Premier League

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၂၅.၁၀.၂၀၂၀

– ဘီဘီစီရဲ႕ ေဘာလုံးကၽြမ္းက်င္သူေတြျဖစ္ၾကတဲ့ မာ့ခ္ ေလာ္ရင္ဆန္(ေလာ္႐ို)နဲ႔ စတိဗ္ ဝွဳိက္တုိ႔က အာဆင္နယ္အသင္းအေနနဲ႔ ဒီရာသီမွာ ေနာက္ထပ္ႏိုင္ပြဲတစ္ခုကို ကာရာေဘာင္းဖလားပြဲမွာလည္း အႏုိင္ယူထားခဲ့တဲ့ လက္စတာဆီက ထပ္မံရယူႏုိင္မယ္လုိ႔ ခန္႔မွန္း။

– အာဆင္နယ္အသင္းကေန ဘလက္ပူးလ္အသင္းကို အငွားခ်ထားခဲ့တဲ့ ေနာက္ခံလူ ဒန္နီယယ္လ္ ေဘာလာ့ဒ္ဟာ သူ႕ရဲ႕ ပထမဆုံးအႀကိမ္ ပြဲထြက္ခြင့္မွာ Man of the Match ဆုကို ရရွိခဲ့ၿပီး ၿပီးခဲ့တဲ့ လူစားဝင္ပြဲမွာလည္း ဒီဆုကို ဆြတ္ခူးထားႏုိင္ခဲ့လုိ႔ ပရိသတ္ေတြက အနာဂတ္အတြက္ ေမွ်ာ္လင့္ခ်က္ထားေနၾက။

– ေျမာက္လန္ဒန္မွာ မေျပလည္တဲ့ အသံေတြ ထြက္ေနေပမယ့္လည္း ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာက သူနဲ႔ အာတီတာတုိ႔ ဆက္ဆံေရး ေကာင္းေၾကာင္းအျပင္ အူဘာမီယန္းနဲ႔ လာကာဇက္တုိ႔ရဲ႕ ကူညီခဲ့ပုံေတြကိုလည္း ထုတ္ေဖာ္ေျပာၾကားသြား။

– ဒီေန႔ညမွာ အာဆင္နယ္နဲ႔ ရင္ဆုိင္ကစားရမယ့္ လက္စတာစီးတီးအသင္းနည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္က ကြင္းလယ္လူ မီဆြတ္ အုိေဇးလ္ကို သူ႕အေနနဲ႔လည္း အာတီတာလိုပဲ ခ်န္လွပ္ထားမွာျဖစ္ၿပီး အရည္အေသြးရွိေပမယ့္ အသင္းနဲ႔အတူ အင္အားထုတ္ မကစားတဲ့သူဟာ အသင္းရဲ႕ တုိက္စစ္ကိုေရာ ခံစစ္ကိုပါ ပုံစံပ်က္ေစမယ္လုိ႔ ေျပာၾကားသြား။

– အာဆင္နယ္အသင္းအေနနဲ႔ ကြင္းလယ္မွာ ေသာမတ္စ္ ပါေတးနဲ႔ တြဲဖက္ၿပီး အေကာင္းဆုံးပုံစံကို ေဖာ္ထုတ္ႏုိင္ဖုိ႔ လီယြန္ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါကို ရေအာင္ ေခၚယူရလိမ့္မယ္လို႔ နည္းစနစ္ဒါ႐ိုက္တာ အီဒူးကို မန္စီးတီးကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနား တုိက္တြန္း။

– ေနာက္ခံလူသစ္ ဂါဘရီယယ္လ္ဟာ ျမင္ေတြ႕ရဖို႔ ခဲယဥ္းေလ့ရွိတဲ့ ေသြးေအးၿပီး ေနရာယူပုံ ေကာင္းမြန္တဲ့ ခံစစ္ဗဟိုကစားသမားေတြထဲက တစ္ဦးျဖစ္ေၾကာင္းနဲ႔ အသင္းရဲ႕ ရလဒ္ေတြမွာ သူဟာ တစ္ေထာင့္တစ္ေနရာကေန အျမဲတမ္း ပါဝင္ေနတယ္လို႔ အာဆင္နယ္တုိက္စစ္မွဴးေဟာင္း အလန္ စမစ္ ခ်ီးက်ဴးသြား။

