Match Report Premier League

အိမ္ကြင္းမွာ ေျခစြမ္းျပသူ သိပ္မရွိေပမယ့္လည္း ႏိုင္ပြဲရယူခဲ့တဲ့ လီဗာပူးလ္

ဒီေန႔မွာ လီဗာပူးလ္အသင္းမွာေတာ့ သူတုိ႔ရဲ႕ ဦးစားေပးဂိုးသမား အယ္လစ္ဆန္ ဘက္ကာ ျပန္လည္ပါဝင္လာတာေၾကာင့္ ခံစစ္အတြက္ ပိုမိုစိတ္ခ်ခဲ့ရေပမယ့္ ေနာက္တန္းစုဖြဲ႕မွဳကေတာ့ အေကာင္းဆုံးအေနအထားတစ္ရပ္မွာ ရွိမေနသလို တိုက္စစ္နဲ႔ ဖန္တီးမွဳေတြမွာလည္း ထူးခၽြန္ေျပာင္ေျမာက္တာမ်ဳိး မရွိခဲ့တာေၾကာင့္ အိမ္ကြင္း အန္းဖီးလ္မွာ ႏုိင္႐ုံရလဒ္ျဖစ္တဲ့ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ပဲ ရွက္ဖီးလ္ဒ္တုိ႔အေပၚ ေက်နပ္ခဲ့ရပါတယ္။

ပြဲစၿပီးမၾကာခင္မွာပဲ မာေနးရဲ႕ ပိတ္သြင္းမွဳက ေပ်ာ့ေနတာေၾကာင့္ အီဂန္ရွင္းထုတ္သြားႏုိင္ခဲ့သလို လီဗာပူးလ္ကြင္းျခမ္းမွာ ရရွိတဲ့ ဖရီးကစ္ကေန အလက္ဇန္းဒါး-အာႏုိးလ္ဒ္က ေနရာယူပုံ ေရွ႕ေရာက္ေနခဲ့တဲ့ ဂိုးသမား ရမ္းစ္ေဒးလ္ကို အကဲစမ္းခဲ့ရာမွာေတာ့ မနည္းေနာက္ဆုတ္ၿပီး ပုတ္ထုတ္သြားခဲ့လုိ႔ လွပတဲ့ ဂိုးတစ္ဂိုး ျဖစ္မလာခဲ့တာပါ။

ပြဲခ်ိန္္ ၁၀ မိနစ္မွာေတာ့ ခ်ီးက်ဴးေနၾကတဲ့ ဖာဘင္ညဳိ အမွားလုပ္ခဲ့ၿပီး ရွင္းထုတ္ပုံ မပီျပင္လို႔ တစ္ဖက္က မက္ဘာနီ ရသြားတဲ့ ေဘာလုံးကို အေလာတႀကီး ဖ်က္ထုတ္ရာမွာ ပင္နယ္တီေပးခဲ့ရလို႔ ဒီအခြင့္အေရးကုိေတာ့ ရွက္ဖီးလ္ဒ္ရဲ႕ ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးရွင္ ဆန္ဒါ ဘာဂါက အယ္လစ္ဆန္ကို လမ္းမွားပုိ႔ခဲ့ၿပီး အေဝးကြင္းမွာ အဖြင့္ဂိုး ရယူႏုိင္ခဲ့ပါတယ္။

ဒီေန႔ပြဲမွာ လီဗာပူးလ္ Full Back ေတြျဖစ္ၾကတဲ့ အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ ေရာဘတ္ဆန္တုိ႔ရဲ႕ အလြန္အကၽြံတုိက္စစ္လိုက္ပါကစားပုံကို ရွက္ဖီးလ္ဒ္နည္းျပ ခရစၥ ဝိုင္လ္ဒါက စနစ္တက် ထိုးႏွက္သြားခဲ့ၿပီး ဂိုးသမား အယ္လစ္ဆန္ရဲ႕ ပိတ္ဆို႔ပုံနဲ႔ ေနရာယူပုံေတြ ေကာင္းလို႔သာ ဂိုးထပ္မေပးခဲ့ရတာပါ။

ပြဲခ်ိန္ ၄၁ မိနစ္မွာေတာ့ ဟန္ဒါဆန္ရဲ႕ ညာျခမ္းက ျဖတ္တင္ေဘာကို မာေနး ေခါင္းတုိက္ရာမွာ ဂိုးသမား ပုတ္ခဲ့တာကို ေနာက္က အသင့္ပါလာတဲ့ ဖာမီႏိုက ပိတ္သြင္းၿပီး ေခ်ပႏုိင္ခဲ့တာေၾကာင့္ ပထမပုိင္းမွာ တစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

