Premier League

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၂၆.၁၀.၂၀၂၀

– ဘရာဇီးလ္က မန္ခ်က္စတာစီးတီးအသင္းကို အားေပးသူေတြရဲ႕ စာမ်က္ႏွာတစ္ခုကေန ထုတ္ျပန္ခဲ့တဲ့ တုိက္စစ္မွဴး ဂါဘရီယယ္လ္ ေဂ်ဆူးတစ္ေယာက္ လာမယ့္တစ္ပတ္ကေန ႏွစ္ပတ္အတြင္း ထရိန္နင္ ျပန္ဆင္းမယ္ဆုိတာဟာ နားလည္မွဳလြဲတာျဖစ္ၿပီး တကယ္တမ္းမွာေတာ့ ဒီအပတ္ထဲမွာ ျပန္လည္ေလ့က်င့္ႏုိင္ဖို႔ရွိေနေၾကာင္းသိရ။

– ဘယ္ေနာက္ခံလူေတြရဲ႕ ႀကံ့ခုိင္မွဳနဲ႔ ကစားပုံဆုိးရြားေနမွဳေတြေၾကာင့္ ညာျခမ္းကေန ဘယ္ျခမ္းကို ေျပာင္းကစားခဲ့ရတဲ့ ဂ်ဳိအာအုိ ကန္ဆယ္လိုကို ပရိသတ္ေတြ သေဘာက်ေနၾကၿပီး ဆက္လက္သုံးစြဲဖို႔နဲ႔ ဆရာက်တဲ့ ကစားသမားတစ္ဦးလုိ႔ ခ်ီးက်ဴးေျပာၾကားေနၾက။

– ငယ္စဥ္က မာေဆးလ္အသင္းရဲ႕ ပရိသတ္တစ္ဦးျဖစ္ခဲ့ၿပီး ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕ကာလမွာ ျပင္သစ္ေျမကို ျပန္ကစားခြင့္ရဖို႔ ေမွ်ာ္လင့္ခဲ့ေသးတယ္လို႔ ေတာင္ပံကစားသမား မာရက္ဇ္က ေနာက္ခံလူ ဘင္ဂ်မင္ မန္ဒီနဲ႔အတူ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ဝန္ခံခဲ့။

– အသင္းမွာ ကိုးႏွစ္တိတိ ေျခစြမ္းျပခဲ့ၿပီး ဒီရာသီမွာ ဒဏ္ရာေတြနဲ႔ ႐ုန္းကန္ေနခဲ့ရတဲ့ တိုက္စစ္မွဴး ဆာဂ်ီယို အေဂြ႐ိုကို ေထာက္ပံ့ေပးဖို႔ ေတာင္ပံကစားသမား ရာဟင္းမ္ စတာလင္အေနနဲ႔ တြဲဖက္တုိက္စစ္မွဴးအျဖစ္ လာမယ့္ပြဲေတြမွာ အလယ္ဝင္ကစားလာဖြယ္ရွိေန။

– အသက္ ၁၇ ႏွစ္အရြယ္မွာ ေၾကကြဲဝမ္းနည္းဖြယ္ ကြယ္လြန္သြားခဲ့တဲ့ မန္စီးတီးလူငယ္ေနာက္ခံလူ ယယ္ရမီ ဝစ္ဆန္အတြက္ အသင္းနဲ႔ လူငယ္ကစားသမားေတြအျပင္ ပထမအသင္းရဲ႕ စတာလင္နဲ႔ လာေပါ့တ္တုိ႔ကလည္း ဝမ္းနည္းေၾကာင္း အသီးသီးထုတ္ျပန္သြားခဲ့။

– မန္ခ်က္စတာစီးတီးလို အသင္းႀကီးတစ္သင္းရဲ႕ စိတ္ဝင္စားခံရတာဟာ ဂုဏ္ယူစရာျဖစ္ေပမယ့္ ေလာေလာဆယ္မွာေတာ့ ေအးခ်မ္းတဲ့ ဆီဗီးလ္ၿမဳိ႕က ဘဝေလးကိုပဲ ေက်နပ္ေနမိတယ္လုိ႔ ဆီဗီလာေနာက္ခံလူ ဂ်ဴးလ္ ကြန္ဒီ ေျပာၾကား။

