Match Report Premier League

ထက္ျမက္မွဳ မရွိတဲ့ ကစားဟန္နဲ႔အတူ လန္ဒန္ဟာ ေအာင္ေျမမျဖစ္ခဲ့တဲ့ မန္ခ်က္စတာစီးတီး

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ သူတုိ႔ရဲ႕ ၿပီးခဲ့တဲ့ ပြဲေတြအားလုံးက အလုပ္အျဖစ္ဆုံး လူစာရင္းကို ထုတ္သုံးလာခဲ့ၿပီး တုိက္စစ္မွဴး အေဂြ႐ိုက အေထာင္ျပန္ကစားလာခဲ့သလို စတာလင္နဲ႔ မာရက္ဇ္တို႔က ဝန္းရံခဲ့ၿပီး ကြင္းလယ္တုိက္စစ္မွာေတာ့ ဘာနာဒို ေဆးလ္ဗားက ကစားသြားခဲ့ပါတယ္။

လန္ဒန္ၿမဳိ႕ဟာ ေနာက္ပုိင္းႏွစ္ေတြမွာ မန္စီးတီးတုိ႔အတြက္ ရလဒ္ေကာင္းတတ္ေပမယ့္ ဒီႏွစ္မွာေတာ့ အသင္းရဲ႕ ဒဏ္ရာေတြ မ်ားျပားမွဳနဲ႔ မထင္မွတ္ဘဲ ႐ုတ္တရက္ႀကီး အေျပာင္းအလဲေတြနဲ႔အတူ မာေက်ာလာခဲ့တဲ့ ဝက္စ္ဟမ္းတုိ႔ရဲ႕ပြဲမွာ ဧည့္သည္ေတြဘက္က ျဖဳန္းတီးမွဳေတြနဲ႔အတူ ပြဲကို စတင္ခဲ့တာပါ။

ပြဲခ်ိန္ ၁၈ မိနစ္မွာေတာ့ အိမ္ရွင္ဟမ္းမားေတြ အဖြင့္ဂိုးရခဲ့ၿပီး တုိက္စစ္မွဴး အန္တုိနီယိုက ညာေနာက္ခံလူ ကူဖယ္လ္ရဲ႕ ျဖတ္တင္ေဘာကို ေနာက္ျပန္ကန္သြင္းခဲ့ရာမွာ ကပ္ထားတဲ့ ႐ူဘင္ ဒီယက္စ္ အခ်ိန္မီ မတားဆီးႏိုင္ခဲ့သလို ဂိုးသမား အီဒါဆန္လည္း ဘာမွ မတတ္ႏုိင္ဘဲ ဂိုးေပးခဲ့ရပါတယ္။

အန္တိုနီယိုဟာ ဒီေန႔ပြဲမွာ သူ႕ရဲ႕ က်စ္လ်စ္ေတာင့္တင္းတဲ့ ကိုယ္လုံး၊ ခြန္အားသုံးကစားတဲ့ ပုံစံနဲ႔ မန္စီးတီးေနာက္တန္းကို ေကာင္းေကာင္း ဖိအားေပးႏုိင္ခဲ့ၿပီး တကယ္တမ္းမာေက်ာသူ နည္းတဲ့ ဂြါဒီယိုလာရဲ႕ တပည့္ေတြ မနည္းထိန္းကစားခဲ့ရသလို ပထမပိုင္းမွာေတာ့ အခြင့္အေရးေတြကို အသုံးမခ်ႏုိင္ခဲ့တာေၾကာင့္ ေခ်ပဂိုး မရခဲ့ဘဲ ဝက္စ္ဟမ္းတုိ႔ ဦးေဆာင္ခဲ့ပါတယ္။

