International Match Report

မဖြစ်မနေ လိုအပ်နေတဲ့ နိုင်ပွဲ ရယူပေးခဲ့တဲ့ ဒီဘရိုင်းနား

စနေနေ့ညက ဘယ်လ်ဂျီယမ်က ရိုမေးနီးယားကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဘယ်လ်ဂျီယမ်၊ ရိုမေးနီးယား၊ ယူကရိန်းနဲ့ ဆလိုဗက်ကီးယားတို့အားလုံးဟာ အုပ်စုအီးမှာ ရမှတ် ၃ မှတ်ကိုယ်စီနဲ့ ရပ်တည်နေကြပါတယ်။

ဘယ်လ်ဂျီယမ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲ အဖွင့်ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် မဖြစ်မနေ လိုအပ်နေတဲ့ နိုင်ပွဲနဲ့ ပြန်လာနိုင်ခဲ့တာဖြစ်ပြီး တိုင်လီမန်းစ်နဲ့ ကီဗင် ဒီဘရိုင်းနားတို့က ဂိုးတွေ သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

အုပ်စုအဖွင့်ပွဲမှာ ဆလိုဗက်ကီးယားကို ၁-၀ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် ဒိုမီနီကို တီဒက်စ်ကိုရဲ့အသင်းဟာ နောက်ထပ် ရှုံးပွဲတွေ့ခဲ့မယ်ဆိုရင် အုပ်စုအီး ထိပ်ဆုံး ၂ နေရာထဲမှာ ရပ်တည်နိုင်တော့မှာမဟုတ်ဘူးဆိုတာကို သိနေခဲ့တာဖြစ်ပါတယ်။

ဘယ်လ်ဂျီယမ်ဟာ ရိုမေးနီးယားရဲ့ ထောင်ချောက်တွေကို ကျော်လွှားနိုင်ခဲ့ပြီး အဖွင့်ဂိုး သွင်းယူနိုင်ဖို့အတွက် စုစုပေါင်း ၇၃ စက္ကန့်သာ အချိန်ယူခဲ့ရတာဖြစ်ပြီး တိုင်လီမန်းစ်က ပင်နယ်တီဧရိယာအစွန်ကနေ ဂိုးကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီသွင်းဂိုးဟာ ဘယ်လ်ဂျီယမ်အသင်းအတွက် အဓိကဆုဖလားပြိုင်ပွဲမှာ သွင်းယူနိုင်ခဲ့တဲ့ အမြန်ဆုံး သွင်းဂိုး ဖြစ်လာခဲ့ပြီး ပထမပိုင်းတစ်ပိုင်းလုံး ဆက်လက် ဖိအားပေးကစားနိုင်ခဲ့ပေမယ့် နောက်ထပ် သွင်းဂိုး သွင်းယူနိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

လူကာကူက ဘယ်လ်ဂျီယမ်အတွက် နောက်ထပ် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ဖို့ နီးစပ်ခဲ့ပေမယ့်လည်း သူ့ရဲ့ ကန်ချက်ကို နီကူဆာ ဘန်ကူက ပိတ်ဆို့ကာကွယ်နိုင်ခဲ့တာ ဖြစ်ပြီး ဒီဘရိုင်းနားက ဒုတိယပိုင်းပြန်စပြီးနောက် သိပ်မကြာခင်မှာပဲ ဂိုးအပေါ်ထောင့်ထဲကို ဝိုက်ကန်သွင်းခဲ့မှုက ဂိုးပေါက်နဲ့ နည်းနည်းလေး လွဲချော်သွားခဲ့တာဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာ လူကာကူက ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို အဆုံးသတ်ကန်သွင်းယူနိုင်ခဲ့တဲ့အချိန်မှာ ဒီဘရိုင်းနားက ဘယ်လ်ဂျီယမ်ရဲ့ ဒုတိယမြောက် ဦးဆောင်ဂိုးအတွက် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပုံပေါ်ခဲ့ပေမယ့်လည်း VAR က ဘယ်လ်ဂျီယမ်တိုက်စစ်မှူး လူကျွံနေခဲ့တယ်ဆိုပြီး ဂိုးကို ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။

