Premier League

နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု – ၂၅.၁၀.၂၀၂၀

ချယ်လ်ဆီးနည်းပြလမ်းပတ်ဟာ ဆီဆာ အက်ဇ်ပီလီကွေတာ ဆွဲလှဲချခံရသည့်ဖြစ်ရပ်မှာ ရှင်းလင်းသည့်ပင်နယ်တီပင်ဖြစ်ပြီး ကွင်းလယ်ဒိုင်ဟာ အလွန်နားလည်ရခက်တဲ့ဆုံးဖြတ်ချက်ကိုချခဲ့ကြောင်း ဝေဖန်။

မနေ့ညက မန်ချက်စတာယူနိုက်တက်အသင်းနှင့်ပွဲစဥ်မှာ အထူးလက်စွမ်းပြ ကာကွယ်သွားခဲ့တဲ့ ဂိုးသမား အေဒူယာမန်ဒီရဲ့ လက်စွမ်းနဲ့ မိမိအသင်းရဲ့ခြေစွမ်းကိုကျေနပ်မိကြောင်း ချယ်လ်ဆီးနည်းပြ လမ်းပတ်ဖွင့်ဟ။

မနေ့ညက Man of the Match ဖြစ်ခဲ့တဲ့
ချယ်လ်ဆီးဂိုးသမား အေဒူယာမန်ဒီဟာ၂၀၀၄ ခုနှစ်က ပီတာချက်နောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဥ် ပွဲဦးထွက်နှစ်ပွဲတွင် ပေးဂိုးမရှိ Clean Sheet ရယူနိုင်သည့် ပထမဦး ဆုံး ဂိုးသမား ဖြစ်လာခဲ့။

ဆီဆာ အက်ဇ်ပီလီကွေတာကို မက်ဂွိုင်းယား ဆွဲလှဲချခဲ့သည့် ဖြစ်စဥ်အား VAR ပြန်လည်ကြည့်ရှုခဲ့ပြီးမှ ပြစ်ဒဏ်ဘောမသတ်မှတ်ရန် အတည်ပြုခဲ့ကြောင်း The Athletic သတင်းက ဖော်ပြ။

ချယ်လ်ဆီး ဂိုးသမား မန်ဒီက မနေ့ညကပွဲစဥ်မှာ အမှားအယွင်းတခု လုပ်ခဲ့မိတဲ့နောက်ပိုင်း အကောင်းဆုံးကာကွယ်နိုင်ခဲ့လို့ ကျေနပ်ရပေမယ့် အသင်းနိုင်ပွဲမရခဲ့လို့ မပျော်ရွှင်နိုင်ကြောင်း၊ မိမိအသင်းအတွက် အရာအားလုံးပေးဆပ်ကစားဖို့ အဆင်သင့်ဖြစ်နေကြောင်း ပြောဆို။

ဆီဆာ အက်ဇ်ပီလီကွေတာရဲ့ပုခုံး‌ပေါ်ကို ခုန်တက်ပြီး ခန္ဓာကိုယ်နဲ့ ဖိသွားခဲ့တဲ့ မက်ဂွိုင်းယားရဲ့ဖြစ်ရပ်ဟာ သေချာပေါက်ပင်နယ်တီဖြစ်တယ်လို့ ချယ်လ်လီးဂန္ထဝင် ဟက်ဆယ်ဘိန့်ခ်က သုံးသပ်သွားခဲ့ပြီး အဆိုပါကိစ္စနှင့်ပတ်သက်လို့ မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ပတ်ထရစ်အဲဗရာကလည်း သဘောတူသွားခဲ့သလို သူလုပ်သွားတဲ့ပုံစံဟာ WWE နပန်းပွဲတွေမှာ ဟော့ဟိုဂန်လုပ်တဲ့ပုံစံပါ လို့ ဝေဖန်ခဲ့။

ဆီဆာ အက်ဇ်ပီလီကွေတာဟာ ဆွဲလှဲခံခဲ့ရတဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး ဒေါသထွက်နေမှာဖြစ်ကြောင်း ဘောလုံးဝေဖန်သုံးသပ်သူ ဂယ်ရီနဗီးလ်ကပြောကြားသွားခဲ့ပြီး သေချာပေါက် ပင်နယ်တီဖြစ်သင့်ကြောင်း ထောက်ခံခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ယ္လ္ဆီးနည္းျပလမ္းပတ္ဟာ ဆီဆာ အက္ဇ္ပီလီေကြတာ ဆြဲလွဲခ်ခံရသည့္ျဖစ္ရပ္မွာ ရွင္းလင္းသည့္ပင္နယ္တီပင္ျဖစ္ၿပီး ကြင္းလယ္ဒိုင္ဟာ အလြန္နားလည္ရခက္တဲ့ဆုံးျဖတ္ခ်က္ကိုခ်ခဲ့ေၾကာင္း ေဝဖန္။

