Match Report Premier League

လူစားဝင်တိုက်စစ်မှူး ဗာဒီရဲ့ အလဲထိုးမှုနဲ့ အာဆင်နယ် ရှုံးပွဲဆက်

၄-၃-၃ ပုံစံကို ပြောင်းကစားခဲ့တဲ့ ဂါဘရီယယ်လ်နဲ့ ဒေးဗစ် လူးဝစ်ဇ်တို့ကို ရှေ့က ပါတေး၊ ချာကာ၊ စီဘာယော့စ်တို့ကို သုံးယောက်တန်း ထားကစားပြီး တိုက်စစ်မှာတော့ ဆာကာ၊ လာကာဇက်နဲ့ အူဘာမီယန်းတို့ကို အသုံးပြုခဲ့ပြီး ဂါဘွန်သားက ညာခြမ်းကနေ ပါဝင်လာခဲ့ပြီး ပြောင်းပြန် ဖြစ်သင့်တဲ့ နေရာချထားပုံအမှားကို စကတည်းက တွေ့မြင်ခဲ့ရပါတယ်။

စောစောစီးစီးရရှိခဲ့တဲ့ လာကာဇက်ရဲ့ဂိုးကို လူကျွံတယ်ဆိုပြီး ပယ်ဖျက်ခံခဲ့ရပြီး အာဆင်နယ်တို့ အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှုအများစု ရယူနိုင်ခဲ့ပေမယ့် တိုက်စစ်လမ်းကြောင်းတွေက ဆာကာရဲ့ အတွေ့အကြုံနည်းမှုနဲ့ တိုက်စစ်မှူးတွေ နေရာယူပုံမမှန်တာတွေကြောင့် လက်စတာ ဂိုးဧရိယာထဲ ရောက်တာနဲ့ ပျက်ပြယ်နေခဲ့ပါတယ်။

ပထမပိုင်းမှာ ဆာကာရဲ့ ဖြုန်းတီးမှုနဲ့ ဖန်တီးပုံ မကောင်းမှု၊ လာကာဇက်ရဲ့ ခေါင်းမတိုက်တတ်မှု၊ အူဘာမီယန်းရဲ့ ညာခြမ်းနဲ့ အလယ်မှာ သုံးစားမရမှုတွေကြောင့် ဖိကစားနိုင်ပြီး အခွင့်အရေးတွေ ဖန်တီးနိုင်ရက်နဲ့ အဆုံးသတ်ပိုင်းတွေ ညံ့ဖျင်းခဲ့တာကြောင့် ဂိုးမရှိသရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဗာဒီဝင်လာခဲ့တာကြောင့် ခံစစ်က ပိုသတိထားခဲ့ရပြီး ပွဲချိန် မိနစ် ၈၀ မှာတော့ ဒီရာသီမှာ ပထမဆုံး ပွဲထွက်ခွင့်ရတဲ့ လူစားဝင်ကစားသမား မူစတာဖီနဲ့ အာဆင်နယ်ခံစစ်တို့ကြား နားလည်မှု မရှိတာကနေ ဆန်ဂျစ် အွန်ဒါကိုလည်း လိုက်မဖျက်နိုင်တဲ့ တီယာနီနဲ့ ချာကာရဲ့ အမှားနဲ့အတူ ဗာဒီက အေးအေးဆေးဆေးနေရာယူပြီး ပိတ်သွင်းသွားနိုင်ခဲ့ပါတယ်။

ဒီအိမ်ကွင်းရှုံးပွဲကြောင့် အာဆင်နယ်တို့ အမှတ်ပေးဇယား ရပ်တည်မှုမှာ အဆင့် ၁၀ အထိ ဆင်းပေးခဲ့ရသလို လက်စတာကိုလည်း အိမ်ကွင်းမှာ ၁၉၇၃ ခုနှစ် နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ရှုံးပွဲအဖြစ် ကြုံတွေ့ခဲ့ရလို့ ခါးသီးတဲ့ ရှုံးပွဲဖြစ်ခဲ့ပြီး ဒီနေ့ပွဲရဲ့ လူများပြီး ပွဲမစည်သလို နားလည်ဖို့ ခဲယဉ်းတဲ့ ရှုပ်ထွေးတဲ့ ဗျူဟာတွေကို အာဆင်နယ်မပြင်နိုင်ရင် ၄-၃-၃ ဟာ ၃-၄-၃ လောက် အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ပဲ သုံးသပ်လိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၄-၃-၃ ပုံစံကို ေျပာင္းကစားခဲ့တဲ့ ဂါဘရီယယ္လ္နဲ႔ ေဒးဗစ္ လူးဝစ္ဇ္တို႔ကို ေရွ႕က ပါေတး၊ ခ်ာကာ၊ စီဘာေယာ့စ္တို႔ကို သုံးေယာက္တန္း ထားကစားၿပီး တိုက္စစ္မွာေတာ့ ဆာကာ၊ လာကာဇက္နဲ႔ အူဘာမီယန္းတို႔ကို အသုံးျပဳခဲ့ၿပီး ဂါဘြန္သားက ညာျခမ္းကေန ပါဝင္လာခဲ့ၿပီး ေျပာင္းျပန္ ျဖစ္သင့္တဲ့ ေနရာခ်ထားပုံအမွားကို စကတည္းက ေတြ႕ျမင္ခဲ့ရပါတယ္။