ဘယ်လ်ဂျီယမ်ဂိုးသမား ကက်စတီးလ်စ်က ဘယ်လ်ဂျီယမ်ရဲ့ ဦးဆောင်နိုင်မှုကို ထိန်းသိမ်းနိုင်အောင် ဒန်းနစ် မန်းရဲ့ ဂိုးသွင်းယူမှုကို အရေးကြီးတဲ့ ကာကွယ်မှု ပြုလုပ်ပေးခဲ့ပြီး ပွဲကစားချိန် ၁၁ မိနစ်သာ ကျန်တော့တဲ့အချိန်မှာ ဒီဘရိုင်းနားက ဖလိုရင် နီတာနဲ့ တစ်ဦးချင်း အဆုံးသတ်ပြီး နောက်ထပ် ဦးဆောင်ဂိုးနဲ့ အနိုင်သေချာစေခဲ့တာဖြစ်ပါတယ်။

ဘယ်လ်ဂျီယမ်ဟာ ပွဲပြီးခါနီးမှာ လူကာကူနဲ့ ထရော့ဆာ့ဒ်တို့ အခွင့်အရေးတွေ ရခဲ့ပေမယ့်လည်း နောက်ထပ် ဦးဆောင်ဂိုး မရရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ လာမယ့် ဗုဒ္ဓဟူးနေ့ အုပ်စုနောက်ဆုံးပွဲစဉ်မတိုင်ခင် အုပ်စုအီးက ၄ သင်းစလုံးဟာ ရမှတ် ၃ မှတ်ကိုယ်စီနဲ့ စိတ်လှုပ်ရှားစရာ အခြေအနေဖြစ်နေပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
စေနေန႔ညက ဘယ္လ္ဂ်ီယမ္က ႐ိုေမးနီးယားကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ဘယ္လ္ဂ်ီယမ္၊ ႐ိုေမးနီးယား၊ ယူကရိန္းနဲ႔ ဆလိုဗက္ကီးယားတို႔အားလုံးဟာ အုပ္စုအီးမွာ ရမွတ္ ၃ မွတ္ကိုယ္စီနဲ႔ ရပ္တည္ေနၾကပါတယ္။

ဘယ္လ္ဂ်ီယမ္ဟာ ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲ အဖြင့္ပြဲစဥ္မွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ မျဖစ္မေန လိုအပ္ေနတဲ့ ႏိုင္ပြဲနဲ႔ ျပန္လာႏိုင္ခဲ့တာျဖစ္ၿပီး တိုင္လီမန္းစ္နဲ႔ ကီဗင္ ဒီဘ႐ိုင္းနားတို႔က ဂိုးေတြ သြင္းယူေပးခဲ့ၾကတာျဖစ္ပါတယ္။

အုပ္စုအဖြင့္ပြဲမွာ ဆလိုဗက္ကီးယားကို ၁-၀ နဲ႔ အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဒိုမီနီကို တီဒက္စ္ကိုရဲ႕အသင္းဟာ ေနာက္ထပ္ ရႈံးပြဲေတြ႕ခဲ့မယ္ဆိုရင္ အုပ္စုအီး ထိပ္ဆုံး ၂ ေနရာထဲမွာ ရပ္တည္ႏိုင္ေတာ့မွာမဟုတ္ဘူးဆိုတာကို သိေနခဲ့တာျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယမ္ဟာ ႐ိုေမးနီးယားရဲ႕ ေထာင္ေခ်ာက္ေတြကို ေက်ာ္လႊားႏိုင္ခဲ့ၿပီး အဖြင့္ဂိုး သြင္းယူႏိုင္ဖို႔အတြက္ စုစုေပါင္း ၇၃ စကၠန႔္သာ အခ်ိန္ယူခဲ့ရတာျဖစ္ၿပီး တိုင္လီမန္းစ္က ပင္နယ္တီဧရိယာအစြန္ကေန ဂိုးကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

