Premier League Transfer News

မန္ခ်က္စတာစီးတီးအသင္းရဲ႕ ေနာက္ဆုံးရ ညပုိင္းသတင္းမ်ား စုစည္းမွဳ – ၃၀.၁၀.၂၀၂၀

– တုိက္စစ္မွဴး ဆာဂ်ီယုိ အေဂြ႐ိုရဲ႕ ဒဏ္ရာက တုိးတက္ေကာင္းမြန္ေနၿပီး လာမယ့္ ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ ကစားရမယ့္ လီဗာပူးလ္နဲ႔ အေရးပါတဲ့ ပရီးမီးယားလိဂ္အိမ္ကြင္းပြဲစဥ္အမီ ျပန္လည္ပါဝင္လာႏုိင္ဖို႔ ေမွ်ာ္လင့္ေန။

– ဘာစီလိုနာအသင္းကို ျပန္ေတာ့မယ္လို႔ ခန္႔မွန္းေနၾကတာေတြကို ပယ္ခ်လုိက္ၿပီး မန္ခ်က္စတာစီးတီးအသင္းမွာ ၾကာႏုိင္သေလာက္ ၾကာၾကာဆက္ရွိေနလိုတယ္လို႔ နည္းျပ ပက္ပ္ ဂြါဒီယိုလာ ေျပာၾကားလုိက္ၿပီး ခ်န္ပီယံလိဂ္ မရႏိုင္ေသးတာအတြက္ ဒီလိုဆုံးျဖတ္ထားတာျဖစ္ႏုိင္။

– ဒီေႏြရာသီမွာ နာသန္ အာေကနဲ႔ ႐ူဘင္ ဒီယက္စ္တုိ႔ကို ေခၚယူထားခဲ့ၿပီး ေအးမရစ္ လာေပါ့တ္နဲ႔ဆုိရင္ ေဒါင္ေဒါင္ျမည္ခံစစ္မွဴး သုံးဦး ရွိသြားၿပီလို႔ ဆုိႏိုင္ေပမယ့္ ေလးဦးေျမာက္ကို ေခၚယူၿပီး အစမ္းသပ္ခံႏုိင္တဲ့ အင္အားကို တည္ေဆာက္ဖို႔ အင္တာမီလန္အသင္းရဲ႕ လူငယ္ခံစစ္မွဴး အလက္ဆန္ဒ႐ို ဘက္စတိုနီကို မန္စီးတီးအလိုရွိေန။

– အေကာင္းဆုံးေျခစြမ္းျပေနခဲ့တဲ့ ခုိင္လ္ ေဝၚလ္ကာအျပင္ အီဒါဆန္၊ ႐ူဘင္ ဒီယက္စ္၊ ေအးမရစ္ လာေပါ့တ္၊ ကီဗင္ ဒီဘ႐ိုင္းနား၊ ရာဟင္းမ္ စတာလင္တို႔ဟာ ဂြါဒီယိုလာရဲ႕ တကယ့္အမာခံ ကမာၻ႔အဆင့္အင္အားျဖစ္ၿပီး သူတုိ႔နဲ႔ ဆုဖလားေတြ ရယူႏုိင္ဖို႔ မန္ခ်က္စတာ ညေနခင္း သတင္းေရးသား။

– တုိက္စစ္က အလုပ္မျဖစ္ေသးလို႔ အိမ္ကြင္းမွာ ခံစစ္ပိတ္ကစားဦးမယ့္ ရွက္ဖီးလ္ဒ္ယူႏုိက္တက္ကို မန္စီးတီးတုိ႔ ေဘာလုံးပုိင္ဆုိင္မွဳကို အားေပးၿပီး ရင္ဆုိင္လာဖြယ္ရွိေနသလို ဘယ္ေနာက္ခံလူေနရာမွာ ကန္ဆယ္လိုနဲ႔ အေထာင္တုိက္စစ္မွာ စတာလင္ပဲ ပြဲထြက္ဖို႔ရွိေန။

– ကိုဗစ္-၁၉ ဗိုင္းရပ္စ္ရဲ႕ ကူးစက္မွဳကို ခံခဲ့ရၿပီး ျပန္ကစားရမွာ ေျခစြမ္းျပေနႏုိင္ခဲ့တဲ့ ကြင္းလယ္လူ အစ္လ္ေက ဂြန္ဒိုးဝမ္ကေတာ့ ေရာဂါ ခံစားရစဥ္တုန္းက အေျခအေနကို ျပန္ေျပာင္းေျပာျပခဲ့ၿပီး သူ႕အေနနဲ႔ လွဳပ္ေတာင္မလွဳပ္ႏိုင္တဲ့ အခ်ိန္ေတြ ရွိခဲ့တယ္လို႔ဆုိ။

