Premier League

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၂၅.၁၀.၂၀၂၀

– မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ဘယ္ေနာက္ခံလူေဟာင္း ပယ္ထရိစ္ အီဗရာက လက္ရွိကြင္းလယ္မွာ ဒြန္နီ ဗန္ဒဘိခ္ ရွိေနတာဟာ ဘာမွ မထူးေၾကာင္းနဲ႔ သူတို႔အေနနဲ႔ မလိုအပ္တဲ့ ကစားသမားတစ္ဦးကို ဝယ္မိခဲ့တယ္လို႔ ေျပာၾကား။

– မန္ခ်က္စတာယူႏုိက္တက္နဲ႔ ခ်ဲလ္ဆီးတုိ႔ရဲ႕ ပြဲၿပီးခါနီးမွာ နည္းျပႏွစ္ဦးအေနနဲ႔ သူတုိ႔ရဲ႕ အသင္းေတြအေၾကာင္း အရင္က အစဥ္အလာေတြနဲ႔ ႏွဳိင္းယွဥ္ၿပီး ဟာသလုပ္သြားခဲ့ၾကသလို ဆိုးလ္ရွားက ဘယ္သူမွ မႏိုင္ေလာက္ေတာ့ဘူးလို႔ ေျပာခ်ိန္မွာ အရင္ ဂႏၴဝင္ေခတ္နဲ႔ေတာ့ ဘယ္တူမလဲလုိ႔ လမ္းပတ္က ရယ္သြမ္းေသြးသြား။

– ပြဲထြက္ကစားခြင့္မရတဲ့ ကြင္းလယ္လူ ဗန္ဒဘိခ္အေပၚ ယူႏုိက္တက္ပရိသတ္ေတြရဲ႕ စိုးရိမ္ေနမွဳအေပၚ နားလည္ေပမယ့္ မိမိအေနနဲ႔ေတာ့ ဒီလုိမ်ဳိး မေတြးမိေၾကာင္း နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားေျပာၾကား။

– မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ဒီထက္ပုိၿပီး အခြင့္အေရးေတြ ဖန္တီးဖို႔၊ ဂိုးကန္သြင္းဖို႔နဲ႔ ေဘာလုံးပုိင္ဆုိင္မွဳေတြ ပုိမုိရယူႏုိင္ဖို႔ လာမယ့္ပြဲေတြက စၿပီး လုပ္ေဆာင္သင့္တယ္လို႔ ပရိသတ္ေတြ တုိက္တြန္း။

– မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ခ်ဲလ္ဆီးအသင္းနဲ႔ပြဲမွာ သေရထက္ ပုိမိုျမင့္မားတဲ့ ရလဒ္ကို ရယူႏုိင္ခဲ့သင့္တယ္လုိ႔ ႏုိင္ပြဲလိုခ်င္ေနတဲ့ ဂိုးသမား ဒေဟးယားက ေျပာၾကားလိုက္ၿပီး ၿပဳိင္ဘက္ဂိုးသမား မန္ဒီကလည္း ဒီလိုပဲဆုိခဲ့တယ္လုိ႔ သိရ။

– မန္ခ်က္စတာယူႏုိက္တက္ေရာ လမ္းပတ္ပါ သူတုိ႔စိုးရိမ္ေနၾကတဲ့ သုံးပြဲဆက္မွတ္တမ္းဆုိးအသီးသီးကို မေန႔က ဂိုးမရွိသေရ ရလဒ္နဲ႔ ေရွာင္လႊဲႏုိင္ခဲ့ၾကၿပီး ခ်ဲလ္ဆီးနည္းျပ ကြင္းလယ္လူေဟာင္းအတြက္ေတာ့ မႏိုင္ေသးတဲ့ မွတ္တမ္းလုိ႔သာ တစ္ဆင့္ေလွ်ာ့ ေခၚတြင္ခံခဲ့ရ။