မေန႕ညက မန္ခ်က္စတာယူနိုက္တက္အသင္းႏွင့္ပြဲစဥ္မွာ အထူးလက္စြမ္းျပ ကာကြယ္သြားခဲ့တဲ့ ဂိုးသမား ေအဒူယာမန္ဒီရဲ႕ လက္စြမ္းနဲ႕ မိမိအသင္းရဲ႕ေျခစြမ္းကိုေက်နပ္မိေၾကာင္း ခ်ယ္လ္ဆီးနည္းျပ လမ္းပတ္ဖြင့္ဟ။

မေန႕ညက Man of the Match ျဖစ္ခဲ့တဲ့
ခ်ယ္လ္ဆီးဂိုးသမား ေအဒူယာမန္ဒီဟာ၂၀၀၄ ခုႏွစ္က ပီတာခ်က္ေနာက္ပိုင္း ပရီးမီးယားလိဂ္ပြဲစဥ္ ပြဲဦးထြက္ႏွစ္ပြဲတြင္ ေပးဂိုးမရွိ Clean Sheet ရယူနိုင္သည့္ ပထမဦး ဆုံး ဂိုးသမား ျဖစ္လာခဲ့။

ဆီဆာ အက္ဇ္ပီလီေကြတာကို မက္ဂြိုင္းယား ဆြဲလွဲခ်ခဲ့သည့္ ျဖစ္စဥ္အား VAR ျပန္လည္ၾကည့္ရႈခဲ့ၿပီးမွ ျပစ္ဒဏ္ေဘာမသတ္မွတ္ရန္ အတည္ျပဳခဲ့ေၾကာင္း ဒိုင္လူႀကီးမ်ား ေကာ္မတီ(PGMOL) ကေျပာၾကားခဲ့ဟု The Athletic သတင္းက ေဖာ္ျပ။

ခ်ယ္လ္ဆီး ဂိုးသမား မန္ဒီက မေန႕ညကပြဲစဥ္မွာ အမွားအယြင္းတခုလုပ္ခဲ့မိတဲ့ေနာက္ပိုင္း အေကာင္းဆုံးကာကြယ္နိုင္ခဲ့လို႔ ေက်နပ္ရေပမယ့္ အသင္းနိုင္ပြဲမရခဲ့လို႔ မေပ်ာ္႐ႊင္နိုင္ေၾကာင္း၊ မိမိအသင္းအတြက္ အရာအားလုံးေပးဆပ္ကစားဖို႔ အဆင္သင့္ျဖစ္ေနေၾကာင္း ေျပာဆို။

ဆီဆာ အက္ဇ္ပီလီေကြတာရဲ႕ပုခုံး‌ေပၚကို ခုန္တက္ၿပီး ခႏၶာကိုယ္နဲ႕ ဖိသြားခဲ့တဲ့ မက္ဂြိုင္းယားရဲ႕ျဖစ္ရပ္ဟာ ေသခ်ာေပါက္ပင္နယ္တီျဖစ္တယ္လို႔ ခ်ယ္လ္လီးဂႏၳဝင္ ဟက္ဆယ္ဘိန့္ခ္က သုံးသပ္သြားခဲ့ၿပီး အဆိုပါကိစၥႏွင့္ပတ္သက္လို႔ မန္ခ်က္စတာယူနိုက္တက္ကစားသမားေဟာင္း ပတ္ထရစ္အဲဗရာကလည္း သေဘာတူသြားခဲ့သလို သူလုပ္သြားတဲ့ပုံစံဟာ WWE နပန္းပြဲေတြမွာ ေဟာ့ဟိုဂန္လုပ္တဲ့ပုံစံပါ လို႔ ေဝဖန္ခဲ့။

ဆီဆာ အက္ဇ္ပီလီေကြတာဟာ ဆြဲလွဲခံခဲ့ရတဲ့ျဖစ္ရပ္နဲ႕ပတ္သက္ၿပီး ေဒါသထြက္ေနမွာျဖစ္ေၾကာင္း ေဘာလုံးေဝဖန္သုံးသပ္သူ ဂယ္ရီနဗီးလ္ကေျပာၾကားသြားခဲ့ၿပီး ေသခ်ာေပါက္ ပင္နယ္တီျဖစ္သင့္ေၾကာင္း ေထာက္ခံခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.