Premier League Transfer News

၃၁.၁၀.၂၀၂၀ – ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ

– RB လိုက္ပ္ဇစ္နဲ႔ပြဲက ရက္ရွ္ဖို႔ဒ္ရဲ႕ ဒုတိယဂိုးကို သြင္းယူအၿပီးမွာ အသင္းကို အရွိန္မေလ်ာ့ဘဲ ကစားဖို႔ သတိေပးေနခဲ့တဲ့ ကြင္းလယ္လူ စေကာ့ မက္ေတာ္မီေနးရဲ႕ ဗီဒီယိုဖိုင္ကို ေတြ႕ျမင္ခဲ့ရအၿပီးမွာ ပရိသတ္ေတြက ဒါဟာ အနာဂတ္ရဲ႕ အသင္းေခါင္းေဆာင္အျဖစ္ ထုိက္တန္တဲ့ အျပဳအမူလို႔ ခ်ီးက်ဴး။

– အသင္းကို ဆုဖလားေတြ ျပန္လည္သိမ္းပုိက္ႏုိင္မယ့္ အင္အားမ်ဳိး ရရွိေအာင္ ျပန္လည္တည္ေဆာက္ေနတဲ့ မန္ခ်က္စတာယူႏုိက္တက္ တာဝန္ရွိသူေတြအေနနဲ႔ ဒြန္နီ ဗန္ဒဘိခ္ကို ေခၚယူထားအၿပီးမွာ ေအစီမီလန္ရဲ႕ ဟာကန္ ခ်ယ္လ္ဟာႏိုးလူးကိုလည္း လာမယ့္ရာသီမွာ အလြတ္ေျပာင္းနဲ႔ ေခၚယူႏုိင္ဖို႔ အရွိန္ျမႇင့္ႀကဳိးစားေန။

– အာဆင္နယ္နဲ႔ပြဲမွာ အသင္းကို အႏုိင္ရေစႏုိင္မယ့္ ကစားကြက္ကို ပရိသတ္ေတြၾကား ဆႏၵေတာင္းခံခဲ့ရာမွာေတာ့ ပီအက္စ္ဂ်ီနဲ႔ပြဲက ၃-၅-၂ ထက္ RB လိုက္ပ္ဇစ္ကို အိမ္ကြင္းမွာ ဂိုးျပတ္သြင္းခဲ့တဲ့ ၄-၄-၂ ဒိုင္းမြန္းကစားကြက္ကိုပဲ အသုံးျပဳေစလိုသူမ်ားျပား။

– လာမယ့္ အာဆင္နယ္နဲ႔ပြဲဟာ နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားရဲ႕ အသင္းကို ကိုင္တြယ္တာ ပြဲတစ္ရာ ျပည့္ေျမာက္မယ့္ပြဲလည္းျဖစ္ၿပီး လက္ရွိ ၉၉ ပြဲမွာ ၅၅ ပြဲႏုိင္၊ ၂၁ ပြဲသေရ၊ ၂၃ ပြဲရွဳံးထားခဲ့တဲ့ ေနာ္ေဝသားအေနနဲ႔ ႏိုင္ပြဲနဲ႔အတူ အမွတ္တရျဖစ္ေစဖုိ႔ ေမွ်ာ္လင့္ေနၾက။

– အဂၤလန္အသင္းကေန ႏွစ္ႏွစ္ေက်ာ္၊ ၂၆ လ ေဝးကြာေနခဲ့တဲ့ ယူႏုိက္တက္ေနာက္ခံလူ လုခ္ ေရွာကို လာမယ့္ ႏွစ္ပတ္အတြင္း ကစားရမယ့္ အိုင္ယာလန္၊ ဘယ္လ္ဂ်ီယမ္၊ အုိက္စ္လန္တို႔နဲ႔ ပြဲစဥ္ေတြအတြက္ ျပန္လည္ေရြးခ်ယ္ခဲ့ၿပီး နည္းျပ ဆုိးလ္ရွားရဲ႕ ၃ ေယာက္တန္း ကစားကြက္က ေဆာက္သ္ဂိတ္ကို စိတ္ဝင္စားေစခဲ့တာလို႔ ယူဆရ။

– လက္စတာစီးတီးကို အိမ္ကြင္းမွာ ရွဳံးနိမ့္အၿပီးမွာ အေဝးကြင္းကို သြားေရာက္ၿပီး မန္ခ်က္စတာယူႏုိက္တက္ကို အႏုိင္ရရွိခဲ့ရင္ အေကာင္းဆုံးတုံ႔ျပန္မွဳျဖစ္လာမွာေၾကာင့္ အုိးလ္ထရက္ဖို႔ဒ္မွာ သုံးမွတ္ရရွိဖို႔ လုပ္ေဆာင္သြားမယ္လို႔ အာဆင္နယ္နည္းျပ အာတီတာဆုိ။

