Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၂၆.၁၀.၂၀၂၀

– အာဆင္နယ္အသင္းရဲ႕ အဖြင့္ဂိုးအျဖစ္ ရရွိႏုိင္တဲ့ တုိက္စစ္မွဴး အလက္ဇန္းဒါး လာကာဇက္ရဲ႕ဂိုးကို လူကၽြံတယ္ဆုိၿပီး ပယ္ဖ်က္ခဲ့တဲ့ လုပ္ရပ္အေပၚ လက္မခံႏုိင္ဘူးလို႔ ဆုိခဲ့ၿပီး နည္းျပ မီခယ္လ္ အာတီတာ ေပါက္ကြဲေန။

– ပရိသတ္ေတြအေနနဲ႔ ဂိုးသြင္းခြင့္ေတြကို ျဖဳန္းတီးေနက်ျဖစ္ၿပီး အဆုံးသတ္ မေသခ်ာတဲ့ တုိက္စစ္မွဴး လာကာဇက္ရဲ႕ ပုံစံေတြကို စိတ္ပ်က္ေနၿပီျဖစ္ၿပီး လက္စတာနဲ႔ပြဲက အပုိင္အခြင့္အေရးကို ဂိုးဝင္ေအာင္ ေခါင္းမတုိက္ႏုိင္ခဲ့တာကို စိတ္ကုန္ေနၾက။

– လက္စတာလို အသင္းမ်ဳိးနဲ႔ပြဲမွာေတာင္ ဖ႐ုိဖရဲျဖစ္ေနၿပီး ေကာင္းေကာင္းမကာကြယ္ႏုိင္ခဲ့တဲ့ ခံစစ္ကို လာမယ့္ မန္ခ်က္စတာယူႏုိက္တက္နဲ႔ ေတြ႕ဆုံရမယ့္ပြဲအတြက္ စိုးရိမ္မိေနတယ္လုိ႔ အာဆင္နယ္အသင္းရဲ႕ ဂႏၴဝင္တုိက္စစ္မွဴး အီယန္႐ိုက္ ေျပာၾကား။

– အူဘာမီယန္းရဲ႕ စာခ်ဳပ္သစ္ၿပီးကတည္းက သူ႕ကို ေနရာစုံမွာ စမ္းသပ္ကစားေနတာကို ရပ္သင့္ၿပီျဖစ္ၿပီး ေျခစြမ္းအျပႏုိင္ဆုံးျဖစ္တဲ့ ဘယ္ေတာင္ပံမွာပဲ သုံးသင့္တယ္လို႔ အာတီတာကို ပရိသတ္ေတြ အျပစ္တင္ ေဝဖန္ေနၾကၿပီး ေျခစြမ္းက်ဆင္းမွဳအတြက္ နည္းျပမွာ အျပည့္အဝတာဝန္ရွိတယ္လုိ႔ ဆုိေနၾက။

– အာဆင္နယ္အသင္းရဲ႕ လက္ရွိကြင္းလယ္ကို ျပည့္စုံဖို႔နဲ႔ ေသာမတ္စ္ ပါေတးတစ္ေယာက္တည္း ႐ုန္းကန္ေနရတာကို ကူညီဖို႔အတြက္ လာမယ့္ ဇန္နဝါရီ အေျပာင္းအေရႊ႕ကာလမွာ လီယြန္ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါနဲ႔ ထပ္မံအားျဖည့္ဖို႔ အီယန္႐ိုက္ တုိက္တြန္း။

– အာဆင္နယ္အသင္းရဲ႕ အႀကီးမားဆုံး ရန္သူတစ္ေယာက္အျဖစ္ ရွိေနခဲ့တဲ့ လက္စတာတုိက္စစ္မွဴး ေဂ်မီ ဗာဒီဟာ ဂန္းနားေတြနဲ႔ ေနာက္ဆုံး ၁၂ ပြဲမွာ ၁၁ ဂိုးသြင္း ၁ ဂိုး ဖန္တီးထားၿပီး သူ႕အတြက္ေတာ့ ဂိုးသြင္းႏွဳန္းအျမင့္ဆုံးကို ဒီအသင္းနဲ႔ ရရွိေနခဲ့သလို အိမ္ရွင္ေတြရဲ႕ ၁၉၇၃ ေနာက္ပုိင္း အိမ္ကြင္း မရွဳံးခဲ့တဲ့ မွတ္တမ္းကိုလည္း ဖ်က္ဆီးႏုိင္ခဲ့။

