးေပါက္ ေပ်ာက္ဆုံးေနခဲ့ေပမယ့္ မိမိတုိ႔အသင္းဟာ အေတြ႕အႀကဳံရင့္ ကစားသမားေကာင္းေတြ ေပါမ်ားတဲ့ အသင္းျဖစ္တာမုိ႔ စိုးရိမ္မွဳ မရွိေၾကာင္းနဲ႔ ဂိုးေတြ ျပန္လည္သြင္းယူႏုိင္ဖို႔ နည္းနည္းေလးမွ စိတ္ဓာတ္က်တာမ်ဳိး မရွိေၾကာင္း အူဘာမီယန္းေျပာၾကား။

– ဟာသာဘာလင္ကို ေျပာင္းေရႊ႕ခဲ့တာဟာ အသင္းေဖာ္ မီဆြတ္ အုိေဇးလ္နဲ႔ ဂိုးသမား ဘန္းဒ္ လီႏိုတို႔ရဲ႕ အႀကံေပးမွဳျဖစ္တယ္လုိ႔ ဘြန္ဒက္စ္လီဂါကလပ္နဲ႔အတူ လက္ရွိအခ်ိန္အထိ ပြဲထြက္ဖို႔ ေစာင့္ဆုိင္းေနရတဲ့ ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီ ထုတ္ေဖာ္သြား။

– သူ႕အေနနဲ႔ အုိေဇးလ္ကို တတ္ႏုိင္သမွ် အခြင့္အေရးေတြ ေပးၿပီး ကူညီၿပီးျဖစ္ေၾကာင္းနဲ႔ မွ်မွ်တတျဖစ္ေအာင္ စိတ္ရွည္မွဳထားခဲ့ၿပီး ေစာင့္ၾကည့္ခဲ့ေၾကာင္း၊ ေနာက္ဆုံးမွာေတာ့ ဒီအသင္းနဲ႔ ကစားသမားေတြအတြက္ အေကာင္းဆုံး ဆုံးျဖတ္ခ်က္ကို တာဝန္အရ ခ်မွတ္လိုက္တာျဖစ္ေၾကာင္း ခ်န္လွပ္ထားမွဳအတြက္ အာတီတာ ရွင္းလင္း။

– ဒီရာသီမွာ ေအာဝါလို ေဈးႏွဳန္းႀကီးျမင့္ၿပီး ေအးဂ်င့္ခ မ်ားျပားမယ့္ ကစားသမားကို ထပ္မံေခၚယူဖို႔က လက္ေတြ႕မက်တဲ့ ရည္မွန္းခ်က္ ျဖစ္ေနတာေၾကာင့္ ဇန္နဝါရီမွာ ကစားသမားအင္အား ျဖည့္တင္းမွဳဟာ ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္ရဲ႕ ဆုိေဘာ့ဆ္လုိင္းပဲျဖစ္လာဖြယ္ရွိ။

– အာဆင္နယ္နဲ႔ပြဲမွာ မားကပ္စ္ ရက္ရွ္ဖို႔ဒ္အေနနဲ႔ ပြဲမထြက္ဘဲ အရန္ခုံက ထလာၿပီး ပြဲအေျဖကို ေျပာင္းလဲတာမ်ဳိးက ပုိေကာင္းေၾကာင္းနဲ႔ အဂၤလန္သားဟာ ဒီလိုဘက္မွာ ပုိထူးခၽြန္ေၾကာင္း ဂန္းနားေဟာင္းႀကီး ေပါလ္မာဆန္က သုံးသပ္သြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လက်စတာစီးတီးကို အိမ်ကွင်းမှာ ရှုံးနိမ့်အပြီးမှာ အဝေးကွင်းကို သွားရောက်ပြီး မန်ချက်စတာယူနိုက်တက်ကို အနိုင်ရရှိခဲ့ရင် အကောင်းဆုံးတုံ့ပြန်မှုဖြစ်လာမှာကြောင့် အိုးလ်ထရက်ဖို့ဒ်မှာ သုံးမှတ်ရရှိဖို့ လုပ်ဆောင်သွားမယ်လို့ အာဆင်နယ်နည်းပြ အာတီတာဆို။

