Premier League

ေနာက္ဆုံးရ မန္ခ်က္စတာယူႏိုက္တက္သတင္းမ်ား စုစည္းမွဳ – ၂၄.၁၀.၂၀၂၀

– မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ အိမ္ကြင္းသုံးပြဲဆက္ရွဳံးတဲ့ မွတ္တမ္းဆုိးကို ေရွာင္ရွားႏုိင္ဖို႔ ခ်ဲလ္ဆီးကို အႏုိင္ကစားရမွာ ျဖစ္သလို ၿပဳိင္ဘက္နည္းျပ ဖရန္႔ လမ္းပတ္အေနနဲ႔လည္း ယူႏိုက္တက္ဆီမွာ ဦးက်ဳိးတဲ့ နည္းျပလို႔ အေခၚမခံရေစဖို႔ ပရီးမီးယားလိဂ္ ေတြ႕ဆုံမွဳ သုံးပြဲဆက္မရွဳံးေအာင္ ႀကဳိးစားရမယ္လို႔ ေစာင့္ၾကည့္သူေတြဆုိ။

– အဲဗာတန္ ယူ-၂၃ နဲ႔ပြဲမွာ ယူႏုိက္တက္အက်ႌကို ဝတ္ဆင္ၿပီး ပထမဆုံး ပြဲထြက္ကစားခဲ့တဲ့ ဥ႐ုေဂြးလူငယ္ကစားသမား ဖာကန္ဒို ပယ္လစၥထရီရဲ႕ ေျခစြမ္းက ေကာင္းမြန္ခဲ့တယ္လို႔ ပရိသတ္ေတြ သေဘာက်ေနၾကၿပီး အသင္းႀကီးကို ယူေဆာင္လာႏုိင္မယ္လုိ႔ ေမွ်ာ္လင့္ေနၾက။

– ကေလးငယ္ေတြကို ညစာေကၽြးဖို႔ ပူးေပါင္းခဲ့ၾကတဲ့ စားေသာက္ဆုိင္ေတြနဲ႔ ေက်ာင္းေတြကို ေက်းဇူးတင္ေၾကာင္း တုိက္စစ္မွဴး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ ေျပာၾကားသြားခဲ့ၿပီး သူ႕ရဲ႕ လုပ္ေဆာင္ခ်က္အတြက္ ဂုဏ္ယူေၾကာင္း လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္နဲ႔ ခ်ဲလ္ဆီးနည္းျပ ဖရန္႔ လမ္းပတ္တုိ႔ ခ်ီးက်ဴး။

– လူငယ္တုိက္စစ္မွဴး ေမဆန္ ဂရင္းဝုဒ္ဟာ ပေရာ္ဖက္ရွင္နယ္ပီသသူတစ္ဦးျဖစ္ၿပီး ကြင္းျပင္ပမွာ တျခားကိစၥေတြနဲ႔ ရင္ဆုိင္ေနရေပမယ့္ ျမက္ခင္းစိမ္းေတြေပၚမွာ ယူႏုိက္တက္အတြက္ အျပည့္အဝ ေပးဆပ္မယ္လုိ႔ ယုံၾကည္ေၾကာင္း နည္းျပ ဆုိးလ္ရွားေထာက္ခံ။

– ပီအက္စ္ဂ်ီအသင္းေဖာ္ေဟာင္း သီယာဂို ေဆးလ္ဗားနဲ႔ ကြင္းထဲမွာ ရင္ဆုိင္ခ်င္ၿပီလို႔ ေျပာၾကားလုိက္တဲ့ တုိက္စစ္မွဴး အက္ဒင္ဆန္ ကာဗာနီေၾကာင့္ ဒီည ခ်ဲလ္ဆီးနဲ႔ အိမ္ကြင္းပြဲစဥ္မွာ ပြဲထြက္လာဖို႔ ခန္႔မွန္းမွဳေတြ ျမင့္တက္ေန။

– ခ်ဲလ္ဆီးေနာက္ခံလူေဟာင္း ဂလင္း ဂၽြန္ဆန္က ဂ်ာမန္တုိက္စစ္မွဴး တီမို ဗာနာအေနနဲ႔ မန္ခ်က္စတာယူႏုိက္တက္မွာ ေနာက္ခံလူ ဟာရီ မက္ဂြဳိင္းယား ပြဲထြက္လာတာကို အလိုရွိေနမွာျဖစ္ေၾကာင္းနဲ႔ သူ႕အေနနဲ႔ အဂၤလန္ေနာက္ခံလူကို ေကာင္းေကာင္းေက်ာ္ျဖတ္အႏိုင္ယူမွာ ေသခ်ာတယ္လုိ႔ ပြဲႀကဳိတူးဆြသြားခဲ့။

