Premier League Transfer News

၃၀.၁၀.၂၀၂၀ – ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ

– အာဆင္နယ္အသင္းရဲ႕ ယူ႐ိုပါလိဂ္အိမ္ကြင္းႏိုင္ပြဲအၿပီးမွာ နည္းျပ အာတီတာက ေပေပဟာ ဦးစားေပးကစားသမားတစ္ဦး မဟုတ္ေပမယ့္ တျခားကစားသမားေတြထက္ေတာ့ သူ႕ကို အခြင့္အေရး ပုိေပးထားေၾကာင္းနဲ႔ သူ႕အေနနဲ႔ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ေတြကို ခ်မွတ္ၿပီး ဂိုးနားမွာ တည္ၿငိမ္တဲ့ စြမ္းေဆာင္ရည္ကို ျပသႏိုင္ဖို႔ ႀကဳိးစားရမွာျဖစ္ေၾကာင္း တုိက္တြန္းသြား။

– ဒန္ေဒါ့လ္ခ္နဲ႔ ယူ႐ိုပါလိဂ္ အိမ္ကြင္းပြဲစဥ္မွာ အာဆင္နယ္အတြက္ ပထမဆုံးအႀကိမ္ ပြဲထြက္ကစားခြင့္ရခဲ့တဲ့ လူငယ္တုိက္စစ္မွဴး ဖိုလာရင္ ဘာလိုဂြန္က ေစာင့္စားေနရတဲ့ အခြင့္အေရးကို ရရွိခဲ့ၿပီျဖစ္ၿပီး ဒီအတြက္ အာတီတာနဲ႔ နည္းျပအဖြဲ႕ဝင္ေတြကို ေက်းဇူးတင္ေၾကာင္းဆုိ။

– ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာအေနနဲ႔ အာဆင္နယ္အသင္းနဲ႔အတူ ေျမာက္လန္ဒန္မွာ ပုိမိုအသားက်လာၿပီလို႔ ေျပာၾကားလုိက္ၿပီး လာမယ့္ပြဲေတြမွာ ပါဝင္ခြင့္ရလာေတာ့မယ့္ သေဘာမ်ဳိးကို အာတီတာေျပာၾကား။

– အာဆင္နယ္အသင္းအေနနဲ႔ ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္အသင္းရဲ႕ ကြင္းလယ္လူ ေဒါမနစ္ ဆိုေဘာ့ဆ္လုိင္းကို စိတ္ဝင္စားတာ မွန္ကန္ေၾကာင္း အီတလီဂ်ာနယ္လစ္ ဖာဘရီဇီယို ႐ိုမာႏိုထုတ္ျပန္သြားၿပီး ကင္းေထာက္ေတြ ေစလႊတ္ေစာင့္ၾကည့္ထားတယ္လို႔ဆုိ။

– ကြင္းလယ္လူ ဂ်ဳိးဝီေလာ့ခ္ဟာ အခ်ိန္ေပးေစာင့္ၾကည့္ဖို႔ ထိုက္တန္သူျဖစ္ၿပီး အာတီတာအေနနဲ႔ သူ႕ကို ဘယ္အခ်ိန္မွာ ဘာလုပ္ရမယ္ဆုိတဲ့ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ႏုိင္ေအာင္ ကူညီေပးႏုိင္လိမ့္မယ္လုိ႔ ယုံၾကည္ေၾကာင္း တစ္ဂိုးသြင္းႏုိင္ခဲ့တဲ့ ဒန္းေဒါလ္ခ္နဲ႔ ပြဲအၿပီးမွာ မာတင္ ကီးယြန္းသုံးသပ္။

– သူ႕ရဲ႕ အာဆင္နယ္နဲ႔ အမ္းမရိတ္ေန႔ရက္ေတြက ကုန္ဆုံးသြားႏုိင္ေၾကာင္း ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီက ခန္႔မွန္းသြားခဲ့ၿပီး လက္ရွိမွာလည္း အငွားထြက္ကစားေနတဲ့ ဟာသာဘာလင္အသင္းနဲ႔အတူ အခြင့္အေရးမရေသးဘဲ ပြဲထြက္ခြင့္ရဖို႔ ေစာင့္ဆုိင္းေနရ။

