International Match Report

Super Sub ကွန်ဆေးဆာအိုကယ်တင်ခဲ့တဲ့ ပေါ်တူဂီရဲ့ ကမ်းဘက်နိုင်ပွဲက ပြန်​ပြောရမယ့်အချက် ၅ ချက်

လူစားဝင်ကစားသမား ဖရန်စစ္စကို ကွန်ဆေးဆာအိုဟာ ပေါ်တူဂီအသင်းအတွက် သူရဲကောင်းဖြစ်ခဲ့ပြီး ရော်ဘတ်တို မာတီနက်ဇ်ရဲ့အသင်းဟာ ဒုတိယပိုင်း ၆၂ မိနစ်မှာ ဂိုးပေးခဲ့ရပြီးနောက် နောက်ကနေ လိုက်ကစားခဲ့ရတာပါ။

ပေါ်တူဂီအသင်းဟာ ပထမပိုင်း တစ်ပိုင်းလုံးမှာ ချက်ကို လွှမ်းမိုးကစားနိုင်ခဲ့ပြီး ရော်နယ်လ်ဒိုက ၂ ကြိမ်အထိ ဂိုးသွင်းယူနိုင်ဖို့ နီးစပ်ခဲ့သလို ဂျိုတာရဲ့ သွင်းဂိုးကလည်း လူကျွံဘောအဖြစ် VAR ရဲ့ သတ်မှတ်ခြင်းကို ခံခဲ့ရပြီးနောက် ကွန်ဆေးဆာအိုက အနီးကပ်ကန်ချက်နဲ့ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီကို လူးကပ်စ် ပရိုဗေါ့ဒ်ရဲ့ အလွန်ကောင်းမွန်တဲ့ ကန်ချက်ကြောင့် ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ချက်အသင်းဟာ ၆၉ မိနစ်မှာ ဟရာနက်ရဲ့ အုန်းဂိုးကြောင့် ချေပဂိုး ပြန်ပေးခဲ့ရပြီး နာကျင်အချိန်ပိုမှာ ကွန်ဆေးဆာအိုရဲ့ နောက်ကျအနိုင်ဂိုးကို ခွင့်ပြုခဲ့ရပြီး ဒီပွဲကနေ မှတ်မှတ်ရရ ပြန်ပြောစရာအချက် ၅ ချက် ရှိခဲ့ပါတယ်။

ရော်နယ်လ်ဒိုက ပေါ်တူဂီအတွက် အကူအညီလား၊ အနှောင့်အယှက်လား 

ရော်နယ်လ်ဒိုဟာ ကမ္ဘာ့ထိပ်တန်းကစားသမားဖြစ်တာကြောင့် လေးစားမှုနဲ့ အာရုံစိုက်မှုတွေကို ခံခဲ့ရပေမယ့်လည်း ချက်နဲ့ပွဲမှာ ကစားခဲ့တာကို ကြည့်ရင်း ပေါ်တူဂီက မတူညီတဲ့ ကျောနံပါတ် ၉ ကစားသမားမျိုးနဲ့ဆိုရင် ပိုပြီး သင့်တော်လိမ့်မယ်လို့ တွေးမိခဲ့မှာပါ။ ပထမပိုင်းမှာ သိသာထင်ရှားတဲ့ အခိုက်အတန့်တစ်ခု ရှိခဲ့ပြီး ဘာနာဒို ဆေးလ်ဗားဟာ တိုက်စစ်ဆင်လာခဲ့ပြီးနောက် ရော်နယ်လ်ဒိုဆီ မျှောထိုးပေးမယ်လို့ တွေးခဲ့ပြီးမှ အဲဒီလို မလုပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီ နောက်ပိုင်းမှာလည်း ဘရူနို ဖာနန်ဒက်စ်ဟာ ရော်နယ်လ်ဒိုဆီ စောစော ပေးလို့ရရဲ့သားနဲ့ ဘောလုံးပေးပို့ဖို့ တွေဝေနေခဲ့ပေမယ့် ဘောလုံးပေးခဲ့ချိန်မှာလည်း ပေါ်တူဂီအသင်းခေါင်းဆောင်က ဘောလုံး ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ ဆေးလ်ဗားနဲ့ ဖာနန်ဒက်စ်တို့ဟာ ဘောလုံးပေးပို့ရာမှာ အထူးကျွမ်းကျင်သူတွေ ဖြစ်ကြပြီး အရင်တုန်းကလိုမျိုးသာဆိုရင် ဒီလိုမျိုး ဆုံးဖြတ်ချက်မျိုး ချမှတ်ခဲ့ကြမှာမဟုတ်ပါဘူး။ ဒီလိုပြောရပေမယ့်လည်း ရော်နယ်လ်ဒိုဟာ ပထမပိုင်းမှာ အလွန်ကောင်းမွန်တဲ့ အခွင့်အရေး ၂ ကြိမ်ကို ရရှိခဲ့ပြီး ချက်ဂိုးသမား စတာနက်က လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

