Article Premier League

အာတီတာ အဖြေညှိရမယ့် အာဆင်နယ်ရဲ့ ခေါင်းကိုက်စရာ ဗဟိုခံစစ် ပြဿနာ

လက်ရှိရာသီမှာ အာဆင်နယ်နည်းပြ မီခေးလ် အာတီတာ အကြီးအကျယ်ခေါင်းခဲနေရတဲ့ အသင်းဗဟိုခံစစ် ပြဿနာဟာ အချိန်မီ အဖြေရှာရမယ့် ပုစ္ဆာတစ်ပုဒ်ဖြစ်လာခဲ့ပါပြီ။ ပြီးခဲ့တဲ့ လက်စတာနဲ့ပွဲမှာ လူစားဝင် မူစတာဖီရဲ့ စွမ်းဆောင်ရည်က အာဆင်နယ်အတွက် မလုံလောက်ဘဲ လိုအပ်ချက်များစွာရှိနေတာကို ပရိသတ်အားလုံး တွေ့ခဲ့ကြရရပါတယ်။

ဂါဘရီယယ်လ် မာဂါလိုင်စ်၊ နဲ့ ၂၀၁၉ ခုနှစ်က ခေါ်ယူခဲတဲ့ ဝီလီယမ် ဆာလီဘာတို့ ရောက်ရှိလာပြီးနောက် အာဆင်နယ်အတွက်ဗဟိုခံစစ်နေရာမှာ ကစားသမား ၈ ဦးအထိ ရှိနေပြီး လူအင်အား အများဆုံးစုပြုံနေပေမယ့် ဒီအရေအတွက်ဟာ အရည်အသွေးမလုံလောက်မှု၊ ဒဏ်ရာပြဿနာတွေနဲ့ ပြည့်နှက်နေတဲ့ လူအင်အားဖြစ်နေပြီး အာတီတာ အမြန်ဆုံး အဖြေညှိရတော့မှာပါ။

ပရီးမီးယားလိဂ် အဖွင့်ပွဲစဥ်၊ ဖူလ်ဟမ်းအသင်းနဲ့ ပွဲစဥ်မှာတော့ ဂါဘရီယယ်လ်၊ ဆာလီဘာ၊ နဲ့ ရော့ဘ်ဟိုးလ်ဒင်းတို့သာ ပွဲထွက်နိုင်စွမ်းရှိခဲ့ပေမယ့် ဒီနောက်မှာတော့ ရာသီကြိုဒဏ်ရာကနေ သက်သာလာခဲ့တဲ့ ဒေးဗစ် လူးဝစ်ဇ်က ပုံမှန်ပွဲထွက်ကစားသမား ဖြစ်လာခဲ့ပြီး လက်စတာနဲ့ပွဲမှာတော့ ကြွက်သားဒဏ်ရာကြောင့် မူစတာဖီနဲ့ လူစားလဲခဲ့ရသလို မူစတာဖီ ဝင်လာပြီးနောက် အာဆင်နယ်ဟာ ဗာဒီရဲ့ သွင်းဂိုးကို သူ့ရဲ့ အမှားကနေတဆင့် ခပ်လွယ်လွယ် ခွင့်ပြုခဲ့ရခြင်းပါ။

တံကောက်ကြောဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့တဲ့ မူစတာဖီဟာ သုံးလကြာ အနားယူခဲ့ရာက ပြန်ကစားခွင့်ရတဲ့ ဒီပွဲမှာ ပုံမှန်ခြေစွမ်းအောက်ကို ရောက်နေခဲ့ပြီး ဒေးဗစ် လူးဝစ်ဇ် ရဲ့ ခံစစ်ပိုင်းဦးဆောင်မှု၊ တိုက်စစ်ကို ဘောလုံးဖြန့်ဝေမှု၊ လိုအပ်သလို ဘောလုံးနဲ့အတူ ဆွဲတက်ပြီး တိုက်စစ်လိုက်ပါမှု နဲ့အတူ လက်စတာကို ပထမပိုင်းတပိုင်းလုံး အသာစီးကစားနေတဲ့ အာဆင်နယ်အတွက် နစ်နာစရာဖြစ်စေခဲ့တယ်။

ဒေးဗစ် လူးဝစ်ဇ် ရဲ့ ဒဏ်ရာရရှိမှုက အာတီတာအတွက် စမ်းသပ်မှုတခု ဖြစ်လာဖွယ်ရာ ရှိနေသလို အသင်းရဲ့ လက်ရှိရာသီ ဗဟိုခံစစ်မှာ အတည်ငြိမ်ဆုံးကစားပြနေတဲ့ အဓိက ကစားသမားအဖြစ် ဂါဘရီယယ်လ်ကတော့ အာတီတာအတွက် အသက်ရှုချောင်စရာ ဖြစ်လာစေမှာပါ။

