Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၂၇.၁၀.၂၀၂၀

– အာဆင္နယ္နဲ႔ စာခ်ဳပ္သက္တမ္း မတုိးေတာ့ဘဲ ေႏြရာသီမွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ မူစတာဖီ ထြက္ခြာဖို႔ ရွိေနၿပီး ဆြစ္ဇာလန္နဲ႔ နီးနီးနားနားေနခ်င္တဲ့ ဇနီးျဖစ္သူေၾကာင့္ အီတလီကလပ္ေတြကို ေရြးခ်ယ္သြားဖြယ္ရွိေန။

– မူစတာဖီ သက္တမ္းမတုိးေတာ့ဘဲ အာဆင္နယ္ဘက္က ကမ္းလွမ္းမွဳကို ျငင္းဆန္သြားတယ္ဆုိတဲ့ သတင္းအၿပီးမွာ ဒီလိုကစားသမားကို သက္တမ္းတုိးဖို႔ ႀကဳိးစားေနတဲ့ အသင္းရဲ႕ လုပ္ရပ္ကို ေမးခြန္းထုတ္ေလွာင္ေျပာင္သြားခဲ့ၾက။

– ႏိုဝင္ဘာလ ၃ ရက္ေန႔မွာ ျပန္ကစားႏုိင္ဖို႔ ပစ္မွတ္ထားေနခဲ့တဲ့ ေနာက္ခံလူ ပါဘလို မာရီရဲ႕ ဒဏ္ရာကို စိတ္ခ်ရေအာင္ ေနာက္ထပ္ ႏွစ္လ အခ်ိန္ေပးၿပီး ေစာင့္ၾကည့္သြားဖို႔ စပိန္က အထူးကုေဆးခန္းနဲ႔ ထပ္မံစစ္ေဆးအၿပီးမွာ အာဆင္နယ္ဆုံးျဖတ္။

– အသင္းရဲ႕ ဖန္တီးမွဳ ျပႆနာေတြအတြက္ ေအာဝါကို အားလုံးက သင့္ေတာ္မယ့္သူအျဖစ္ ရွဳျမင္ထားေပမယ့္ လီယြန္အသင္းနဲ႔ ေအးဂ်င့္ရဲ႕ ေဆြးေႏြးလို႔ မေကာင္းတဲ့ သေဘာထားေတြေၾကာင့္ ဗလင္စီယာအသင္းရဲ႕ ေဒးဗစ္ ေဆးလ္ဗားလက္သစ္လို႔ဆိုတဲ့ ကားလုိ႔စ္ ဆုိလာကို အရန္အစီအစဥ္အျဖစ္ ေစာင့္ၾကည့္ေန။

– လက္စတာနဲ႔ပြဲရဲ႕ ဒုတိယပုိင္းမွာ ဒဏ္ရာရရွိသြားခဲ့ေပမယ့္ စစ္ေဆးမွဳေတြအရ မန္ခ်က္စတာယူႏုိက္တက္နဲ႔ပြဲအမီ ေနာက္ခံလူ ေဒးဗစ္ လူးဝစ္ဇ္အေနနဲ႔ အင္ျပည့္အားျပည့္ ျပန္လည္ပါဝင္လာႏိုင္လိမ့္မယ္လုိ႔ နည္းျပ မီခယ္လ္ အာတီတာေျပာၾကား။

– အာဆင္နယ္အသင္းရဲ႕ တိုက္စစ္ကစားသမားေတြထဲက ေရွ႕တန္းသုံးေယာက္ကို အသုံးျပဳပုံမွာ ေဘာလုံးလက္ခံဖုိ႔ ေနရာလြတ္ မရွာတတ္ဘူးလို႔ မာတင္ ကီးယြန္း ေဝဖန္သြားခဲ့ၿပီး ကြင္းလယ္မွာ တဝဲလည္လည္ျဖစ္ေနတဲ့ ကစားကပုံကိုလည္း ဗီယာရာ၊ ဘားကမ့္နဲ႔ အြန္နရီတုိ႔ ဘယ္လိုမ်ဳိး သုံးခ်က္ထိနဲ႔ အျမန္ဆုံးဂိုးသြင္းသြားခဲ့ၾကတယ္ဆုိတာကို ျပန္ၾကည့္သင့္တယ္လို႔ဆုိ။