အထူးသဖြင့် ပထမအကြိမ် ကာကွယ်မှုက အလွန်အထင်ကြီးစရာကောင်းခဲ့ပြီး ရော်နယ်လ်ဒိုဟာ အလွန်ကောင်းမွန်တဲ့ဂိုးသွင်းသူဖြစ်နေသေးပေမယ့်လည်း အသင်းအတွက် အနှောင့်အယှက်ဖြစ်နေပြီလားလို့ မေးခွန်းထုတ်ရတော့မှာပါ။

ခြေစွမ်းကောင်းအချို့ ပြသခဲ့ပေမယ့် စိတ်ပျက်စရာဖြစ်ခဲ့တဲ့ ရာဖေး လီအို

ရာဖေးလ် လီအိုဟာ တိုက်စစ်မှူးကောင်းတစ်ယောက်ရဲ့ အရည်အချင်းအားလုံးရှိပေမယ့်လည်း မကြာခဏဆိုသလို ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်​နေနတ်ပါတယ်။ တစ်ချိန်မှာတော့ လှဲချလိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အေစီမီလန် တိုက်စစ်မှူးဟာ အစောပိုင်းမှာ ဂိုးသွင်းယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့်လည်း ဖာနန်ဒက်စ်ရဲ့ ဖြတ်တင်ပေးပို့မှုကို ကန်သွင်းရမယ့် ခြေထောက် ဘက်မှားရွေးခဲ့တာကြောင့် ဂိုးပေါက်နဲ့ အနည်းငယ် လွဲချော်သွားခဲ့တာပါ။ သိပ်မကြာခင်မှာပဲ ဖြတ်တင်ပေးပို့မှုကို ရယူခဲ့ပြီးနောက် ပင်နယ်တီ ရရှိအောင် ဒိုင်ဗင်ထိုးခဲ့တဲ့အတွက် အဝါကတ်ပြသခံခဲ့ရပြီး စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။

တည်တည်ငြိမ်ငြိမ်နဲ့ သူ့ရဲ့ တန်ဖိုးကို ပြသခဲ့တဲ့ ကူဖယ်

ဗလာဒီမီယာရာ ကူဖယ်ဟာ ဝက်စ်ဟမ်းအသင်းရဲ့ အဓိကကစားသမားတွေထဲက တစ်ဦး ဘာကြောင့် ဖြစ်နေရလဲဆိုတာကို ဒီပွဲမှာ အလွယ်တကူပဲ မြင်တွေ့ခဲ့ရပါတယ်။ ပရီးမီးယားလိဂ်မှာ အတောက်ပဆုံးကစားသမားကစားသမားပြိုင်ပွဲသာ ရှိခဲ့မယ်ဆိုရင် ဝက်စ်ဟမ်းကြယ်ပွင့်က အဲဒီပြိုင်ပွဲထဲမှာရှိနေမှာဖြစ်ပြီး ဒီပွဲမှာ သူလုပ်နေကျအရာတွေကို နောက်ထပ်တစ်ကြိမ် လုပ်ပြခဲ့ပါတယ်။ ကူဖယ်ဟာ ပထမပိုင်းမှာ ညာတောင်ပံခြမ်းမှာ တက်လိုက် ဆင်းလိုက်နဲ့ ကစားခဲ့ပြီး ၂ ကြိမ်အထိ အလွန်ကောင်းမွန်တဲ့ ဖြတ်တင်ပေးပို့မှု ပြုလုပ်နိုင်ခဲ့ပေမယ့် ပက်ထရစ် ရှစ်ခ်နဲ့ တိုမက် ဆူးချက်တို့က ခေါင်းမတိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ကူဖယ်ဟာ ပထမပိုင်းအပြီး ဥမင်ထဲကို ဆင်းချိန်မှာတောင် အခြားကစားသမားတွေက ရော်နယ်လ်ဒိုနဲ့ ပွဲအပြီး ရှပ်ချင်း လဲလှယ်ဖို့အတွက် တောင်းဆိုနေကြချိန်မှာ ပေါ်တူဂီဂန္တဝင်ကို စိတ်မဝင်စားဘဲ ဥမင်လျှောက်လမ်းထဲ တန်းဆင်းသွားခဲ့တာဖြစ်ပါတယ်။

