Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၂၆.၁၀.၂၀၂၀

– ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္မွဳခံခဲ့ရတဲ့ ေပါလ္ ေပါ့ဘာကို အခ်ိန္မေပးဘဲ အလ်င္စလို သုံးစြဲမိတာက ေျခစြမ္းကိုပါ ထိခိုက္ေစၿပီး မိမိအေနနဲ႔ တရားမွ်တမွဳ မရွိခဲ့ဘူးလို႔ မန္ခ်က္စတာယူႏုိက္တက္နည္းျပ အုိလီဂန္နာ ဆုိးလ္ရွား ဝန္ခံ။

– ဆိုးလ္ရွားအေနနဲ႔ တြမ္ဇီဘီကို ေနရာေပးဖို႔၊ ေနာက္တန္း ေလးေယာက္လား ငါးေယာက္လား စဥ္းစားဖို႔နဲ႔ ေပါဘာနဲ႔ ဗန္ဒဘိခ္ကို တစ္ခ်ိန္လုံး အရန္ခုံထိုင္ထားခိုင္းမွာလားဆုိတာကို သုံးသပ္ဖို႔ ေရွ႕ေလွ်ာက္ၿပီး ႀကီးမားတဲ့ ဆုံးျဖတ္ခ်က္ သုံးခုကို ခ်ရလိမ့္မယ္လို႔ အီဗရာ သုံးသပ္။

– နယ္သာလန္နဲ႔ အုိင္းယက္ဂႏၴဝင္တုိက္စစ္မွဴးေဟာင္းတစ္ဦးျဖစ္တဲ့ မာကို ဗန္ဘတ္စတင္က ယူႏုိက္တက္ဟာ ကြင္းလယ္လူ ဒြန္နီ ဗန္ဒဘိခ္ရဲ႕ ကစားသမားဘဝအတြက္ ဆုိးရြားတဲ့ ေျပာင္းေရႊ႕မွဳပဲ ျဖစ္လိမ့္မယ္လုိ႔ ဆုိလုိက္ၿပီး ဒီထက္ပုိၿပီး ကစားခ်ိန္ေပးသင့္ေၾကာင္း ဒတ္ခ်္ကစားသမားဘက္က ေဒါသထြက္ေန။

– မန္ခ်က္စတာယူႏုိက္တက္အသင္းတာဝန္ရွိသူေတြအေနနဲ႔ ေနာက္ခံလူ ဖီးလ္ ဂ်ဳံးစ္ကို ေပါင္သန္း ၂၀ နဲ႔ ေရာင္းခ်ႏုိင္ဖို႔ ႀကဳိးစားေနၿပီး သူနဲ႔ လမ္းခြဲျခင္းကသာ ႏွစ္ဦးႏွစ္ဖက္အက်ဳိးရွိတဲ့ကိစၥကို အိုးလ္ထရက္ဖို႔ဒ္မွာ စီမံခန္႔ခြဲႏုိင္မွာျဖစ္ေၾကာင္းဆုိ။

– ယူႏုိက္တက္နဲ႔ လီဗာပူးလ္ကြင္းလယ္လူေဟာင္း ေပါလ္ အင့္စ္က ေပါ့ဘာဟာ ကြင္းထဲမွာ ရွိေနသင့္တဲ့ ကစားသမားတစ္ဦးျဖစ္ေၾကာင္းနဲ႔ တကယ္လုိ႔ အရန္ခုံထိုင္ခိုင္းဖို႔ အေတြးဝင္လာရင္ေတာ့ သူ႕အျမင္မွာ ေရာင္းထုတ္လုိက္တာက အေကာင္းဆုံးပဲလို႔ ေဝဖန္သြားခဲ့။

– လက္စတာစီးတီးအသင္းရဲ႕ တန္ျပန္တုိက္စစ္နဲ႔ လွ်ပ္တစ္ျပက္ထိုးေဖာက္မွဳေတြမွာ က်ဆုံးခဲ့ရတဲ့ အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္ မန္ခ်က္စတာယူႏုိက္တက္နဲ႔ပြဲမွာ ဒုကၡေရာက္ႏုိင္ေၾကာင္း ဟိုက္ဘာရီဂႏၴဝင္ အီယန္႐ိုက္ စိုးရိမ္ေန။

