International Match Report

ချဲလ်ဆီးနဲ့အာဆင်နယ်ကြယ်ပွင့်ဟောင်းတို့ရဲ့ဂိုးတွေနဲ့ ကိုပါအမေရိကအဖွင့်လှခဲ့တဲ့ ယူအက်စ်အေ

ယူအက်စ်အေအသင်းဟာ တနင်္ဂနွေနေ့ညက ကိုပါအမေရိကအုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဘိုလစ်ဗီးယားကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ ဖိအားခံစားနေရတဲ့လက္ခဏာမျိုး မပြသခဲ့ဘဲ သက်တောင့်သက်သာ နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

ခရစ်ရှန် ပူလီရှစ်က အလွန်ကောင်းမွန်တဲ့ ဂိုးကန်သွင်းချက်နဲ့ အားလုံးရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး ဘိုလစ်ဗီးယားကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ တနင်္ဂနွေနေ့ညပွဲစဉ်မှာ နောက်ထပ် ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်ခဲ့သေးတာဖြစ်ပါတယ်။

ဂရက်ဂျ် ဘာဟော်တာရဲ့အသင်းဟာ ဘယ်တုန်းကမှ တက္ကဆက်က အေတီအမ်တိကွင်းမှာ နိုင်ပွဲရယူဖို့ ကြိုးပမ်းရာမှာ ပြဿနာရှိခဲ့ပုံမပေါ်ခဲ့ဘဲ အသင်းခေါင်းဆောင် ပူလီရှစ်ရဲ့ တောက်ပမှုနဲ့ အုပ်စုစီ အဖွင့်ပွဲစဉ်မှာ နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အေစီမီလန်ကြယ်ပွင့်ဟာ အလွန်ကောင်းမွန်တဲ့ ညာခြေဝိုက်ကန်ချက်နဲ့ ဂိုးအပေါ်ထောင့်ထဲကို ကန်သွင်းယူဖို့ ၃ မိနစ်သာ အချိန်ယူခဲ့ရတာဖြစ်ပြီး ဒုတိယပိုင်းမှာ နောက်ထပ်သွင်းဂိုးတစ်ဂိုး ငြင်းပယ်ခံခဲ့ရတဲ့ ဖိုလာရင် ဘာလိုဂန်အတွက် ဂိုးဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဘိုလစ်ဗီးယားဟာ ပြန်လာနိုင်ဖို့ မဖြစ်နိုင်တဲ့ အနေအထားမျိုး ဖြစ်ခဲ့ပြီး ယူအက်စ်အေဟာ ၁၉၉၅ ကိုပါအမေရိကတုန်းက ဥရုဂွေးမှာ ချီလီကို ၂-၁ နဲ့ အနိုင်ရခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကိုပါအမေရိကပြိုင်ပွဲကို နိုင်ပွဲနဲ့ စတင်နိုင်ခဲ့တာဖြစ်ပါတယ်။

အန်တိုနီယို ကားလို့စ် ဇာဂိုရဲ့အသင်းဟာ ဂိုးသမား ဂီလာမို ဗစ်ကာရာက ပြေးထွက်လာပြီး ဘာလိုဂန်ကို ရှင်းထုတ်ခဲ့ရချိန်မှာ ဂိုးပေးရနိုင်တဲ့ အစောပိုင်း သတိပေးချက်ဆိုတာကို သတိပြုမိခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ဘိုလစ်ဗီးယားဟာ နောက်ထပ် မိနစ်အနည်းငယ်အကြာမှာ အငိုက်မိသွားခဲ့ပြီး တီမိုသီ ဝီယာက ပူလီရှစ်နဲ့ ထောင့်ကန်ဘောမှာ ဘောတိုပေးပြီးနောက် အေစီမီလန်ကြယ်ပွင့်က ဂိုးဧရိယာထဲ ပြေးဝင်ပြီးနောက် ဂိုးညာဘက်အပေါ်ထောင့်ထဲကို ဝိုက်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ယူအက်စ်အေဂန္တဝင် ဂျော့ဂျ် ဝီယာရဲ့သားဖြစ်သူ တီမိုသီ ဝီယာဟာ နောက်ထပ်မိနစ်အနည်းငယ်အကြာမှာ နောက်ထပ် တစ်ဂိုး သွင်းယူနိုင်ဖို့ အခွင့်အရေးရခဲ့ပေမယ့်လည်း အဆုံးမသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