– သန္မာတယ္၊ ျမန္ဆန္တယ္၊ ေခ်ာေမြ႕တယ္၊ ထိန္းခ်ဳပ္ကြပ္ကဲႏုိင္တယ္လုိ႔ အာဆင္နယ္အသင္းရဲ႕ နာမည္ႀကီးပရိသတ္ ပီးယားစ္ ေမာ္ဂန္က ေသာမတ္စ္ ပါေတးကို ခ်ီးက်ဴးလိုက္ၿပီး ၁၅ ႏွစ္ၾကာ ေပ်ာက္ဆုံးေနတဲ့ ပက္ထရစ္ ဗီယာရာကို ျပန္လည္ရရွိၿပီလုိ႔ တြစ္တာမွာ ေရးသား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဘီဘီစီရဲ့ ဘောလုံးကျွမ်းကျင်သူတွေဖြစ်ကြတဲ့ မာ့ခ် လော်ရင်ဆန်(လော်ရို)နဲ့ စတိဗ် ဝှိုက်တို့က အာဆင်နယ်အသင်းအနေနဲ့ ဒီရာသီမှာ နောက်ထပ်နိုင်ပွဲတစ်ခုကို ကာရာဘောင်းဖလားပွဲမှာလည်း အနိုင်ယူထားခဲ့တဲ့ လက်စတာဆီက ထပ်မံရယူနိုင်မယ်လို့ ခန့်မှန်း။

– အာဆင်နယ်အသင်းကနေ ဘလက်ပူးလ်အသင်းကို အငှားချထားခဲ့တဲ့ နောက်ခံလူ ဒန်နီယယ်လ် ဘောလာ့ဒ်ဟာ သူ့ရဲ့ ပထမဆုံးအကြိမ် ပွဲထွက်ခွင့်မှာ Man of the Match ဆုကို ရရှိခဲ့ပြီး ပြီးခဲ့တဲ့ လူစားဝင်ပွဲမှာလည်း ဒီဆုကို ဆွတ်ခူးထားနိုင်ခဲ့လို့ ပရိသတ်တွေက အနာဂတ်အတွက် မျှော်လင့်ချက်ထားနေကြ။

– မြောက်လန်ဒန်မှာ မပြေလည်တဲ့ အသံတွေ ထွက်နေပေမယ့်လည်း နောက်ခံလူ ဝီလီယမ် ဆာလီဘာက သူနဲ့ အာတီတာတို့ ဆက်ဆံရေး ကောင်းကြောင်းအပြင် အူဘာမီယန်းနဲ့ လာကာဇက်တို့ရဲ့ ကူညီခဲ့ပုံတွေကိုလည်း ထုတ်ဖော်ပြောကြားသွား။

– ဒီနေ့ညမှာ အာဆင်နယ်နဲ့ ရင်ဆိုင်ကစားရမယ့် လက်စတာစီးတီးအသင်းနည်းပြ ဘရန်ဒန် ရော့ဂျားစ်က ကွင်းလယ်လူ မီဆွတ် အိုဇေးလ်ကို သူ့အနေနဲ့လည်း အာတီတာလိုပဲ ချန်လှပ်ထားမှာဖြစ်ပြီး အရည်အသွေးရှိပေမယ့် အသင်းနဲ့အတူ အင်အားထုတ် မကစားတဲ့သူဟာ အသင်းရဲ့ တိုက်စစ်ကိုရော ခံစစ်ကိုပါ ပုံစံပျက်စေမယ်လို့ ပြောကြားသွား။

– အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်မှာ သောမတ်စ် ပါတေးနဲ့ တွဲဖက်ပြီး အကောင်းဆုံးပုံစံကို ဖော်ထုတ်နိုင်ဖို့ လီယွန်ကွင်းလယ်လူ ဟူဆင်းမ် အောဝါကို ရအောင် ခေါ်ယူရလိမ့်မယ်လို့ နည်းစနစ်ဒါရိုက်တာ အီဒူးကို မန်စီးတီးကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနား တိုက်တွန်း။

– နောက်ခံလူသစ် ဂါဘရီယယ်လ်ဟာ မြင်တွေ့ရဖို့ ခဲယဉ်းလေ့ရှိတဲ့ သွေးအေးပြီး နေရာယူပုံ ကောင်းမွန်တဲ့ ခံစစ်ဗဟိုကစားသမားတွေထဲက တစ်ဦးဖြစ်ကြောင်းနဲ့ အသင်းရဲ့ ရလဒ်တွေမှာ သူဟာ တစ်ထောင့်တစ်နေရာကနေ အမြဲတမ်း ပါဝင်နေတယ်လို့ အာဆင်နယ်တိုက်စစ်မှူးဟောင်း အလန် စမစ် ချီးကျူးသွား။

– သန်မာတယ်၊ မြန်ဆန်တယ်၊ ချောမွေ့တယ်၊ ထိန်းချုပ်ကွပ်ကဲနိုင်တယ်လို့ အာဆင်နယ်အသင်းရဲ့ နာမည်ကြီးပရိသတ် ပီးယားစ် မော်ဂန်က သောမတ်စ် ပါတေးကို ချီးကျူးလိုက်ပြီး ၁၅ နှစ်ကြာ ပျောက်ဆုံးနေတဲ့ ပက်ထရစ် ဗီယာရာကို ပြန်လည်ရရှိပြီလို့ တွစ်တာမှာ ရေးသား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.