၄။ ပိုဘောစကီးလိုမျိုး လှပတဲ့ သွင်းဂိုးကို သွင်းယူခဲ့တဲ့ ပရိုဗေ့ါဒ် 

အဓိကဆုဖလားပြိုင်ပွဲမှာ ဂိုးသွင်းယူရမယ်ဆိုရင် အဲဒီသွင်းဂိုးကို နောက်လာမယ့် မျိုးဆက်တွေ ပြန်ကြည့်နေရမယ့် သွင်းဂိုးဖြစ်ရလောက်တဲ့ ကောင်းမွန်တဲ့ သွင်းဂိုးတစ်ဂိုး ဖြစ်စေချင်မှာပါ။ ချက်အသင်းခေါင်းဆောင် ဆူးချက်က ပွဲမတိုင်ခင်မှာ ယူရို ၉၆ တုန်းက ဗီလာပါ့ခ်မှာ ပေါ်တူဂီကို အံ့အားသင့်ဖွယ် အလဲထိုးခဲ့တဲ့ လက်ရွေးစင်အသင်းရဲ့ သူရဲကောင်း ကာရဲလ် ပိုဘောစကီးနဲ့ပတ်သက်ပြီး ပြောဆိုခဲ့ပြီး အဲဒီလိုမျိုး ဒီတစ်ကြိမ်မှာလည်း ထပ်ပြီး မြင်ချင်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ပရိုဗေ့ါဒ်ရဲ့ ဂိုးက အဲဒီလောက် မကောင်းခဲ့တာဖြစ်ပေမယ့်လည်း အလွန်ကောင်းမွန်ခဲ့ပြီး ပင်နယ်တီဧရိယာအစွန်ကနေ ဂိုးထောင့်ထဲကို ဝိုက်ကန်သွင်းချက်က ပေါ်တူဂီ ဂိုးသမား ဒီအိုဂို ကော်စတာ ဘယ်လိုမှ မကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီသွင်းဂိုးကို ချက်ပရိသတ်တွေအနေနဲ့ ရလဒ်က မကောင်းခဲ့ပေမယ့် လာမယ့် ၂၈ နှစ်လောက်အထိ ပြန်ကြည့်နေကြဦးမှာပါ။

ချန်ပီယံတွေရဲ့ အမှတ်အသားတစ်ခုလား

ဒီနိုင်ပွဲဟာ ပေါ်တူဂီအတွက် ကြီးမားတဲ့ နိုင်ပွဲလို့ ခံစားနေရမှာဖြစ်ပြီး အခြားနာမည်ကြီးအသင်းတွေ ခြေချော်ခဲ့တာကို မြင်တွေ့ရချိန်မှာ နိုင်ပွဲရယူနိုင်ခဲ့တာကြောင့် ဖြစ်ပါလိမ့်မယ်။ ကွန်ဆေးဆာအိုရဲ့ နာကျင်အချိန်ပိုက သွင်းဂိုးဟာ စိတ်လှုပ်ရှားစရာ မြင်ကွင်းအချို့အတွက် မီးစာဖြစ်ခဲ့ပြီး ပြိုင်ပွဲအဆုံးမှာ ကြီးမားတဲ့အရာတစ်ခုခု ရောက်လာလိမ့်မယ်ဆိုတာကို မြင်တွေ့ခဲ့ရတာ ဖြစ်နိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လူစားဝင္ကစားသမား ဖရန္စစၥကို ကြန္ေဆးဆာအိုဟာ ေပၚတူဂီအသင္းအတြက္ သူရဲေကာင္းျဖစ္ခဲ့ၿပီး ေရာ္ဘတ္တို မာတီနက္ဇ္ရဲ႕အသင္းဟာ ဒုတိယပိုင္း ၆၂ မိနစ္မွာ ဂိုးေပးခဲ့ရၿပီးေနာက္ ေနာက္ကေန လိုက္ကစားခဲ့ရတာပါ။