ခံစစ်မှာ တည်ငြိမ်ပြီး မာကျောသလို ဘောလုံးကို ရဲရဲကိုင်နိုင်ပြီး တိုက်စစ်ကိုပါ ဘောလုံးဖြန့်ဝေမှု ပြုလုပ်နိုင်တဲ့ ဂါဘရီယယ်လ်က အားကိုစိတ်ချစရာ ဖြစ်သလို သူ့နဲ့အတူ ဟိုးလ်ဒင်း အတွဲညီညီကစားနိုင်တာကိုလည်း တွေ့နေရတယ်။ ဂါဘရီယယ်လ်က သူ့ရဲ့ တွဲဖက် ကစားဖော်တွေကို ညွှန်ကြားမှုတွေ ပြုလုပ်ပြီး ဦးဆောင်နိုင်စွမ်းတွေကိုပါ မြင်တွေ့နေရတာက အာတီတာအတွက် ကျေနပ်စရာ ရွေးချယ်မှုတခု ဖြစ်စေမှာပါ။

အာတီတာဟာ လာမယ့် ကိုးရက်အတွင်း လေးပွဲ၊ နှစ်ပတ်အတွင်း ပွဲစဥ်ငါးပွဲတိတိ ရင်ဆိုင်ကစားရတော့မယ့် ပွဲကျပ်ကာလမှာ အသင်းရဲ့ ခံစစ်မှာ လူထုတ်ပုံ အပြောင်းအလဲအနေနဲ့ ဘယ်လိုလူတွေကို ရွေးချယ်အသုံးပြုပြီး ခံစစ်ကြောင်းကို ဘယ်လိုနည်းနဲ့ ဖြေရှင်းသွားမလဲဆိုတာ စိတ်ဝင်စားစရာကောင်းစွာ စောင့်ကြည့်ရမှာပါ။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လက္ရွိရာသီမွာ အာဆင္နယ္နည္းျပ မီေခးလ္ အာတီတာ အႀကီးအက်ယ္ေခါင္းခဲေနရတဲ့ အသင္းဗဟိုခံစစ္ ျပႆနာဟာ အခ်ိန္မီ အေျဖရွာရမယ့္ ပုစၦာတစ္ပုဒ္ျဖစ္လာခဲ့ပါၿပီ။ ၿပီးခဲ့တဲ့ လက္စတာနဲ႕ပြဲမွာ လူစားဝင္ မူစတာဖီရဲ႕ စြမ္းေဆာင္ရည္က အာဆင္နယ္အတြက္ မလုံေလာက္ဘဲ လိုအပ္ခ်က္မ်ားစြာရွိေနတာကို ပရိသတ္အားလုံး ေတြ႕ခဲ့ၾကရရပါတယ္။

ဂါဘရီယယ္လ္ မာဂါလိုင္စ္၊ နဲ႕ ၂၀၁၉ ခုႏွစ္က ေခၚယူခဲတဲ့ ဝီလီယမ္ ဆာလီဘာတို႔ ေရာက္ရွိလာၿပီးေနာက္ အာဆင္နယ္အတြက္ဗဟိုခံစစ္ေနရာမွာ ကစားသမား ၈ ဦးအထိ ရွိေနၿပီး လူအင္အား အမ်ားဆုံးစုၿပဳံေနေပမယ့္ ဒီအေရအတြက္ဟာ အရည္အေသြးမလုံေလာက္မႈ၊ ဒဏ္ရာျပႆနာေတြနဲ႔ ျပည့္ႏွက္ေနတဲ့ လူအင္အားျဖစ္ေနၿပီး အာတီတာ အျမန္ဆုံး အေျဖညွိရေတာ့မွာပါ။

ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္၊ ဖူလ္ဟမ္းအသင္းနဲ႕ ပြဲစဥ္မွာေတာ့ ဂါဘရီယယ္လ္၊ ဆာလီဘာ၊ နဲ႕ ေရာ့ဘ္ဟိုးလ္ဒင္းတို႔သာ ပြဲထြက္နိုင္စြမ္းရွိခဲ့ေပမယ့္ ဒီေနာက္မွာေတာ့ ရာသီႀကိဳဒဏ္ရာကေန သက္သာလာခဲ့တဲ့ ေဒးဗစ္ လူးဝစ္ဇ္က ပုံမွန္ပြဲထြက္ကစားသမား ျဖစ္လာခဲ့ၿပီး လက္စတာနဲ႕ပြဲမွာေတာ့ ႂကြက္သားဒဏ္ရာေၾကာင့္ မူစတာဖီနဲ႕ လူစားလဲခဲ့ရသလို မူစတာဖီ ဝင္လာၿပီးေနာက္ အာဆင္နယ္ဟာ ဗာဒီရဲ႕ သြင္းဂိုးကို သူ႕ရဲ႕ အမွားကေနတဆင့္ ခပ္လြယ္လြယ္ ခြင့္ျပဳခဲ့ရျခင္းပါ။

တံေကာက္ေၾကာဒဏ္ရာကေန ျပန္လည္သက္သာလာခဲ့တဲ့ မူစတာဖီဟာ သုံးလၾကာ အနားယူခဲ့ရာက ျပန္ကစားခြင့္ရတဲ့ ဒီပြဲမွာ ပုံမွန္ေျခစြမ္းေအာက္ကို ေရာက္ေနခဲ့ၿပီး ေဒးဗစ္ လူးဝစ္ဇ္ ရဲ႕ ခံစစ္ပိုင္းဦးေဆာင္မႈ၊ တိုက္စစ္ကို ေဘာလုံးျဖန့္ေဝမႈ၊ လိုအပ္သလို ေဘာလုံးနဲ႕အတူ ဆြဲတက္ၿပီး တိုက္စစ္လိုက္ပါမႈနဲ႔အတူ လက္စတာကို ပထမပိုင္းတပိုင္းလုံး အသာစီးကစားေနတဲ့ အာဆင္နယ္အတြက္ နစ္နာစရာျဖစ္ေစခဲ့တယ္။

ေဒးဗစ္ လူးဝစ္ဇ္ ရဲ႕ ဒဏ္ရာရရွိမႈက အာတီတာအတြက္ စမ္းသပ္မႈတခု ျဖစ္လာဖြယ္ရာ ရွိေနသလို အသင္းရဲ႕ လက္ရွိရာသီ ဗဟိုခံစစ္မွာ အတည္ၿငိမ္ဆုံးကစားျပေနတဲ့ အဓိက ကစားသမားအျဖစ္ ဂါဘရီယယ္လ္ကေတာ့ အာတီတာအတြက္ အသက္ရႈေခ်ာင္စရာ ျဖစ္လာေစမွာပါ။

ခံစစ္မွာ တည္ၿငိမ္ၿပီး မာေက်ာသလို ေဘာလုံးကို ရဲရဲကိုင္နိုင္ၿပီး တိုက္စစ္ကိုပါ ေဘာလုံးျဖန့္ေဝမႈ ျပဳလုပ္နိုင္တဲ့ ဂါဘရီယယ္လ္က အားကိုစိတ္ခ်စရာ ျဖစ္သလို သူ႕နဲ႕အတူ ဟိုးလ္ဒင္း အတြဲညီညီကစားနိုင္တာကိုလည္း ေတြ႕ေနရတယ္။ ဂါဘရီယယ္လ္က သူ႕ရဲ႕ တြဲဖက္ ကစားေဖာ္ေတြကို ၫႊန္ၾကားမႈေတြ ျပဳလုပ္ၿပီး ဦးေဆာင္နိုင္စြမ္းေတြကိုပါ ျမင္ေတြ႕ေနရတာက အာတီတာအတြက္ ေက်နပ္စရာ ေ႐ြးခ်ယ္မႈတခု ျဖစ္ေစမွာပါ။

အာတီတာဟာ လာမယ့္ ကိုးရက္အတြင္း ေလးပြဲ၊ ႏွစ္ပတ္အတြင္း ပြဲစဥ္ငါးပြဲတိတိ ရင္ဆိုင္ကစားရေတာ့မယ့္ ပြဲက်ပ္ကာလမွာ အသင္းရဲ႕ ခံစစ္မွာ လူထုတ္ပုံ အေျပာင္းအလဲအေနနဲ႕ ဘယ္လိုလူေတြကို ေ႐ြးခ်ယ္အသုံးျပဳၿပီး ခံစစ္ေၾကာင္းကို ဘယ္လိုနည္းနဲ႕ ေျဖရွင္းသြားမလဲဆိုတာ စိတ္ဝင္စားစရာေကာင္းစြာ ေစာင့္ၾကည့္ရမွာပါ။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.