Premier League Transfer News UCL&UEL

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၂၇.၁၀.၂၀၂၀

– ေဒါ့မြန္အသင္းတုိက္စစ္မွဴး အာလင္း ဟားလန္းကို မန္ခ်က္စတာယူႏုိက္တက္တုိ႔ ျပန္လည္စိတ္ဝင္စားလာၿပီး တစ္ပတ္လုပ္ခ ေပါင္တစ္သိန္းသုံးေသာင္းကို ေပးေခ်ဖို႔နဲ႔ စာခ်ဳပ္ေလ်ာ္ေၾကးေပးေခ်ဖို႔ အဆင္သင့္ျဖစ္ေနသလို ေအးဂ်င့္ ႐ိုင္ယိုလာကိုသာ ကိုယ့္သေဘာျဖစ္ေအာင္ ဆြဲေဆာင္ရဖြယ္ရွိ။

– မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္ အေဝးကြင္းပြဲစဥ္အတြက္ အဓိကေနာက္ခံလူေတြျဖစ္တဲ့ ကလိုစတာမန္းနဲ႔ မူကီလီတုိ႔ ပါဝင္ႏုိင္ဦးမွာ မဟုတ္ဘဲ ကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ဟိုင္ရာဒါကိုလည္း လက္လႊတ္ထားရလို႔ အိမ္ရွင္ေတြအတြက္ ဝမ္းသာစရာသတင္းျဖစ္ေန။

– အိမ္ကြင္းမွာ အရွဳံးေပးခဲ့ရတဲ့ ခ်န္ပီယံလိဂ္အုပ္စုပြဲအတြက္ ပီအက္စ္ဂ်ီတုိက္စစ္မွဴး ကိုင္လ်န္ အမ္ဘာေပ မခံမရပ္ႏုိင္ျဖစ္ေနၿပီး လာမယ့္ ဒီဇင္ဘာမွာ ျပန္ကစားရမယ့္ အေဝးကြင္းပြဲစဥ္မွာ မန္ခ်က္စတာယူႏုိက္တက္ကို ရွဳံးေၾကြးဆပ္မယ္လို႔ ႀကဳံးဝါးေန။

– ဆိုးလ္ရွားရဲ႕ ေပါ့ဘာကို အရန္ခုံပုိ႔ၿပီး အသင္းကို ပုိေကာင္းေအာင္ လုပ္ရဲကိုင္ရဲတဲ့ စိတ္ဓာတ္ကို ေလးစားေၾကာင္း ကာေရဂါ ေျပာၾကားခဲ့ၿပီး တြဲဖက္ စကိုင္းစပို႔စ္တင္ဆက္သူ ဂယ္ရီ နဗီးလ္ကလည္း ယူႏုိက္တက္ရဲ႕ ကစားကြက္ ေတာ္ေတာ္ေလး တိုးတက္ ေျပာင္းလဲသြားၿပီလို႔ ခ်ီးက်ဴး။

– ကြင္းလယ္အထိုင္ကို ေျပာင္းလဲခဲ့ၿပီးမွာ ဆုိးလ္ရွားအေနနဲ႔ တုိက္စစ္မွဴးေနာက္ကေန ပံ့ပုိးေပးဖုိ႔အတြက္ ဖန္တီးမွဳအားေကာင္းသူႏွစ္ဦးျဖစ္တဲ့ ေပါ့ဘာနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တုိ႔ကို တစ္ၿပဳိင္တည္း အသုံးျပဳဖို႔ စဥ္းစားသင့္တယ္လို႔ ဂယ္ရီ နဗီးလ္ အဆိုျပဳသြား။

– ဝုလ္ဗ္စ္ရဲ႕ စပိန္ေတာင္ပံကစားသမား အဒါမာ ထရာအုိေရးကို ယူႏိုက္တက္ဘက္က စိတ္မဝင္စားေၾကာင္းဆုိခဲ့ၿပီး ေဒါ့မြန္ရဲ႕ ေပါင္ ၁၇၆ သန္းတန္ ကစားသမားႏွစ္ဦးျဖစ္တဲ့ ဆန္ခ်ဳိနဲ႔ ဟားလန္းတုိ႔ကိုပဲ ေခၚယူႏုိင္ဖို႔ အလိုရွိေန။