ေပၚတူဂီအသင္းဟာ ပထမပိုင္း တစ္ပိုင္းလုံးမွာ ခ်က္ကို လႊမ္းမိုးကစားႏိုင္ခဲ့ၿပီး ေရာ္နယ္လ္ဒိုက ၂ ႀကိမ္အထိ ဂိုးသြင္းယူႏိုင္ဖို႔ နီးစပ္ခဲ့သလို ဂ်ိဳတာရဲ႕ သြင္းဂိုးကလည္း လူကြၽံေဘာအျဖစ္ VAR ရဲ႕ သတ္မွတ္ျခင္းကို ခံခဲ့ရၿပီးေနာက္ ကြန္ေဆးဆာအိုက အနီးကပ္ကန္ခ်က္နဲ႔ အဆုံးသတ္ခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီကို လူးကပ္စ္ ပ႐ိုေဗါ့ဒ္ရဲ႕ အလြန္ေကာင္းမြန္တဲ့ ကန္ခ်က္ေၾကာင့္ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္း ခ်က္အသင္းဟာ ၆၉ မိနစ္မွာ ဟရာနက္ရဲ႕ အုန္းဂိုးေၾကာင့္ ေခ်ပဂိုး ျပန္ေပးခဲ့ရၿပီး နာက်င္အခ်ိန္ပိုမွာ ကြန္ေဆးဆာအိုရဲ႕ ေနာက္က်အႏိုင္ဂိုးကို ခြင့္ျပဳခဲ့ရၿပီး ဒီပြဲကေန မွတ္မွတ္ရရ ျပန္ေျပာစရာအခ်က္ ၅ ခ်က္ ရွိခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုက ေပၚတူဂီအတြက္ အကူအညီလား၊ အေႏွာင့္အယွက္လား 

ေရာ္နယ္လ္ဒိုဟာ ကမာၻ႔ထိပ္တန္းကစားသမားျဖစ္တာေၾကာင့္ ေလးစားမႈနဲ႔ အာ႐ုံစိုက္မႈေတြကို ခံခဲ့ရေပမယ့္လည္း ခ်က္နဲ႔ပြဲမွာ ကစားခဲ့တာကို ၾကည့္ရင္း ေပၚတူဂီက မတူညီတဲ့ ေက်ာနံပါတ္ ၉ ကစားသမားမ်ိဳးနဲ႔ဆိုရင္ ပိုၿပီး သင့္ေတာ္လိမ့္မယ္လို႔ ေတြးမိခဲ့မွာပါ။ ပထမပိုင္းမွာ သိသာထင္ရွားတဲ့ အခိုက္အတန႔္တစ္ခု ရွိခဲ့ၿပီး ဘာနာဒို ေဆးလ္ဗားဟာ တိုက္စစ္ဆင္လာခဲ့ၿပီးေနာက္ ေရာ္နယ္လ္ဒိုဆီ ေမွ်ာထိုးေပးမယ္လို႔ ေတြးခဲ့ၿပီးမွ အဲဒီလို မလုပ္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

အဲဒီ ေနာက္ပိုင္းမွာလည္း ဘ႐ူႏို ဖာနန္ဒက္စ္ဟာ ေရာ္နယ္လ္ဒိုဆီ ေစာေစာ ေပးလို႔ရရဲ႕သားနဲ႔ ေဘာလုံးေပးပို႔ဖို႔ ေတြေဝေနခဲ့ေပမယ့္ ေဘာလုံးေပးခဲ့ခ်ိန္မွာလည္း ေပၚတူဂီအသင္းေခါင္းေဆာင္က ေဘာလုံး ဆုံးရႈံးခဲ့တာျဖစ္ပါတယ္။ ေဆးလ္ဗားနဲ႔ ဖာနန္ဒက္စ္တို႔ဟာ ေဘာလုံးေပးပို႔ရာမွာ အထူးကြၽမ္းက်င္သူေတြ ျဖစ္ၾကၿပီး အရင္တုန္းကလိုမ်ိဳးသာဆိုရင္ ဒီလိုမ်ိဳး ဆုံးျဖတ္ခ်က္မ်ိဳး ခ်မွတ္ခဲ့ၾကမွာမဟုတ္ပါဘူး။ ဒီလိုေျပာရေပမယ့္လည္း ေရာ္နယ္လ္ဒိုဟာ ပထမပိုင္းမွာ အလြန္ေကာင္းမြန္တဲ့ အခြင့္အေရး ၂ ႀကိမ္ကို ရရွိခဲ့ၿပီး ခ်က္ဂိုးသမား စတာနက္က လက္စြမ္းျပ ကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အထူးသျဖင့္ ပထမအႀကိမ္ ကာကြယ္မႈက အလြန္အထင္ႀကီးစရာေကာင္းခဲ့ၿပီး ေရာ္နယ္လ္ဒိုဟာ အလြန္ေကာင္းမြန္တဲ့ဂိုးသြင္းသူျဖစ္ေနေသးေပမယ့္လည္း အသင္းအတြက္ အေႏွာင့္အယွက္ျဖစ္ေနၿပီလားလို႔ ေမးခြန္းထုတ္ရေတာ့မွာပါ။