– နည်းပြ မီခယ်လ် အာတီတာအနေနဲ့ အာဆင်နယ်အသင်းရဲ့ မှတ်တမ်းဆိုးတစ်ခုဖြစ်တဲ့ အိုးလ်ထရက်ဖို့ဒ်မှာ အနိုင်မရခဲ့တာ ၁၄ နှစ်ကြာနေပြီဖြစ်တဲ့ ရလဒ်တွေကို ချိုးဖျက်ရမှာဖြစ်ပြီး အူဘာမီယန်းရဲ့ အင်အားနဲ့ အနိုင်ရနိုင်မယ်လို့ ယုံကြည်နေ။

– ဂိုးပေါက် ပျောက်ဆုံးနေခဲ့ပေမယ့် မိမိတို့အသင်းဟာ အတွေ့အကြုံရင့် ကစားသမားကောင်းတွေ ပေါများတဲ့ အသင်းဖြစ်တာမို့ စိုးရိမ်မှု မရှိကြောင်းနဲ့ ဂိုးတွေ ပြန်လည်သွင်းယူနိုင်ဖို့ နည်းနည်းလေးမှ စိတ်ဓာတ်ကျတာမျိုး မရှိကြောင်း အူဘာမီယန်းပြောကြား။

– ဟာသာဘာလင်ကို ပြောင်းရွှေ့ခဲ့တာဟာ အသင်းဖော် မီဆွတ် အိုဇေးလ်နဲ့ ဂိုးသမား ဘန်းဒ် လီနိုတို့ရဲ့ အကြံပေးမှုဖြစ်တယ်လို့ ဘွန်ဒက်စ်လီဂါကလပ်နဲ့အတူ လက်ရှိအချိန်အထိ ပွဲထွက်ဖို့ စောင့်ဆိုင်းနေရတဲ့ ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီ ထုတ်ဖော်သွား။

– သူ့အနေနဲ့ အိုဇေးလ်ကို တတ်နိုင်သမျှ အခွင့်အရေးတွေ ပေးပြီး ကူညီပြီးဖြစ်ကြောင်းနဲ့ မျှမျှတတဖြစ်အောင် စိတ်ရှည်မှုထားခဲ့ပြီး စောင့်ကြည့်ခဲ့ကြောင်း၊ နောက်ဆုံးမှာတော့ ဒီအသင်းနဲ့ ကစားသမားတွေအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ကို တာဝန်အရ ချမှတ်လိုက်တာဖြစ်ကြောင်း ချန်လှပ်ထားမှုအတွက် အာတီတာ ရှင်းလင်း။

– ဒီရာသီမှာ အောဝါလို ဈေးနှုန်းကြီးမြင့်ပြီး အေးဂျင့်ခ များပြားမယ့် ကစားသမားကို ထပ်မံခေါ်ယူဖို့က လက်တွေ့မကျတဲ့ ရည်မှန်းချက် ဖြစ်နေတာကြောင့် ဇန်နဝါရီမှာ ကစားသမားအင်အား ဖြည့်တင်းမှုဟာ ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်ရဲ့ ဆိုဘော့ဆ်လိုင်းပဲဖြစ်လာဖွယ်ရှိ။

– အာဆင်နယ်နဲ့ပွဲမှာ မားကပ်စ် ရက်ရှ်ဖို့ဒ်အနေနဲ့ ပွဲမထွက်ဘဲ အရန်ခုံက ထလာပြီး ပွဲအဖြေကို ပြောင်းလဲတာမျိုးက ပိုကောင်းကြောင်းနဲ့ အင်္ဂလန်သားဟာ ဒီလိုဘက်မှာ ပိုထူးချွန်ကြောင်း ဂန်းနားဟောင်းကြီး ပေါလ်မာဆန်က သုံးသပ်သွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.