– စကိုင္းစပုိ႔စ္ရဲ႕ ကာေရဂါနဲ႔ ဂယ္ရီ နဗီးလ္တုိ႔ရဲ႕ ယူႏိုက္တက္အေၾကာင္း စကားဝိုင္းမွာ ဖာနန္ဒက္စ္နဲ႔ ေပါ့ဘာကို ကြင္းလယ္မွာေရာ တုိက္စစ္မွာပါ အတူတူ မသုံးႏုိင္ဘူးလို႔ ကာေရဂါက ျငင္းဆန္သြားၿပီး ဂယ္ရီ နဗီးလ္ကေတာ့ သုံးႏုိင္မယ့္ နည္းလမ္းေတြကို ရွာေဖြေဆြးေႏြးသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဒေါ့မွန်အသင်းတိုက်စစ်မှူး အာလင်း ဟားလန်းကို မန်ချက်စတာယူနိုက်တက်တို့ ပြန်လည်စိတ်ဝင်စားလာပြီး တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းသုံးသောင်းကို ပေးချေဖို့နဲ့ စာချုပ်လျော်ကြေးပေးချေဖို့ အဆင်သင့်ဖြစ်နေသလို အေးဂျင့် ရိုင်ယိုလာကိုသာ ကိုယ့်သဘောဖြစ်အောင် ဆွဲဆောင်ရဖွယ်ရှိ။

– မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ်အတွက် အဓိကနောက်ခံလူတွေဖြစ်တဲ့ ကလိုစတာမန်းနဲ့ မူကီလီတို့ ပါဝင်နိုင်ဦးမှာ မဟုတ်ဘဲ ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဟိုင်ရာဒါကိုလည်း လက်လွှတ်ထားရလို့ အိမ်ရှင်တွေအတွက် ဝမ်းသာစရာသတင်းဖြစ်နေ။

– အိမ်ကွင်းမှာ အရှုံးပေးခဲ့ရတဲ့ ချန်ပီယံလိဂ်အုပ်စုပွဲအတွက် ပီအက်စ်ဂျီတိုက်စစ်မှူး ကိုင်လျန် အမ်ဘာပေ မခံမရပ်နိုင်ဖြစ်နေပြီး လာမယ့် ဒီဇင်ဘာမှာ ပြန်ကစားရမယ့် အဝေးကွင်းပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ကို ရှုံးကြွေးဆပ်မယ်လို့ ကြုံးဝါးနေ။

– ဆိုးလ်ရှားရဲ့ ပေါ့ဘာကို အရန်ခုံပို့ပြီး အသင်းကို ပိုကောင်းအောင် လုပ်ရဲကိုင်ရဲတဲ့ စိတ်ဓာတ်ကို လေးစားကြောင်း ကာရေဂါ ပြောကြားခဲ့ပြီး တွဲဖက် စကိုင်းစပို့စ်တင်ဆက်သူ ဂယ်ရီ နဗီးလ်ကလည်း ယူနိုက်တက်ရဲ့ ကစားကွက် တော်တော်လေး တိုးတက် ပြောင်းလဲသွားပြီလို့ ချီးကျူး။

– ကွင်းလယ်အထိုင်ကို ပြောင်းလဲခဲ့ပြီးမှာ ဆိုးလ်ရှားအနေနဲ့ တိုက်စစ်မှူးနောက်ကနေ ပံ့ပိုးပေးဖို့အတွက် ဖန်တီးမှုအားကောင်းသူနှစ်ဦးဖြစ်တဲ့ ပေါ့ဘာနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို တစ်ပြိုင်တည်း အသုံးပြုဖို့ စဉ်းစားသင့်တယ်လို့ ဂယ်ရီ နဗီးလ် အဆိုပြုသွား။

– ဝုလ်ဗ်စ်ရဲ့ စပိန်တောင်ပံကစားသမား အဒါမာ ထရာအိုရေးကို ယူနိုက်တက်ဘက်က စိတ်မဝင်စားကြောင်းဆိုခဲ့ပြီး ဒေါ့မွန်ရဲ့ ပေါင် ၁၇၆ သန်းတန် ကစားသမားနှစ်ဦးဖြစ်တဲ့ ဆန်ချိုနဲ့ ဟားလန်းတို့ကိုပဲ ခေါ်ယူနိုင်ဖို့ အလိုရှိနေ။

– စကိုင်းစပို့စ်ရဲ့ ကာရေဂါနဲ့ ဂယ်ရီ နဗီးလ်တို့ရဲ့ ယူနိုက်တက်အကြောင်း စကားဝိုင်းမှာ ဖာနန်ဒက်စ်နဲ့ ပေါ့ဘာကို ကွင်းလယ်မှာရော တိုက်စစ်မှာပါ အတူတူ မသုံးနိုင်ဘူးလို့ ကာရေဂါက ငြင်းဆန်သွားပြီး ဂယ်ရီ နဗီးလ်ကတော့ သုံးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဆွေးနွေးသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.