Premier League Transfer News UCL&UEL

၂၉.၁၀.၂၀၂၀ – ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ

– ခံစစ္ဘယ္ေတာင္ပံကစားသမားသစ္ အဲလက္စ္ တဲလက္စ္မွာ ကို႐ိုနာဗုိင္းရပ္စ္ကူးစက္မွဳ ရွိေနလို႔ RB လိုက္ပ္ဇစ္နဲ႔ အိမ္ကြင္းပြဲစဥ္မွာ ခ်န္လွပ္ခဲ့ရၿပီး နည္းျပ ဆုိးလ္ရွားကေတာ့ ကစားသမားမွာ ေရာဂါလကၡဏာေတြ ျပသျခင္း မရွိဘူးလို႔ ေျပာၾကား။

– ေအစီမီလန္အသင္းက တစ္ပတ္လုပ္ခ ေပါင္ ၅၄၀၀၀ နဲ႔ပဲ ကမ္းလွမ္းခဲ့လို႔ စိတ္ပ်က္ေနခဲ့တဲ့ တူရကီကြင္းလယ္လူ ဟာကန္ ခ်ယ္လ္ဟာႏုိးလူးကို ေႏြရာသီမွာ အလြတ္နဲ႔ေခၚယူဖို႔ ယူႏုိက္တက္စိတ္ဝင္စားေနၿပီး ကစားသမားအေနနဲ႔ ဒီရာသီကစားထားတဲ့ ၈ ပြဲမွာ ၄ ဂိုးသြင္း ၄ ဂိုးဖန္တီးထား။

– နည္းျပဆုိးလ္ရွားက ဒီေန႔ပြဲမွာ ရက္ရွ္ဖို႔ဒ္ရဲ႕ ဟက္ထရစ္ရႏုိင္တဲ့ အခြင့္အေရးျဖစ္တဲ့ ပင္နယ္တီကို မာစီယယ္လ္ ကန္သြားခဲ့တာက ပြဲမတုိင္ခင္ကတည္းက ပင္နယ္တီရရင္ မာစီယယ္လ္နဲ႔ ေပါ့ဘာတုိ႔ တစ္ဦးဦးက ကန္သြင္းဖို႔ သူက ႀကဳိတင္သတ္မွတ္ေပးထားခဲ့တာလို႔ ရွင္းလင္းသြား။

– ဂရင္းဝုဒ္ရဲ႕ အဖြင့္ဂိုးက တည္ၿငိမ္တဲ့ ပုံစံနဲ႔ တိက်တဲ့ ကန္ခ်က္၊ လူစားဝင္လာၿပီး ဟက္ထရစ္ယူခဲ့တဲ့ ရက္ရွ္ဖို႔ဒ္နဲ႔ တုိက္စစ္မွာေရာ ခံစစ္မွာပါ မာေက်ာခဲ့ၿပီး အလွည့္က် လူထုတ္ပုံက အလုပ္ျဖစ္ခဲ့တယ္လို႔ အဂၤလန္တုိက္စစ္မွဴးေဟာင္း ဂယ္ရီ လိုင္နီကာက တြစ္တာမွာ ခ်ီးက်ဴးသြား။

– သူ႕ရဲ႕ ကစားသမားဘဝ ဟက္ထရစ္ကို ရရွိခဲ့တဲ့ ရက္ရွ္ဖို႔ဒ္မွာ ယူႏုိက္တက္အတြက္ စံခ်ိန္ကို ရရွိခဲ့႐ုံမကဘဲ ခ်န္ပီယံလိဂ္မွာ လူစားဝင္ၿပီး ဟက္ထရစ္သြင္းယူခဲ့တဲ့ ကစားသမားေတြထဲမွာ ပြဲခ်ိန္ အနည္းဆုံး ၂၇ မိနစ္တည္းနဲ႔ ရရွိခဲ့တဲ့ စံခ်ိန္ကိုပါ တင္ရွိခဲ့။

– ေဖေဖာ္ဝါရီ ၂၀၂၀ မွာမွ အသင္းနဲ႔ ပြဲထြက္ခဲ့ရေပမယ့္ ဘ႐ူႏုိ ဖာနန္ဒက္စ္ဟာ ဖန္တီးမွဳ ၁၂ ႀကိမ္နဲ႔ ၂၀၁၈ မွာ ယူႏိုက္တက္နဲ႔ ဆုိးလ္ရွား စတင္ပူးေပါင္းစဥ္ကတည္းက ဖန္တီးမွဳလုပ္ႏုိင္ခဲ့တဲ့ ကစားသမားေတြရဲ႕ မွတ္တမ္းနဲ႔ တူညီႏုိင္ခဲ့ၿပီး သူ႕ထက္ ဂိုးဖန္တီးမွဳမ်ားတဲ့ ကစားသမား မရွိေတာ့ဘူးလို႔ Opta Joe ေဖာ္ျပ။

