Premier League

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၂၃.၁၀.၂၀၂၀

– အသင္းမွာ အခြင့္အေရးမ်ားစြာ မရခဲ့ဘဲ တစ္ခါတစ္ေလမွာ ကြင္းလယ္အဖ်က္မွာ တက္ေရာက္ကစားရေလ့ရွိတဲ့ ေနာက္ခံလူ ဂၽြန္စတုန္းစ္ဟာ သူ႕အတြက္ေတာ့ ဗဟိုေနာက္ခံလူတစ္ဦးလို႔ပဲ ရွဳျမင္ထားတယ္လုိ႔ မန္ခ်က္စတာစီးတီးနည္းျပ ဂြါဒီယိုလာေျပာၾကား။

– အာဆင္နယ္နဲ႔ ေပၚတုိတုိ႔လို ခက္ခဲတဲ့ ၿပဳိင္ဘက္ေတြနဲ႔ ႏွစ္ပြဲဆက္တုိက္ ကစားခဲ့ရခ်ိန္မွာ အသင္းရဲ႕ ခံစစ္ပုိင္းမွာ သာမန္ ညာေနာက္ခံလူတစ္ဦးထက္ ပုိမုိအစြမ္းျပ ဖ်က္ထုတ္ႏုိင္ခဲ့တဲ့ ခိုင္လ္ ေဝၚလ္ကာကို ပရိသတ္ေတြ ခ်ီးက်ဴးေနၾက။

– လူေကာင္းေတြ အကုန္ေရာင္းထုတ္ပစ္ၿပီး ေငြရွာေနတဲ့ အန္ဒါလက္ခ်္အသင္းမွာ ရလဒ္ေတြ ဆုိးရြားေနတာအတြက္ ဗင္းဆန္႔ ကြန္ပနီကို ဘယ္သူမွ အျပစ္တင္လုိ႔ မသင့္ေတာ္ဘူးလို႔ အသင္းတုိက္စစ္မွဴးေဟာင္း ယန္မာလ္ဒါက ကာကြယ္ေျပာၾကားလုိက္ၿပီး သူ႕အေနနဲ႔ မန္စီးတီးမွာ ေအးေအးေဆးေဆး ဂြါဒီယိုလာရဲ႕ လက္ေထာက္ျပန္လုပ္သင့္တယ္လုိ႔ဆုိ။

– အစ္တီဟတ္မွာ အခြင့္အေရးမရဘဲ အငွားနဲ႔ခ်ည္း ထြက္ကစားေနရတဲ့ ဘဝကို စိတ္နာခဲ့မိတယ္လို႔ ေနာက္ခံလူ အန္ဟဲလီညဳိက ေျပာၾကားလုိက္ၿပီး ခ်န္ပီယံလိဂ္မွာ ကစားခြင့္ရမယ့္ RB လုိက္ပ္ဇ္စ္ကို ေရြးခ်ယ္ခဲ့တာ မွန္ေၾကာင္းနဲ႔ နည္းျပသစ္၊ အသင္းေဖာ္သစ္ေတြရဲ႕ အကူအညီကို ရရွိခဲ့တယ္လုိ႔ဆုိ။

– ဒဏ္ရာကေန ဖာနန္ဒင္ညဳိကေတာ့ ျပန္မလာႏိုင္ဦးမွာ ေသခ်ာၿပီး ေနာက္ခံလူ နာသန္ အာေက၊ ကြင္းလယ္လူ ဒီဘ႐ိုင္းနား၊ တုိက္စစ္မွဴး ေဂ်ဆူးစ္တုိ႔ကိုေတာ့ ပါဝင္လာႏုိင္ေျခကို ပေဟဠိဝွက္ၿပီး ေျပာၾကားသြား။

– အသင္းအတြက္ တစ္လေလာက္ ကစားေပးႏုိင္ဦးမွာ မဟုတ္ေပမယ့္ အသင္းေခါင္းေဆာင္ေကာင္းတစ္ဦးအေနနဲ႔ ဖာနန္ဒင္ညဳိဟာ မန္စီးတီးကစားသမားေတြကို ကြင္းတြင္းကြင္းျပင္မွာ ဦးေဆာင္ေပးၿပီး ကူညီသြားဦးမွာျဖစ္တယ္လုိ႔ ဂြါဒီယိုလာ ခ်ီးက်ဴး။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ဂိုးသြင္းဘုရင္ ဆာဂ်ီယို အေဂြ႐ိုရဲ႕ ေအးဂ်င့္ျဖစ္သူက ကစားသမားအေနနဲ႔ ဘယ္အသင္းနဲ႔မွ သေဘာတူညီမွဳ ရရွိမထားေၾကာင္းနဲ႔ အီတလီ၊ စပိန္တုိ႔လည္း ျဖစ္ႏုိင္သလို အစ္တီဟတ္ကလည္း ဆက္ေနလို႔ ေကာင္းတာပါပဲလုိ႔ မွတ္ခ်က္ေပး ေျဖၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အသင်းမှာ အခွင့်အရေးများစွာ မရခဲ့ဘဲ တစ်ခါတစ်လေမှာ ကွင်းလယ်အဖျက်မှာ တက်ရောက်ကစားရလေ့ရှိတဲ့ နောက်ခံလူ ဂျွန်စတုန်းစ်ဟာ သူ့အတွက်တော့ ဗဟိုနောက်ခံလူတစ်ဦးလို့ပဲ ရှုမြင်ထားတယ်လို့ မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာပြောကြား။