ဒီသြင္းဂိုးဟာ ဘယ္လ္ဂ်ီယမ္အသင္းအတြက္ အဓိကဆုဖလားၿပိဳင္ပြဲမွာ သြင္းယူႏိုင္ခဲ့တဲ့ အျမန္ဆုံး သြင္းဂိုး ျဖစ္လာခဲ့ၿပီး ပထမပိုင္းတစ္ပိုင္းလုံး ဆက္လက္ ဖိအားေပးကစားႏိုင္ခဲ့ေပမယ့္ ေနာက္ထပ္ သြင္းဂိုး သြင္းယူႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။

လူကာကူက ဘယ္လ္ဂ်ီယမ္အတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုး သြင္းယူေပးႏိုင္ဖို႔ နီးစပ္ခဲ့ေပမယ့္လည္း သူ႔ရဲ႕ ကန္ခ်က္ကို နီကူဆာ ဘန္ကူက ပိတ္ဆို႔ကာကြယ္ႏိုင္ခဲ့တာ ျဖစ္ၿပီး ဒီဘ႐ိုင္းနားက ဒုတိယပိုင္းျပန္စၿပီးေနာက္ သိပ္မၾကာခင္မွာပဲ ဂိုးအေပၚေထာင့္ထဲကို ဝိုက္ကန္သြင္းခဲ့မႈက ဂိုးေပါက္နဲ႔ နည္းနည္းေလး လြဲေခ်ာ္သြားခဲ့တာျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္မွာ လူကာကူက ဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို အဆုံးသတ္ကန္သြင္းယူႏိုင္ခဲ့တဲ့အခ်ိန္မွာ ဒီဘ႐ိုင္းနားက ဘယ္လ္ဂ်ီယမ္ရဲ႕ ဒုတိယေျမာက္ ဦးေဆာင္ဂိုးအတြက္ ဂိုးဖန္တီးမႈ ျပဳလုပ္ႏိုင္ခဲ့ပုံေပၚခဲ့ေပမယ့္လည္း VAR က ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉး လူကြၽံေနခဲ့တယ္ဆိုၿပီး ဂိုးကို ပယ္ဖ်က္ခဲ့တာျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယမ္ဂိုးသမား ကက္စတီးလ္စ္က ဘယ္လ္ဂ်ီယမ္ရဲ႕ ဦးေဆာင္ႏိုင္မႈကို ထိန္းသိမ္းႏိုင္ေအာင္ ဒန္းနစ္ မန္းရဲ႕ ဂိုးသြင္းယူမႈကို အေရးႀကီးတဲ့ ကာကြယ္မႈ ျပဳလုပ္ေပးခဲ့ၿပီး ပြဲကစားခ်ိန္ ၁၁ မိနစ္သာ က်န္ေတာ့တဲ့အခ်ိန္မွာ ဒီဘ႐ိုင္းနားက ဖလိုရင္ နီတာနဲ႔ တစ္ဦးခ်င္း အဆုံးသတ္ၿပီး ေနာက္ထပ္ ဦးေဆာင္ဂိုးနဲ႔ အႏိုင္ေသခ်ာေစခဲ့တာျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယမ္ဟာ ပြဲၿပီးခါနီးမွာ လူကာကူနဲ႔ ထေရာ့ဆာ့ဒ္တို႔ အခြင့္အေရးေတြ ရခဲ့ေပမယ့္လည္း ေနာက္ထပ္ ဦးေဆာင္ဂိုး မရရွိခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ လာမယ့္ ဗုဒၶဟူးေန႔ အုပ္စုေနာက္ဆုံးပြဲစဥ္မတိုင္ခင္ အုပ္စုအီးက ၄ သင္းစလုံးဟာ ရမွတ္ ၃ မွတ္ကိုယ္စီနဲ႔ စိတ္လႈပ္ရွားစရာ အေျခအေနျဖစ္ေနၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.