အိမ်ရှင်တွေဖြစ်တဲ့ ယူအက်စ်အေဟာ သိပ်မကြာခင်မှာပဲ နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့တာဖြစ်ပြီး ပူလီရှစ်က ကွင်းလယ်မှာ နောက်ထပ်တစ်ကြိမ် လွတ်လွတ်ကျွတ်ကျွတ်ကစားခွင့်ရခဲ့ပြီးနောက် ပေးပို့ခဲ့တဲ့ ဘောလုံးကို ဘာလိုဂန်က ဘယ်ခြေနဲ့ ဂိုးညာဘက်အောက်ထောင့်ထဲ အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

၄၄ မိနစ်မှာ သွင်းယူခဲ့တဲ့ ဘာလိုဂန်ရဲ့ သွင်းဂိုးဟာ ကိုပါအမေရိကပြိုင်ပွဲမှာ မိုနာကိုတိုက်စစ်မှူးအတွက် ပထမဆုံးသော သွင်းဂိုးဖြစ်လာခဲ့ပြီး ဂန်းနားကြယ်ပွင့်ဟောင်းဟာ ဒုတိယပိုင်းမှာ နောက်ထပ် တစ်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် လူကျွံနေခဲ့တယ်ဆိုပြီး ဂိုးခွင့်ပြုခြင်းမခံခဲ့ရတာဖြစ်ပါတယ်။

ယူအက်စ်အေဟာ လာမယ့် ကြာသပတေးနေ့မှာ ပနားမားနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဘိုလစ်ဗီးယားကတော့ သောကြာနေ့မှာ ဥရုဂွေးနဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ယူအက္စ္ေအအသင္းဟာ တနဂၤေႏြေန႔ညက ကိုပါအေမရိကအုပ္စုအဖြင့္ပြဲစဥ္အျဖစ္ ဘိုလစ္ဗီးယားကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္ခဲ့တဲ့ပြဲမွာ ဖိအားခံစားေနရတဲ့လကၡဏာမ်ိဳး မျပသခဲ့ဘဲ သက္ေတာင့္သက္သာ ႏိုင္ပြဲရယူႏိုင္ခဲ့ပါတယ္။

ခရစ္ရွန္ ပူလီရွစ္က အလြန္ေကာင္းမြန္တဲ့ ဂိုးကန္သြင္းခ်က္နဲ႔ အားလုံးရဲ႕ အာ႐ုံကို ဖမ္းစားႏိုင္ခဲ့ၿပီး ဘိုလစ္ဗီးယားကို ၂-၀ နဲ႔ အႏိုင္ရခဲ့တဲ့ တနဂၤေႏြေန႔ညပြဲစဥ္မွာ ေနာက္ထပ္ ဂိုးဖန္တီးမႈလည္း ျပဳလုပ္ႏိုင္ခဲ့ေသးတာျဖစ္ပါတယ္။