– အဲရစ္ ဂါစီယာကို အသင္းမွာ ဆက္ေနဖို႔ အစြမ္းကုန္ စည္း႐ုံးေနတဲ့ နည္းျပ ပက္ပ္ ဂြါဒီယိုလာအေနနဲ႔ သူ႕ရဲ႕ မန္ခ်က္စတာစီးတီးအသင္းနဲ႔ အနာဂတ္ကိုလည္း မၾကာခင္မွာ ေသေသခ်ာခ်ာ ဆုံးျဖတ္သြားရဖို႔ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဘရာဇီးလ်က မန်ချက်စတာစီးတီးအသင်းကို အားပေးသူတွေရဲ့ စာမျက်နှာတစ်ခုကနေ ထုတ်ပြန်ခဲ့တဲ့ တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးတစ်ယောက် လာမယ့်တစ်ပတ်ကနေ နှစ်ပတ်အတွင်း ထရိန်နင် ပြန်ဆင်းမယ်ဆိုတာဟာ နားလည်မှုလွဲတာဖြစ်ပြီး တကယ်တမ်းမှာတော့ ဒီအပတ်ထဲမှာ ပြန်လည်လေ့ကျင့်နိုင်ဖို့ရှိနေကြောင်းသိရ။

– ဘယ်နောက်ခံလူတွေရဲ့ ကြံ့ခိုင်မှုနဲ့ ကစားပုံဆိုးရွားနေမှုတွေကြောင့် ညာခြမ်းကနေ ဘယ်ခြမ်းကို ပြောင်းကစားခဲ့ရတဲ့ ဂျိုအာအို ကန်ဆယ်လိုကို ပရိသတ်တွေ သဘောကျနေကြပြီး ဆက်လက်သုံးစွဲဖို့နဲ့ ဆရာကျတဲ့ ကစားသမားတစ်ဦးလို့ ချီးကျူးပြောကြားနေကြ။

– ငယ်စဉ်က မာဆေးလ်အသင်းရဲ့ ပရိသတ်တစ်ဦးဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလမှာ ပြင်သစ်မြေကို ပြန်ကစားခွင့်ရဖို့ မျှော်လင့်ခဲ့သေးတယ်လို့ တောင်ပံကစားသမား မာရက်ဇ်က နောက်ခံလူ ဘင်ဂျမင် မန်ဒီနဲ့အတူ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဝန်ခံခဲ့။

– အသင်းမှာ ကိုးနှစ်တိတိ ခြေစွမ်းပြခဲ့ပြီး ဒီရာသီမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေခဲ့ရတဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုကို ထောက်ပံ့ပေးဖို့ တောင်ပံကစားသမား ရာဟင်းမ် စတာလင်အနေနဲ့ တွဲဖက်တိုက်စစ်မှူးအဖြစ် လာမယ့်ပွဲတွေမှာ အလယ်ဝင်ကစားလာဖွယ်ရှိနေ။

– အသက် ၁၇ နှစ်အရွယ်မှာ ကြေကွဲဝမ်းနည်းဖွယ် ကွယ်လွန်သွားခဲ့တဲ့ မန်စီးတီးလူငယ်နောက်ခံလူ ယယ်ရမီ ဝစ်ဆန်အတွက် အသင်းနဲ့ လူငယ်ကစားသမားတွေအပြင် ပထမအသင်းရဲ့ စတာလင်နဲ့ လာပေါ့တ်တို့ကလည်း ဝမ်းနည်းကြောင်း အသီးသီးထုတ်ပြန်သွားခဲ့။

– မန်ချက်စတာစီးတီးလို အသင်းကြီးတစ်သင်းရဲ့ စိတ်ဝင်စားခံရတာဟာ ဂုဏ်ယူစရာဖြစ်ပေမယ့် လောလောဆယ်မှာတော့ အေးချမ်းတဲ့ ဆီဗီးလ်မြို့က ဘဝလေးကိုပဲ ကျေနပ်နေမိတယ်လို့ ဆီဗီလာနောက်ခံလူ ဂျူးလ် ကွန်ဒီ ပြောကြား။

– အဲရစ် ဂါစီယာကို အသင်းမှာ ဆက်နေဖို့ အစွမ်းကုန် စည်းရုံးနေတဲ့ နည်းပြ ပက်ပ် ဂွါဒီယိုလာအနေနဲ့ သူ့ရဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ အနာဂတ်ကိုလည်း မကြာခင်မှာ သေသေချာချာ ဆုံးဖြတ်သွားရဖို့ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.