Premier League Transfer News

ဗန်ဒိုက်နေရာ အစားထိုးဖို့ ရှော်လ်ကေးအသင်းက အိုဇန် ကာဘက်ကို လီဗာပူးလ်အသင်း ချိတ်ဆက်နေ

လီဗာပူးလ်အသင်းဟာ ဒူးအရွတ်ဒဏ်ရာရရှိသွားတဲ့ အသင်းရဲ့အဓိကကစားသမား ဗာဂျီးလ် ဗန်ဒိုက်ရဲ့နေရာမှာ အစားထိုးဖို့ ရှော်လ်ကေးအသင်းက ဗဟိုခံစစ်မှူး အိုဇန် ကာဘက်ကို ချိတ်ဆက်နေတယ်လို့ Daily Mail သတင်းအရ သိရပါတယ်။

လက်ရှိပရီးမီးယားလိဂ်ချန်ပီယံအသင်းဟာ ရာသီကုန်အထိ အနားယူနိုင်ရဖွယ်ရှိနေတဲ့ ဗန်ဒိုက်ကို ဆုံးရှူံးခဲ့ရပြီးနောက် အင်အားလျော့နည်းသွားတဲ့ ခံစစ်နေရာကို ဖြည့်တင်းဖို့ အတည်တကျကြိုးပမ်းနေသလို အသင်းရဲ့ နောက်ဆုံးပွဲစဥ်နှစ်ခုမှာလည်း ကွင်းလယ်လူ ဖာဘင်ညိုက ရေတိုအနေနဲ့ အသင်းရဲ့ ဗဟိုခံစစ်နေရာကိုဆင်းပြီး ဖြည့်တင်းကစားပေးနေရတာ ဖြစ်ပါတယ်။

လီဗာပူးလ်ဟာ အသက် ၂၀ အရွယ် ဗဟိုခံစစ်မှူး အိုဇင် ကာဘက်ကို အသင်းရဲ့ အရေးပေါ်အခြေအနေအတွက် ခေါ်ယူဖို့ ဂျာမန်ကလပ် ရှော်လ်ကေးအသင်းနဲ့ စကား​ပြောဆိုမှုတွေ ပြုလုပ်နေပြီး ပေါင် သန်း ၂၀ နဲ့ အရခေါ်ယူသွားနိုင်ဖို့ စီစဥ်နေတာပါ။

Mirror သတင်းရဲ့ဖော်ပြချက်အရ လီဗာပူးလ်ဟာ ကာဘက်ကို လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့စျေးကွက်မှာ ခေါ်ယူသွားဖို့ရှိနေပြီး ဒါကို ရှော်လ်ကေးအသင်းထံ အသိပေးထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

လီဗာပူးလ်နည်းပြ ယာဂင် ကလော့ပ်ဟာ အဆိုပါ တူရကီသားကို အရင်တည်းက ကြိုက်နှစ်သက်နေခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ နွေမှာတည်းက ခေါ်ယူမှုပြုလုပ်လိုခဲ့ပေမယ့် ကိုရိုနာရောဂါကူးစက်မှုကာလကြောင့် ပျက်ပြယ်ခဲ့ရပြီး ရှော်ကေးအသင်းဘက်ကတော့ သူ့အတွက် ပေါင်သန်း ၄၀ ရရှိလိုနေကြောင်း သိရသလို တဖက်မှာ လီဗာပူးလ်အသင်းကလည်း ပေါင်သန်း ၂၀ နဲ့ အပြောင်းအရွှေ့ဖြစ်ပေါ် လာဖို့ ယုံကြည်လျက်ရှိနေတာ ဖြစ်ပါတယ်။

REF: Daily Mail
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းဟာ ဒူးအ႐ြတ္ဒဏ္ရာရရွိသြားတဲ့ အသင္းရဲ႕အဓိကကစားသမား ဗာဂ်ီးလ္ ဗန္ဒိုက္ရဲ႕ေနရာမွာ အစားထိုးဖို႔ ေရွာ္လ္ေကးအသင္းက ဗဟိုခံစစ္မႉး အိုဇန္ ကာဘက္ကို ခ်ိတ္ဆက္ေနတယ္လို႔ Daily Mail သတင္းအရ သိရပါတယ္။

လက္ရွိပရီးမီးယားလိဂ္ခ်န္ပီယံအသင္းဟာ ရာသီကုန္အထိ အနားယူနိုင္ရဖြယ္ရွိေနတဲ့ ဗန္ဒိုက္ကို ဆုံးရႉံးခဲ့ရၿပီးေနာက္ အင္အားေလ်ာ့နည္းသြားတဲ့ ခံစစ္ေနရာကို ျဖည့္တင္းဖို႔ အတည္တက်ႀကိဳးပမ္းေနသလို အသင္းရဲ႕ ေနာက္ဆုံးပြဲစဥ္ႏွစ္ခုမွာလည္း ကြင္းလယ္လူ ဖာဘင္ညိုက ေရတိုအေနနဲ႕ အသင္းရဲ႕ ဗဟိုခံစစ္ေနရာကိုဆင္းၿပီး ျဖည့္တင္းကစားေပးေနရတာ ျဖစ္ပါတယ္။

လီဗာပူးလ္ဟာ အသက္ ၂၀ အ႐ြယ္ ဗဟိုခံစစ္မႉး အိုဇင္ ကာဘက္ကို အသင္းရဲ႕ အေရးေပၚအေျခအေနအတြက္ ေခၚယူဖို႔ ဂ်ာမန္ကလပ္ ေရွာ္လ္ေကးအသင္းနဲ႕ စကား​ေျပာဆိုမႈေတြ ျပဳလုပ္ေနၿပီး ေပါင္ သန္း ၂၀ နဲ႕ အရေခၚယူသြားနိုင္ဖို႔ စီစဥ္ေနတာပါ။

Mirror သတင္းရဲ႕ေဖာ္ျပခ်က္အရ လီဗာပူးလ္ဟာ ကာဘက္ကို လာမယ့္ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ ေခၚယူသြားဖို႔ရွိေနၿပီး ဒါကို ေရွာ္လ္ေကးအသင္းထံ အသိေပးထားၿပီးျဖစ္တယ္လို႔ ဆိုပါတယ္။

လီဗာပူးလ္နည္းျပ ယာဂင္ ကေလာ့ပ္ဟာ အဆိုပါ တူရကီသားကို အရင္တည္းက ႀကိဳက္ႏွစ္သက္ေနခဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့ ႏြေမွာတည္းက ေခၚယူမႈျပဳလုပ္လိုခဲ့ေပမယ့္ ကိုရိုနာေရာဂါကူးစက္မႈကာလေၾကာင့္ ပ်က္ျပယ္ခဲ့ရၿပီး ေရွာ္ေကးအသင္းဘက္ကေတာ့ သူ႕အတြက္ ေပါင္သန္း ၄၀ ရရွိလိုေနေၾကာင္း သိရသလို တဖက္မွာ လီဗာပူးလ္အသင္းကလည္း ေပါင္သန္း ၂၀ နဲ႕ အေျပာင္းအေ႐ႊ႕ျဖစ္ေပၚ လာဖို႔ ယုံၾကည္လ်က္ရွိေနတာ ျဖစ္ပါတယ္။

REF: Daily Mail
PHOTOS CREDIT TO OWNERS
SPORTS A2Z.