ေစာေစာစီးစီးရရွိခဲ့တဲ့ လာကာဇက္ရဲ႕ဂိုးကို လူကြၽံတယ္ဆိုၿပီး ပယ္ဖ်က္ခံခဲ့ရၿပီး အာဆင္နယ္တို႔ အိမ္ကြင္းမွာ ေဘာလုံးပိုင္ဆိုင္မႈအမ်ားစု ရယူႏိုင္ခဲ့ေပမယ့္ တိုက္စစ္လမ္းေၾကာင္းေတြက ဆာကာရဲ႕ အေတြ႕အႀကဳံနည္းမႈနဲ႔ တိုက္စစ္မႉးေတြ ေနရာယူပုံမမွန္တာေတြေၾကာင့္ လက္စတာ ဂိုးဧရိယာထဲ ေရာက္တာနဲ႔ ပ်က္ျပယ္ေနခဲ့ပါတယ္။

ပထမပိုင္းမွာ ဆာကာရဲ႕ ျဖဳန္းတီးမႈနဲ႔ ဖန္တီးပုံ မေကာင္းမႈ၊ လာကာဇက္ရဲ႕ ေခါင္းမတိုက္တတ္မႈ၊ အူဘာမီယန္းရဲ႕ ညာျခမ္းနဲ႔ အလယ္မွာ သုံးစားမရမႈေတြေၾကာင့္ ဖိကစားႏိုင္ၿပီး အခြင့္အေရးေတြ ဖန္တီးႏိုင္ရက္နဲ႔ အဆုံးသတ္ပိုင္းေတြ ညံ့ဖ်င္းခဲ့တာေၾကာင့္ ဂိုးမရွိသေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ဗာဒီဝင္လာခဲ့တာေၾကာင့္ ခံစစ္က ပိုသတိထားခဲ့ရၿပီး ပြဲခ်ိန္ မိနစ္ ၈၀ မွာေတာ့ ဒီရာသီမွာ ပထမဆုံး ပြဲထြက္ခြင့္ရတဲ့ လူစားဝင္ကစားသမား မူစတာဖီနဲ႔ အာဆင္နယ္ခံစစ္တို႔ၾကား နားလည္မႈ မရွိတာကေန ဆန္ဂ်စ္ အြန္ဒါကိုလည္း လိုက္မဖ်က္ႏိုင္တဲ့ တီယာနီနဲ႔ ခ်ာကာရဲ႕ အမွားနဲ႔အတူ ဗာဒီက ေအးေအးေဆးေဆးေနရာယူၿပီး ပိတ္သြင္းသြားႏိုင္ခဲ့ပါတယ္။

ဒီအိမ္ကြင္းရႈံးပြဲေၾကာင့္ အာဆင္နယ္တို႔ အမွတ္ေပးဇယား ရပ္တည္မႈမွာ အဆင့္ ၁၀ အထိ ဆင္းေပးခဲ့ရသလို လက္စတာကိုလည္း အိမ္ကြင္းမွာ ၁၉၇၃ ခုႏွစ္ ေနာက္ပိုင္း ပထမဆုံး ပရီးမီးယားလိဂ္ရႈံးပြဲအျဖစ္ ႀကဳံေတြ႕ခဲ့ရလို႔ ခါးသီးတဲ့ ရႈံးပြဲျဖစ္ခဲ့ၿပီး ဒီေန႔ပြဲရဲ႕ လူမ်ားၿပီး ပြဲမစည္သလို နားလည္ဖို႔ ခဲယဥ္းတဲ့ ရႈပ္ေထြးတဲ့ ဗ်ဴဟာေတြကို အာဆင္နယ္မျပင္ႏိုင္ရင္ ၄-၃-၃ ဟာ ၃-၄-၃ ေလာက္ အလုပ္ျဖစ္မွာ မဟုတ္ဘူးလို႔ပဲ သုံးသပ္လိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.