တုိက္စစ္မွဴး မိုဟာမက္ ဆာလားကေတာ့ ဒီေန႔ပြဲမွာ အခြင့္အေရးမ်ားစြာကို ျဖဳန္းတီးေနခဲ့ၿပီး သူ႕ရဲ႕ တစ္ကိုယ္ေကာင္းဆန္တဲ့ ကစားပုံကလည္း ႏုိင္ေနခ်ိန္မွာ ခြင့္လႊတ္ႏုိင္ေပမယ့္ ရလဒ္မေကာင္းခ်ိန္မွာေတာ့ ေဝဖန္စရာျဖစ္ခဲ့သလို ပြဲခ်ိန္ ၆၁ မိနစ္မွာ သြင္းတဲ့ဂိုးကေတာ့ လူကၽြံေနလို႔ ပယ္ဖ်က္ခံခဲ့ရပါတယ္။

ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ မာေနးရဲ႕ ျဖတ္တင္ေဘာကို ရွက္ဖီးလ္ဒ္ေနာက္ခံလူ စတီဗင္စ္ ေခါင္းတုိက္ဖ်က္ထုတ္ဖို႔ ပ်က္ကြက္ခဲ့ရာမွာ ေပၚတူဂီ ကစားသမား ဂ်ဳိတာက သူ႕ေနာက္ကေန ေခါင္းတုိက္သြင္းယူႏုိင္ခဲ့ၿပီး လီဗာပူးလ္တုိ႔အတြက္ Come Back Win ျဖစ္ေစခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ တစ္ဖက္နဲ႔ တစ္ဖက္ အခြင့္အေရးေတြကို အသုံးမခ်ႏုိင္ေတာ့သလုိ ဆာလားရဲ႕ မိနစ္ ၈၀ ကန္ခ်က္ကလည္း တုိင္ထိထြက္ခဲ့တာေၾကာင့္ ႏွစ္ဂိုး-တစ္ဂိုးရလဒ္နဲ႔ပြဲ ပြဲၿပီးဆုံးခဲ့ၿပီး အိမ္ကြင္းမွာ အဖိုးတန္သုံးမွတ္ကို ယာဂန္ ကေလာ့ပ္တုိ႔ သိမ္းပုိက္ၿပီး အမွတ္ေပးဇယားရဲ႕ ဒုတိယေနရာကို ဆုပ္ကိုင္ႏိုင္ခဲ့ပါတယ္။

ဒီေန႔ပြဲမွာေတာ့ အားလုံးခ်ီးက်ဴးေနၾကတဲ့ ဖာဘင္ညဳိရဲ႕ Natural Defender စစ္စစ္မဟုတ္တဲ့ အားနည္းမွဳႏွစ္ရပ္ကို ေတြ႕ခဲ့ၿပီး ေသြးမေအးဘဲ ပ်ာယာခတ္မွဳေတြနဲ႔ တစ္ဖက္တုိက္စစ္မွဴးေတြက သူ႕ကို မွ်ားေခၚတာေတြမွာ ပါသြားတတ္တာေတြကို ျပင္ဆင္ရဦးမွာျဖစ္ၿပီး ဗန္ဒိုက္အတြက္ အစားထိုးမွဳ မရေသးခင္မွာ ဒီရလဒ္ကလည္း လီဗာပူးလ္အတြက္ေတာ့ ေက်နပ္စရာပဲျဖစ္ေၾကာင္း ေရးသားလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဒီနေ့မှာ လီဗာပူးလ်အသင်းမှာတော့ သူတို့ရဲ့ ဦးစားပေးဂိုးသမား အယ်လစ်ဆန် ဘက်ကာ ပြန်လည်ပါဝင်လာတာကြောင့် ခံစစ်အတွက် ပိုမိုစိတ်ချခဲ့ရပေမယ့် နောက်တန်းစုဖွဲ့မှုကတော့ အကောင်းဆုံးအနေအထားတစ်ရပ်မှာ ရှိမနေသလို တိုက်စစ်နဲ့ ဖန်တီးမှုတွေမှာလည်း ထူးချွန်ပြောင်မြောက်တာမျိုး မရှိခဲ့တာကြောင့် အိမ်ကွင်း အန်းဖီးလ်မှာ နိုင်ရုံရလဒ်ဖြစ်တဲ့ နှစ်ဂိုး-တစ်ဂိုးနဲ့ပဲ ရှက်ဖီးလ်ဒ်တို့အပေါ် ကျေနပ်ခဲ့ရပါတယ်။

ပွဲစပြီးမကြာခင်မှာပဲ မာနေးရဲ့ ပိတ်သွင်းမှုက ပျော့နေတာကြောင့် အီဂန်ရှင်းထုတ်သွားနိုင်ခဲ့သလို လီဗာပူးလ်ကွင်းခြမ်းမှာ ရရှိတဲ့ ဖရီးကစ်ကနေ အလက်ဇန်းဒါး-အာနိုးလ်ဒ်က နေရာယူပုံ ရှေ့ရောက်နေခဲ့တဲ့ ဂိုးသမား ရမ်းစ်ဒေးလ်ကို အကဲစမ်းခဲ့ရာမှာတော့ မနည်းနောက်ဆုတ်ပြီး ပုတ်ထုတ်သွားခဲ့လို့ လှပတဲ့ ဂိုးတစ်ဂိုး ဖြစ်မလာခဲ့တာပါ။