– တစ္ကြင္းလုံးက ျမက္ေတြကို ကာကြယ္ကစားခဲ့တယ္လုိ႔ ကြင္းလယ္လူ ဖရက္ဒ္ရဲ႕ လုပ္အားႏွဳန္းကို ခ်ီးက်ဴးလုိက္ၿပီး မေမာမပန္းတဲ့ ပုံစံနဲ႔ ကြင္းလယ္လူဟာ ရက္ရွ္ဖို႔ဒ္ရဲ႕ ဒုတိယဂိုးအတြက္လည္း တစ္ဖက္ကြင္းလယ္လူ ဆာဘစ္ဇာဆီက လုယူေပးႏုိင္ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ခံစစ်ဘယ်တောင်ပံကစားသမားသစ် အဲလက်စ် တဲလက်စ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ရှိနေလို့ RB လိုက်ပ်ဇစ်နဲ့ အိမ်ကွင်းပွဲစဉ်မှာ ချန်လှပ်ခဲ့ရပြီး နည်းပြ ဆိုးလ်ရှားကတော့ ကစားသမားမှာ ရောဂါလက္ခဏာတွေ ပြသခြင်း မရှိဘူးလို့ ပြောကြား။

– အေစီမီလန်အသင်းက တစ်ပတ်လုပ်ခ ပေါင် ၅၄၀၀၀ နဲ့ပဲ ကမ်းလှမ်းခဲ့လို့ စိတ်ပျက်နေခဲ့တဲ့ တူရကီကွင်းလယ်လူ ဟာကန် ချယ်လ်ဟာနိုးလူးကို နွေရာသီမှာ အလွတ်နဲ့ခေါ်ယူဖို့ ယူနိုက်တက်စိတ်ဝင်စားနေပြီး ကစားသမားအနေနဲ့ ဒီရာသီကစားထားတဲ့ ၈ ပွဲမှာ ၄ ဂိုးသွင်း ၄ ဂိုးဖန်တီးထား။

– နည်းပြဆိုးလ်ရှားက ဒီနေ့ပွဲမှာ ရက်ရှ်ဖို့ဒ်ရဲ့ ဟက်ထရစ်ရနိုင်တဲ့ အခွင့်အရေးဖြစ်တဲ့ ပင်နယ်တီကို မာစီယယ်လ် ကန်သွားခဲ့တာက ပွဲမတိုင်ခင်ကတည်းက ပင်နယ်တီရရင် မာစီယယ်လ်နဲ့ ပေါ့ဘာတို့ တစ်ဦးဦးက ကန်သွင်းဖို့ သူက ကြိုတင်သတ်မှတ်ပေးထားခဲ့တာလို့ ရှင်းလင်းသွား။

– ဂရင်းဝုဒ်ရဲ့ အဖွင့်ဂိုးက တည်ငြိမ်တဲ့ ပုံစံနဲ့ တိကျတဲ့ ကန်ချက်၊ လူစားဝင်လာပြီး ဟက်ထရစ်ယူခဲ့တဲ့ ရက်ရှ်ဖို့ဒ်နဲ့ တိုက်စစ်မှာရော ခံစစ်မှာပါ မာကျောခဲ့ပြီး အလှည့်ကျ လူထုတ်ပုံက အလုပ်ဖြစ်ခဲ့တယ်လို့ အင်္ဂလန်တိုက်စစ်မှူးဟောင်း ဂယ်ရီ လိုင်နီကာက တွစ်တာမှာ ချီးကျူးသွား။

– သူ့ရဲ့ ကစားသမားဘဝ ဟက်ထရစ်ကို ရရှိခဲ့တဲ့ ရက်ရှ်ဖို့ဒ်မှာ ယူနိုက်တက်အတွက် စံချိန်ကို ရရှိခဲ့ရုံမကဘဲ ချန်ပီယံလိဂ်မှာ လူစားဝင်ပြီး ဟက်ထရစ်သွင်းယူခဲ့တဲ့ ကစားသမားတွေထဲမှာ ပွဲချိန် အနည်းဆုံး ၂၇ မိနစ်တည်းနဲ့ ရရှိခဲ့တဲ့ စံချိန်ကိုပါ တင်ရှိခဲ့။

– ဖေဖော်ဝါရီ ၂၀၂၀ မှာမှ အသင်းနဲ့ ပွဲထွက်ခဲ့ရပေမယ့် ဘရူနို ဖာနန်ဒက်စ်ဟာ ဖန်တီးမှု ၁၂ ကြိမ်နဲ့ ၂၀၁၈ မှာ ယူနိုက်တက်နဲ့ ဆိုးလ်ရှား စတင်ပူးပေါင်းစဉ်ကတည်းက ဖန်တီးမှုလုပ်နိုင်ခဲ့တဲ့ ကစားသမားတွေရဲ့ မှတ်တမ်းနဲ့ တူညီနိုင်ခဲ့ပြီး သူ့ထက် ဂိုးဖန်တီးမှုများတဲ့ ကစားသမား မရှိတော့ဘူးလို့ Opta Joe ဖော်ပြ။

– တစ်ကွင်းလုံးက မြက်တွေကို ကာကွယ်ကစားခဲ့တယ်လို့ ကွင်းလယ်လူ ဖရက်ဒ်ရဲ့ လုပ်အားနှုန်းကို ချီးကျူးလိုက်ပြီး မမောမပန်းတဲ့ ပုံစံနဲ့ ကွင်းလယ်လူဟာ ရက်ရှ်ဖို့ဒ်ရဲ့ ဒုတိယဂိုးအတွက်လည်း တစ်ဖက်ကွင်းလယ်လူ ဆာဘစ်ဇာဆီက လုယူပေးနိုင်ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.