ဒုတိယပုိင္းပြဲအစမွာေတာ့ တုိက္စစ္မွဴး အေဂြ႐ိုကို ထုတ္ၿပီး ကြင္းလယ္လူ ဖိုဒန္ကို ထည့္သြင္းလာခဲ့ရာမွာ ငါးမိနစ္အၾကာမွာေတာ့ အဂၤလန္လူငယ္က ပက္ပ္ရဲ႕ ယုံၾကည္မွဳကို ျပန္ေပးႏုိင္ခဲ့ၿပီး ဘယ္ေတာင္ပံက ကန္ဆယ္လုိရဲ႕ ျဖတ္တင္ေဘာကို တစ္ခ်က္ထိန္းၿပီး တစ္ပတ္လွည့္ကန္ခဲ့ရာမွာ ေသသပ္လြန္းခဲ့လုိ႔ ေခ်ပဂိုး ျပန္ရခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ ဝက္စ္ဟမ္းတုိ႔ ခံစစ္နဲ႔ တန္ျပန္တုိက္စစ္ကိုပဲ အဓိက ကစားခဲ့ၿပီး ဧရိယာထဲ စုၿပဳံပိတ္ဆုိ႔ကာကြယ္သြားခဲ့သလို စီးတီးဘက္ကလည္း ဟိုအရင္ႏွစ္ေတြကလိုမ်ဳိး ဆရာက်တဲ့ ကစားကြက္ေတြနဲ႔ ထိုးေဖာက္ႏိုင္တာမ်ဳိးမရွိဘဲ အေဝးကန္ခ်က္ေတြနဲ႔သာ အခ်ိန္ကုန္ေနခဲ့လုိ႔ ပြဲအၿပီးမွာ တစ္ဂိုးစီ သေရပဲျဖစ္ခဲ့ပါတယ္။

ဒီပြဲကို သေရက်ခဲ့လို႔ စီးတီးတုိ႔အတြက္ ၅ ပြဲမွာ ၇ မွတ္အထိ ဆုံးရွဳံးထားခဲ့ရသလို ပရီးမီးယားလိဂ္ ရပ္တည္မွဳဇယားမွာလည္း ဝက္စ္ဟမ္းအသင္းရဲ႕ေအာက္ အဆင့္ ၁၁ ေနရာမွာ အမွတ္တူ ဂိုးကြာျခားခ်က္သုညနဲ႔ ရပ္တည္ေနခဲ့ၿပီး ခ်န္ပီယံဆုကို ျပန္လည္လႊဲေျပာင္းႏုိင္ဖို႔ေတာ့ ေတာ္ေတာ္ေလး ႀကဳိးစားရဦးမယ့္ ေျခကိုပဲ ေတြ႕ျမင္ခဲ့ရေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ သူတို့ရဲ့ ပြီးခဲ့တဲ့ ပွဲတွေအားလုံးက အလုပ်အဖြစ်ဆုံး လူစာရင်းကို ထုတ်သုံးလာခဲ့ပြီး တိုက်စစ်မှူး အဂွေရိုက အထောင်ပြန်ကစားလာခဲ့သလို စတာလင်နဲ့ မာရက်ဇ်တို့က ဝန်းရံခဲ့ပြီး ကွင်းလယ်တိုက်စစ်မှာတော့ ဘာနာဒို ဆေးလ်ဗားက ကစားသွားခဲ့ပါတယ်။

လန်ဒန်မြို့ဟာ နောက်ပိုင်းနှစ်တွေမှာ မန်စီးတီးတို့အတွက် ရလဒ်ကောင်းတတ်ပေမယ့် ဒီနှစ်မှာတော့ အသင်းရဲ့ ဒဏ်ရာတွေ များပြားမှုနဲ့ မထင်မှတ်ဘဲ ရုတ်တရက်ကြီး အပြောင်းအလဲတွေနဲ့အတူ မာကျောလာခဲ့တဲ့ ဝက်စ်ဟမ်းတို့ရဲ့ပွဲမှာ ဧည့်သည်တွေဘက်က ဖြုန်းတီးမှုတွေနဲ့အတူ ပွဲကို စတင်ခဲ့တာပါ။

