Match Report Premier League

အဆုိးဆုံးေတြကို ေရွာင္လႊဲၿပီး တစ္မွတ္စီ ခြဲယူခဲ့ၾကတဲ့ ယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီး

ဒီေန႔ပြဲမွာ မန္ခ်က္စတာယူႏိုက္တက္နည္းျပ ဆုိးလ္ရွားရဲ႕ အိမ္ကြင္းသုံးပြဲဆက္ မရွဳံးဖို႔နဲ႔ ခ်ဲလ္ဆီးနည္းျပလမ္းပတ္ရဲ႕ ပရီးမီးယားလိဂ္မွာ ယူႏုိက္တက္ကို သုံးပြဲဆက္မရွဳံးဖို႔အတြက္ ႐ုန္းကန္မွဳေတြကို ေတြ႕ျမင္ရႏိုင္တာမို႔ လူေတြက စိတ္ဝင္စားခဲ့ၾကၿပီး ေစာင့္ၾကည့္ခဲ့ၾကေပမယ့္ မိုက္ကယ္ အုိဝင္ေျပာသလိုပဲ ဝိနည္းလြတ္ ရလဒ္တစ္ခုကို ဂိုးမသြင္းဘဲ ေဝမွ်သြားခဲ့ၾကပါတယ္။

ယူႏုိက္တက္ကေတာ့ နယူးကာဆယ္လ္နဲ႔ပြဲက လူစာရင္းအတုိင္း ပြဲထြက္လာခဲ့ေပမယ့္ ေပးဂိုးေတြ မ်ားေနခဲ့တဲ့ ခ်ဲလ္ဆီးတို႔ကေတာ့ ခံစစ္ဦးစားေပးတဲ့ ၅-၂-၃ ပုံစံကို အသုံးျပဳလာခဲ့ၿပီး လမ္းပတ္ကေတာ့ ဒီေန႔ပြဲကို ပိတ္ကစားဖို႔နဲ႔ တန္ျပန္တုိက္စစ္ကစားဖို႔ ေရြးခ်ယ္ခဲ့ပါတယ္။

ႏွစ္သင္းစလုံးရဲ႕ အခ်ိတ္အဆက္ေတြက စိတ္ပ်က္စရာပဲ မ်ားခဲ့သလို ခံစစ္ေတြကိုလည္း တုိက္စစ္ေတာင္ပံေတြက ေက်ာ္လြန္ႏုိင္ျခင္း မရွိတာေၾကာင့္ တစ္ဖက္နဲ႔တစ္ဖက္ ေဘာလုံးအပ်က္မ်ားေနတာကိုပဲ ေတြ႕ျမင္ခဲ့ရၿပီး အိမ္ရွင္ေတြကေတာ့ နည္းနည္းပုိၿပီး ဂိုးေပါက္ၿခိမ္းေျခာက္ႏုိင္ခဲ့သလို ပထမပုိင္းရဲ႕ ေနာက္ဆုံး ၁၅ မိနစ္မွာ ခ်ဲလ္ဆီးဂိုးသမား မန္ဒီအေနနဲ႔ သုံးႀကိမ္ေလာက္ ကာကြယ္ခဲ့ရၿပီး ဂိုးမရွိသေရက်ေနခဲ့ပါတယ္။

ခ်ဲလ္ဆီးရဲ႕ ကစားပုံက ေပ်ာ့သလုိ ယူႏုိက္တက္ရဲ႕ ကစားပုံကလည္း မထက္ျမက္တာမုိ႔ ဒုတိယပုိင္း ၅၇ မိနစ္မွာ ဆုိးလ္ရွားအေနနဲ႔ ေပါ့ဘာနဲ႔ ကာဗာနီကို ထည့္ၿပီး တုိက္စစ္ျမႇင့္ခဲ့ရာမွာ မၾကာခင္မွာပဲ ဥ႐ုေဂြးသားႀကီးရဲ႕ ေထာင့္ကန္ေဘာက ျဖတ္တင္မွဳကို အနီးကပ္ပိတ္သြင္းခ်က္က တုိင္ေဘးက ထြက္သြားခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာ လမ္းပတ္ရဲ႕ ဗာနာ၊ ပူလီရွစ္ခ်္နဲ႔ ဟာဗတ္ဇ္တုိ႔ေနရာမွာ ေအဘရာဟမ္၊ ေမာင့္နဲ႔ ဇီးယက္ရွ္တုိ႔ကို ထည့္သြင္းခဲ့ေပမယ့္ မထိေရာက္သလို ႏွစ္သင္းစလုံးကလည္း ဂိုးသြင္းဖို႔ထက္ ဂိုးမေပးရဖို႔ကိုပဲ ပုိအာ႐ုံစိုက္ေနတာေၾကာင့္ အားမလို အားမရျဖစ္စရာ ပြဲတစ္ပြဲကိုပဲ ျမင္ေတြ႕ခဲ့ရၿပီး အုိးလ္ထရက္ဖို႔ဒ္မွာ သေရတစ္မွတ္စီနဲ႔ ဆုိးရြားတဲ့ မွတ္တမ္းအသီးသီးကို ေရွာင္ရွားႏုိင္ခဲ့ၾကေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: REUTERS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဒီနေ့ပွဲမှာ မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားရဲ့ အိမ်ကွင်းသုံးပွဲဆက် မရှုံးဖို့နဲ့ ချဲလ်ဆီးနည်းပြလမ်းပတ်ရဲ့ ပရီးမီးယားလိဂ်မှာ ယူနိုက်တက်ကို သုံးပွဲဆက်မရှုံးဖို့အတွက် ရုန်းကန်မှုတွေကို တွေ့မြင်ရနိုင်တာမို့ လူတွေက စိတ်ဝင်စားခဲ့ကြပြီး စောင့်ကြည့်ခဲ့ကြပေမယ့် မိုက်ကယ် အိုဝင်ပြောသလိုပဲ ဝိနည်းလွတ် ရလဒ်တစ်ခုကို ဂိုးမသွင်းဘဲ ဝေမျှသွားခဲ့ကြပါတယ်။

