Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၂၄.၁၀.၂၀၂၀

– အာဆင္နယ္အသင္းေခါင္းေဆာင္ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းက သူတုိ႔ရဲ႕ ကစားသမားသစ္ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးဟာ အလြန္ ႀကံ့ခိုင္သန္စြမ္းသူျဖစ္ၿပီး ကြင္းထဲမွာ တၿပဳံးၿပဳံးနဲ႔ ေဘာလုံးစေကးလည္း ေကာင္းမြန္တယ္လုိ႔ဆုိ။

– မီခယ္လ္ အာတီတာအေနနဲ႔ ဒီရာသီမွာ ကြင္းလယ္လူ မိုဟာမက္ အယ္လ္နန္နီကို ျပန္လည္ရရွိလိုက္တာဟာ ေျပာင္းေရႊ႕ေၾကး တစ္ျပားမွ မကုန္ဘဲ အာဆင္နယ္အတြက္ အက်ဳိးရွိခဲ့တာျဖစ္တယ္လို႔ ဗီယင္နာက အႏိုင္ဂိုးအတြက္ ေဘာလုံးခင္းေပးခဲ့အၿပီးမွာ ေစာင့္ၾကည့္သူေတြ သုံးသပ္။

– ပရီးမီးယားလိဂ္ၿပဳိင္ဘက္အသင္းေတြအေနနဲ႔ သူတုိ႔အသင္းကို ေစာင့္ၾကည့္ၿပီး အားနည္းခ်က္ေတြ ရွာေဖြေနမွာျဖစ္ေၾကာင္းနဲ႔ ဒီလိုအေျခအေနမွာ အမွားေတြ လုပ္ေနတဲ့ လီႏိုကို ပစ္မွတ္ထားလာႏုိင္တာျဖစ္လုိ႔ ဂ်ာမန္သားအေနနဲ႔ အျမန္ဆုံးျပင္ဆင္ဖို႔ လုိအပ္ေၾကာင္း မာတင္ ကီးယြန္း ေျပာၾကား။

auba bellerin

– ယူ႐ိုပါလိဂ္အေဝးကြင္းမွာ ဂိုးေပါက္ျပန္ေတြ႕ခဲ့တဲ့ တုိက္စစ္မွဴး အူဘာမီယန္းဆီက ဘာေတြ ေမွ်ာ္လင့္ထားသလဲဆုိတဲ့ ေမးခြန္းကို နည္းျပ အာတီတာက ပြဲတုိင္းမွာ ဂိုးသြင္းျပႏုိင္တာ ျမင္ခ်င္တယ္လို႔ ေျဖၾကားသြားခဲ့။

– စတုဂတ္မွာ ကစားေနရင္း ဒူးဒဏ္ရာအေသးစားတစ္ခု ရရွိသြားခဲ့တဲ့ ေနာက္ခံလူ ကြန္စတန္တီႏို႔စ္ မာဗ႐ိုပါႏို႔စ္အေနနဲ႔ ခြဲစိတ္မွဳခံယူ ကုသခဲ့ရၿပီး ေအာင္ျမင္ခဲ့တယ္လုိ႔ သိရသလို ဒီအတြက္ သုံးပတ္ကေန ငါးပတ္အထိ အနားယူရႏိုင္။

– ကစားလုိက္တုိင္း စိတ္ပ်က္စရာပုံစံကိုပဲ ျပသေနခဲ့ၿပီး တုိက္စစ္ပံ့ပုိးမွဳမွာလည္း ညံ့ဖ်င္းေနခဲ့တဲ့ ေနာက္ခံလူ ကိုလာစီနက္ခ်္ကို အျမန္ဆုံး ရွင္းထုတ္ၿပီး စပုိ႔တင္းလစၥဘြန္းလူငယ္ ႏူႏို မန္ဒက္စ္ကို အာဆင္နယ္တို႔ ေခၚယူသြားလုိေန။