– မန္ခ်က္စတာယူႏုိက္တက္အသင္းတုိက္စစ္မွဴး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ရဲ႕ ေျခရာကို နင္းတဲ့ အေနနဲ႔ ၿမဳိ႕ခံၿပဳိင္ဘက္ကစားသမား ရာဟင္းမ္ စတာလင္ကလည္း ဆင္းရဲတဲ့ ကေလးငယ္ေတြအတြက္ ေဖာင္ေဒးရွင္းတစ္ခုကို ထူေထာင္ၿပီး ကူညီပံ့ပုိးေပးသြားဖို႔ စီစဥ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုခံခဲ့ရတဲ့ ပေါလ် ပေါ့ဘာကို အချိန်မပေးဘဲ အလျင်စလို သုံးစွဲမိတာက ခြေစွမ်းကိုပါ ထိခိုက်စေပြီး မိမိအနေနဲ့ တရားမျှတမှု မရှိခဲ့ဘူးလို့ မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှား ဝန်ခံ။

– ဆိုးလ်ရှားအနေနဲ့ တွမ်ဇီဘီကို နေရာပေးဖို့၊ နောက်တန်း လေးယောက်လား ငါးယောက်လား စဉ်းစားဖို့နဲ့ ပေါဘာနဲ့ ဗန်ဒဘိခ်ကို တစ်ချိန်လုံး အရန်ခုံထိုင်ထားခိုင်းမှာလားဆိုတာကို သုံးသပ်ဖို့ ရှေ့လျှောက်ပြီး ကြီးမားတဲ့ ဆုံးဖြတ်ချက် သုံးခုကို ချရလိမ့်မယ်လို့ အီဗရာ သုံးသပ်။

– နယ်သာလန်နဲ့ အိုင်းယက်ဂန္ထဝင်တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ မာကို ဗန်ဘတ်စတင်က ယူနိုက်တက်ဟာ ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်ရဲ့ ကစားသမားဘဝအတွက် ဆိုးရွားတဲ့ ပြောင်းရွှေ့မှုပဲ ဖြစ်လိမ့်မယ်လို့ ဆိုလိုက်ပြီး ဒီထက်ပိုပြီး ကစားချိန်ပေးသင့်ကြောင်း ဒတ်ချ်ကစားသမားဘက်က ဒေါသထွက်နေ။

– မန်ချက်စတာယူနိုက်တက်အသင်းတာဝန်ရှိသူတွေအနေနဲ့ နောက်ခံလူ ဖီးလ် ဂျုံးစ်ကို ပေါင်သန်း ၂၀ နဲ့ ရောင်းချနိုင်ဖို့ ကြိုးစားနေပြီး သူနဲ့ လမ်းခွဲခြင်းကသာ နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ကိစ္စကို အိုးလ်ထရက်ဖို့ဒ်မှာ စီမံခန့်ခွဲနိုင်မှာဖြစ်ကြောင်းဆို။

– ယူနိုက်တက်နဲ့ လီဗာပူးလ်ကွင်းလယ်လူဟောင်း ပေါလ် အင့်စ်က ပေါ့ဘာဟာ ကွင်းထဲမှာ ရှိနေသင့်တဲ့ ကစားသမားတစ်ဦးဖြစ်ကြောင်းနဲ့ တကယ်လို့ အရန်ခုံထိုင်ခိုင်းဖို့ အတွေးဝင်လာရင်တော့ သူ့အမြင်မှာ ရောင်းထုတ်လိုက်တာက အကောင်းဆုံးပဲလို့ ဝေဖန်သွားခဲ့။

– လက်စတာစီးတီးအသင်းရဲ့ တန်ပြန်တိုက်စစ်နဲ့ လျှပ်တစ်ပြက်ထိုးဖောက်မှုတွေမှာ ကျဆုံးခဲ့ရတဲ့ အာဆင်နယ်အသင်းအနေနဲ့ လာမယ့် မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ ဒုက္ခရောက်နိုင်ကြောင်း ဟိုက်ဘာရီဂန္ထဝင် အီယန်ရိုက် စိုးရိမ်နေ။

– မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ခြေရာကို နင်းတဲ့ အနေနဲ့ မြို့ခံပြိုင်ဘက်ကစားသမား ရာဟင်းမ် စတာလင်ကလည်း ဆင်းရဲတဲ့ ကလေးငယ်တွေအတွက် ဖောင်ဒေးရှင်းတစ်ခုကို ထူထောင်ပြီး ကူညီပံ့ပိုးပေးသွားဖို့ စီစဉ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.