Premier League

မက်ဆီဟာ ဘောလုံးလောကရဲ့ ဟယ်ရီ ပေါ်တာ ဖြစ်တယ်လို့ အီတလီဝါရင့်တိုက်စစ်မှူးဟောင်း ဗီယာရီကြွေးကြော်

ဘာစီလိုနာအသင်းရဲ့ ဘောလုံးအကျော်အမော် မက်ဆီဟာ ဘောလုံးမှော်ဝင်စားနေသူဖြစ်ပြီး သူဟာ ဘောလုံးလောကရဲ့ ဟယ်ရီ ပေါ်တာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ညက ယူဗင်တပ်စ်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ဘာစီလိုနာပွဲအပြီးမှာ အီတလီဝါရင့်တိုက်စစ်မှူးဟောင်း ဗီယာရီက ထုတ်ဖော်ကြွေးကြော်သွားခဲ့ကြောင်း သိရပါတယ်။


မက်ဆီဟာ ပြီးခဲ့တဲ့ညက တူရင်မြေ၊ ချန်ပီယံလိဂ်ပွဲစဥ်မှာ ဒန်ဘီလီရဲ့ အဖွင့်သွင်းဂိုးအတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့သလို ကိုယ်တိုင်လည်း နောက်ကျပင်နယ်တီအနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ပြီး ဘာစီလိုနာအသင်းဟာ ရမှတ် ၆ မှတ်နဲ့အတူ အုပ်စုထိပ်ကနေ ဦးဆောင်သွားနိုင်ခဲ့တာပါ။


“ဘာစီလိုနာ သိပ်ကိုကောင်းခဲ့ပါတယ်။ အနည်းဆုံး ၆ ဂိုး၊ ၇ ဂိုးလောက်အထိ လွယ်လွယ်ကူကူ သွင်းနိုင်ခဲ့မယ့် အခြေအနေပါ။ မက်ဆီက တကယ့် မှော်ဝိဇ္ဇာ၊ ဘောလုံးမှော်ပညာရှင်ပါပဲ။ သူက ဘောလုံးလောကရဲ့ ဟယ်ရီ ပေါ်တာပါ။ ”


“သူသာ အနားယူသွားခဲ့ရင်တော့ ကျွန်တော့်အိမ်က တီဗီအားလုံးကို လွှင့်ပစ်လိုက်တော့မှာပါ။ ဘာလို့ဆို ဘာကိုမှ ဆက်ကြည့်စရာ မရှိတော့ပါဘူး ” လို့ အီတလီ ဝါရင့် ကစားသမားဟောင်း ဗီယာရီက မက်ဆီက ချီးကျူးပြောဆိုပြီး အမွှန်းတင်သွားခဲ့ပါတယ်။


သူက ဘာစီလိုနာရဲ့ စွမ်းဆောင်ရည်ဟာ ဘောလုံးလောကမှာ နောက်တဆင့်ရောက်ရှိနေတဲ့ အဆင့်အတန်းမြင့် ကစားပုံဖြစ်ပြီး ပြီးခဲ့တဲ့ လာလီဂါပွဲစဥ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို မည်သို့မည်ပုံ ရှူံးနိမ့်ခဲ့ရသည်ကို မိမိနားမလည်ကြောင်း ပြောသွားခဲ့တယ်လို့ သိရပါတယ်။

REF: Goal
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းရဲ႕ ေဘာလုံးအေက်ာ္အေမာ္ မက္ဆီဟာ ေဘာလုံးေမွာ္ဝင္စားေနသူျဖစ္ၿပီး သူဟာ ေဘာလုံးေလာကရဲ႕ ဟယ္ရီ ေပၚတာ ျဖစ္တယ္လို႔ ၿပီးခဲ့တဲ့ညက ယူဗင္တပ္စ္ကို ၂ ဂိုးျပတ္နဲ႕ အနိုင္ရခဲ့တဲ့ ဘာစီလိုနာပြဲအၿပီးမွာ အီတလီဝါရင့္တိုက္စစ္မႉးေဟာင္း ဗီယာရီက ထုတ္ေဖာ္ေႂကြးေၾကာ္သြားခဲ့ေၾကာင္း သိရပါတယ္။


မက္ဆီဟာ ၿပီးခဲ့တဲ့ညက တူရင္ေျမ၊ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ဒန္ဘီလီရဲ႕ အဖြင့္သြင္းဂိုးအတြက္ ဂိုးဖန္တီးမႈ ျပဳလုပ္ေပးခဲ့သလို ကိုယ္တိုင္လည္း ေနာက္က်ပင္နယ္တီအနိုင္ဂိုးကို သြင္းယူသြားနိုင္ခဲ့ၿပီး ဘာစီလိုနာအသင္းဟာ ရမွတ္ ၆ မွတ္နဲ႕အတူ အုပ္စုထိပ္ကေန ဦးေဆာင္သြားနိုင္ခဲ့တာပါ။


“ဘာစီလိုနာ သိပ္ကိုေကာင္းခဲ့ပါတယ္။ အနည္းဆုံး ၆ ဂိုး၊ ၇ ဂိုးေလာက္အထိ လြယ္လြယ္ကူကူ သြင္းနိုင္ခဲ့မယ့္ အေျခအေနပါ။ မက္ဆီက တကယ့္ ေမွာ္ဝိဇၨာ၊ ေဘာလုံးေမွာ္ပညာရွင္ပါပဲ။ သူက ေဘာလုံးေလာကရဲ႕ ဟယ္ရီ ေပၚတာပါ။ ”


“သူသာ အနားယူသြားခဲ့ရင္ေတာ့ ကြၽန္ေတာ့္အိမ္က တီဗီအားလုံးကို လႊင့္ပစ္လိုက္ေတာ့မွာပါ။ ဘာလို႔ဆို ဘာကိုမွ ဆက္ၾကည့္စရာ မရွိေတာ့ပါဘူး ” လို႔ အီတလီ ဝါရင့္ ကစားသမားေဟာင္း ဗီယာရီက မက္ဆီက ခ်ီးက်ဴးေျပာဆိုၿပီး အမႊန္းတင္သြားခဲ့ပါတယ္။


သူက ဘာစီလိုနာရဲ႕ စြမ္းေဆာင္ရည္ဟာ ေဘာလုံးေလာကမွာ ေနာက္တဆင့္ေရာက္ရွိေနတဲ့ အဆင့္အတန္းျမင့္ ကစားပုံျဖစ္ၿပီး ၿပီးခဲ့တဲ့ လာလီဂါပြဲစဥ္မွာ ရီးရဲလ္မက္ဒရစ္အသင္းကို မည္သို႔မည္ပုံ ရႉံးနိမ့္ခဲ့ရသည္ကို မိမိနားမလည္ေၾကာင္း ေျပာသြားခဲ့တယ္လို႔ သိရပါတယ္။

REF: Goal
PHOTOS CREDIT TO OWNERS
SPORTS A2Z.