ေျခစြမ္းေကာင္းအခ်ိဳ႕ ျပသခဲ့ေပမယ့္ စိတ္ပ်က္စရာျဖစ္ခဲ့တဲ့ ရာေဖး လီအို

ရာေဖးလ္ လီအိုဟာ တိုက္စစ္မႉးေကာင္းတစ္ေယာက္ရဲ႕ အရည္အခ်င္းအားလုံးရွိေပမယ့္လည္း မၾကာခဏဆိုသလို ဘာလုပ္လို႔ လုပ္ရမွန္းမသိျဖစ္​ေနနတ္ပါတယ္။ တစ္ခ်ိန္မွာေတာ့ လွဲခ်လိုက္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ေအစီမီလန္ တိုက္စစ္မႉးဟာ အေစာပိုင္းမွာ ဂိုးသြင္းယူႏိုင္ဖို႔ နီးစပ္ခဲ့ေပမယ့္လည္း ဖာနန္ဒက္စ္ရဲ႕ ျဖတ္တင္ေပးပို႔မႈကို ကန္သြင္းရမယ့္ ေျခေထာက္ ဘက္မွားေ႐ြးခဲ့တာေၾကာင့္ ဂိုးေပါက္နဲ႔ အနည္းငယ္ လြဲေခ်ာ္သြားခဲ့တာပါ။ သိပ္မၾကာခင္မွာပဲ ျဖတ္တင္ေပးပို႔မႈကို ရယူခဲ့ၿပီးေနာက္ ပင္နယ္တီ ရရွိေအာင္ ဒိုင္ဗင္ထိုးခဲ့တဲ့အတြက္ အဝါကတ္ျပသခံခဲ့ရၿပီး စိတ္ပ်က္စရာျဖစ္ခဲ့ပါတယ္။

တည္တည္ၿငိမ္ၿငိမ္နဲ႔ သူ႔ရဲ႕ တန္ဖိုးကို ျပသခဲ့တဲ့ ကူဖယ္

ဗလာဒီမီယာရာ ကူဖယ္ဟာ ဝက္စ္ဟမ္းအသင္းရဲ႕ အဓိကကစားသမားေတြထဲက တစ္ဦး ဘာေၾကာင့္ ျဖစ္ေနရလဲဆိုတာကို ဒီပြဲမွာ အလြယ္တကူပဲ ျမင္ေတြ႕ခဲ့ရပါတယ္။ ပရီးမီးယားလိဂ္မွာ အေတာက္ပဆုံးကစားသမားကစားသမားၿပိဳင္ပြဲသာ ရွိခဲ့မယ္ဆိုရင္ ဝက္စ္ဟမ္းၾကယ္ပြင့္က အဲဒီၿပိဳင္ပြဲထဲမွာရွိေနမွာျဖစ္ၿပီး ဒီပြဲမွာ သူလုပ္ေနက်အရာေတြကို ေနာက္ထပ္တစ္ႀကိမ္ လုပ္ျပခဲ့ပါတယ္။ ကူဖယ္ဟာ ပထမပိုင္းမွာ ညာေတာင္ပံျခမ္းမွာ တက္လိုက္ ဆင္းလိုက္နဲ႔ ကစားခဲ့ၿပီး ၂ ႀကိမ္အထိ အလြန္ေကာင္းမြန္တဲ့ ျဖတ္တင္ေပးပို႔မႈ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္ ပက္ထရစ္ ရွစ္ခ္နဲ႔ တိုမက္ ဆူးခ်က္တို႔က ေခါင္းမတိုက္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ကူဖယ္ဟာ ပထမပိုင္းအၿပီး ဥမင္ထဲကို ဆင္းခ်ိန္မွာေတာင္ အျခားကစားသမားေတြက ေရာ္နယ္လ္ဒိုနဲ႔ ပြဲအၿပီး ရွပ္ခ်င္း လဲလွယ္ဖို႔အတြက္ ေတာင္းဆိုေနၾကခ်ိန္မွာ ေပၚတူဂီဂႏၲဝင္ကို စိတ္မဝင္စားဘဲ ဥမင္ေလွ်ာက္လမ္းထဲ တန္းဆင္းသြားခဲ့တာျဖစ္ပါတယ္။