ပွဲချိန် ၁၈ မိနစ်မှာတော့ အိမ်ရှင်ဟမ်းမားတွေ အဖွင့်ဂိုးရခဲ့ပြီး တိုက်စစ်မှူး အန်တိုနီယိုက ညာနောက်ခံလူ ကူဖယ်လ်ရဲ့ ဖြတ်တင်ဘောကို နောက်ပြန်ကန်သွင်းခဲ့ရာမှာ ကပ်ထားတဲ့ ရူဘင် ဒီယက်စ် အချိန်မီ မတားဆီးနိုင်ခဲ့သလို ဂိုးသမား အီဒါဆန်လည်း ဘာမှ မတတ်နိုင်ဘဲ ဂိုးပေးခဲ့ရပါတယ်။

အန်တိုနီယိုဟာ ဒီနေ့ပွဲမှာ သူ့ရဲ့ ကျစ်လျစ်တောင့်တင်းတဲ့ ကိုယ်လုံး၊ ခွန်အားသုံးကစားတဲ့ ပုံစံနဲ့ မန်စီးတီးနောက်တန်းကို ကောင်းကောင်း ဖိအားပေးနိုင်ခဲ့ပြီး တကယ်တမ်းမာကျောသူ နည်းတဲ့ ဂွါဒီယိုလာရဲ့ တပည့်တွေ မနည်းထိန်းကစားခဲ့ရသလို ပထမပိုင်းမှာတော့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် ချေပဂိုး မရခဲ့ဘဲ ဝက်စ်ဟမ်းတို့ ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်းပွဲအစမှာတော့ တိုက်စစ်မှူး အဂွေရိုကို ထုတ်ပြီး ကွင်းလယ်လူ ဖိုဒန်ကို ထည့်သွင်းလာခဲ့ရာမှာ ငါးမိနစ်အကြာမှာတော့ အင်္ဂလန်လူငယ်က ပက်ပ်ရဲ့ ယုံကြည်မှုကို ပြန်ပေးနိုင်ခဲ့ပြီး ဘယ်တောင်ပံက ကန်ဆယ်လိုရဲ့ ဖြတ်တင်ဘောကို တစ်ချက်ထိန်းပြီး တစ်ပတ်လှည့်ကန်ခဲ့ရာမှာ သေသပ်လွန်းခဲ့လို့ ချေပဂိုး ပြန်ရခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဝက်စ်ဟမ်းတို့ ခံစစ်နဲ့ တန်ပြန်တိုက်စစ်ကိုပဲ အဓိက ကစားခဲ့ပြီး ဧရိယာထဲ စုပြုံပိတ်ဆို့ကာကွယ်သွားခဲ့သလို စီးတီးဘက်ကလည်း ဟိုအရင်နှစ်တွေကလိုမျိုး ဆရာကျတဲ့ ကစားကွက်တွေနဲ့ ထိုးဖောက်နိုင်တာမျိုးမရှိဘဲ အဝေးကန်ချက်တွေနဲ့သာ အချိန်ကုန်နေခဲ့လို့ ပွဲအပြီးမှာ တစ်ဂိုးစီ သရေပဲဖြစ်ခဲ့ပါတယ်။

ဒီပွဲကို သရေကျခဲ့လို့ စီးတီးတို့အတွက် ၅ ပွဲမှာ ၇ မှတ်အထိ ဆုံးရှုံးထားခဲ့ရသလို ပရီးမီးယားလိဂ် ရပ်တည်မှုဇယားမှာလည်း ဝက်စ်ဟမ်းအသင်းရဲ့အောက် အဆင့် ၁၁ နေရာမှာ အမှတ်တူ ဂိုးကွာခြားချက်သုညနဲ့ ရပ်တည်နေခဲ့ပြီး ချန်ပီယံဆုကို ပြန်လည်လွှဲပြောင်းနိုင်ဖို့တော့ တော်တော်လေး ကြိုးစားရဦးမယ့် ခြေကိုပဲ တွေ့မြင်ခဲ့ရကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.