ယူနိုက်တက်ကတော့ နယူးကာဆယ်လ်နဲ့ပွဲက လူစာရင်းအတိုင်း ပွဲထွက်လာခဲ့ပေမယ့် ပေးဂိုးတွေ များနေခဲ့တဲ့ ချဲလ်ဆီးတို့ကတော့ ခံစစ်ဦးစားပေးတဲ့ ၅-၂-၃ ပုံစံကို အသုံးပြုလာခဲ့ပြီး လမ်းပတ်ကတော့ ဒီနေ့ပွဲကို ပိတ်ကစားဖို့နဲ့ တန်ပြန်တိုက်စစ်ကစားဖို့ ရွေးချယ်ခဲ့ပါတယ်။

နှစ်သင်းစလုံးရဲ့ အချိတ်အဆက်တွေက စိတ်ပျက်စရာပဲ များခဲ့သလို ခံစစ်တွေကိုလည်း တိုက်စစ်တောင်ပံတွေက ကျော်လွန်နိုင်ခြင်း မရှိတာကြောင့် တစ်ဖက်နဲ့တစ်ဖက် ဘောလုံးအပျက်များနေတာကိုပဲ တွေ့မြင်ခဲ့ရပြီး အိမ်ရှင်တွေကတော့ နည်းနည်းပိုပြီး ဂိုးပေါက်ခြိမ်းခြောက်နိုင်ခဲ့သလို ပထမပိုင်းရဲ့ နောက်ဆုံး ၁၅ မိနစ်မှာ ချဲလ်ဆီးဂိုးသမား မန်ဒီအနေနဲ့ သုံးကြိမ်လောက် ကာကွယ်ခဲ့ရပြီး ဂိုးမရှိသရေကျနေခဲ့ပါတယ်။

ချဲလ်ဆီးရဲ့ ကစားပုံက ပျော့သလို ယူနိုက်တက်ရဲ့ ကစားပုံကလည်း မထက်မြက်တာမို့ ဒုတိယပိုင်း ၅၇ မိနစ်မှာ ဆိုးလ်ရှားအနေနဲ့ ပေါ့ဘာနဲ့ ကာဗာနီကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ရာမှာ မကြာခင်မှာပဲ ဥရုဂွေးသားကြီးရဲ့ ထောင့်ကန်ဘောက ဖြတ်တင်မှုကို အနီးကပ်ပိတ်သွင်းချက်က တိုင်ဘေးက ထွက်သွားခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ လမ်းပတ်ရဲ့ ဗာနာ၊ ပူလီရှစ်ချ်နဲ့ ဟာဗတ်ဇ်တို့နေရာမှာ အေဘရာဟမ်၊ မောင့်နဲ့ ဇီးယက်ရှ်တို့ကို ထည့်သွင်းခဲ့ပေမယ့် မထိရောက်သလို နှစ်သင်းစလုံးကလည်း ဂိုးသွင်းဖို့ထက် ဂိုးမပေးရဖို့ကိုပဲ ပိုအာရုံစိုက်နေတာကြောင့် အားမလို အားမရဖြစ်စရာ ပွဲတစ်ပွဲကိုပဲ မြင်တွေ့ခဲ့ရပြီး အိုးလ်ထရက်ဖို့ဒ်မှာ သရေတစ်မှတ်စီနဲ့ ဆိုးရွားတဲ့ မှတ်တမ်းအသီးသီးကို ရှောင်ရှားနိုင်ခဲ့ကြကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: REUTERS
PHOTOS CREDIT TO OWNERS
SPORTS A2Z.