– အာဆင္နယ္အသင္းမွာ ႐ုန္းကန္ေနရေပမယ့္ ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာအေနနဲ႔ သူ႕ရဲ႕ ေျခစြမ္းအမွန္ကို ျပသႏုိင္မယ္လုိ႔ ယုံၾကည္ၿပီး ေအာင္ျမင္မွဳေတြ ရရွိလာမွာျဖစ္ေၾကာင္း စိန္႔အက္တီယန္အသင္းေဖာ္ေဟာင္း မူကူဒီ အားေပးသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အာဆင်နယ်အသင်းခေါင်းဆောင် ပျယ်-အမ်မရိခ် အူဘာမီယန်းက သူတို့ရဲ့ ကစားသမားသစ် ကွင်းလယ်လူ သောမတ်စ် ပါတေးဟာ အလွန် ကြံ့ခိုင်သန်စွမ်းသူဖြစ်ပြီး ကွင်းထဲမှာ တပြုံးပြုံးနဲ့ ဘောလုံးစကေးလည်း ကောင်းမွန်တယ်လို့ဆို။

– မီခယ်လ် အာတီတာအနေနဲ့ ဒီရာသီမှာ ကွင်းလယ်လူ မိုဟာမက် အယ်လ်နန်နီကို ပြန်လည်ရရှိလိုက်တာဟာ ပြောင်းရွှေ့ကြေး တစ်ပြားမှ မကုန်ဘဲ အာဆင်နယ်အတွက် အကျိုးရှိခဲ့တာဖြစ်တယ်လို့ ဗီယင်နာက အနိုင်ဂိုးအတွက် ဘောလုံးခင်းပေးခဲ့အပြီးမှာ စောင့်ကြည့်သူတွေ သုံးသပ်။

– ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေအနေနဲ့ သူတို့အသင်းကို စောင့်ကြည့်ပြီး အားနည်းချက်တွေ ရှာဖွေနေမှာဖြစ်ကြောင်းနဲ့ ဒီလိုအခြေအနေမှာ အမှားတွေ လုပ်နေတဲ့ လီနိုကို ပစ်မှတ်ထားလာနိုင်တာဖြစ်လို့ ဂျာမန်သားအနေနဲ့ အမြန်ဆုံးပြင်ဆင်ဖို့ လိုအပ်ကြောင်း မာတင် ကီးယွန်း ပြောကြား။

auba bellerin

– ယူရိုပါလိဂ်အဝေးကွင်းမှာ ဂိုးပေါက်ပြန်တွေ့ခဲ့တဲ့ တိုက်စစ်မှူး အူဘာမီယန်းဆီက ဘာတွေ မျှော်လင့်ထားသလဲဆိုတဲ့ မေးခွန်းကို နည်းပြ အာတီတာက ပွဲတိုင်းမှာ ဂိုးသွင်းပြနိုင်တာ မြင်ချင်တယ်လို့ ဖြေကြားသွားခဲ့။

– စတုဂတ်မှာ ကစားနေရင်း ဒူးဒဏ်ရာအသေးစားတစ်ခု ရရှိသွားခဲ့တဲ့ နောက်ခံလူ ကွန်စတန်တီနို့စ် မာဗရိုပါနို့စ်အနေနဲ့ ခွဲစိတ်မှုခံယူ ကုသခဲ့ရပြီး အောင်မြင်ခဲ့တယ်လို့ သိရသလို ဒီအတွက် သုံးပတ်ကနေ ငါးပတ်အထိ အနားယူရနိုင်။

– ကစားလိုက်တိုင်း စိတ်ပျက်စရာပုံစံကိုပဲ ပြသနေခဲ့ပြီး တိုက်စစ်ပံ့ပိုးမှုမှာလည်း ညံ့ဖျင်းနေခဲ့တဲ့ နောက်ခံလူ ကိုလာစီနက်ချ်ကို အမြန်ဆုံး ရှင်းထုတ်ပြီး စပို့တင်းလစ္စဘွန်းလူငယ် နူနို မန်ဒက်စ်ကို အာဆင်နယ်တို့ ခေါ်ယူသွားလိုနေ။

– အာဆင်နယ်အသင်းမှာ ရုန်းကန်နေရပေမယ့် နောက်ခံလူ ဝီလီယမ် ဆာလီဘာအနေနဲ့ သူ့ရဲ့ ခြေစွမ်းအမှန်ကို ပြသနိုင်မယ်လို့ ယုံကြည်ပြီး အောင်မြင်မှုတွေ ရရှိလာမှာဖြစ်ကြောင်း စိန့်အက်တီယန်အသင်းဖော်ဟောင်း မူကူဒီ အားပေးသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.