– ပီအက္စ္ဂ်ီနဲ႔ပြဲမွာ ေျခစြမ္းျပခဲ့တဲ့ လူငယ္ေနာက္ခံလူ အိတ္ဇယ္လ္ တြမ္ဇီဘီအေနနဲ႔ နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားကို ေခါင္းကိုက္ေစေတာ့မွာျဖစ္ၿပီး ပြဲထြက္တစ္ေနရာအတြက္ မက္ဂြဳိင္းယား၊ လင္ဒီေလာ့ဖ္တုိ႔ဆီက လုယူႏုိင္ဖို႔ ႀကဳိးစားဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အိမ်ကွင်းသုံးပွဲဆက်ရှုံးတဲ့ မှတ်တမ်းဆိုးကို ရှောင်ရှားနိုင်ဖို့ ချဲလ်ဆီးကို အနိုင်ကစားရမှာ ဖြစ်သလို ပြိုင်ဘက်နည်းပြ ဖရန့် လမ်းပတ်အနေနဲ့လည်း ယူနိုက်တက်ဆီမှာ ဦးကျိုးတဲ့ နည်းပြလို့ အခေါ်မခံရစေဖို့ ပရီးမီးယားလိဂ် တွေ့ဆုံမှု သုံးပွဲဆက်မရှုံးအောင် ကြိုးစားရမယ်လို့ စောင့်ကြည့်သူတွေဆို။

– အဲဗာတန် ယူ-၂၃ နဲ့ပွဲမှာ ယူနိုက်တက်အင်္ကျီကို ဝတ်ဆင်ပြီး ပထမဆုံး ပွဲထွက်ကစားခဲ့တဲ့ ဥရုဂွေးလူငယ်ကစားသမား ဖာကန်ဒို ပယ်လစ္စထရီရဲ့ ခြေစွမ်းက ကောင်းမွန်ခဲ့တယ်လို့ ပရိသတ်တွေ သဘောကျနေကြပြီး အသင်းကြီးကို ယူဆောင်လာနိုင်မယ်လို့ မျှော်လင့်နေကြ။

– ကလေးငယ်တွေကို ညစာကျွေးဖို့ ပူးပေါင်းခဲ့ကြတဲ့ စားသောက်ဆိုင်တွေနဲ့ ကျောင်းတွေကို ကျေးဇူးတင်ကြောင်း တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ် ပြောကြားသွားခဲ့ပြီး သူ့ရဲ့ လုပ်ဆောင်ချက်အတွက် ဂုဏ်ယူကြောင်း လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်နဲ့ ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်တို့ ချီးကျူး။

– လူငယ်တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ဟာ ပရော်ဖက်ရှင်နယ်ပီသသူတစ်ဦးဖြစ်ပြီး ကွင်းပြင်ပမှာ တခြားကိစ္စတွေနဲ့ ရင်ဆိုင်နေရပေမယ့် မြက်ခင်းစိမ်းတွေပေါ်မှာ ယူနိုက်တက်အတွက် အပြည့်အဝ ပေးဆပ်မယ်လို့ ယုံကြည်ကြောင်း နည်းပြ ဆိုးလ်ရှားထောက်ခံ။

– ပီအက်စ်ဂျီအသင်းဖော်ဟောင်း သီယာဂို ဆေးလ်ဗားနဲ့ ကွင်းထဲမှာ ရင်ဆိုင်ချင်ပြီလို့ ပြောကြားလိုက်တဲ့ တိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီကြောင့် ဒီည ချဲလ်ဆီးနဲ့ အိမ်ကွင်းပွဲစဉ်မှာ ပွဲထွက်လာဖို့ ခန့်မှန်းမှုတွေ မြင့်တက်နေ။

– ချဲလ်ဆီးနောက်ခံလူဟောင်း ဂလင်း ဂျွန်ဆန်က ဂျာမန်တိုက်စစ်မှူး တီမို ဗာနာအနေနဲ့ မန်ချက်စတာယူနိုက်တက်မှာ နောက်ခံလူ ဟာရီ မက်ဂွိုင်းယား ပွဲထွက်လာတာကို အလိုရှိနေမှာဖြစ်ကြောင်းနဲ့ သူ့အနေနဲ့ အင်္ဂလန်နောက်ခံလူကို ကောင်းကောင်းကျော်ဖြတ်အနိုင်ယူမှာ သေချာတယ်လို့ ပွဲကြိုတူးဆွသွားခဲ့။

– ပီအက်စ်ဂျီနဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ လူငယ်နောက်ခံလူ အိတ်ဇယ်လ် တွမ်ဇီဘီအနေနဲ့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားကို ခေါင်းကိုက်စေတော့မှာဖြစ်ပြီး ပွဲထွက်တစ်နေရာအတွက် မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်တို့ဆီက လုယူနိုင်ဖို့ ကြိုးစားဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.