Premier League

ချယ်လ်ဆီးအသင်းမှာ ပီတာချက် ပါဝင်လာတဲ့အတွက် အသင်းဖော်ဟောင်း အက်ဆီယန် ဝမ်းမြောက်နေ

ချယ်လ်ဆီးအသင်းမှာ ၉ နှစ်ကြာ ခြေစွမ်းပြကစားခဲ့တဲ့ ဂါနာ ကွင်းလယ်ကစားသမား မိုက်ကယ် အက်ဆီယန်ဟာ အသင်းရဲ့လူစာရင်းမှာ အသင်းဖော်ဟောင်း ဂန္ထဝင်ဂိုးသမား ပီတာချက် ပါဝင်လာတဲ့အတွက် ဝမ်းမြောက်နေကြောင်း သိရပါတယ်။


အသက် ၃၈ နှစ်အရွယ် ဂိုးသမားဟာ ယခုနှစ် ချယ်လ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်လူစာရင်းမှာ ပါဝင်ပူး​ပေါင်းနိုင်ခဲ့ပြီး သူဟာ ဒီအရွယ်ထိ ပွဲထွက်ကစားသမားအနေနဲ့ ကောင်းကောင်းကစားနိုင်နေဆဲ ဖြစ်တယ်လို့ အက်ဆီယန်က ယုံကြည်လျက်ရှိနေတာပါ။


အသင်းရဲ့ ဂန္ထဝင်ဂိုးသမား ပီတာချက်လို ကွင်းတွင်း ကွင်းပြင် စံပြပုဂ္ဂိုလ်တယောက် အသင်းမှာ ရှိနေခြင်းဟာ ချယ်လ်ဆီးအသင်းရဲ့ဂိုးသမားတွေအတွက် အရမ်းအကျိုးရှိစေမှာဖြစ်သလို သူဟာ အပေါင်းလက္ခဏာများစွာဆောင်ပေးတတ်ပြီး အသင်းပိုကောင်းဖို့ ရဲရဲရင့်ရင့် ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်တဦးဖြစ်ကြောင်း မိုက်ကယ်အက်ဆီယန် ပြောခဲ့ပါတယ်။


ပီတာချက်ဟာ ချယ်လ်ဆီးကစားသမားဘဝမှာ ပရီးမီးယားလိဂ်ဖလား ၄ လုံး၊ အက်ဖ်အေဖလား ၄ လုံး၊ လိဂ်ဖလား ၃ လုံး နဲ့ ဥရောပအဆင့် ချန်ပီယံလိဂ်ဖလား နဲ့ ယူရိုပါလိဂ်ဖလားတွေကိုပါ ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ် မှာ ကျင်လည်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်မှာ အာဆင်နယ်အသင်းကနေ အနားယူခဲ့ပေမယ့် အခုအချိန်မှာ ချယ်လ်ဆီးအသင်းကို တကျော့ပြန် ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါတယ်။


” သူက အရမ်းချစ်ဖို့ကောင်းတဲ့သူပါ။ သူက သိပ်ပြီးလည်း ထက်မြက်ပါတယ်။ ဘာသာစကား များစွာ ပြောတတ်သလို ဒရမ်လည်းတီးတတ်ပါတယ်။ အသင်းရဲ့ အရေးပါတဲ့နေရာကို ရောက်ရှိလာခဲ့တာကြောင့် သူ့အတွက် အကောင်းဆုံးဖြစ်စေဖို့ပဲ ကျွန်တော် ဆန္ဒပြုနေတာပါ။ ” လို့ အက်ဆီယန် က အသင်းဖော်ဟောင်းကို ထောက်ခံအားပေးသွားခဲ့တာပါ။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ယ္လ္ဆီးအသင္းမွာ ၉ ႏွစ္ၾကာ ေျခစြမ္းျပကစားခဲ့တဲ့ ဂါနာ ကြင္းလယ္ကစားသမား မိုက္ကယ္ အက္ဆီယန္ဟာ အသင္းရဲ႕လူစာရင္းမွာ အသင္းေဖာ္ေဟာင္း ဂႏၳဝင္ဂိုးသမား ပီတာခ်က္ ပါဝင္လာတဲ့အတြက္ ဝမ္းေျမာက္ေနေၾကာင္း သိရပါတယ္။