– ပရီးမီးယားလိဂ္မွာ ၂၆ ပြဲ ကိုင္တြယ္ၿပီးခ်ိန္မွာ အာတီတာရဲ႕ ရလဒ္ကို နည္းျပေဟာင္း အူႏိုင္း အမ္မရီရဲ႕ ရလဒ္နဲ႔ ႏွဳိင္းယွဥ္ၾကည့္ရာမွာ လက္ရွိနည္းျပရဲ႕ ရလဒ္က ပုိမိုနိမ့္ပါးေနခဲ့ၿပီး သူ႕ရဲ႕ နည္းစနစ္ေတြကလည္း ေမးခြန္းထုတ္စရာျဖစ္လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အာဆင်နယ်နဲ့ စာချုပ်သက်တမ်း မတိုးတော့ဘဲ နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ မူစတာဖီ ထွက်ခွာဖို့ ရှိနေပြီး ဆွစ်ဇာလန်နဲ့ နီးနီးနားနားနေချင်တဲ့ ဇနီးဖြစ်သူကြောင့် အီတလီကလပ်တွေကို ရွေးချယ်သွားဖွယ်ရှိနေ။

– မူစတာဖီ သက်တမ်းမတိုးတော့ဘဲ အာဆင်နယ်ဘက်က ကမ်းလှမ်းမှုကို ငြင်းဆန်သွားတယ်ဆိုတဲ့ သတင်းအပြီးမှာ ဒီလိုကစားသမားကို သက်တမ်းတိုးဖို့ ကြိုးစားနေတဲ့ အသင်းရဲ့ လုပ်ရပ်ကို မေးခွန်းထုတ်လှောင်ပြောင်သွားခဲ့ကြ။

– နိုဝင်ဘာလ ၃ ရက်နေ့မှာ ပြန်ကစားနိုင်ဖို့ ပစ်မှတ်ထားနေခဲ့တဲ့ နောက်ခံလူ ပါဘလို မာရီရဲ့ ဒဏ်ရာကို စိတ်ချရအောင် နောက်ထပ် နှစ်လ အချိန်ပေးပြီး စောင့်ကြည့်သွားဖို့ စပိန်က အထူးကုဆေးခန်းနဲ့ ထပ်မံစစ်ဆေးအပြီးမှာ အာဆင်နယ်ဆုံးဖြတ်။

– အသင်းရဲ့ ဖန်တီးမှု ပြဿနာတွေအတွက် အောဝါကို အားလုံးက သင့်တော်မယ့်သူအဖြစ် ရှုမြင်ထားပေမယ့် လီယွန်အသင်းနဲ့ အေးဂျင့်ရဲ့ ဆွေးနွေးလို့ မကောင်းတဲ့ သဘောထားတွေကြောင့် ဗလင်စီယာအသင်းရဲ့ ဒေးဗစ် ဆေးလ်ဗားလက်သစ်လို့ဆိုတဲ့ ကားလို့စ် ဆိုလာကို အရန်အစီအစဉ်အဖြစ် စောင့်ကြည့်နေ။

– လက်စတာနဲ့ပွဲရဲ့ ဒုတိယပိုင်းမှာ ဒဏ်ရာရရှိသွားခဲ့ပေမယ့် စစ်ဆေးမှုတွေအရ မန်ချက်စတာယူနိုက်တက်နဲ့ပွဲအမီ နောက်ခံလူ ဒေးဗစ် လူးဝစ်ဇ်အနေနဲ့ အင်ပြည့်အားပြည့် ပြန်လည်ပါဝင်လာနိုင်လိမ့်မယ်လို့ နည်းပြ မီခယ်လ် အာတီတာပြောကြား။

– အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကစားသမားတွေထဲက ရှေ့တန်းသုံးယောက်ကို အသုံးပြုပုံမှာ ဘောလုံးလက်ခံဖို့ နေရာလွတ် မရှာတတ်ဘူးလို့ မာတင် ကီးယွန်း ဝေဖန်သွားခဲ့ပြီး ကွင်းလယ်မှာ တဝဲလည်လည်ဖြစ်နေတဲ့ ကစားကပုံကိုလည်း ဗီယာရာ၊ ဘားကမ့်နဲ့ အွန်နရီတို့ ဘယ်လိုမျိုး သုံးချက်ထိနဲ့ အမြန်ဆုံးဂိုးသွင်းသွားခဲ့ကြတယ်ဆိုတာကို ပြန်ကြည့်သင့်တယ်လို့ဆို။

– ပရီးမီးယားလိဂ်မှာ ၂၆ ပွဲ ကိုင်တွယ်ပြီးချိန်မှာ အာတီတာရဲ့ ရလဒ်ကို နည်းပြဟောင်း အူနိုင်း အမ်မရီရဲ့ ရလဒ်နဲ့ နှိုင်းယှဉ်ကြည့်ရာမှာ လက်ရှိနည်းပြရဲ့ ရလဒ်က ပိုမိုနိမ့်ပါးနေခဲ့ပြီး သူ့ရဲ့ နည်းစနစ်တွေကလည်း မေးခွန်းထုတ်စရာဖြစ်လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.