Premier League Transfer News

မန္ခ်က္စတာစီးတီးအသင္းရဲ႕ ေနာက္ဆုံးရ ညပုိင္းသတင္းမ်ား စုစည္းမွဳ

– ေတာင္ပံတုိက္စစ္မွဴး ဖယ္ရန္ ေတာရက္စ္ဟာ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္ႏွစ္ပြဲမွာ တစ္ဂိုးစီ သြင္းယူႏိုင္ခဲ့ၿပီး ဗလင္စီယာမွာ ေနာက္ဆုံးသြင္းယူခဲ့တဲ့ တစ္ဂိုးနဲ႔ဆုိရင္ ခ်န္ပီယံလိဂ္မွာ သုံးပြဲဆက္တုိက္ ဂိုးသြင္းႏုိင္ခဲ့တဲ့ အသက္အငယ္ဆုံး စပိန္သား ျဖစ္လာ။

– အဲရစ္ ဂါစီယာကို အုပ္ခ်ဳပ္ေရးပုိင္က ဘာအေျပာင္းအလဲရွိရွိ ေခၚယူသြားဖို႔ ဘာစီလိုနာအသင္းရဲ႕ နည္းစနစ္အဖြဲ႕က ခုိင္ခုိင္မာမာ ဆုံးျဖတ္ထားၿပီး လာမယ့္ဇန္နဝါရီမွာ ထပ္မံေခၚယူသြားဖို႔ ပစ္မွတ္ထားလုပ္ေဆာင္ေန။

– ဇန္နဝါရီမွာ ေခၚယူႏုိင္ေတာ့မယ္လုိ႔ သတင္းထြက္ေနတဲ့ ပါတီဇန္ ဘဲလ္ဂရိတ္ဒ္ေတာင္ပံကစားသမား ဖိလစ္ စတီဗာႏုိဗစ္အတြက္ မန္စီးတီးပရိသတ္ေတြ ႀကဳိဆုိေနၾကၿပီး ကစားသမားရဲ႕ အရည္အေသြးေကာင္းေတြအျပင္ ၿမဳိ႕ခံၿပဳိင္ဘက္စိတ္ဝင္စားေနတဲ့ၾကားထဲက ေခၚယူႏုိင္တာအတြက္ ေအာင္ပြဲခံေနၾက။

– ဘာစီလိုနာအသင္းရဲ႕ လစ္လပ္ေနတဲ့ ဥကၠဌေနရာအတြက္ အေရြးခံမယ့္ ဥကၠဌေလာင္း ဗစ္တာဖြန္႔က နည္းျပေဟာင္း ဂြါဒီယိုလာကို ႏူးကမ့္ကြင္းဆီ ျပန္လည္ေခၚယူေပးမယ္လို႔ မဲဆြယ္ေနခဲ့တဲ့အတြက္ မန္စီးတီးပရိသတ္ေတြ စိုးရိမ္စရာျဖစ္လာ။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ လစ္လပ္ေနတဲ့ အေထာင္တုိက္စစ္မွဴးေနရာမွာ ဖယ္ရန္ ေတာရက္စ္ကို ကစားခုိင္းဖို႔ နည္းျပအဖြဲ႕က ဆုံးျဖတ္ထားၿပီး ပရိသတ္တခ်ဳိ႕ ေမွ်ာ္လင့္ေနတဲ့ လီယမ္ ဒီလက္ပ္ကေတာ့ အေတြ႕အႀကဳံေၾကာင့္ အသုံးျပဳခံရဖြယ္မရွိေသး။

– ဘာစီလုိနာဥကၠဌအျဖစ္ကေန ဘာတိုမူ ႏုတ္ထြက္သြားခဲ့တာဟာ မန္စီးတီးအသင္းအတြက္ေတာ့ ေကာင္းတဲ့ လကၡဏာတစ္ခု သိပ္မျဖစ္ႏုိင္ဘဲ ဂြါဒီယိုလာကို နည္းျပအျဖစ္က ဆုံးရွဳံးရႏုိင္သလို တုိက္စစ္မွဴး မက္ဆီကိုပါ မေခၚယူႏုိင္တာမ်ဳိး ျဖစ္လာႏုိင္။