– ယူ႐ုိပါလိဂ္မွာ ႏုိင္ပြဲျပန္ရအၿပီးမွာ ပရီးမီးယားလိဂ္ရဲ႕ ရလဒ္ဆုိးေတြကို ရပ္တန္႔ဖို႔ မန္ခ်က္စတာယူႏုိက္တက္ကိုလည္း အုိးလ္ထရက္ဖို႔ဒ္မွာ အႏုိင္ယူသြားဖို႔ ႀကဳိးစားသြားမွာျဖစ္ေၾကာင္း နည္းျပ အာတီတာေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အာဆင်နယ်အသင်းရဲ့ ယူရိုပါလိဂ်အိမ်ကွင်းနိုင်ပွဲအပြီးမှာ နည်းပြ အာတီတာက ပေပေဟာ ဦးစားပေးကစားသမားတစ်ဦး မဟုတ်ပေမယ့် တခြားကစားသမားတွေထက်တော့ သူ့ကို အခွင့်အရေး ပိုပေးထားကြောင်းနဲ့ သူ့အနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ပြီး ဂိုးနားမှာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ဖို့ ကြိုးစားရမှာဖြစ်ကြောင်း တိုက်တွန်းသွား။

– ဒန်ဒေါ့လ်ခ်နဲ့ ယူရိုပါလိဂ် အိမ်ကွင်းပွဲစဉ်မှာ အာဆင်နယ်အတွက် ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့်ရခဲ့တဲ့ လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်က စောင့်စားနေရတဲ့ အခွင့်အရေးကို ရရှိခဲ့ပြီဖြစ်ပြီး ဒီအတွက် အာတီတာနဲ့ နည်းပြအဖွဲ့ဝင်တွေကို ကျေးဇူးတင်ကြောင်းဆို။

– နောက်ခံလူ ဝီလီယမ် ဆာလီဘာအနေနဲ့ အာဆင်နယ်အသင်းနဲ့အတူ မြောက်လန်ဒန်မှာ ပိုမိုအသားကျလာပြီလို့ ပြောကြားလိုက်ပြီး လာမယ့်ပွဲတွေမှာ ပါဝင်ခွင့်ရလာတော့မယ့် သဘောမျိုးကို အာတီတာပြောကြား။

– အာဆင်နယ်အသင်းအနေနဲ့ ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်အသင်းရဲ့ ကွင်းလယ်လူ ဒေါမနစ် ဆိုဘော့ဆ်လိုင်းကို စိတ်ဝင်စားတာ မှန်ကန်ကြောင်း အီတလီဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုထုတ်ပြန်သွားပြီး ကင်းထောက်တွေ စေလွှတ်စောင့်ကြည့်ထားတယ်လို့ဆို။

– ကွင်းလယ်လူ ဂျိုးဝီလော့ခ်ဟာ အချိန်ပေးစောင့်ကြည့်ဖို့ ထိုက်တန်သူဖြစ်ပြီး အာတီတာအနေနဲ့ သူ့ကို ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်အောင် ကူညီပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း တစ်ဂိုးသွင်းနိုင်ခဲ့တဲ့ ဒန်းဒေါလ်ခ်နဲ့ ပွဲအပြီးမှာ မာတင် ကီးယွန်းသုံးသပ်။

– သူ့ရဲ့ အာဆင်နယ်နဲ့ အမ်းမရိတ်နေ့ရက်တွေက ကုန်ဆုံးသွားနိုင်ကြောင်း ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီက ခန့်မှန်းသွားခဲ့ပြီး လက်ရှိမှာလည်း အငှားထွက်ကစားနေတဲ့ ဟာသာဘာလင်အသင်းနဲ့အတူ အခွင့်အရေးမရသေးဘဲ ပွဲထွက်ခွင့်ရဖို့ စောင့်ဆိုင်းနေရ။

– ယူရိုပါလိဂ်မှာ နိုင်ပွဲပြန်ရအပြီးမှာ ပရီးမီးယားလိဂ်ရဲ့ ရလဒ်ဆိုးတွေကို ရပ်တန့်ဖို့ မန်ချက်စတာယူနိုက်တက်ကိုလည်း အိုးလ်ထရက်ဖို့ဒ်မှာ အနိုင်ယူသွားဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း နည်းပြ အာတီတာပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.