ဂရက္ဂ်္ ဘာေဟာ္တာရဲ႕အသင္းဟာ ဘယ္တုန္းကမွ တကၠဆက္က ေအတီအမ္တိကြင္းမွာ ႏိုင္ပြဲရယူဖို႔ ႀကိဳးပမ္းရာမွာ ျပႆနာရွိခဲ့ပုံမေပၚခဲ့ဘဲ အသင္းေခါင္းေဆာင္ ပူလီရွစ္ရဲ႕ ေတာက္ပမႈနဲ႔ အုပ္စုစီ အဖြင့္ပြဲစဥ္မွာ ႏိုင္ပြဲရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ေအစီမီလန္ၾကယ္ပြင့္ဟာ အလြန္ေကာင္းမြန္တဲ့ ညာေျခဝိုက္ကန္ခ်က္နဲ႔ ဂိုးအေပၚေထာင့္ထဲကို ကန္သြင္းယူဖို႔ ၃ မိနစ္သာ အခ်ိန္ယူခဲ့ရတာျဖစ္ၿပီး ဒုတိယပိုင္းမွာ ေနာက္ထပ္သြင္းဂိုးတစ္ဂိုး ျငင္းပယ္ခံခဲ့ရတဲ့ ဖိုလာရင္ ဘာလိုဂန္အတြက္ ဂိုးဖန္တီးေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘိုလစ္ဗီးယားဟာ ျပန္လာႏိုင္ဖို႔ မျဖစ္ႏိုင္တဲ့ အေနအထားမ်ိဳး ျဖစ္ခဲ့ၿပီး ယူအက္စ္ေအဟာ ၁၉၉၅ ကိုပါအေမရိကတုန္းက ဥ႐ုေဂြးမွာ ခ်ီလီကို ၂-၁ နဲ႔ အႏိုင္ရခဲ့ၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္ ကိုပါအေမရိကၿပိဳင္ပြဲကို ႏိုင္ပြဲနဲ႔ စတင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အန္တိုနီယို ကားလို႔စ္ ဇာဂိုရဲ႕အသင္းဟာ ဂိုးသမား ဂီလာမို ဗစ္ကာရာက ေျပးထြက္လာၿပီး ဘာလိုဂန္ကို ရွင္းထုတ္ခဲ့ရခ်ိန္မွာ ဂိုးေပးရႏိုင္တဲ့ အေစာပိုင္း သတိေပးခ်က္ဆိုတာကို သတိျပဳမိခဲ့ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

ဘိုလစ္ဗီးယားဟာ ေနာက္ထပ္ မိနစ္အနည္းငယ္အၾကာမွာ အငိုက္မိသြားခဲ့ၿပီး တီမိုသီ ဝီယာက ပူလီရွစ္နဲ႔ ေထာင့္ကန္ေဘာမွာ ေဘာတိုေပးၿပီးေနာက္ ေအစီမီလန္ၾကယ္ပြင့္က ဂိုးဧရိယာထဲ ေျပးဝင္ၿပီးေနာက္ ဂိုးညာဘက္အေပၚေထာင့္ထဲကို ဝိုက္ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ယူအက္စ္ေအဂႏၲဝင္ ေဂ်ာ့ဂ်္ ဝီယာရဲ႕သားျဖစ္သူ တီမိုသီ ဝီယာဟာ ေနာက္ထပ္မိနစ္အနည္းငယ္အၾကာမွာ ေနာက္ထပ္ တစ္ဂိုး သြင္းယူႏိုင္ဖို႔ အခြင့္အေရးရခဲ့ေပမယ့္လည္း အဆုံးမသတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ေတြျဖစ္တဲ့ ယူအက္စ္ေအဟာ သိပ္မၾကာခင္မွာပဲ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့တာျဖစ္ၿပီး ပူလီရွစ္က ကြင္းလယ္မွာ ေနာက္ထပ္တစ္ႀကိမ္ လြတ္လြတ္ကြၽတ္ကြၽတ္ကစားခြင့္ရခဲ့ၿပီးေနာက္ ေပးပို႔ခဲ့တဲ့ ေဘာလုံးကို ဘာလိုဂန္က ဘယ္ေျခနဲ႔ ဂိုးညာဘက္ေအာက္ေထာင့္ထဲ အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

၄၄ မိနစ္မွာ သြင္းယူခဲ့တဲ့ ဘာလိုဂန္ရဲ႕ သြင္းဂိုးဟာ ကိုပါအေမရိကၿပိဳင္ပြဲမွာ မိုနာကိုတိုက္စစ္မႉးအတြက္ ပထမဆုံးေသာ သြင္းဂိုးျဖစ္လာခဲ့ၿပီး ဂန္းနားၾကယ္ပြင့္ေဟာင္းဟာ ဒုတိယပိုင္းမွာ ေနာက္ထပ္ တစ္ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ လူကြၽံေနခဲ့တယ္ဆိုၿပီး ဂိုးခြင့္ျပဳျခင္းမခံခဲ့ရတာျဖစ္ပါတယ္။

ယူအက္စ္ေအဟာ လာမယ့္ ၾကာသပေတးေန႔မွာ ပနားမားနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ဘိုလစ္ဗီးယားကေတာ့ ေသာၾကာေန႔မွာ ဥ႐ုေဂြးနဲ႔ ကစားသြားရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.