– အာဆင်နယ်နဲ့ ပေါ်တိုတို့လို ခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ နှစ်ပွဲဆက်တိုက် ကစားခဲ့ရချိန်မှာ အသင်းရဲ့ ခံစစ်ပိုင်းမှာ သာမန် ညာနောက်ခံလူတစ်ဦးထက် ပိုမိုအစွမ်းပြ ဖျက်ထုတ်နိုင်ခဲ့တဲ့ ခိုင်လ် ဝေါ်လ်ကာကို ပရိသတ်တွေ ချီးကျူးနေကြ။

– လူကောင်းတွေ အကုန်ရောင်းထုတ်ပစ်ပြီး ငွေရှာနေတဲ့ အန်ဒါလက်ချ်အသင်းမှာ ရလဒ်တွေ ဆိုးရွားနေတာအတွက် ဗင်းဆန့် ကွန်ပနီကို ဘယ်သူမှ အပြစ်တင်လို့ မသင့်တော်ဘူးလို့ အသင်းတိုက်စစ်မှူးဟောင်း ယန်မာလ်ဒါက ကာကွယ်ပြောကြားလိုက်ပြီး သူ့အနေနဲ့ မန်စီးတီးမှာ အေးအေးဆေးဆေး ဂွါဒီယိုလာရဲ့ လက်ထောက်ပြန်လုပ်သင့်တယ်လို့ဆို။

– အစ်တီဟတ်မှာ အခွင့်အရေးမရဘဲ အငှားနဲ့ချည်း ထွက်ကစားနေရတဲ့ ဘဝကို စိတ်နာခဲ့မိတယ်လို့ နောက်ခံလူ အန်ဟဲလီညိုက ပြောကြားလိုက်ပြီး ချန်ပီယံလိဂ်မှာ ကစားခွင့်ရမယ့် RB လိုက်ပ်ဇ်စ်ကို ရွေးချယ်ခဲ့တာ မှန်ကြောင်းနဲ့ နည်းပြသစ်၊ အသင်းဖော်သစ်တွေရဲ့ အကူအညီကို ရရှိခဲ့တယ်လို့ဆို။

– ဒဏ်ရာကနေ ဖာနန်ဒင်ညိုကတော့ ပြန်မလာနိုင်ဦးမှာ သေချာပြီး နောက်ခံလူ နာသန် အာကေ၊ ကွင်းလယ်လူ ဒီဘရိုင်းနား၊ တိုက်စစ်မှူး ဂျေဆူးစ်တို့ကိုတော့ ပါဝင်လာနိုင်ခြေကို ပဟေဠိဝှက်ပြီး ပြောကြားသွား။

– အသင်းအတွက် တစ်လလောက် ကစားပေးနိုင်ဦးမှာ မဟုတ်ပေမယ့် အသင်းခေါင်းဆောင်ကောင်းတစ်ဦးအနေနဲ့ ဖာနန်ဒင်ညိုဟာ မန်စီးတီးကစားသမားတွေကို ကွင်းတွင်းကွင်းပြင်မှာ ဦးဆောင်ပေးပြီး ကူညီသွားဦးမှာဖြစ်တယ်လို့ ဂွါဒီယိုလာ ချီးကျူး။

– မန်ချက်စတာစီးတီးအသင်းရဲ့ ဂိုးသွင်းဘုရင် ဆာဂျီယို အဂွေရိုရဲ့ အေးဂျင့်ဖြစ်သူက ကစားသမားအနေနဲ့ ဘယ်အသင်းနဲ့မှ သဘောတူညီမှု ရရှိမထားကြောင်းနဲ့ အီတလီ၊ စပိန်တို့လည်း ဖြစ်နိုင်သလို အစ်တီဟတ်ကလည်း ဆက်နေလို့ ကောင်းတာပါပဲလို့ မှတ်ချက်ပေး ဖြေကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.