၄။ ပိုေဘာစကီးလိုမ်ိဳး လွပတဲ့ သြင္းဂိုးကို သြင္းယူခဲ့တဲ့ ပ႐ိုေဗ့ါဒ္ 

အဓိကဆုဖလားၿပိဳင္ပြဲမွာ ဂိုးသြင္းယူရမယ္ဆိုရင္ အဲဒီသြင္းဂိုးကို ေနာက္လာမယ့္ မ်ိဳးဆက္ေတြ ျပန္ၾကည့္ေနရမယ့္ သြင္းဂိုးျဖစ္ရေလာက္တဲ့ ေကာင္းမြန္တဲ့ သြင္းဂိုးတစ္ဂိုး ျဖစ္ေစခ်င္မွာပါ။ ခ်က္အသင္းေခါင္းေဆာင္ ဆူးခ်က္က ပြဲမတိုင္ခင္မွာ ယူ႐ို ၉၆ တုန္းက ဗီလာပါ့ခ္မွာ ေပၚတူဂီကို အံ့အားသင့္ဖြယ္ အလဲထိုးခဲ့တဲ့ လက္ေ႐ြးစင္အသင္းရဲ႕ သူရဲေကာင္း ကာရဲလ္ ပိုေဘာစကီးနဲ႔ပတ္သက္ၿပီး ေျပာဆိုခဲ့ၿပီး အဲဒီလိုမ်ိဳး ဒီတစ္ႀကိမ္မွာလည္း ထပ္ၿပီး ျမင္ခ်င္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ပ႐ိုေဗ့ါဒ္ရဲ႕ ဂိုးက အဲဒီေလာက္ မေကာင္းခဲ့တာျဖစ္ေပမယ့္လည္း အလြန္ေကာင္းမြန္ခဲ့ၿပီး ပင္နယ္တီဧရိယာအစြန္ကေန ဂိုးေထာင့္ထဲကို ဝိုက္ကန္သြင္းခ်က္က ေပၚတူဂီ ဂိုးသမား ဒီအိုဂို ေကာ္စတာ ဘယ္လိုမွ မကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒီသြင္းဂိုးကို ခ်က္ပရိသတ္ေတြအေနနဲ႔ ရလဒ္က မေကာင္းခဲ့ေပမယ့္ လာမယ့္ ၂၈ ႏွစ္ေလာက္အထိ ျပန္ၾကည့္ေနၾကဦးမွာပါ။

ခ်န္ပီယံေတြရဲ႕ အမွတ္အသားတစ္ခုလား

ဒီႏိုင္ပြဲဟာ ေပၚတူဂီအတြက္ ႀကီးမားတဲ့ ႏိုင္ပြဲလို႔ ခံစားေနရမွာျဖစ္ၿပီး အျခားနာမည္ႀကီးအသင္းေတြ ေျခေခ်ာ္ခဲ့တာကို ျမင္ေတြ႕ရခ်ိန္မွာ ႏိုင္ပြဲရယူႏိုင္ခဲ့တာေၾကာင့္ ျဖစ္ပါလိမ့္မယ္။ ကြန္ေဆးဆာအိုရဲ႕ နာက်င္အခ်ိန္ပိုက သြင္းဂိုးဟာ စိတ္လႈပ္ရွားစရာ ျမင္ကြင္းအခ်ိဳ႕အတြက္ မီးစာျဖစ္ခဲ့ၿပီး ၿပိဳင္ပြဲအဆုံးမွာ ႀကီးမားတဲ့အရာတစ္ခုခု ေရာက္လာလိမ့္မယ္ဆိုတာကို ျမင္ေတြ႕ခဲ့ရတာ ျဖစ္ႏိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.