ပွဲချိန် ၁၀ မိနစ်မှာတော့ ချီးကျူးနေကြတဲ့ ဖာဘင်ညို အမှားလုပ်ခဲ့ပြီး ရှင်းထုတ်ပုံ မပီပြင်လို့ တစ်ဖက်က မက်ဘာနီ ရသွားတဲ့ ဘောလုံးကို အလောတကြီး ဖျက်ထုတ်ရာမှာ ပင်နယ်တီပေးခဲ့ရလို့ ဒီအခွင့်အရေးကိုတော့ ရှက်ဖီးလ်ဒ်ရဲ့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ဆန်ဒါ ဘာဂါက အယ်လစ်ဆန်ကို လမ်းမှားပို့ခဲ့ပြီး အဝေးကွင်းမှာ အဖွင့်ဂိုး ရယူနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ လီဗာပူးလ် Full Back တွေဖြစ်ကြတဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ရောဘတ်ဆန်တို့ရဲ့ အလွန်အကျွံတိုက်စစ်လိုက်ပါကစားပုံကို ရှက်ဖီးလ်ဒ်နည်းပြ ခရစ္စ ဝိုင်လ်ဒါက စနစ်တကျ ထိုးနှက်သွားခဲ့ပြီး ဂိုးသမား အယ်လစ်ဆန်ရဲ့ ပိတ်ဆို့ပုံနဲ့ နေရာယူပုံတွေ ကောင်းလို့သာ ဂိုးထပ်မပေးခဲ့ရတာပါ။

ပွဲချိန် ၄၁ မိနစ်မှာတော့ ဟန်ဒါဆန်ရဲ့ ညာခြမ်းက ဖြတ်တင်ဘောကို မာနေး ခေါင်းတိုက်ရာမှာ ဂိုးသမား ပုတ်ခဲ့တာကို နောက်က အသင့်ပါလာတဲ့ ဖာမီနိုက ပိတ်သွင်းပြီး ချေပနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

တိုက်စစ်မှူး မိုဟာမက် ဆာလားကတော့ ဒီနေ့ပွဲမှာ အခွင့်အရေးများစွာကို ဖြုန်းတီးနေခဲ့ပြီး သူ့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ကစားပုံကလည်း နိုင်နေချိန်မှာ ခွင့်လွှတ်နိုင်ပေမယ့် ရလဒ်မကောင်းချိန်မှာတော့ ဝေဖန်စရာဖြစ်ခဲ့သလို ပွဲချိန် ၆၁ မိနစ်မှာ သွင်းတဲ့ဂိုးကတော့ လူကျွံနေလို့ ပယ်ဖျက်ခံခဲ့ရပါတယ်။

ပွဲချိန် ၆၄ မိနစ်မှာတော့ မာနေးရဲ့ ဖြတ်တင်ဘောကို ရှက်ဖီးလ်ဒ်နောက်ခံလူ စတီဗင်စ် ခေါင်းတိုက်ဖျက်ထုတ်ဖို့ ပျက်ကွက်ခဲ့ရာမှာ ပေါ်တူဂီ ကစားသမား ဂျိုတာက သူ့နောက်ကနေ ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပြီး လီဗာပူးလ်တို့အတွက် Come Back Win ဖြစ်စေခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ တစ်ဖက်နဲ့ တစ်ဖက် အခွင့်အရေးတွေကို အသုံးမချနိုင်တော့သလို ဆာလားရဲ့ မိနစ် ၈၀ ကန်ချက်ကလည်း တိုင်ထိထွက်ခဲ့တာကြောင့် နှစ်ဂိုး-တစ်ဂိုးရလဒ်နဲ့ပွဲ ပွဲပြီးဆုံးခဲ့ပြီး အိမ်ကွင်းမှာ အဖိုးတန်သုံးမှတ်ကို ယာဂန် ကလော့ပ်တို့ သိမ်းပိုက်ပြီး အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို ဆုပ်ကိုင်နိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာတော့ အားလုံးချီးကျူးနေကြတဲ့ ဖာဘင်ညိုရဲ့ Natural Defender စစ်စစ်မဟုတ်တဲ့ အားနည်းမှုနှစ်ရပ်ကို တွေ့ခဲ့ပြီး သွေးမအေးဘဲ ပျာယာခတ်မှုတွေနဲ့ တစ်ဖက်တိုက်စစ်မှူးတွေက သူ့ကို မျှားခေါ်တာတွေမှာ ပါသွားတတ်တာတွေကို ပြင်ဆင်ရဦးမှာဖြစ်ပြီး ဗန်ဒိုက်အတွက် အစားထိုးမှု မရသေးခင်မှာ ဒီရလဒ်ကလည်း လီဗာပူးလ်အတွက်တော့ ကျေနပ်စရာပဲဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.