– ဗာဒီရဲ႕ သြင္းဂိုးမွာ ဂါဘရီယယ္လ္ မာဂါလုိင္စ္က ေနရာမွန္မွာ မရွိဘူးလို႔ တခ်ဳိ႕က ယူဆခဲ့ၾကေပမယ့္ ကိုယ့္ဘယ္ျခမ္းက ေတာင္ပံကစားသမားကို မပိတ္ဆုိ႔ႏုိင္ခဲ့တဲ့ ခ်ာကာနဲ႔ တီယာနီေၾကာင့္ သူ႕အေနနဲ႔ ဒီလိုဆုံးျဖတ္ခဲ့ရတာျဖစ္ၿပီး သူညႊန္ၾကားခဲ့တဲ့ ေနရာကို ယူဖို႔ ပ်က္ကြက္ေနခဲ့တဲ့ မူစတာဖီေၾကာင့္သာ သူ႕အျပစ္လို ထင္ခဲ့ၾကတာျဖစ္ေၾကာင္း ဗီဒီယို မွတ္တမ္းေတြမွာ ေတြ႕ျမင္ခဲ့ရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အာဆင်နယ်အသင်းရဲ့ အဖွင့်ဂိုးအဖြစ် ရရှိနိုင်တဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ရဲ့ဂိုးကို လူကျွံတယ်ဆိုပြီး ပယ်ဖျက်ခဲ့တဲ့ လုပ်ရပ်အပေါ် လက်မခံနိုင်ဘူးလို့ ဆိုခဲ့ပြီး နည်းပြ မီခယ်လ် အာတီတာ ပေါက်ကွဲနေ။

– ပရိသတ်တွေအနေနဲ့ ဂိုးသွင်းခွင့်တွေကို ဖြုန်းတီးနေကျဖြစ်ပြီး အဆုံးသတ် မသေချာတဲ့ တိုက်စစ်မှူး လာကာဇက်ရဲ့ ပုံစံတွေကို စိတ်ပျက်နေပြီဖြစ်ပြီး လက်စတာနဲ့ပွဲက အပိုင်အခွင့်အရေးကို ဂိုးဝင်အောင် ခေါင်းမတိုက်နိုင်ခဲ့တာကို စိတ်ကုန်နေကြ။

– လက်စတာလို အသင်းမျိုးနဲ့ပွဲမှာတောင် ဖရိုဖရဲဖြစ်နေပြီး ကောင်းကောင်းမကာကွယ်နိုင်ခဲ့တဲ့ ခံစစ်ကို လာမယ့် မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံရမယ့်ပွဲအတွက် စိုးရိမ်မိနေတယ်လို့ အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူး အီယန်ရိုက် ပြောကြား။

– အူဘာမီယန်းရဲ့ စာချုပ်သစ်ပြီးကတည်းက သူ့ကို နေရာစုံမှာ စမ်းသပ်ကစားနေတာကို ရပ်သင့်ပြီဖြစ်ပြီး ခြေစွမ်းအပြနိုင်ဆုံးဖြစ်တဲ့ ဘယ်တောင်ပံမှာပဲ သုံးသင့်တယ်လို့ အာတီတာကို ပရိသတ်တွေ အပြစ်တင် ဝေဖန်နေကြပြီး ခြေစွမ်းကျဆင်းမှုအတွက် နည်းပြမှာ အပြည့်အဝတာဝန်ရှိတယ်လို့ ဆိုနေကြ။

– အာဆင်နယ်အသင်းရဲ့ လက်ရှိကွင်းလယ်ကို ပြည့်စုံဖို့နဲ့ သောမတ်စ် ပါတေးတစ်ယောက်တည်း ရုန်းကန်နေရတာကို ကူညီဖို့အတွက် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ လီယွန်ကွင်းလယ်လူ ဟူဆင်းမ် အောဝါနဲ့ ထပ်မံအားဖြည့်ဖို့ အီယန်ရိုက် တိုက်တွန်း။

– အာဆင်နယ်အသင်းရဲ့ အကြီးမားဆုံး ရန်သူတစ်ယောက်အဖြစ် ရှိနေခဲ့တဲ့ လက်စတာတိုက်စစ်မှူး ဂျေမီ ဗာဒီဟာ ဂန်းနားတွေနဲ့ နောက်ဆုံး ၁၂ ပွဲမှာ ၁၁ ဂိုးသွင်း ၁ ဂိုး ဖန်တီးထားပြီး သူ့အတွက်တော့ ဂိုးသွင်းနှုန်းအမြင့်ဆုံးကို ဒီအသင်းနဲ့ ရရှိနေခဲ့သလို အိမ်ရှင်တွေရဲ့ ၁၉၇၃ နောက်ပိုင်း အိမ်ကွင်း မရှုံးခဲ့တဲ့ မှတ်တမ်းကိုလည်း ဖျက်ဆီးနိုင်ခဲ့။

– ဗာဒီရဲ့ သွင်းဂိုးမှာ ဂါဘရီယယ်လ် မာဂါလိုင်စ်က နေရာမှန်မှာ မရှိဘူးလို့ တချို့က ယူဆခဲ့ကြပေမယ့် ကိုယ့်ဘယ်ခြမ်းက တောင်ပံကစားသမားကို မပိတ်ဆို့နိုင်ခဲ့တဲ့ ချာကာနဲ့ တီယာနီကြောင့် သူ့အနေနဲ့ ဒီလိုဆုံးဖြတ်ခဲ့ရတာဖြစ်ပြီး သူညွှန်ကြားခဲ့တဲ့ နေရာကို ယူဖို့ ပျက်ကွက်နေခဲ့တဲ့ မူစတာဖီကြောင့်သာ သူ့အပြစ်လို ထင်ခဲ့ကြတာဖြစ်ကြောင်း ဗီဒီယို မှတ်တမ်းတွေမှာ တွေ့မြင်ခဲ့ရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.