– ခ်ဲလ္ဆီးေနာက္ခံလူ သီယာဂို ေဆးလ္ဗားရဲ႕ ယူႏုိက္တက္တိုက္စစ္မွဴး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ကို ဝါနဲ႔ ထိန္းကစားၿပီး အမွားအယြင္းမရွိ တုံ႔ျပန္ႏုိင္ခဲ့ပုံကို Football London က ခ်ီးက်ဴးသြားခဲ့ၿပီး ဘရာဇီးလ္သားဟာ ေျခတစ္လွမ္းမွ မမွားခဲ့ဘူးလို႔ဆုိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံလူဟောင်း ပယ်ထရိစ် အီဗရာက လက်ရှိကွင်းလယ်မှာ ဒွန်နီ ဗန်ဒဘိခ် ရှိနေတာဟာ ဘာမှ မထူးကြောင်းနဲ့ သူတို့အနေနဲ့ မလိုအပ်တဲ့ ကစားသမားတစ်ဦးကို ဝယ်မိခဲ့တယ်လို့ ပြောကြား။

– မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ရဲ့ ပွဲပြီးခါနီးမှာ နည်းပြနှစ်ဦးအနေနဲ့ သူတို့ရဲ့ အသင်းတွေအကြောင်း အရင်က အစဉ်အလာတွေနဲ့ နှိုင်းယှဉ်ပြီး ဟာသလုပ်သွားခဲ့ကြသလို ဆိုးလ်ရှားက ဘယ်သူမှ မနိုင်လောက်တော့ဘူးလို့ ပြောချိန်မှာ အရင် ဂန္ထဝင်ခေတ်နဲ့တော့ ဘယ်တူမလဲလို့ လမ်းပတ်က ရယ်သွမ်းသွေးသွား။

– ပွဲထွက်ကစားခွင့်မရတဲ့ ကွင်းလယ်လူ ဗန်ဒဘိခ်အပေါ် ယူနိုက်တက်ပရိသတ်တွေရဲ့ စိုးရိမ်နေမှုအပေါ် နားလည်ပေမယ့် မိမိအနေနဲ့တော့ ဒီလိုမျိုး မတွေးမိကြောင်း နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားပြောကြား။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီထက်ပိုပြီး အခွင့်အရေးတွေ ဖန်တီးဖို့၊ ဂိုးကန်သွင်းဖို့နဲ့ ဘောလုံးပိုင်ဆိုင်မှုတွေ ပိုမိုရယူနိုင်ဖို့ လာမယ့်ပွဲတွေက စပြီး လုပ်ဆောင်သင့်တယ်လို့ ပရိသတ်တွေ တိုက်တွန်း။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ချဲလ်ဆီးအသင်းနဲ့ပွဲမှာ သရေထက် ပိုမိုမြင့်မားတဲ့ ရလဒ်ကို ရယူနိုင်ခဲ့သင့်တယ်လို့ နိုင်ပွဲလိုချင်နေတဲ့ ဂိုးသမား ဒဟေးယားက ပြောကြားလိုက်ပြီး ပြိုင်ဘက်ဂိုးသမား မန်ဒီကလည်း ဒီလိုပဲဆိုခဲ့တယ်လို့ သိရ။

– မန်ချက်စတာယူနိုက်တက်ရော လမ်းပတ်ပါ သူတို့စိုးရိမ်နေကြတဲ့ သုံးပွဲဆက်မှတ်တမ်းဆိုးအသီးသီးကို မနေ့က ဂိုးမရှိသရေ ရလဒ်နဲ့ ရှောင်လွှဲနိုင်ခဲ့ကြပြီး ချဲလ်ဆီးနည်းပြ ကွင်းလယ်လူဟောင်းအတွက်တော့ မနိုင်သေးတဲ့ မှတ်တမ်းလို့သာ တစ်ဆင့်လျှော့ ခေါ်တွင်ခံခဲ့ရ။

– ချဲလ်ဆီးနောက်ခံလူ သီယာဂို ဆေးလ်ဗားရဲ့ ယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ဝါနဲ့ ထိန်းကစားပြီး အမှားအယွင်းမရှိ တုံ့ပြန်နိုင်ခဲ့ပုံကို Football London က ချီးကျူးသွားခဲ့ပြီး ဘရာဇီးလ်သားဟာ ခြေတစ်လှမ်းမှ မမှားခဲ့ဘူးလို့ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.