– စပိန္၊ ဂ်ာမနီ၊ ျပင္သစ္စတဲ့ ႏုိင္ငံေတြမွာ ကစားသမားေတြရဲ႕ ပြဲပန္းမွဳကို ကာကြယ္ဖို႔ ငါးဦးအထိ လူစားလဲလွယ္ခြင့္ ေပးေနခ်ိန္မွာ အဂၤလန္ႏုိင္ငံရဲ႕ ေရြးခ်ယ္မွဳကို နားမလည္ႏုိင္ေၾကာင္းနဲ႔ ဒါဟာ တစ္ဦးတစ္ေယာက္၊ တစ္သင္းအတြက္ မဟုတ္ဘဲ ဒီေဘာလုံးဆိုတဲ့ ကစားနည္းအတြက္ ကာကြယ္တာျဖစ္တယ္လုိ႔ ဂြါဒီယိုလာေျပာၾကားခဲ့ၿပီး လူစားလဲခြင့္ ပုိမိုရရွိေစခ်င္ေနတဲ့ ၿမဳိ႕ခံၿပဳိင္ဘက္နည္းျပ ဆုိးလ္ရွားနဲ႔ အတူတူ ေတာင္းဆုိသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– တိုက်စစ်မှူး ဆာဂျီယို အဂွေရိုရဲ့ ဒဏ်ရာက တိုးတက်ကောင်းမွန်နေပြီး လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကစားရမယ့် လီဗာပူးလ်နဲ့ အရေးပါတဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်အမီ ပြန်လည်ပါဝင်လာနိုင်ဖို့ မျှော်လင့်နေ။

– ဘာစီလိုနာအသင်းကို ပြန်တော့မယ်လို့ ခန့်မှန်းနေကြတာတွေကို ပယ်ချလိုက်ပြီး မန်ချက်စတာစီးတီးအသင်းမှာ ကြာနိုင်သလောက် ကြာကြာဆက်ရှိနေလိုတယ်လို့ နည်းပြ ပက်ပ် ဂွါဒီယိုလာ ပြောကြားလိုက်ပြီး ချန်ပီယံလိဂ် မရနိုင်သေးတာအတွက် ဒီလိုဆုံးဖြတ်ထားတာဖြစ်နိုင်။

– ဒီနွေရာသီမှာ နာသန် အာကေနဲ့ ရူဘင် ဒီယက်စ်တို့ကို ခေါ်ယူထားခဲ့ပြီး အေးမရစ် လာပေါ့တ်နဲ့ဆိုရင် ဒေါင်ဒေါင်မြည်ခံစစ်မှူး သုံးဦး ရှိသွားပြီလို့ ဆိုနိုင်ပေမယ့် လေးဦးမြောက်ကို ခေါ်ယူပြီး အစမ်းသပ်ခံနိုင်တဲ့ အင်အားကို တည်ဆောက်ဖို့ အင်တာမီလန်အသင်းရဲ့ လူငယ်ခံစစ်မှူး အလက်ဆန်ဒရို ဘက်စတိုနီကို မန်စီးတီးအလိုရှိနေ။

– အကောင်းဆုံးခြေစွမ်းပြနေခဲ့တဲ့ ခိုင်လ် ဝေါ်လ်ကာအပြင် အီဒါဆန်၊ ရူဘင် ဒီယက်စ်၊ အေးမရစ် လာပေါ့တ်၊ ကီဗင် ဒီဘရိုင်းနား၊ ရာဟင်းမ် စတာလင်တို့ဟာ ဂွါဒီယိုလာရဲ့ တကယ့်အမာခံ ကမ္ဘာ့အဆင့်အင်အားဖြစ်ပြီး သူတို့နဲ့ ဆုဖလားတွေ ရယူနိုင်ဖို့ မန်ချက်စတာ ညနေခင်း သတင်းရေးသား။

– တိုက်စစ်က အလုပ်မဖြစ်သေးလို့ အိမ်ကွင်းမှာ ခံစစ်ပိတ်ကစားဦးမယ့် ရှက်ဖီးလ်ဒ်ယူနိုက်တက်ကို မန်စီးတီးတို့ ဘောလုံးပိုင်ဆိုင်မှုကို အားပေးပြီး ရင်ဆိုင်လာဖွယ်ရှိနေသလို ဘယ်နောက်ခံလူနေရာမှာ ကန်ဆယ်လိုနဲ့ အထောင်တိုက်စစ်မှာ စတာလင်ပဲ ပွဲထွက်ဖို့ရှိနေ။

– ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရဲ့ ကူးစက်မှုကို ခံခဲ့ရပြီး ပြန်ကစားရမှာ ခြေစွမ်းပြနေနိုင်ခဲ့တဲ့ ကွင်းလယ်လူ အစ်လ်ကေ ဂွန်ဒိုးဝမ်ကတော့ ရောဂါ ခံစားရစဉ်တုန်းက အခြေအနေကို ပြန်ပြောင်းပြောပြခဲ့ပြီး သူ့အနေနဲ့ လှုပ်တောင်မလှုပ်နိုင်တဲ့ အချိန်တွေ ရှိခဲ့တယ်လို့ဆို။

– စပိန်၊ ဂျာမနီ၊ ပြင်သစ်စတဲ့ နိုင်ငံတွေမှာ ကစားသမားတွေရဲ့ ပွဲပန်းမှုကို ကာကွယ်ဖို့ ငါးဦးအထိ လူစားလဲလှယ်ခွင့် ပေးနေချိန်မှာ အင်္ဂလန်နိုင်ငံရဲ့ ရွေးချယ်မှုကို နားမလည်နိုင်ကြောင်းနဲ့ ဒါဟာ တစ်ဦးတစ်ယောက်၊ တစ်သင်းအတွက် မဟုတ်ဘဲ ဒီဘောလုံးဆိုတဲ့ ကစားနည်းအတွက် ကာကွယ်တာဖြစ်တယ်လို့ ဂွါဒီယိုလာပြောကြားခဲ့ပြီး လူစားလဲခွင့် ပိုမိုရရှိစေချင်နေတဲ့ မြို့ခံပြိုင်ဘက်နည်းပြ ဆိုးလ်ရှားနဲ့ အတူတူ တောင်းဆိုသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.