– ယူ႐ို ၇၅ သန္းတန္ စာခ်ဳပ္ေလ်ာ္ေၾကးကို ထည့္သြင္းခ်ဳပ္ဆုိထားတဲ့ ေဒါ့မြန္တုိက္စစ္မွဴး အာလင္း ဟားလန္းကို ၿမဳိ႕ခံၿပဳိင္ဘက္ မန္ခ်က္စတာယူႏုိက္တက္ထက္ လက္ဦးမွဳ ရယူၿပီး ေခၚယူေပးဖို႔ မန္ခ်က္စတာစီးတီးပရိသတ္ေတြ တြစ္တာမွာ ဝိုင္းဝန္းေတာင္းဆုိေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– တောင်ပံတိုက်စစ်မှူး ဖယ်ရန် တောရက်စ်ဟာ မန်ချက်စတာစီးတီးအသင်းရဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်နှစ်ပွဲမှာ တစ်ဂိုးစီ သွင်းယူနိုင်ခဲ့ပြီး ဗလင်စီယာမှာ နောက်ဆုံးသွင်းယူခဲ့တဲ့ တစ်ဂိုးနဲ့ဆိုရင် ချန်ပီယံလိဂ်မှာ သုံးပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး စပိန်သား ဖြစ်လာ။

– အဲရစ် ဂါစီယာကို အုပ်ချုပ်ရေးပိုင်က ဘာအပြောင်းအလဲရှိရှိ ခေါ်ယူသွားဖို့ ဘာစီလိုနာအသင်းရဲ့ နည်းစနစ်အဖွဲ့က ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပြီး လာမယ့်ဇန်နဝါရီမှာ ထပ်မံခေါ်ယူသွားဖို့ ပစ်မှတ်ထားလုပ်ဆောင်နေ။

– ဇန်နဝါရီမှာ ခေါ်ယူနိုင်တော့မယ်လို့ သတင်းထွက်နေတဲ့ ပါတီဇန် ဘဲလ်ဂရိတ်ဒ်တောင်ပံကစားသမား ဖိလစ် စတီဗာနိုဗစ်အတွက် မန်စီးတီးပရိသတ်တွေ ကြိုဆိုနေကြပြီး ကစားသမားရဲ့ အရည်အသွေးကောင်းတွေအပြင် မြို့ခံပြိုင်ဘက်စိတ်ဝင်စားနေတဲ့ကြားထဲက ခေါ်ယူနိုင်တာအတွက် အောင်ပွဲခံနေကြ။

– ဘာစီလိုနာအသင်းရဲ့ လစ်လပ်နေတဲ့ ဥက္ကဌနေရာအတွက် အရွေးခံမယ့် ဥက္ကဌလောင်း ဗစ်တာဖွန့်က နည်းပြဟောင်း ဂွါဒီယိုလာကို နူးကမ့်ကွင်းဆီ ပြန်လည်ခေါ်ယူပေးမယ်လို့ မဲဆွယ်နေခဲ့တဲ့အတွက် မန်စီးတီးပရိသတ်တွေ စိုးရိမ်စရာဖြစ်လာ။

– မန်ချက်စတာစီးတီးအသင်းရဲ့ လစ်လပ်နေတဲ့ အထောင်တိုက်စစ်မှူးနေရာမှာ ဖယ်ရန် တောရက်စ်ကို ကစားခိုင်းဖို့ နည်းပြအဖွဲ့က ဆုံးဖြတ်ထားပြီး ပရိသတ်တချို့ မျှော်လင့်နေတဲ့ လီယမ် ဒီလက်ပ်ကတော့ အတွေ့အကြုံကြောင့် အသုံးပြုခံရဖွယ်မရှိသေး။

– ဘာစီလိုနာဥက္ကဌအဖြစ်ကနေ ဘာတိုမူ နုတ်ထွက်သွားခဲ့တာဟာ မန်စီးတီးအသင်းအတွက်တော့ ကောင်းတဲ့ လက္ခဏာတစ်ခု သိပ်မဖြစ်နိုင်ဘဲ ဂွါဒီယိုလာကို နည်းပြအဖြစ်က ဆုံးရှုံးရနိုင်သလို တိုက်စစ်မှူး မက်ဆီကိုပါ မခေါ်ယူနိုင်တာမျိုး ဖြစ်လာနိုင်။

– ယူရို ၇၅ သန်းတန် စာချုပ်လျော်ကြေးကို ထည့်သွင်းချုပ်ဆိုထားတဲ့ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟားလန်းကို မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ထက် လက်ဦးမှု ရယူပြီး ခေါ်ယူပေးဖို့ မန်ချက်စတာစီးတီးပရိသတ်တွေ တွစ်တာမှာ ဝိုင်းဝန်းတောင်းဆိုနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.