– မန္ခ်က္စတာယူႏုိက္တက္အသင္းမွာ ၁၁ ႏွစ္တာအတြင္း ပြဲ ၄၀၀ နီးပါး ကစားေပးခဲ့ၿပီး ကြင္းလယ္က Dancing Destroyer လို႔ နာမည္ႀကီးခဲ့တဲ့ အဂၤလန္ကြင္းလယ္လူေဟာင္း ေနာ့ဘီ စတုိင္လ္စ္ အသက္ ၇၈ ႏွစ္အရြယ္မွာ ယမန္ေန႔က ကြယ္လြန္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– RB လိုက်ပ်ဇစ်နဲ့ပွဲက ရက်ရှ်ဖို့ဒ်ရဲ့ ဒုတိယဂိုးကို သွင်းယူအပြီးမှာ အသင်းကို အရှိန်မလျော့ဘဲ ကစားဖို့ သတိပေးနေခဲ့တဲ့ ကွင်းလယ်လူ စကော့ မက်တော်မီနေးရဲ့ ဗီဒီယိုဖိုင်ကို တွေ့မြင်ခဲ့ရအပြီးမှာ ပရိသတ်တွေက ဒါဟာ အနာဂတ်ရဲ့ အသင်းခေါင်းဆောင်အဖြစ် ထိုက်တန်တဲ့ အပြုအမူလို့ ချီးကျူး။

– အသင်းကို ဆုဖလားတွေ ပြန်လည်သိမ်းပိုက်နိုင်မယ့် အင်အားမျိုး ရရှိအောင် ပြန်လည်တည်ဆောက်နေတဲ့ မန်ချက်စတာယူနိုက်တက် တာဝန်ရှိသူတွေအနေနဲ့ ဒွန်နီ ဗန်ဒဘိခ်ကို ခေါ်ယူထားအပြီးမှာ အေစီမီလန်ရဲ့ ဟာကန် ချယ်လ်ဟာနိုးလူးကိုလည်း လာမယ့်ရာသီမှာ အလွတ်ပြောင်းနဲ့ ခေါ်ယူနိုင်ဖို့ အရှိန်မြှင့်ကြိုးစားနေ။

– အာဆင်နယ်နဲ့ပွဲမှာ အသင်းကို အနိုင်ရစေနိုင်မယ့် ကစားကွက်ကို ပရိသတ်တွေကြား ဆန္ဒတောင်းခံခဲ့ရာမှာတော့ ပီအက်စ်ဂျီနဲ့ပွဲက ၃-၅-၂ ထက် RB လိုက်ပ်ဇစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်သွင်းခဲ့တဲ့ ၄-၄-၂ ဒိုင်းမွန်းကစားကွက်ကိုပဲ အသုံးပြုစေလိုသူများပြား။

– လာမယ့် အာဆင်နယ်နဲ့ပွဲဟာ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားရဲ့ အသင်းကို ကိုင်တွယ်တာ ပွဲတစ်ရာ ပြည့်မြောက်မယ့်ပွဲလည်းဖြစ်ပြီး လက်ရှိ ၉၉ ပွဲမှာ ၅၅ ပွဲနိုင်၊ ၂၁ ပွဲသရေ၊ ၂၃ ပွဲရှုံးထားခဲ့တဲ့ နော်ဝေသားအနေနဲ့ နိုင်ပွဲနဲ့အတူ အမှတ်တရဖြစ်စေဖို့ မျှော်လင့်နေကြ။

– အင်္ဂလန်အသင်းကနေ နှစ်နှစ်ကျော်၊ ၂၆ လ ဝေးကွာနေခဲ့တဲ့ ယူနိုက်တက်နောက်ခံလူ လုခ် ရှောကို လာမယ့် နှစ်ပတ်အတွင်း ကစားရမယ့် အိုင်ယာလန်၊ ဘယ်လ်ဂျီယမ်၊ အိုက်စ်လန်တို့နဲ့ ပွဲစဉ်တွေအတွက် ပြန်လည်ရွေးချယ်ခဲ့ပြီး နည်းပြ ဆိုးလ်ရှားရဲ့ ၃ ယောက်တန်း ကစားကွက်က ဆောက်သ်ဂိတ်ကို စိတ်ဝင်စားစေခဲ့တာလို့ ယူဆရ။

– လက်စတာစီးတီးကို အိမ်ကွင်းမှာ ရှုံးနိမ့်အပြီးမှာ အဝေးကွင်းကို သွားရောက်ပြီး မန်ချက်စတာယူနိုက်တက်ကို အနိုင်ရရှိခဲ့ရင် အကောင်းဆုံးတုံ့ပြန်မှုဖြစ်လာမှာကြောင့် အိုးလ်ထရက်ဖို့ဒ်မှာ သုံးမှတ်ရရှိဖို့ လုပ်ဆောင်သွားမယ်လို့ အာဆင်နယ်နည်းပြ အာတီတာဆို။

– မန်ချက်စတာယူနိုက်တက်အသင်းမှာ ၁၁ နှစ်တာအတွင်း ပွဲ ၄၀၀ နီးပါး ကစားပေးခဲ့ပြီး ကွင်းလယ်က Dancing Destroyer လို့ နာမည်ကြီးခဲ့တဲ့ အင်္ဂလန်ကွင်းလယ်လူဟောင်း နော့ဘီ စတိုင်လ်စ် အသက် ၇၈ နှစ်အရွယ်မှာ ယမန်နေ့က ကွယ်လွန်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.