အသက္ ၃၈ ႏွစ္အ႐ြယ္ ဂိုးသမားဟာ ယခုႏွစ္ ခ်ယ္လ္ဆီးအသင္းရဲ႕ ပရီးမီးယားလိဂ္လူစာရင္းမွာ ပါဝင္ပူး​ေပါင္းနိုင္ခဲ့ၿပီး သူဟာ ဒီအ႐ြယ္ထိ ပြဲထြက္ကစားသမားအေနနဲ႕ ေကာင္းေကာင္းကစားနိုင္ေနဆဲ ျဖစ္တယ္လို႔ အက္ဆီယန္က ယုံၾကည္လ်က္ရွိေနတာပါ။


အသင္းရဲ႕ ဂႏၳဝင္ဂိုးသမား ပီတာခ်က္လို ကြင္းတြင္း ကြင္းျပင္ စံျပပုဂၢိုလ္တေယာက္ အသင္းမွာ ရွိေနျခင္းဟာ ခ်ယ္လ္ဆီးအသင္းရဲ႕ဂိုးသမားေတြအတြက္ အရမ္းအက်ိဳးရွိေစမွာျဖစ္သလို သူဟာ အေပါင္းလကၡဏာမ်ားစြာေဆာင္ေပးတတ္ၿပီး အသင္းပိုေကာင္းဖို႔ ရဲရဲရင့္ရင့္ ဦးေဆာင္နိုင္တဲ့ ေခါင္းေဆာင္တဦးျဖစ္ေၾကာင္း မိုက္ကယ္အက္ဆီယန္ ေျပာခဲ့ပါတယ္။


ပီတာခ်က္ဟာ ခ်ယ္လ္ဆီးကစားသမားဘဝမွာ ပရီးမီးယားလိဂ္ဖလား ၄ လုံး၊ အက္ဖ္ေအဖလား ၄ လုံး၊ လိဂ္ဖလား ၃ လုံး နဲ႕ ဥေရာပအဆင့္ ခ်န္ပီယံလိဂ္ဖလား နဲ႕ ယူရိုပါလိဂ္ဖလားေတြကိုပါ ဆြတ္ခူးနိုင္ခဲ့သူျဖစ္ၿပီး ပရီးမီးယားလိဂ္ မွာ က်င္လည္ခဲ့ၿပီးေနာက္ ၂၀၁၉ ခုႏွစ္မွာ အာဆင္နယ္အသင္းကေန အနားယူခဲ့ေပမယ့္ အခုအခ်ိန္မွာ ခ်ယ္လ္ဆီးအသင္းကို တေက်ာ့ျပန္ ေရာက္ရွိလာခဲ့ျခင္း ျဖစ္ပါတယ္။


” သူက အရမ္းခ်စ္ဖို႔ေကာင္းတဲ့သူပါ။ သူက သိပ္ၿပီးလည္း ထက္ျမက္ပါတယ္။ ဘာသာစကား မ်ားစြာ ေျပာတတ္သလို ဒရမ္လည္းတီးတတ္ပါတယ္။ အသင္းရဲ႕ အေရးပါတဲ့ေနရာကို ေရာက္ရွိလာခဲ့တာေၾကာင့္ သူ႕အတြက္ အေကာင္းဆုံးျဖစ္ေစဖို႔ပဲ ကြၽန္ေတာ္ ဆႏၵျပဳေနတာပါ။ ” လို႔ အက္ဆီယန္ က အသင္းေဖာ္ေဟာင္းကို ေထာက္ခံအားေပးသြားခဲ့တာပါ။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.